ကိုယ့်ဆီက ငွေချေးပြီး ပြန်မဆပ်ကြတဲ့ မိတ်ဆွေတွေနဲ့ သနားစရာကောင်းတဲ့ အချက်တခု

ကိုယ့်ဆီက ငွေချေးပြီး ပြန်မဆပ်ကြတဲ့ မိတ်ဆွေတွေနဲ့ သနားစရာကောင်းတဲ့ အချက်တခု ကိုယ့်ဆီက ငွေချေးပြီး ပြန်မဆပ်ကြတဲ့ မိတ်ဆွေတွေနဲ့ သနားစရာကောင်းတဲ့ အချက်တခု.. ရေးသားသူ – ကိုစိုးထိုက် (ဖဒို) ကိုယ့်ဆီက ငွေချေးပြီး ပြန်မဆပ်ကြတဲ့ မိတ်ဆွေတွေနဲ့ ကြုံရတိုင်း သူတို့ကို တကယ်သနားမိတယ်။ တစ်ခါကပေါ့။ အရင်းအနှီးမရှိဘဲ စီးပွားရေးလုပ်ချင်ကြတဲ့ လူငယ်တွေအတွက် ဦးအောင်ဇော်ဝင်းက “ဝ မရှိဘဲ ဝိလုပ်ကြမယ်” ဆိုတဲ့ စာစုလေး ကျွန်တော့်ကို ပြောပြဖူးတယ်။ အနှစ်ချုပ်ကတော့.. ဝိလုပ်ဖို့ဆိုတာ ဝ မရှိလဲ ရပါတယ်။ ထဆင်ထူးကို ထောင်လိုက်ရင် ဝိ ဖြစ်တာပေါ့။ ဒါပေမဲ့ ထဆင်ထူးကို ဒီတိုင်းထောင်လို့တော့မရ.. ထောက်တိုင်တွေနဲ့ ကျားကန်ပေးရပါတယ်။ အဲဒီထောက်တိုင်တွေထဲက တစ်ခုဟာ ဘက်ဂရောင်းကောင်းခြင်း ထောက်တိုင် ပါပဲ။ ကျွန်တော်က … Read more

ပညာတတ်ပြီး လုပ်စားတက်တဲ့ လူတွေရှိတဲ့ တိုင်းပြည်နှင့် မြန်မာပြည်က ဒညင်းသီး

ပညာတတ်ပြီး လုပ်စားတက်တဲ့ လူတွေရှိတဲ့ တိုင်းပြည်နှင့် မြန်မာပြည်က ဒညင်းသီး ပညာတတ်ပြီး လုပ်စားတက်တဲ့ လူတွေရှိတဲ့ တိုင်းပြည်နှင့် မြန်မာပြည်က ဒညင်းသီး.. မြန်မာပြည်က ဒညင်းသီး ရာသီပေါ်လေးပဲ စားရတယ်.. ကြာကြာအထားခံတဲ့ နည်းပညာ ဘာမှ မခက်ကြပါ.. နိုင်ငံတော်လူကြီးတွေက တွန်းအားပေးရမှာ ဖြစ်သလို ဒီလို ဒေသထွက်ကုန် ကွာလတီ အိပ်စပို့ လုပ်မဲ့သူတွေကို ငွေကြေးကူညီပေးကြရမှာပါ.. မြန်မာဒညင်းသီးကို ထိုင်းက ကြာရှည်အထားခံအောင် ဆိုဒီယံအရည်စိမ်ပီး အမေရိကားပို့တယ်.. ဝယ်စားရတာပါပဲ.. ကချင်ဘက်က ကျောက်သူဌေးတယောက် ၂ ယောက်လောက် အမြင်မှန် ရရင်ကောင်းမယ်.. ထိုင်းက မခန့်ချက် မြန်မာစာတောင်ပါလိုက်သေးဗျာ.. မုံလာထုပ်အသေးလေးတွေ သခွါးသီးလေးတွေ မျှစ်တွေ အကုန် ဒီနည်းနဲ့ထုပ် အကုန် ပြည်ပပို့ အလုပ်ဖြစ်နေတာပဲ.. AKS NY ပညာတတ္ၿပီး … Read more

