Thursday, January 21, 2021
Home Blog Page 346
ဒီနေ့ကန်တော်ကြီးနားက ပျိုးဥယျာဉ်အသွား လမ်းမှာ အဲ့ကလေးမလေးရဲ့ဆိုင်ကိုလှမ်းမြင်မိတယ်။ရှောက်သီးဖျော်ရည်ရောင်းပြီး ကျောင်းစားရိတ်ရှာတာတဲ့။ချစ်လိုက်တာ။ ဒါနဲ့အပြန်ကြဝယ်သောက်အုန်းမယ်ဆိုပြီးဝယ်သောက်ကြည့်တော့ တစ်ကယ်အရသာရှိတယ်။ အသီးစစ်စစ်အနံ့လေးကိုမွှေးလို့။ငယ်ကတည်းက ဒီလို ကိုယ့်အားကိုယ်ကိုးတဲ့စိတ်ဓါတ်လေးကိုလဲလေးစားမိတယ်🥰ဒါနဲ့သဘောတွေကျပြီးCan I take a picture ဆိုတော့ of course you canတဲ့။ချစ်ဖို့ကောင်းလိုက်တာဆိုတာ။ Kyaw Hein Soe
လွန်ခဲ့တဲ့ ဇူလိုင်လ(၁၁) ရက်နေ့က ရဟန်းဘဝနဲ့ တရားအားထုတ်နေတဲ့ နိုင်ငံကျော်မင်းသားကြီးကျော်ဟိန်း ပျံလွန်မူခဲ့တဲ့သတင်းကြောင့် ပရိသတ်တွေများစွာစိတ်မကောင်းဖြစ်ခဲ့ရမှာပါ။ ဦးဇင်းကိတ္ထိသာရကတော့ သက်တော်(၇၃) နှစ်မှာပဲ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး ဒီနေ့ ဇူလိုင်လ(၁၄) ရက်နေ့ကတော့ ဦးဇင်းသာရှိဦးမယ်ဆိုရင် (၇၃) နှစ်ပြည့်မွေးနေ့လေး ဖြစ်မှာပါ။   မွေးနေ့မရောက်ခင် သုံးရက်အလိုမှာ ကွယ်လွန်သွားခဲ့တဲ့ ဦးဇင်းရဲ့ဒီနေ့မွေးနေ့လေးမှာတော့ တူဖြစ်သူ သားညီနဲ့ ဆွေမျိုးမိသင်္ဂဟများက ဝါဆိုသင်္ကန်းကပ်အလှူလေးပြုလုပ်ပေးခဲ့ကြောင်း သားညီရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ မျှဝေခဲ့ပါတယ်။ ” July 14 ဦးဇင်းကြီးမွေးနေ့ မှာ ကျန်ရစ်သူ ညီ အစ်ကို မောင်နှမများနဲ့တူ တူမများက သံဃာတော်များကို အာရုဏ်ဆွမ်း ကပ်လှူပူဇော်ပါတယ် … ပြုသမျှ ကုသိုလ်အပေါင်းကို အမျှပေးဝေပါတယ် ခင်ဗျာ ” ဆိုပြီး ဦးဇင်းကိတ္ထသာရအတွက် လုပ်ပေးခဲ့တဲ့အလှူလေးကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…   သရုပ်ဆောင်၊အဆိုတော်၊ဒါရိုက်တာ ဘက်ပေါင်းစုံမှာထူးချွန်ခဲ့တဲ့ သဘာဝမင်းသားကြီးဦးကျော်ဟိန်းကတော့ (၂၀၀၈) ခုနှစ်ကစပြီး လောကီချမ်းသာအကုန်လုံးကို စွန့်လွှတ်ကာ တရားရှာခဲ့သူမို့...
သွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါက အောက်ပါ သဘာဝနည်းများဖြင့် သွေးတိုးရောဂါ သက်သာသွားေ အာင် ပြုလုပ်နိုင်ကြပါတယ်။ (၁) ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည်ညစ်ယူပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို သော က်လိုက်ပါ။ သွေးတိုးချက်ချင်း သက်သာသွားစေပါသည်။ (၂) သံပုရာသီးကို ခွဲလိုက်ပါ။ အထဲမှာ အစေ့များကို ၅ စေ့ခန့် ဝါးစားလိုက်ပါ။ သွေးတိုးချက်ချင်း သက်သာပါလိမ့်မည်။ (၃) သံပုရာသီး ချက်ချင်းမရနိုင်ပါက သံပုရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနဲ့ သွေးပြီး သောက်ပေးနိုင်ပါသည်။ (၄) ဗန်ဒါရွက်အနု ၃၊၄ ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပေးပါ။ တစ်နေ့ကို လက်ဖက်ရည် ခွက် ၃ ခွက်ခန့် သောက်ပေးပါ။ ၅ ရက်နဲ့ ၁ ပတ်အတွင်း သွေးတိုးရောဂါ သက်သာသွားပါမည်။ ၎င်းဆေးနည်းများသည် မြန်မာ့ရိုးရာဆေးမြီးတိုနည်းများဖြစ်ပါသည်။ (သတိပြုရန်) ဗန်ဒါရွက်ပြုတ်ရည်ကို...
ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ကိုဗစ်ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ မှ အသိပေးကြေ ညာချက် ၁၃၈၂ ခုနှစ် ၊ ပထမဝါဆိုလပြည့်ကျော် (၉) ရက်၊ ဇူလိုင် ( ၁၃ ) ရက် ၊ ၂၀၂၀။ ကပ်ရောဂါပျံ့ပွားမှု ကို ထိန်းချုပ်နိုင်ဖို့ အတွက် ကိုဗစ် နဲ့ ပတ်သက်တဲ့ အမိန့်တွေ ကို ဇူလိုင်လကုန်(၃၁)ရက်နေ့ အထိ ထပ်တိုး လိုက်တယ်လို့ အစိုးက ထုတ်ပြန်လို က်ပါတယ်။ ဇူလိုင်လ(၁၃) ရက်နေ့ ရက်စွဲ နဲ့ အမျိုးသားအဆင့် ကိုဗစ် ထိန်းချုပ်ရေးကော်မတီက ညပိုင်းမှာ ထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။ ထုတ်ပြန်ချက် မှာတော့ ဖြေလျှော့ပေးထား တဲ့ ကိစ္စတွေက လွဲပြီး ကိုဗစ် နဲ့ပတ်သက် တဲ့ အမိန့်ကြေညာစာ၊ ပန်ကြားချက်...
အိမ်ထောင်ရေးကံကောင်းစေ၇န် မိမိခင်ပွန်း၏မွေးနေ့ နံနက်စောစောတွင် ဆွမ်းဖြူတစ်ပွဲကို သကြား၆ဇွန်းဖြူးပြီး ဆွမ်းပွဲ ၃ပွဲပြင်ပါ။ ထိုပြင်ထားသော ဆွမ်း၃ပွဲကို အိမ်ဘုရားတွင် ရတနာသုံးပါးကို ရည်မှန်းပြီးလှုဒါန်းပါ။ သိကြားဆွမ်းကပ်လှုခြင်းသည် သိကြားစေခြင်းဟု မှတ်သားသိရပါသည်။ သိကြားစေ-၆၂၃ သိကြားဆွမ်း-၆၂၃ သိကြားဓါတ်ကို ပေါ်စေ၇န် သကြားကိုယူရခြင်းဖြစ်ပါသည်။ သောကဓါတ်ကို ချေဖျက်ချင်သောကြောင့် သကြားယတြာကို သုံးခြင်းဖြစ်ပါသည်။ ထို့ကြောင့် အိမ်ထောင်ရေးသုခကို အစဉ်အမြဲရရှိစေ၇န် ရေရှည်တည်တံ့စေရန် ရည်ရွယ်ပြီး ဆွမ်းကို ကပ်လှုရခြင်းဖြစ်ပါသည်။ဆွမ်းသည် အင်္ဂါနာမ်ဖြစ်သော်လည်း မြေမှရသောကြောင့် ပထဝီဓါတ်ဖြစ်ပါသည်။ ပထဝီဓါတ်၏ သဘောမှာ အေးချမ်းမှု ၊တည်တံ့မှုကိုပေးဆွမ်းနိုင်သောကြောင့်ဖြစ်ပါသည်။ သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးကို အစဉ်ဦးညွှတ်ကန်တော့လျက် ဆရာမဇာဇာ Ph:09762011321
သွေးပေါင်ကျတတ် သူများအတွက် လမ်းဘေးက အပင်လေးတစ်ပင် ပုဇွန်စာရွက်,လို့ခေါ်ပါတယ်… သိသူများလည်းရှိနိုင်သလိုမသိသေးသူများအတွက်ပါ.. ထိုင်ရာမှ..ထလိုက်ရင်မူးသွားတာ/မျက်လုံးပြာသွားတာနဲ့လမ်းလျှောက်ရင်ပေါ့ပြီး လွင့်နေသလိုမျိုးသွေးအားနည်းချိန် (သွေးပေါင်ကျနေချိန်) ဘဲဥနဲ့ကြော်စားခြင်းဖြင့် တစ်ခဏချင်းသွေးပေါင်ကိုပြန်တက်စေပါတယ်.. လက်တွေ့ပါ (မစားခင်သွေးပေါင်အရင်ချိန်ထားကြည့်ပါ)..စားပြီးရင်ထပ်ချိန်ကြည့်ပါ.. ဆေးခန်းသွားစရာလုံးဝမလိုတဲ့မြန်မာ့ဆေးနည်းပါ.. (မှတ်ချက်-သွေးပေါင်ပုံမှန်ရှိသူများမစားသင့်ပါ)သွေးတိုးပြီးမူးသွားပါလိမ့်မည် လက်တွေ့နည်းမို့ပြန်လည်မျှဝေခြင်းဖြင့်ကုသိုလ်ပြုကြပါ.. (ရန်ကုန်မှာဆိုရင်တော့..မီးရထားသံလမ်းအနီးဘေး..ဝဲ/ယာတွင်လည်းရှာဖွေတွေ့ရှိနိုင်ပါသည်) အဖြူရောင်အပွင့်ငယ်လေးများပွင့်ပြီးအပင်၏အရှည်မှာ..တစ်ထွာ/တစ်ပေခန့်သာရှိပါကြောင်း….. Credit
