အော်ပရေတာ အစုံ အင်တာနက်သုံးလို့ရတဲ့နည်းလမ်း(မျှဝေပေးကြပါ)

အော်ပရေတာ အစုံ အင်တာနက်သုံးလို့ရတဲ့နည်းလမ်း(မျှဝေပေးကြပါ) internet အတွက် သုံးလို့ရတာ အားလုံး တင်ပေးထားပါတယ်…။ စမ်းလဲ စမ်းပြထားပါတယ်။ အော်ပရေတာ အစုံနီးပါး အားလုံး free ပါ။ Mytel အတွက်သုံးလို့ရတဲ့ နည်းလမ်းကတော့ အောက်ပါဆော့ဝဲနဲ့ အသုံးပြုနိုင်ပါတယ်…။ speed လဲ အရမ်းကောင်းပါတယ်…။ Application 👇 http://www.mediafire.com/file/1polhjnmxulcw4d/ds-tunnel-v350-support-armeabi-v7a-arm64-v8a-aplute.eu.org.apk/file mpt အတွက် အသုံးပြုလိုပါက Psiphon Pro Versions 322 – Host 203..81.95.42 – Port 8080 – Region Singapore နဲ့ အသုံးပြုလို့ရပါတယ်…။ telenor အတွက်အသုံးပြုလိုပါက Psiphon Pro Versions 322 – Host 203..81.95.42 – Port … Read more

ပညာပြည့်ဝ နှလုံးလှတဲ့ ဆရာမလေး စုစုစံကတော့ မိုးထပ်ရွာမယ့် ဒေသတွေကို ပြောလိုက်ပါပြီ

ပညာပြည့်ဝ နှလုံးလှတဲ့ ဆရာမလေး စုစုစံကတော့ မိုးထပ်ရွာမယ့် ဒေသတွေကို ပြောလိုက်ပါပြီ ၂၀၂၂ ဇန်နဝါရီလ ၂၅ရက်နေ့ ၂၆ရက်နေ့ ၂၇ရက်နေ့တွေမှာ ချင်းပြည်နယ် စစ်ကိုင်းတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွေမှာ မိုးတွေ ရွာနိုင်ပြန်ပါတယ်။ ရက်ဝေးလေးတွေ ကြိုတင်ခန့်မှန်းပေးနေတာက ကြိုတင်သိရှိပြီး ရေထိပျက်စီးနိုင်မှုမရှိအောင် စီမံခန့်ခွဲလုပ်ဆောင်နိုင် ကြရန်အတွက် ဖြစ်ပါတယ်။ ၂၁-၁-၂၀၂၂ ရက်နေ့ ဧရာဝတီတိုင်းတောင်ပိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်းအရှေ့ပိုင်း နေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာ မိုးရွာသွန်းနိုင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်ပြည်နယ် တနင်္သာရီတိုင်းမြောက်ပိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်တွေမှာမိုးကြီးနိုင်ပါတယ်။ ၂၁-၁-၂၀၂၂ ရက်နေ့ မွန်ပြည်နယ် ကရင်ပြည်နယ် ခန့်မှန်းပေးချက်အတိုင်းပဲ မိုးတွေရွာပါမယ် ၂၁-၁-၂၀၂၂ ရက်နေ့ နေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်ပြည်နယ်တွေမှာ မိုးတွေရွာနိုင်ပါတယ်။ … Read more

