ဒေါက်တာ ခင်မိုးမိုးပြောတဲ့ အသက် ၆၀ ကျော်လျှင် စတင်သတိထားရမည့် အရာများ

ဒေါက်တာ ခင်မိုးမိုးပြောတဲ့ အသက် ၆၀ ကျော်လျှင် စတင်သတိထားရမည့် အရာများ အသက် ၆၀ ကျော်လျှင် စတင် သတိထားရမည့် အရာများ.. အမေရိကန်မှ လေ့လာမူတခုအရ.. အသက်ကြီးသူတွေရဲ့ ၅၁ % ကျော်က လှေခါးပေါ်ကနေ ပြုတ်ကျကြတယ်လို့ သိရပါတယ်။ အသက် ၆၀ ကျော်ရင် ရှောင်ရမည့်အချက်များကတော့.. ၁ – လှေခါး အတက်အဆင်း လုပ်လျှင် လက်ရမ်းကို သေချာ ကိုင်ပြီးမှ ဆင်းပါ တက်ပါ ၂ – ဦးခေါင်းကို ရုတ်တရတ် မလှည့်လိုက်ပါနဲ့ ။ ခန္ဓာကိုယ် တစ်ခုလုံးကို သွေးပူ လေ့ကျင့်ခန်း အရင် လုပ်ပြီးမှ လှည့်ပါ။ ၃ – လက်တွေကို ခြေချောင်းတွေနဲ့ ထိတွေ့ဖို့ ခန္ဓာကိုယ်ကို … Read more

ဖတ်ရင်း မျက်ရည်ကျမိတဲ့ ခေါက်ဆွဲကြော် နှစ်ပွဲကပေးတဲ့ သင်ခန်းစာ

ဖတ်ရင်း မျက်ရည်ကျမိတဲ့ ခေါက်ဆွဲကြော် နှစ်ပွဲကပေးတဲ့ သင်ခန်းစာ ရေးသားသူ – ကိုစိုးထိုက် (ဖဒို) ”ဆရာ့ ဆိုင်လေး ပြီးတော့မယ်နော်..”လို့ ကိုသာဖေက ကျွန်တော့်ကို ခပ်ပြုံးပြုံးနဲ့ လာနှုတ်ဆက်တယ်။ မကြာခင်ဖွင့်တော့မယ့် ကျွန်တော့်ရဲ့ စားသောက်ဆိုင် ရှေ့တည့်တည့်မှာ ကိုသာဖေတို့ အိမ်ရှိပါတယ်။ အိမ်ဆိုပေမယ့် လေးတိုင်စင်ပေါ်မှာ တောင်ထန်းကျဲကျဲ မိုးထားတဲ့ ခနော်ခနဲ့ တဲလေး တစ်လုံးပါပဲ။ ဆယ်ပေပတ်လည်ဝန်းကျင် အဲဒီတဲလေးထဲမှာ ကိုသာဖေရယ် ၊ အမြဲတမ်းဖျားနေတတ်တဲ့ သူ့မိန်းမရယ် ၊ အသက်ချင်းမတိမ်းမယိမ်း ကလေးသုံးယောက်ရယ် စုပြုံပြီးနေကြတယ်။ အမှန်တော့ ခြံကလည်း သူတို့အပိုင် မဟုတ်ပါဘူး။ သူဌေးတစ်ယောက်ပိုင်တဲ့ အဲဒီခြံမှာ လူမနေတဲ့အတူတူ ကိုသာဖေတို့မိသားစုကို အစောင့်သဘောမျိုး နေခိုင်းထားတာ။ ကိုသာဖေ အလုပ်ကတော့ ထုံးစံအတိုင်း ဘောက် ဆင်းတာပေါ့။ အိမ်သာတွင်း … Read more

