ဇလားဗီးယားငါးကို လုံးဝမစားပဲ အသက်ရှည်ရှည်နေလိုက်ပါ
ဇလားဗီးယားငါးကို လုံးဝမစားပဲ အသက်ရှည်ရှည်နေလိုက်ပါ ကျွန်တော် တို့ ဇလား ပီးယားငါးတွေကို အရမ်းကြိုက်တယ် ။ မွှေးနေတဲ့ ငါးကင်ကို စျေးကြီးပေးပြီးတော့ကိုစားတယ် ၊ စားလို့လဲကောင်းတယ် ။ ဒါပေမယ့် နောက်ကွယ်က အကြောင်းတရားလေးတွေကိုတော့ မစဉ်းစားမိကြဘူး ။ ဇ လားဗီးယားငါးတွေဟာ နိုင်ငံတကာမှာ ကျယ်ပြန့်စွာမွေးမြူပြီးစားသုံးနေကြတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ကင်ပြီးတော့ပဲဖြစ်ဖြစ်၊ ပေါင်းပြီးတော့ပဲဖြစ်ဖြစ်၊ ကြော်ပြီးတော့ပဲဖြစ်ဖြစ် ဘယ်လိုချက်စားစား စားကောင်းပြီး စျေးနှုန်းလည်း သင့်တင့်တာကြောင့် လူကြိုက်များတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇလားဗီးယားငါးတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အတွက်ကြောင့် အလွန်အကျွံ မစားသုံးသင့်ပါဘူး။ အကြောင်းရင်းတွေကတော့ ဒီမှာပါ။ (၁) မွေးမြူရေးငါးတွေဖြစ်တယ် ဇလားဗီးယားငါးတွေဟာ များသောအားဖြင့် ငါးကန်ထဲမှာ ကျပ်သိပ်နေအောင် မွေးမြူထားတဲ့ မွေးမြူရေးငါးတွေဖြစ်ပါတယ်။ ဒီငါးတွေဟာ အစားမရွေးတာကြောင့် ဘာကျွေးကျွေးစားကြပါတယ်။ … Read more