၁၂ လပတ်လုံး ဈေးကွက်ရှိတဲ့ ဆူးပုပ် စိုက်ပျိုးပြုစုနည်း
၁၂ လပတ်လုံး ဈေးကွက်ရှိတဲ့ ဆူးပုပ် စိုက်ပျိုးပြုစုနည်း “ဆူးပုပ်စိုက်ပျိုးနည်း” အကြောင်း သိကောင်းစရာ… ၁။ မူရင်းဒေသ…ဆူပုပ်၏မူရင်းဒေသကို မှတ်တမ်းတင်ခြင်း မတွေ့ရသေးပါ။ဆူးပုပ်ကို မြန်မာပြည်အနှံ့အပြား တွေ့ရှိရပါသည်။ ၂။ ဆူးပုပ်မျိုးများ..ဆူးပုပ်ကလေးမျိုးနှင့် ဆူးပုပ်ကြီးမျိုးဟူ၍ (၂)မျိုးရှိသည်။ (က) ဆူးပုပ်ကလေးမျိုး…ဆူးပုပ်ကြီးမျိုးထက် အရွက်အရွယ်အစားရော အပင်အရွယ်အစားပါ သေးငယ်သည်။အရွက်အနံ့မှာလည်း ဆူးပုပ်ကြီးလောက် မပြင်းချေ။ဆူးပုပ်ကလေးသည် မကွေး၊ ကျောက်ပန်းတောင်းကဲ့သို့မြေလတ်ဒေသများတွင် အစိုက်များသည်။ ထိုဒေသများတွင် ဆူးပုပ်ကြီးထက် ဆူးပုပ်ကလေးကို ပို၍အသုံးများသည်။ (ခ) ဆူးပုပ်ကြီးမျိုး…ဆူးပုပ်ကြီးမျိုးသည် ဆူးပုပ်ကလေးမျိုးထက် အပင်နှင့်အရွက် အရွယ်အစား ပိုကြီးသည်။အရွက်အနံ့မှာလည်း ဆူးပုပ်ကလေးထက် ပို၍ပြင်းသည်။ ပဲကြီးဟင်းချိုချက်ရာတွင် ဆူးပုပ်ကြီးကို အများဆုံးထည့်ချက်သည်။ ဆူးပုပ်ကြီးမျိုး(၃)မျိုးရှိသည်။(၁) ဆူးကျဲမျိုး (၂) ဆူးလတ်မျိုး (၃) ဆူးစိပ်မျိုး ၃။ ရေမြေ ရာသီဥတု…ဆူးပုပ်သည် မြန်မာပြည်အနှံ့အပြား တောင်ပေါ်မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် … Read more