မနက် မနက် စားနေတဲ့ အီကြာကွေးဖြစ်လာပုံ ရာဇဝင်

မနက် မနက် စားနေတဲ့ အီကြာကွေးဖြစ်လာပုံ ရာဇဝင် အီကြာကွေးဆိုတဲ့ မုန့်တမျိုးကို လူတိုင်းကြားဖူးမှာပါ။ ဒါပေမယ့် သူ့ရဲ့ ရာဇဝင်လေးကိုလည်း သိချင်နေကြမယ့်သူတွေ ရှိကောင်း ရှိနေနိုင်ပါတယ်..။ ဒါ့ကြောင့် အီကြာကွေးဖြစ်လာပုံကို ပြောပြပေးပါမယ်။ အီကြာကွေးကို 油條 yóutiáo ယိုထျောင်း လို့ အမည်တွင်ပြီး Chinese Cruller, Chinese Oil Stick, Chinese Doughnut ဆိုပြီး လူသိများပါတယ်..။ မလေး၊အင်ဒိုနဲ့ စင်ကာပူမှာတော့ Char Kway/Cakwe/Kueh/Kuay လို့ ခေါ်ပါတယ်..။ သူက ဇာတိမူလကတော့ တရုတ်နိုင်ငံကပါ။ တရုတ်ရိုးရာ အစားအစာ တစ်ခုဖြစ်ပြီး မနက်စာအဖြစ် စားသုံးကြပါတယ်..။ ဘယ်လို ပေါ်ပေါက်လာလဲဆိုတာကတော့ တရုတ်တွေရဲ့ ပါးစပ်ရာဇဝင်အရတော့ ယွဲ့ဖေး ဆိုတဲ့ တရုတ်သူရဲကောင်းဆီကနေ စတင်ခဲ့ပါတယ်..။ ယွဲ့ဖေးဆိုတာ … Read more

ကိုယ့်မျက်စိရှေ့မှာ ဓာတ်လိုက်နေတဲ့သူကိုတွေ့ရင် ဒီအချက်တွေကို ပြုလုပ်ပေးပါ

ကိုယ့်မျက်စိရှေ့မှာ ဓာတ်လိုက်နေတဲ့သူကိုတွေ့ရင် ဒီအချက်တွေကို ပြုလုပ်ပေးပါ ၁။ လျှပ်စီးကြောင်းရှိတဲ့နေရာမှ ဝေးသောနေရာသို့ လူနာကိုရွေ့ပါ။ circuit breaker, fuse box (သို့) Outside Switch တို့မှတဆင့် လျှပ်စစ်စီးဆင်းမှု ဖြတ်တောက်ပါ။ မီးမပိတ်နိုင်လျှင် လျှပ်စစ်မစီးကူးနိုင်တဲ့ သစ်သားပြား၊ ပလပ်စတစ် တံမြက်စည်းရိုး၊ သစ်သားထိုင်ခုံ၊ ရာဘာခြေသုတ်ခုံတို့ကို အသုံးပြု၍ ဓာတ်လိုက်နေသူကို လျှပ်စစ်စီးကြောင်းမှ ဖယ်ထုတ်ပါ။ အကူအညီပေးလာသူရဲ့ ခြေထောက် (သို့) ခန္ဓာကိုယ်အောက်ပိုင်းက တစစ်စစ်ခံစားနေရလျှင် ဓာတ်လိုက်နေသူကို မကူညီသေးဘဲ လျှပ်စီးကြောင်းစီးနင်းမှု မရှိတဲ့နေရာကို ရွေးပြီးနေပါ။ ၂။ လိုအပ်လျှင် CPR ပြုလုပ်ပါ။ အသက်မရှူတော့ရင် (သို့) နှလုံးခုန်ရပ်သွားလျှင် လူကြီးအတွက် CPR နဲ့ ကလေးအတွက် CPR နှစ်မျိုးထဲက အသက်အရွယ် အပိုင်းအခြားအလိုက် ကိုက်ညီတဲ့ … Read more