ရန်ကုန်စီးတီးတက္ကစီတွေကို တရောင်တည်း သတ်မှတ်မည်ဟုဆို

ရန်ကုန်စီးတီးတက္ကစီတွေကို တရောင်တည်း သတ်မှတ်မည်ဟုဆို ရန်ကုန်စီးတီးတက္ကစီအသင်း( ယာယီ)က စီးနင်းအသုံးပြုမယ့် ခရီးသည်တွေ လွယ်ကူစွာ ချိတ်ဆက်ခေါ်ယူနိုင်မယ့် နည်းပညာအသုံးပြုစနစ်တွေဖြစ်တဲ့ Call Center တွေကို လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ထို့အပြင် ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ စီးတီးတက္ကစီတွေကို မှတ်သားရ လွယ်ကူတဲ့ အရောင် (သို့) အမှတ်အသားတွေကို တစ်ပြေးညီ သတ်မှတ်သွားဖို့ စီစဉ်နေတဲ့အပြင် လုံခြုံရေးစနစ်အတွက် ဂျီပီအက် ထိန်းချုပ်ရေးစင်တာနဲ့ စောင့်ကြည့်ထိန်းချုပ်တဲ့ စနစ်စတာတွေကိုပါ လုပ်ဆောင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ YRTC ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က လက်ရှိဖွဲ့စည်းတဲ့ အသင်းဟာ ယာဉ်ပိုင်ရှင် အသင်းဖြစ်ပြီး အခုကတော့ ယာယီအသင်း ဖြစ်တယ်လို့ ပြောပါတယ်။ ရန်ကုန်မြို့မှာ မှတ်ပုံတင်ထားတဲ့ စီးတီးတက္ကစီ ၆၅,၀၀၀ ကျော်ရှိပြီး၊ နယ်လိုင်စင်ဖြင့် ခွင့်ပြုပေးထားသော … Read more

ကြက်သွန်ဖြူရဲ့ လူတွေ သိပ်မသိသေးတဲ့ ဂမ္ဘီရ အစွမ်းသတ္တိများ

ကြက်သွန်ဖြူရဲ့ လူတွေ သိပ်မသိသေးတဲ့ ဂမ္ဘီရ အစွမ်းသတ္တိများ ကြက်သွန်ဖြူရဲ့ ရုက္ခဗေဒ အမည်က Allium sativum ဖြစ်ပါတယ်။ ကြက်သွန်နီ၏ မိသားစု Alliaceae ထဲမှာ ပါဝင်တဲ့ မျိုးစိတ် တစ်ခုပဲဖြစ်ပါတယ်။ အစိမ်းစားလျှင် ပူစပ်စပ် အရသာရှိတဲ့ ကြက်သွန်ဖြူဟာ ချက်ပြုတ်လိုက်တဲ့ အခါမှာတော့ ချိုသော အရသာရှိပါတယ်။ ကြက်သွန်ဖြူရဲ့ အရွက်ဖြစ်တဲ့ ကြက်သွန်မိတ် နဲ့ အဖူး အပွင့်များကိုလည်း စားသုံးလို့ရပါတယ်။ ကြက်သွန်ဖြူ အမွှာများကို အစိမ်းသော်လည်းကောင်း ၊ ချက်ပြုတ်စားသော်လည်းကောင်း ဆေးဖက်ဝင်ပါတယ်။ မချက်ပြုတ်ထားသော ကြက်သွန်ဖြူ အစိမ်းကို စားသုံးခြင်းဖြင့် သွေးကြောများ အတွင်း သွေးခဲခြင်း နဲ့ သာမန်ထက် ပိုတဲ့ သွေးပေါင်ချိန်ကို လျော့ကျစေပေမယ့်လည်း များသောအားဖြင့်တော့ ကြက်သွန်ဖြူကို ချက်ပြုတ်ပြီးမှသာ စားသုံးကြပါတယ်။ … Read more

ရန်ကုန် မှော်ဘီနှင့် ရွှေပြည်သာ တမြို့နယ်လုံး ၃ ရက်တိတိ မီးပြတ်မည် (၂၉ ရက်နေ့ စပြတ်ပါမည်)

