မွေးကတည်းက သွားလေးချောင်းပါလာတဲ့ ကလေးနဲ့ ဘီလူးနက္ခတ် (အယူသီးခြင်းနောက်ကွယ်)
မွေးကတည်းက သွားလေးချောင်းပါလာတဲ့ ကလေးနဲ့ ဘီလူးနက္ခတ် (အယူသီးခြင်းနောက်ကွယ်) ၁၉၈၀ ဝန်းကျင်ခန့်က ဖြစ်သည်။ တောင်ပေါ်ဒေသ၏ အေးချမ်းသော ရာသီဥတုအရှိန်က အရိုးကွဲမတတ် အေးလှသည်။ မီးလင်းဖိုလေးနဘေးတွင် မွေးကင်းစကလေးငယ်ကို ရင်ခွင်ပိုက်ပြီး မီးနေသည် ဇနီး၏ အရှေ့၌ ဒူးထောက်ငိုကြွေးနေသော ယောက်ျားတစ်ယောက်။ ဝမ်းထဲက ကျွတ်ကျွတ်ခြင်းပင် နို့ဆာ၍ ငိုနေသော ကလေးငယ်ကို ပိုက်ထားသော လင်ယောက်ျားဖြစ်သူ ကိုထွန်းဝေက ငိုကြွေးရင်း ဇနီးဖြစ်သူကို တောင်းပန်တိုးလျှိုးနေသည်။ ” ခင်မေ ကိုယ်တောင်းပန်ပါတယ် သမီးလေးကို နို့တိုက်ပေးပါကွာ။ သမီးလေးက မင်းရဲ့သမီးလေးပါကွာ ” လက်သည်မိန်းမကြီးနှင့် အနီးအနားက မိန်းမကြီး ၃ ယောက်က ကျွန်ုပ်၏ အဖြစ်အပျက်ကိုကြည့်၍ စိတ်မကောင်းဖြစ်ရုံလွဲ၍ ဘာမှဝင်မပြောနိုင်ချေ။ ” မွေးကတည်းက သွားလေးချောင်းပါလာတဲ့ ကလေးကို ကျွန်မဘယ်လိုနို့တိုက်ရမလဲ။ ကျွန်မဒီကလေးကို … Read more