လူတွေရဲ့ မေတ္တာစေတနာကိုနင်းပြီး လိမ်နေတဲ့ လတ်တလောခေတ်စားနေတဲ့ လိမ်နည်း ၂ မျိုး

လူတွေရဲ့ မေတ္တာစေတနာကိုနင်းပြီး လိမ်နေတဲ့ လတ်တလောခေတ်စားနေတဲ့ လိမ်နည်း ၂ မျိုး “လတ်တလော ခေတ်စားနေတဲ့ လိမ်နည်း (၂)မျိုး” တစ်နေ့က ဖြူးကို ကိစ္စလေးရှိလို့ အမြန်လမ်းကနေ အသွား ဘုန်းဘုန်း တစ်ပါး နေပူကြီးထဲ လမ်းဘေးမှာ ကားစောင့်နေတာ တွေ့လို့ ကားရပ်ပေးလိုက်တယ်.. (ကားက ကျွန်တော့်အသင်းက Ambulance ကားပါ..) “ဘုန်းဘုန်း…ကားစောင့်နေတာလား..” ဆိုတော့ ကားကို တစ်ချက် ကြည့်ပြီး အိုးတို့ အန်းတမ်းနဲ့ ဟုတ်တယ်တဲ့.. “ဘယ်ကြွ မလို့လဲ ဘုရား..” “ဒကာလေးက ဘယ်သွားမှာလဲ..” “ဖြူး..ကိုသွားမလို့ဘုရား..” “ဥူးဇင်းက တောင်ငူကြွမှာ.. သွားသွား..ဒကာလေး..” “ရတယ်ဘုရား..တပည့်တော်က ဖြူးမှာ ခဏရယ်..တောင်ငူချက်ခြင်းသွားမှာ.. လိုက်ခဲ့..” (အမှန်က တောင်ငူသွားစရာအကြောင်းမရှိပါ.. တမင် ပြောတာ..) “သွားပါ..ဒကာလေး..ရတယ်..ရတယ်. မလိုက်ဘူး.. .” … Read more

ငါးရှဉ့် စားခြင်းကအခန့်မသင့်ရင် လူကိုသေဆုံးစေနိုင် ဘာကြောင့်လဲဆိုတော့

ငါးရှဉ့် စားခြင်းကအခန့်မသင့်ရင် လူကိုသေဆုံးစေနိုင် ဘာကြောင့်လဲဆိုတော့ ၁။ ငါးရှဉ့်နဲ့ အအေးစာကို တွဲမစားပါနဲ့။ အဟာရ ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေ ရဲ့ အဆိုအရ ငါးရှဉ့်ကို ခရု၊ ယောက်သွား၊ ကမာ၊ ပင်လယ်စာ၊ ဖရဲသီး၊ သခွားသီး၊ နာနတ်သီး စတဲ့ အအေးစားတွေနဲ့ တွဲဖက်စားသုံးမိတဲ့ အခါ အဆိပ်သင့်ခြင်း ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ငါးရှဉ့်စားတော့မယ် ဆိုရင် အအေးစာ မစား မိအောင် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ၂။ မလတ်ဆက်တဲ့ ငါးရှဉ့်ကို မစားပါနဲ့။ ငါးရှဉ့်စားသုံးတဲ့ အခါ လတ်လတ်ဆက်ဆက် ရှိတဲ့ ငါးရှဉ့်ကို ဝယ်ယူစားသုံးဖို့ လိုအပ်ပါတယ်။ ငါးရှဉ့်မှာပါဝင်တဲ့ ဓာတ်တွေဟာ လတ်ဆက်တဲ့ အချိန်မှာသာ အာနိသင် ပိုရှိပါတယ်။ အစားအသောက်နဲ့ … Read more