စံချိန်တင်သွားတဲ့ စက်သုံးဆီဈေးနှုန်းနဲ့ ထိန်းမရတော့တဲ့ လောင်စာဆီဈေးကွက် အခြေအနေ

စံချိန်တင်သွားတဲ့ စက်သုံးဆီဈေးနှုန်းနဲ့ ထိန်းမရတော့တဲ့ လောင်စာဆီဈေးကွက် အခြေအနေ ပြည်တွင်းစျေးကွက်မှာ ချက်ဆီ ကုန်ကြမ်း လမ်းကြောင်းတွေ အဝင်ခက်ခဲနေပါတယ်။ နိုင်ငံခြားဆီ ဝင်ရောက်မှုလည်းနည်းနေတာ တွေ့ရတယ်။ ပြည်တွင်း ငွေကြေးဖောင်းပွမှုနဲ့ ငွေတန်ဖိုးကျဆင်းလာမှုကလည်း အချက်တစ်ချက်ဖြစ်လာပါတယ်။ အမေရိကန် ဒေါ်လာစျေးကလည်း ပြန်ကျဖို့မရှိတော့ပါဘူး။ ပထဝီနိုင်ငံရေး အရ ကမ္ဘာ့နိုင်ငံရေးကို ကြည့်ရင်လည်း ရုရှားနဲ့ယူကရိန်း ပြဿနာက ရင်တမမ အခြေအနေမှာပဲ ရှိနေသေးတယ်။ ဒီကြားထဲ ပြည်တွင်းမှာက တိုတယ်နဲ့ ချက်ဗရွန် ကလည်းပြန်သွားပြီ။ ဝုဒ်ဆိုက် ကလည်း ပြန်ဦးမယ် ဆိုတဲ့သတင်းထပ်ကြားရတယ်။ ဒါကလည်း အတိုင်းအတာ တစ်ခု အကျိုးသက်ရောက်မှုရှိလာလိမ့်မယ်။ အိုမီခရွန် ကြောင့်လည်း Cargo တွေ Tanker တွေ အဝင်ပါးတာ၊ မထွက်နိုင်တာကလည်း အဓိက အချက်ထဲ ထည့်သုံးသပ်ရလိမ့်မယ်။ ပြည်တွင်း မြန်မာငွေတန်ဖိုးက … Read more

ပြောသမျှ ကွက်တိမှန်တဲ့ ဆရာမလေး စုစုစံကတော့ ၂ လပိုင်းမှာ မိုးရွာမယ့်ဒေသတွေကို ပြောလိုက်ပါပြီ

ပြောသမျှ ကွက်တိမှန်တဲ့ ဆရာမလေး စုစုစံကတော့ ၂ လပိုင်းမှာ မိုးရွာမယ့်ဒေသတွေကို ပြောလိုက်ပါပြီ ၂၀၂၂ ဖေဖော်ဝါရီလ ၆ရက်နေ့ ချင်းပြည်နယ်နှင့် စစ်ကိုင်းအထက်ပိုင်းဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ်။ (ခန့်မှန်းချိန် ၃၁-၁-၂၀၂၂ မနက် ၃ နာရီ ၉ မိနစ်) မိုင်ဆွန်ခ၊ မင်္ဂလာပါ ရှမ်းအမျိုးတိုရေ၊ ၂၀၂၂ ဖေဖော်ဝါရီလ ၅ ရက်နေ့ ၆ ရက်နေ့တွေမှာ ရှမ်းပြည်နယ်ကြီးတွင် လေထန်ပြီး မိုးရွာနိုင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွေမှာ မိုးကြီးနိုင်ကာ အအေးပိုနိုင်ပါတယ် (ခန့်မှန်းချိန် ၃၁-၁-၂၀၂၂ မနက် ၃ နာရီ ၂၀ မိနစ်) ၂၀၂၂ ဖေဖော်ဝါရီလ ၆ ရက်နေ့ ၇ ရက်နေ့တွေမှာ ဧရာဝတီတိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်း … Read more

ဝိသမလောဘသား ဈေးသည်တွေရဲ့ လျှို့ဝှက်ချက်ကို ဖော်လိုက်ပြီ

ဝိသမလောဘသား ဈေးသည်တွေရဲ့ လျှို့ဝှက်ချက်ကို ဖော်လိုက်ပြီ မိသားစု လိုက် အစုလိုက် အပြုံ လိုက် အစားစာရင်း ကွယ်လွန်သွားတယ်တို့ ဘာတို့ ဆိုတာ ကျွန်မ တို့ ဖေ့ဘုတ်မှာ လည်း မြင်ဘူး တယ် ဖတ်ဘူးပါတယ် …ဒီလို မျိုး စျေးသည် တွေရှိလို့ လည်း အဲဒီလို ဖြစ်ကြတာ နေမယ် … ဒီ မနက် ကျွန်မ စျေးသွားပါတယ် … ပိန္နဲကွင်း လေး တွေ ဖွေးဖြူ သန့်ပြန့် နေတော့ တခုခုလေး နဲ့ ရော ချက်မယ် စိတ်ကူး နဲ့ ဆလုံကြီး နဲ့ ရေစိမ်ထားသော ပိန္နဲ ကွင်း တွေကို ကျွန်မ ဆယ်ယူပြီး ချိန်ခိုင်း … Read more