ရန်ကုန် မှော်ဘီနှင့် ရွှေပြည်သာ တမြို့နယ်လုံး ၃ ရက်တိတိ မီးပြတ်မည် (၂၉ ရက်နေ့ စပြတ်ပါမည်) ရန်ကုန်ရှိ ရွှေပြည်သာ မြို့နယ်နဲ့မှော်ဘီမြို့နယ်တို့အပါအဝင် ဝါးတရာစက်မှုဇုန် တွင် တနေကုန် မီး ၃ ရက် လုံးဝ ပြတ်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်း(YESC) က ကြေညာလိုက်ပါတယ်။ ရန်ကုန်တိုင်းအတွင်း ၂၃၀ကေဗွီ ဝါးတရာ(ရွာမ- လှိုင်သာယာ) ဓာတ်အားလိုင်းစီမံကိန်း ကြိုးဆွဲခြင်းလုပ်ငန်းတွေ လုပ်ဆောင်မှာ ဖြစ်တာကြောင့် ဇန်နဝါရီ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရွှေပြည်သာစက်မှုဇုန် (၂/၃/၄)၊ ဝါးတရာစက်မှုဇုန်၊ ရွှေပြည်သာ တမြို့နယ်လုံးနှင့်မှော်ဘီမြို့နယ်တို့မှာ ၃ ရက်ခန့် နံနက် ၆ နာရီမှာ ည ၆ နာရီအထိ ယာယီဓာတ်အားပြတ်တောက် မယ်လို့ဆိုပါတယ်။ ၂၃၀ကေဗွီ … Read more

ဈေးထဲမှာ ရောင်းတဲ့ နွားနို့တွေကို တကယ့်နွားတွေကနေ ရတယ်လို့ အခုထိ ထင်နေတုန်းပဲလား

ဈေးထဲမှာ ရောင်းတဲ့ နွားနို့တွေကို တကယ့်နွားတွေကနေ ရတယ်လို့ အခုထိ ထင်နေတုန်းပဲလား နွားနို့ ထဲ ကို ဝိသမလောဘသား ထုတ်လုပ်သူတွေက ဘာတွေ ရောနှောတတ်သလဲ ဆိုတာလေးကိုအရင်တင်ပြပါရစေ။ ပထမဆုံး အရာကတော့ နွားနို့ အတုဖြစ်ပါတယ်။ နွားနို့လုံးဝ မပါတဲ့အတွက် ဈေးအပေါဆုံးနည်းမို့ အသုံးအများဆုံး ဖြစ်ပါတယ်။ နွားနို့ အတုအထဲမှာ ဘာတွေပါသလဲဆိုတော့ အစစ်နဲ့ တူအောင် ယူရီးယား၊ Starch (ကော်မှုန့်)၊ ပေါင်ဒါသကြား၊ ဆော်ဒါ၊ စားအုန်းဆီ၊ အဖြူ ရောင်ရေဆေးနဲ့ ပျစ်အောင် ခေါင်းလျော်ရည်ကို အချိန်နဲ့ ထည့်ကြပါတယ်။ ထည့်ထားတဲ့ ပစ္စည်းတွေက လူကို ဥပါဒ်အပေးဆုံးမို့ အန္တရာယ် အများဆုံးလဲ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ကျွန်မတို့ အတော် များများ သိကြတဲ့ ရေရောတာဘဲ ဖြစ်ပါတယ်။ဒီနည်းက … Read more

ဝပ်ရှော့မှာ ၄ သိန်းကျော်ကုန်ခဲ့တဲ့ ခွေးဘီးလူး (၅၀၀) ကျပ်တန် ကြိုးနဲ့မှ ကောင်းသွားတဲ့ အဖြစ်