ဒကာကြီးတစ်ယောက် သင်္ဘောသီး အမြုတေရခဲ့တာနဲ့ ဆက်စပ်ပြီး အမြုတေ ၉ ပါးအကြောင်း

ဒကာကြီးတစ်ယောက် သင်္ဘောသီး အမြုတေ ရခဲ့တာနဲ့ ဆက်စပ်ပြီး အမြုတေ ၉ ပါးအကြောင်း ဒီနေ့ ဒကာကြီးတစ်ယောက် သင်္ဘောသီး အမြုတေ(အမတေ) ရခဲ့တာနဲ့ ဆက်စပ်ပြီး အမြုတေ(အမတေ) အကြောင်း ဗဟုသုတ ရစေခြင်းငှာ တင်ပေးလိုက်ပါတယ်။ အမြုတေ (၉) ပါး.. ၁။ ရဇတ မုတ္တာအမြူတေ = ငွေအဆင်းကဲ့သို့ဖြူသော အရောင်ရှိ၏၊ စားကောင်းသောက်ဖွယ် ကျေးဇူးပြု၏။ ၂။ သုဝဏ္ဏ မုတ္တာအမြုတေ = ရွှေနီ အဆင်းကဲ့သို့ နီသော အရောင်ရှိ၏၊ နှစ်သက်ဖွယ် အဆင်းသဏ္ဌာန် ကျေးဇူးပြု၏။ ၃။ ဂံသုတ္တာ အမြုတေ = ကြေးနီ မရမ်းစေ့ အဆင်းကဲ့သို့ နီသောအရောင်ရှိ၏၊ ကြောက်လန့်ဖွယ်သော အသံကိုကျေးဇူးပြု၏။ ၄။ လောဟိတမုတ္တာအမြုတေ = အောင်မည်းညို … Read more

ကိုယ်မှန်တယ်ထင်ရာ လုပ်တတ်ကြတဲ့ မြန်မာ လူမျိုးများနှင့် အကုန်လုံး လွဲမှားနေသော အရာများ

ကိုယ်မှန်တယ်ထင်ရာ လုပ်တတ်ကြတဲ့ မြန်မာ လူမျိုးများနှင့် အကုန်လုံး လွဲမှားနေသော အရာများ တခါတုန်းက အချစ်အတွက်ကြောင့် ဂျပန်နိုင်ငံမှာ ကံဆိုးစွာ အမှုဖြစ်ပြီး မြန်မာပြည် ပြန်ပို့ခံရတဲ့ လူငယ်တစ်ယောက်အကြောင်း အမှတ်ရမိပါသေးတယ်။ တိုကျိုမြို့မှာ နေထိုင်ပြီး စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၀ ကျော် မြန်မာလူငယ်ဟာ သူ့ကို ဘာကြောင့် ရဲအတိုင်ခံရပြီး ဖမ်းဆီးပြန်ပို့တဲ့အထိ ဖြစ်ခဲ့ရတယ်ဆိုတာ သဘောမပေါက်ဘူး။ သူဘာပြစ်မှုမှမလုပ်ဘူးလို့ပဲ ဘူးခံငြင်းနေတာကြောင့် သူနဲ့ လူချင်းမသိပေမဲ့ သူ့ကိစ္စကို ကိုယ့်ဖာသာ အိတ်စိုက် လိုက်ကူညီရင်း ရှင်းပြရပါတယ်။ ရုပ်ရည်သန့်သန့် မြန်မာလူငယ်ဟာ မြန်မာပြည်မှာ ချမ်းသာတဲ့ မိသားစုကပါ။ (အံမယ်၊ အဲဒီတုန်းက အနည်းဆုံး သိန်း ၃-၄၀ ရှိမှ ဂျပန်ကို လာနိုင်တာ။ ကျနော်တို့လို ဂျလေဘီတွေ မဟုတ်ဘူး။) … Read more

