ကားမောင်းတဲ့လူတိုင်း အဆင့်နှစ်ဆင့်ကို ဖြတ်သန်းရပါတယ်
ကားမောင်းတဲ့လူတိုင်း အဆင့်နှစ်ဆင့်ကို ဖြတ်သန်းရပါတယ် ပထမတစ်ဆင့်ကတော့ ကားမောင်းသင်ရမယ်၊ ဒုတိယကတော့ ကားမောင်းလိုင်စင် ဖြေရပါမယ်။အောင်ရင် လိုင်စင်ရပြီး ကားမောင်းတတ်ပြီလို့ မထင်လိုက်ပါနဲ့ဦး၊ ကားမောင်းလိုင်စင်ရတိုင်း ကားမောင်းတတ်တယ်လို့ထင်ရင် အမှားကြီးမှားသွားနိုင်ပါတယ်။ လိုင်စင်ကိုင်ထားပြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းမသိသူတွေ ဒုနဲ့ဒေး ပါ။ဒါကြောင့် ကားတစ်စီးကို ကျွမ်းကျင်စွာ မောင်းနှင်တတ်ဖို့အတွက် မသိမဖြစ်သိထားရမယ့် အခြေခံအကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ လက်ကိုင်ဂွေကို မှားယွင်းစွာ ကိုင်ဆောင်ခြင်း ၊မြို့တွင်းမှာမောင်းမယ်ဆိုရင်တော့ ၃ နာရီနဲ့ ၉ နာရီအနေအထားတွေကို ကိုင်ရမှာဖြစ်ပြီး၊ အမြန်လမ်းမှာဆိုရင်တော့ ၄ နာရီနဲ့ ၈ နာရီ အနေအထားတွေကိုင်ပြီး မောင်းနှင်ရင်လူသက်သာပါတယ်။(၂ နာရီနဲ့ ၁၀ နာရီ အနေအထားတွေကတော့ လေအိတ်မပါတဲ့ကားဟောင်းတွေ၊ လက်ကိုင်ဂွေကြီးမားတဲ့ကားတွေနဲ့ ပါဝါစတီယာရင်စနစ်မပါဝင်တဲ့ ကားတွေအတွက်ပါ) လက်ကိုင်ဂွေကို လက်ဖဝါးနဲ့တွန်းထားတာမျိုတွေဟာ လက်ချော်တတ်တာကြောင့် လက်နှစ်ဖက်နဲ့ခိုင်မြဲစွာဆုပ်ကိုင်ပြီး မောင်းပါ။ လက်ကိုင်ဂွေ နှင့် … Read more