ဝပ်ရှော့မှာ ၄ သိန်းကျော်ကုန်ခဲ့တဲ့ ခွေးဘီးလူး (၅၀၀) ကျပ်တန် ကြိုးနဲ့မှ ကောင်းသွားတဲ့ အဖြစ် ဝပ်ရှော့ အကြိမ်ကြိမ်ရောက်ပြီး ၄ သိန်းကျော်ကုန်ခဲ့တဲ့ ခွေးဘီးလူး (၅၀၀) ကျပ်တန် ကြိုးနဲ့မှ ကောင်းသွားတဲ့ အဖြစ်.. “ခွေးကိုက်တယ်ဆိုတာ” ကျနော် ခွေးဘီလူးကားလေးတစ်စီး ဝယ်လာတယ်။ မောင်းကာစကတော့ အကောင်းဗျ၊ နောက်နေ့မနက် ကားလေးထုတ်ပြီး အပြင်သွားမလို့ စက်ကလေးနိုးလိုက်တော့၊ မနိုးချင်နိုးချင်နဲ့ နိုးလာတယ်ဗျာ.. စက်သံကလဲ မမှန်ဘူး၊ ဇောင့်.. ဇောင့်နဲ့ နိုးပြီး မောင်းလာတယ်.. အင်ဂျင်ပူလာရင်တော့ မောင်း ရတာအဆင်ပြေတယ်၊ ရပ်တာ နဲနဲကြာပြီး ပြန်နိုးရင် ပြန်ဖြစ်ရောဗျို့။ ထုံးစံအတိုင်း ဝပ်ရှော့ပြေးရတာပေါ့ဗျာ။ ဝပ်ရှော့ကတော့ လဲစရာရှိတာလဲပီပေါ့ဗျာ။ အင်ဂျင်ဝိုင်၊ ရေ၊ ပလပ် လဲရောဗျာ။ သူ့စီမှာတော့ အကောင်းဗျ၊ မိုးလင်းစက်စနိုးမှ … Read more

အသင့်စား ခေါက်ဆွဲခြောက်ထုပ်တွေက ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်သလဲ (သိပ်မကြောက်ကြပါနဲ့)

အသင့်စား ခေါက်ဆွဲခြောက်ထုပ်တွေက ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်သလဲ (သိပ်မကြောက်ကြပါနဲ့) Instant Noodle အသင့်စား ခေါက်ဆွဲခြောက်ထုပ်တွေက ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်သလဲ.. ဒီကနေ့မှာတော့ အသင့်စားခေါက်ဆွဲထုပ်ပြုတ်သောက်တဲ့ ယဉ်ကျေးမှုက ကမ္ဘာအနှံ့မှာ ‌ခေတ်စားနေပါပြီ။ တကယ်တော့ ခေါက်ဆွဲဆိုတာက အရှေ့တိုင်းသားတွေရဲ့ အသည်းစွဲအစားအစာပါ။ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေကိုတော့ ၁၉၆၀ ခုနှစ်ဝန်းကျင်လောက်ကတည်းက ဂျပန်မှာစပြီးထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီတုန်းကတော့ ခေါက်ဆွဲခြောက်ထုပ်တွေဟာ ပုံမှန်ခေါက်ဆွဲတွေထက်တောင် အဆပေါင်းများစွာ ပိုပြီးစျေးကြီးတယ်လို့ဆိုပါတယ်။ သူဌေးတွေပဲစားကြတာပေါ့လေ။ နောက်ပိုင်းကျမှ တဖြည်းဖြည်းခေတ်စားလာပြီး ကမ္ဘာအနှံ့မှာခေါက်ဆွဲခြောက်ထုပ်မှ ခေါက်ဆွဲခြောက်ထုပ်တွေ ဖြစ်လာပါတော့တယ်။ ခုဆိုရင် အနောက်နိုင်ငံကဟိုတယ်တွေမှာ ဘရိတ်ဖတ်စ်ဘူဖေးခင်းကျင်းထားရင် ခေါက်ဆွဲခြောက်ထုပ်ကိုပါ ချထားတတ်ကြပါတယ်။ သူတို့ဆီကိုလာလည်တဲ့ အရှေ့တိုင်းသားဧည့်သည်တွေက ချိစ်တွေ၊ ပေါင်မုန့်တွေချည်းပဲစားရလို့ ညည်းငွေ့လာရင်စားလို့ရအောင် စီစဉ်ပေးထားတာပါ။ ကျနော်တို့ခရီးထွက်ရင်လည်း ဥရောပအစားအစာတွေကို ရောက်ခါစတစ်ရက်နှစ်ရက်သာစားဝင်ပေမယ့် နောက်ပိုင်းတော့အရှေ့တိုင်းအရသာလေးတွေကိုပဲ တောင့်တတတ်ပါတယ်။ ခေါက်ဆွဲခြောက်ထုပ်က ဟိုတယ်မှာမရှိရင်တောင် အပြင်မှာသွားဝယ်ပြီးအခန်းထဲကရေနွေးအိုးနဲ့ပြုတ်သောက်ရပါတယ်။ ခေါက်ဆွဲခြောက်ထုပ်တွေရဲ့ … Read more