ဇက် ခါး လက် ချိုးလိုက်ရင် တဂျွတ်ဂျွတ် အသံတွေက ဘယ်လိုထွက်လာတာလဲ ဆေးကုသဖို့လိုလား

ဇက်၊ ခါး၊ လက် ချိုးလိုက်ရင် တဂျွတ်ဂျွတ် အသံတွေက ဘယ်လိုထွက်လာတာလဲ ဆေးကုသဖို့လိုလား လက်ချိုး ဇက်ချိုး ခါးချိုးကြတဲ့ သူတွေ.. သင်ဟာ ဇက်ချိုးတတ်သူ၊ ခါးချိုးတတ်သူ၊ လက်ချိုးတတ်သူ တစ်ယောက်လား။ ဆိုလိုတာက အာရုံစူးစိုက်အလုပ်လုပ်ရတာများလာလို့ ဇက်ကြောတက်အခါ ခေါင်းကိုဘယ်ညာစောင်းပြီး ဂျိုးကနည်း ဂျွတ်ကနည်းအသံမြည်အောင် အညောင်းဖြေတတ်တာ၊ လက်ချောင်းလေးတွေ ညောင်းညာလာရင် လက်ဆစ်လေးတွေကို ဖျောက်ကနည်း ဖျောက်ကနည်း မြည်အောင်ချိုးတတ်တာကို ပြောတာပါ။ တချို့ကျတော့လည်း ပုံစံတမျိုးတည်းမှာထိုင်တာကြာလို့ ခါးညောင်းလာရင် ခါးကိုဆန့်ပြီး အသံမြည်အောင် ဘယ်ညာလှည့်တတ်ကြပါတယ်။ အဲ့ဒီလို ဂျိုးဂျိုးဂျွတ်ဂျွတ်အသံလေး ကြားလိုက်ရမှ အရိုးအဆစ်တွေ တင်းတောင့်နေတာ လျော့သွားတယ်။ အညောင်းပြေသွားတယ်လို့ ထင်တတ်ကြပါတယ်။ ကြားလိုက်ရတဲ့အသံကလည်း အရိုးနုကိုချိုးလိုက်သလို ထွက်လာတာကြောင့်ရယ်၊ ကိုယ်ချိုးလိုက်တဲ့အဆစ်ကလည်း ဆွဲဆန့်လိုက်သလိုဖြစ်သွားတာရယ်ကြောင့် စိတ်မှာအဲ့ဒီလိုခံစားရတာပါ။ တခါတလေကျတော့လည်း ကိုယ်တိုင်အသံမြည်အောင်လုပ်တာမဟုတ်ဘဲ လှုပ်ရှားနေရင်းနဲ့ အဆစ်တွေထဲကနေ … Read more

ထုံကျင်နာအတွက် လေရှုနည်း – ဆရာကြီးဦးရန်အောင် (သြ/သု)

ထုံကျင်နာအတွက် လေရှုနည်း – ဆရာကြီးဦးရန်အောင် (သြ/သု) “ထုံကျင်နာအတွက် လေရှုနည်း” လက်တွေထုံတာ နှုတ်ခမ်းခြောက်တာ ခြေဖနောင့်ကွဲတာတွေဟာ အစွန်အဖျားကိုသွားတဲ့ ‘လေ’ အားနည်းလို့ဖြစ်ပါတယ်။ လေသန့်သန့်ကို ဝအောင်ရှုဖို့ လိုအပ်ပါတယ် ။ ဒီလိုရောဂါတွေမဖြစ်လည်း လူတိုင်း ဆောင်ရွက်သင့်တဲ့ လေရှုနည်းလေးကို ပြောပြပါမယ်။ လေရှုတဲ့အခါမှာ တစ်ချို့ကျင်တတ်တဲ့သူတွေက ပင့်သက်နဲ့ ရှုပါတယ်။ မေးစေ့လေးကို မပြီး ရှိုက်ပြီးတော့မှ ပင့်သက်နဲ့ရှုမှ ဝတာတွေ့ရပါတယ်။ အဲ့လိုဘာ့ကြောင့်ရှုသလဲဆိုရင် အထဲကိုလေရှုသွင်းတာ မရလို့ပါ။ အထဲမှာ လေအောင်းနေလို့။ ဒီတော့ ဘာလုပ်ရမလဲဆိုရင်… ဝင်လေနဲ့ ထွက်လေမှာ ထွက်လေကိုအရင်ထုတ်ရပါမယ်။ နှာခေါင်းက ရှုသွင်းမယ်။ ပါးစပ်က ထုတ်မယ်။ ပထမ ဆယ်ကြိမ်မှာ ရှုလေက လျော့ထား ၊ ထုတ်လေကို များရမယ်။ အထုတ်များတဲ့အတွက် ရင်ဘတ်ကြီး ချောင်မသွားဘူးလား။ … Read more