နှစ်စဉ်သိန်းရာချီဝင်သောစပယ်ပန်းစိုက်ပျိုးနည်း

နှစ်စဉ်သိန်းရာချီဝင်သောစပယ်ပန်းစိုက်ပျိုးနည်း စံပါယ်၊နှင်းဆီကိုပန်းအပွင့်များများပွင့်အောင်စိုက်ပျိုးနည်း(1) နှင်းဆီအကြောင်းအလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ် မြေမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကိုတစ်လတခါ တစ်လခွဲတခါ ပုံမှန်ကျွေးပေးရပါတယ်မြေဩဇာပုံမှန်ကျွေးမပေးလို့ အဖူး အပွင့်သေးသွားတယ်အပင်ထပ်ပြီးမကြီးထွားဘူးအဲ့ဒီလိုမျိုးလည်း ဖြစ်တတ်ပါတယ်ဝယ်တဲ့အချိန်မှာအပွင့်အဖူးကြီးတယ်အပင်တွေသန်တယ်ဆိုတာကကျနော်တို့ဒီမှာကျွေးပေးထားတဲ့ ဓါတ်မြေဩဇာ အရှိန်နဲ့ပါဒီမှာက၃ပတ်တခါ၁လတခါလောက်အပင်တွေကိုဓါတ်မြေဩဇာ ကျွေးပေးကြပါတယ်၊ ဓါတ်မြေဩဇာအနေနဲ့က အာမို/နိုက်ထရိုဖော်စကာ15:15:15ကိုသုံးပါတယ်နောက်တခုကအလှပန်းအိုးနဲ့စိုက်တဲ့အခါမှာ နုန်းဒါမှမဟုတ် မြေကြီးသက်သက်ချည်းပဲထည့်ရင်လည်း မြေကြပ်ပြီးအမြစ်ကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့အတွက်အပွင့် အဖူးသေးတတ်ပါတယ်။ တခါတခါ အပင်တောင် သေသွားတတ်ပါတယ်။နုန်း/မြေကြီး ကို ဖွဲပြာ/စပါးခွံ/မြေပဲခွံ တမျိုးမျိုးနဲ့ရောစပ်ပြီးထည့်ပေးရပါတယ်နုန်း/မြေကြီး၁ဆဖွဲပြာ၂ဆ၁ဆ၂ဆ၁ဆ၃ဆ၁ဆ၄ဆအဆင်ပြေသလိုရောစပ်ပြီး အသုံးပြုနိုင်ပါပေတယ်)နောက်တခုကလောင်းရိပ်အပင်တွေက လောင်းရိပ်အရိပ်အောက်မကြိုက်ပါဘူး။ နေရောင်ရမှအစာချက်နိုင်တာပါလောင်းရိပ်အရိပ်အောက် ရောက်နေရင်လည်းအပွင့်အဖူးသေးပြီးအပင်မကြီးထွားတတ်ပါဘူးနှင်းဆီပင်ကို နေပူမှာစိုးပြီးအရိပ်အောက်မှာပဲထားထားတာကို တွေ့ဖူးခဲ့ပါတယ်ခြုံငုံပြီး ပြောမယ်ဆိုရင်အပင်ကိုအလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ်မြေကြီးမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကိုတစ်လတခါတစ်လခွဲတခါလောက် ပုံမှန်ကျွေးပေးရပါတယ်အပင်ကိုအလှပန်းအိုးနဲ့ထည့်စိုက်မယ်ဆိုရင် နုန်း/မြေကြီးနဲ့ဖွဲပြာ/စပါးခွံ/မြေပဲခွံတမျိုးမျိူးတို့ကိုရောစပ်ပြီးထည့်ပေးရပါတယ်အပင်ကို လောင်းရိပ်အရိပ်အောက်မှာမထားပဲ နေရောငျရတဲ့နရောမှာသာထားပေးရပါတယျ(2)စံပယ်အကြောင်းစံပယ်ပန်းအပွင့်များများပွင့်အောင်စိုက်နည်းနှင့်ယခုလိုစံပယ်ပေါချိန်တွင်စံပယ်ပန်းခြောက် ရေနွေးကြမ်းပြုလုပ်နည်းလေး ၁။စံပါယ်ပင်လေးတွေ စိုက်တော့မယ်ဆိုရင်အိုးနဲ့စိုက်မှာလား၊ မြေမှာချပြီးစိုက်မှာလား ရွေးပါအိုးနဲ့စိုက်မယ်ဆိုရင်လည်းအိုးက ရေမဝပ်အောင် အောက်ခြေမှာအပေါက်လေးတွေပါတဲ့အိုးနဲ့စိုက်ပါ။ မြေမှာစိုက်မယ်ဆိုရင်လည်းရေမဝပ်နိုင်တဲ့နေရာမှာစိုက်ပေးပါ ၂။စံပယ်ပင်လေးတွေဟာ နေရောင်ကြိုက်ပါတယ်အလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာစိုက်ပါ ၃။စံပယ်ပင်လေးတွေကိုတစ်နေ့တစ်ကြိမ် ရေလောင်းပါ။ ရေလောင်းတဲ့အခါမှာ အောက်ခြေမြေကြီးကိုပဲ လောင်းပါသစ်ရွက်လေးတွေကို ရေမစိုပါစေနဲ့စံပယ်ရွက်လေးတွေကို … Read more