မိုးတွင်းချိန်ဆိုတာ အရာအားလုံးစိမ်းစိမ်းစိုစိုနဲ့ သာယာလာတဲ့ ရာသီတစ်ခုလို ခံစားရပါတယ်. ခရီးချစ်သူတွေထဲမှာရော မိုးကိုချစ်တဲ့သူတွေရှိတယ်ဟုတ်..စိမ်းစိုနေတဲ့ အချိန်New Normal Lifestyle မှာ အသားကျဖို့ ကြိုးစားရင်း ရန်ကုန်မြို့ထဲ ဟိုဟိုဒီဒီလျှောက်သွားချင်သူတွေအနေနဲ့ ရန်ကုန်က မိုးတွင်း ရန်ကုန်မှာ ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတွေကို ပြောပြပေးမယ်နော်. ဒီနေရာတွေက ဘယ်သူမှ သတ်မှတ်ထားတာတော့ မဟုတ်ပါဖူး.ချောစု တစ်ဦးတစ်ယောက်အမြင်နဲ့တော့ ဓာတ်ပုံရိုက်လို့ကောင်းတယ်လို့ ယူဆရတဲ့ နေရာတွေကို ပြောပြပေးထားတာမို့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်ရှင်. ဝန်ကြီးများရုံး အခုလောလောဆယ်တော့ ဒီထဲကို ဝင်လို့ရပါတယ်. Day Tour တွေကိုတော့ ပိတ်ထားဆဲပါ..စားသောက်ဆိုင်ခန်းတွေရှိတဲ့ဘက်ခြမ်းကိုတော့ သွားကြည့်လို့ရသလို ဓာတ်ပုံရိုက်လို့ရပါတယ်. ချောစုသိရသလောက်တော့ ဇူလိုင် ၁၇၊ ၁၈၊ ၁၉ မှပဲ ( ၃) ရက်ဆက်တိုက် တဝန်းလုံး ဖွင့်မယ်လို့ သိရပါတယ်. အသေးစိတ်ပိုသိချင်ရင်တော့ The Secretariat Facebook Page မှာ ဝင်ကြည့်လို့ရပါတယ်နော်. ဘိုကလေးဈေးလမ်း ကိုလိုနီခေတ်လက်ရာ အဆောက်အအုံတွေ တဝကြီး နဲ့ရိုက်ချင်ရင်တော့ ဝန်ကြီးများရှေ့တည့်တည့်မှာပဲရှိတဲ့...
လူ‌တော်တော်များများ သိပ်မသိကြတဲ့ ခွေးနိမိတ်များကိုဖော်ပြလိုက်ပါတယ် ၁။ သမီးရည်းစား လင်မယား နှစ်ယောက် တွဲလျှောက်‌နေတဲ့ကြား ခွေးဖြတ်ဝင်ရင် အဲ့ အတွဲ မကြာခင် ရန်ထသတ်တတ်ပါတယ်။ ၂။ မိန်းကလေးတွေ ခြေထောက်ကြား ခွေးဖြတ်တိုးရင် သူ့ကို မကြာခင် အဖေ ဆူမလား၊ လင် ရိုက်မလား တစ်ခုခုပါပဲ။ ၃။ မွေးစကလေးကို ခွေး လျှာနဲ့ လျှက်သွားရင် အဲ့ကလေး ဆေးစွမ်းပါတယ်။ (နေမကောင်းရင် သူ့ ဆေးတိုက်ခိုင်းပါ။) ၄။ ပျောက်ခဲတဲ့ အနာကို ခွေး လျှာနဲ့ လာလျှက်ပေးရင်း ဆေးကုပေးတာပါ။ မကြာခင် ပျောက်သွားတတ်ပါတယ်။ ၅။ အိမ်လာတဲ့ ဧည့်သည် ခွေး မျက်ခြေပြတ်မခံ ရန်စောင်နေရင် အဲ့ ဧည့်သည် အကြံဆိုးကြီးနဲ့ လာလို့ပါ။ သတိထားပါ။ ၆။ ဘာမှမရှိတဲ့‌နေရာ ခွေး စူးစူးစိုက်စိုက် ကြည့်နေရင် နာနာဘာ၀ တွေ့လို့ပါ။ လှုပ်တာနဲ့ သူ့ဘက်မလာအောင် ထဟောင်ပါလိမ့်မယ်။ ၇။ ဘယ်ခြေနဲ့...