ဘဝအတွက် ‌အရေးကြီးတဲ့ Q (၅) လုံး အကြောင်း အကျဥ်းချုပ်

ဘဝအတွက် ‌အရေးကြီးတဲ့ Q (၅) လုံး အကြောင်း အကျဥ်းချုပ် IQ, EQ, PQ , CQ , SQ တနေ့က ဂျာနယ်တစ်ခုမှာ ဖတ်ရတယ်။ Q ငါးလုံး အကြောင်း..။ ဆောင်းပါးရှင်က မြန်မာ့ပညာရေးမှာလည်း “I.Q ဦးတည် စာသင်ကျောင်းများမှသည် Q (၅) လုံး ဉာဏ်ရည်ဖြည့် စာသင်ကျောင်းများ ဖြစ်ဖို့ လိုအပ်ပါသည်” တဲ့။ I.Q (intelligence Quotient) ဉာဏ်ရည်ပြကိန်းလို့ ဘာသာပြန်ကြတယ်။ ပညာရေးနဲ့ ပတ်သတ်တဲ့ အဆင့် တစ်၊ နှစ် စတဲ့ ဒီဂရီ အတိုင်းအတာတွေနဲ့ သတ်မှတ်တာတွေပေါ့။ E.Q (Emotional Quotient) စိတ်လှုပ်ရှားမှုပြ ခံးစားချက်ပြကိန်း ဆိုလို့ရမယ် ထင်ပါတယ်။ တစ်နည်း.. … Read more

မြန်မာပြည်မှာ ခြံစည်းရိုးအဖြစ် သုံးနေကြတဲ့ အဝိုင်း‌ပေါက် အပြားလေးတွေရဲ့ သမိုင်းကြောင်း

မြန်မာပြည်မှာ ခြံစည်းရိုးအဖြစ် သုံးနေကြတဲ့ အဝိုင်း‌ပေါက် အပြားလေးတွေရဲ့ သမိုင်းကြောင်း မြန်မာပြည်မှာ ခြံစည်းရိုးအဖြစ် သုံးနေကြတဲ့ အဝိုင်း‌ပေါက် အပြားလေးတွေရဲ့ သမိုင်းကြောင်း.. (M8 Landing Mat) M8 landing mat ဆိုတာ အရေးပေါ်လေယာဉ်ကွင်းတွေမှာ ပြေးလမ်းကို အမြန်ခင်းနိုင်အောင် သုံးတဲ့ အပြားတွေဖြစ်ပါတယ်။ M8 PSP (pierced steel planking) ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ အမေရိကန်အင်ဂျင်နီယာတွေက စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။ မြေသားပြေးလမ်းပေါ်မှာ အတက်အဆင်း လုပ်တဲ့အခါ မြေသား မညီညာတာတွေ၊ ပျော့ဝင် ကျွံဝင်တာတွေဖြစ်တတ်တဲ့အတွက် ပြေးလမ်းကို ညီညာမာကျောအောင် အမြန်ဆုံးလုပ်နိုင်မဲ့နည်းကို တီထွင်ရင်း M8 landing mat ကို တွေ့ရှိထုတ်လုပ်နိုင်ခဲ့ပါတယ်။ M8 landing mat အပြားတစ်ပြားဟာ ၁၀ ပေ … Read more