VPN မလိုပဲ (IP address ကိုဖျောက်ပြီး) Facebook / messenger ကို ဘယ်လိုသုံးရလဲဆိုတာလေး ပြောပြမယ်

လူကြံရင်ဘာခံနိုင်မလဲ VPN ရယ် VPN မလိုပဲ (IP address ကိုဖျောက်ပြီး) Facebook / messenger ကို ဘယ်လိုသုံးရလဲဆိုတာလေး ပြောပြမယ် လူကြံရင် ဘာခံနိုင်မလဲ VPN ရယ် VPN မလိုပဲ (IP address ကိုဖျောက်ပြီး) Facebook / messenger ကိုဘယ်လိုသုံးရလဲဆိုတာလေး ပြောပြမယ်။ အင်တာနက်ကို SIM နဲ့သုံးမယ်ဆိုလျှင် -Settings ထဲက SIM ထဲကိုဝင္ပါ ။ -SIM 1/ SIM 2 နှစ်ခုရှိတဲ့ handset ဆိုရင် အင်တာနက်သုံးမယ့် SIM ကိုရွေးပါ။ -ပြီးရင် access point name (APN ထဲကိုဝင်ပါ)။ proxy နဲ့ port … Read more

နိုင်ငံခြားသားတွေ အံ့အားသင့်ရတဲ့ မြန်မာပြည်ရဲ့ ဓလေ့ထုံးစံများ

နိုင်ငံခြားသားတွေ အံ့အားသင့်ရတဲ့ မြန်မာပြည်ရဲ့ ဓလေ့ထုံးစံများ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံဟာ တိုင်းတပါးသားတွေအတွက် အထူးအဆန်း ဖြစ်နေတတ်ပါတယ်။ တစ်နိုင်ငံတည်းမှာကို နေရာဒေသပေါ်မူတည်ပြီး ကွဲပြားတဲ့ ဓလေ့ထုံးစံတွေ ရှိတတ် ပါသေးတယ်။ ကျွန်တော်တို့မြန်မာတွေအတွက် တခြားနိုင်ငံတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံအချို့ဟာလည်း အံ့ဩစရာတွေ ဖြစ်နေတတ်ပါတယ်။ ဒါက သဘာဝပါပဲ။ ဒီနေ့မှာတော့ နိုင်ငံခြားသားတွေအတွက် ထူးဆန်းနေတဲ့ မြန်မာပြည်ရဲ့ အကြောင်းအရာ တချို့ကို ဖော်ပြပေးချင်ပါတယ်။ ၁။ ကွမ်းယာ၊ လက်ဖက်နဲ့ သနပ်ခါး သာရေးနာရေး ကိစ္စတွေမှာ ကွမ်း နဲ့ လက်ဖက်ဟာ မပါမဖြစ်ပါပဲ။ ထို့နည်းတူစွာ သနပ်ခါးဟာလည်း မြန်မာတွေရဲ့ မရှိမဖြစ် အလှကုန် တစ်ခုပါ။ ၎င်းတို့ဟာ ကျွန်တော်တို့ မြန်မာတွေရဲ့ ဘဝအစိတ်ပိုင်းတစ်ခုလို့ ပြောရင် … Read more

ကျတော်တို့ စားသုံးသူ ပြည်သူတွေ ဘယ်လောက်တောင် ဂျင်းထည့်ခံနေရပြီလဲဆိုတာ ဖတ်သာကြည့်တော့