စစ်ကိုင်းတိုင်းရှိ ဘုရားစေတီတွေကို ဘုရားဖူးခွင့် ပြန်လည်ခွင့်ပြု ကလေး ဇူလိုင် ၁၃-၂၀၂၀ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ဘုရားစေတီတွေကို ဘုရားဖူးခရီးသွားလာလည်ပတ်ခွင့် ပြန်လည်ခွင့်ပြုခဲ့ပြီး ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း သာသနာရေးဦးစီးဌာနရုံး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်ကပြောပါတယ်။ ဒီလို ခွင့်ပြုခဲ့တာဟာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်ဖွင့်ခွင့်ပြုခဲ့တာဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်နေ့ကနေ စတင်ဖွင့်လှစ်ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ အနေနဲ့ ညွှန်ကြားတာတော့ မဟုတ်ဘူး။ တိုင်းအစိုးရကနေ ခရိုင်၊ မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီတွေကို ညွှန်ကြားထားတာမျိုးတော့ ရှိပါတယ်”လို့ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်ကပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက ဘုရားဖူး လာရောက်လည်ပတ်တာများတဲ့ ဘုရားတွေနဲ့ ရှေးဟောင်း သာသနိက အဆောက်အဦးတွေမှာ ဘုရားဖူးခွင့်၊ လည်ပတ်ခွင့် ပြန်လည်ခွင့်ပြုဖို့အတွက် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဇူလိုင်လ ၁၁ ရက်နေ့ကနေစတင်ပြီး သက်ဆိုင်ရာမြို့နယ်၊ခရိုင် စီမံခန့်ခွဲမှုကော်မတီအဖွဲ့တွေဆီကို လမ်းညွှန်အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ဒီလို အကြောင်းကြားတဲ့အခါမှာ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြန်လည်ခွင့်ပြုတယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ စစ်ကိုင်းမြို့နယ်...
အကြွေးပြန်ရနည်း သင့်မွေးနေ့နံက် ၉း၀၀ မှ ၁၀း၃၀နာရီအ တွင်းပြု လုပ်ရပါမည် လိုအပ်တာတွေက ကြွေပန်းကန်တစ်ချပ် ဖယောင်းတိုင်၁တိုင် နှမ်းဆီ /သံလွင်ဆီ အိမ်ရိုက်သံတစ်ချေ ာင်း ငရုတ်သီးမှုန့်အနည်းငယ် လိုအပ်ပါတယ် ပထမဦးစွာ ဖယောင်းတိုင်ကို သံချောင်းဖြင့် ဖယောင်းတိုင်၏ အပေါ်မှအောက်သို့ အကြွေးပေးရမယ့်သူ၏နာမည်ရေးပါ ရေး ပြီးပါက သံလွင်ဆီသုတ်ပါ ပြီးလျှင်ငရုတ်သီးမှုန့် သုတ်ပြီး ကြွေ ပန်းကန်မှာထွန်းပါ ဘုရားစင်မှလွဲ၍ အဆင်ပြေသည့် နေရာ တွင် ထားနိုင်ပါသည်။ သင်ယူလေ့လာဖူးတာလေးမျှ ဝေတာပါ လိုအပ်တာရှိပါက ကျ နော့အားနည်းချက်ဖြစ်ပါသည်။ နားမလည်ပါက 09-776575701 သို့ခေါ်၍ မေးမြန်းနိုင်ပါသည်။ မပေးနိုင်တဲ့သူကို ဤနည်းဖြင့် ဇွတ်အတင်းလုပ်မယူပါနဲ့ ပေးနိုင်ရဲ့သားနဲ့ ပေကပ်ကပ်လုပ်နေသူမျ ား လူပါးဝသူတွေကို သာဤနည်းဖြင့်ပြု လုပ်ပါ Aung Kyaw Htun

MOST POPULAR

HOT NEWS