ကျတော်တို့ စားသုံးသူ ပြည်သူတွေ ဘယ်လောက်တောင် ဂျင်းထည့်ခံနေရပြီလဲဆိုတာ ဖတ်သာကြည့်တော့ ခေတ်ကိုက လက်ဖက်ညွှန့်ဆိုပြီး ရာဘာရွက်အညွှန့်တွေကို ချဉ်ငံစပ်လုပ်မပုပ်ဆေးတွေထည့် ဆီစိမ် ပုလင်းနဲ့ပိတ်ပြီး တံဆိပ်ကပ်လိုက်ရင်တဆယ်သား ၃၀၀တန်ရာဘာညွှန့်တွေကတပုလင်း ၆၀၀၀တန်နာမည်ကြီးလက်ဖက်ညွှန့် တွေဖြစ်သွားတဲ့ဂျင်းခေတ် (လဖက်စစ် မစစ်ခွဲချင်ရင် Leave margin entire ဖြစ်မဖြစ်နဲ့ခွဲရတယ်လဖက် ရွက်အစစ်ရဲ့ အနားသတ်က နှင်းဆီရွက်လိုအထစ်အထစ်လေးတွေပါပြီး ရာဘာရွက်က အနားသတ်ပြောင်ချောနေတယ်…လက်ဖက်ပင် ကိုယ်တိုင်စိုက်ခဲ့လို့ကိုယ်တိုင်ခူးခဲ့လို့အကုန်သိနေပေမဲ့လဲ လက်ဖက်ဝယ်တယ်ဆိုတာမျိုးက ရှောက်ရွက်ဝယ်သလို တညွှန့်ချင်းကြည့်ပီးဝယ်လို့မှမရတာဆိုတော့တရွက်ချင်းဖြန့်မကြည့်နိုင်သရွေ့တော့ခံပေါ့ရှင်) ခေတ်ကိုကပုစွန်အသားငါးဖယ်အသား တစက်လေးမှတောင်မပါပဲ ထမင်းတွေချည်း ချဉ်အောင်လုပ်ရေခဲမုန့်ဖာလူဒါတေမှာသုံးတဲ့ ပန်းရောင်ဆေးလေးဆိုးပြီး အတောင့်လိုက် ဖက်ရွက်တေနဲ့ထုပ်လိုက်ရင် ပုစွန်ချဉ် ငဖယ်ချဉ်ဆိုပြီး ထမင်းအချဉ် အသိုးဆေးဆိုးတွေကို တထုပ်၃၀၀၀ဝယ်စားရတဲ့ဂျင်းခေတ် ခေတ်ကိုက ကြွက်တွေ တီကောင်တွေ မြွေတွေ အကုန်ရောကြိတ်ပြီး ကြက်အူချောင်း ငဖယ်ချောင်း ဂဏန်းချောင်း ပုစွန်အသားချောင်းဆိုပြီး တရုတ်က Packing လှလှနဲ့သွင်းလာတာတွေကိုကိုးရီးယား … Read more

သီးပင်စားပင်တွေကို ရာသီချိန်မဟုတ်ပဲ သီးလာအောင် လုပ်နည်း

သီးပင်စားပင်တွေကို ရာသီချိန်မဟုတ်ပဲ သီးလာအောင် လုပ်နည်း မင်္ဂလာပါ။ Page ကို အမြဲအားပေးနေတဲ့ မိတ်ဆွေတွေ အတွက် သီးပင်စားပင်တွေကို ရာသီချိန်မဟုတ်ဘဲ အသီးသီးစေတဲ့ နည်းလေးကို ဖော်ပြလိုက်ပါတယ်နော်…. ကြက်ဥဟိုမုန်းဆေးရည်လုပ်နည်း…ကြက်ဥအခွံရော အသားပါ၁ ပိသာ။သကြား ၁ ပိသာ။နွားနို့ ၁ ပုလင်းခွဲ ပုဇွန်ခြောက် ၃၀ သား။ အုန်စိမ်းအရည် ၂ ပုလင်း။ ဆန်ဆေးရည် ၂ ပုလင်း။ အုန်းနို့၁ ပုလင်းခွဲ။ ပဲစေ့ အညှောက်ပေါက်စ အစိတ်သား။ ပဲစေ့အညှောက်ပေါက်စဆိုတာကတော့ ပဲတီစိမ်းကို ရေစိမ်းပြီးအဝတ်နဲ့ထုတ်လားလိုက်ရင် နာရီ ၂၀ လောက်အကြာမှာ အညှောက်ပေါက်စ ပဲစေ့ကို ရပါလိမ့်မယ်။မုံံလာဥ ၅၀ သား။ အဲ့ဒါတွေ အားလုံးကို ဖျော်ရည်ကြိတ်စက်နဲ့ ကြိတ်ချေလို့ပဲဖြစ်ဖြစ်ထောင်းခြေပြီးတော့ဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ ကြိတ်စက်နဲ့ကြိတ်တဲ့အခါမှာ ရေကို မသုံးပဲအုန်းရည်၊ … Read more