ဥ ဥမပေးနိုင်တဲ့ ဘဲထီးကောင်ပေါက်လေးတွေရဲ့ ဘဝနိဂုံး

ဥ ဥမပေးနိုင်တဲ့ ဘဲထီးကောင်ပေါက်လေးတွေရဲ့ ဘဝနိဂုံး(ရှင်သန်ခွင့်တောင် မပေးကြပါလားနော်) ဥဥမပေးနိုင်တဲ့ ဘဲထီးအဖြစ် မွေးဖွားလာမိခဲ့တဲ့ ဘဲထီးကောင်ပေါက်လေးတွေရဲ့ ဘဝနိဂုံးကတော့ တကယ့်ကိုမလှပရှာပါဘူး။ တရုတ်နိုင်ငံက မွေးမြူရေးခြံတစ်ခြံမှာ နေ့စဉ်ဘဲထီးကောင်ပေါက် ထောင်နဲ့ချီပြီး အသတ်ခံနေရပါတယ်။ ဥဥမေပးနိုင်တဲ့ ဘဲထီးလေးတွေဖြစ်တာကြောင့် အသုံးမလိုတဲ့အတွက် အခုလိုရက်ရက်စက်စက် စွန့်ပစ်ခံနေရတာပါ။ တရုတ်နိုင်ငံဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်နေတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံပါ။ ယခုထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေကိုတော့ တရုတ်နိုင်ငံမှာရှိတဲ့မွေးမြူရေးခြံတစ်ခြံကနေ ရိုက်ကူးရယူထားတာလို့ သိရပါတယ်။ ဓါတ်ပုံတွေထဲမှာတော့ မွေးမြူရေးခြံ အလုပ်သမားတွေဟာ ပိုက်ကွန်ယောက်မ တစ်ခုကိုသုံးပြီး ဘဲလေးတွေကိုသတ်ကြတာပါ။ ပွတ်ပွတ်ဆူနေတဲ့ ရေနွေးအိုးထဲကိုထည့်ကာ သတ်ပြီးရင်တော့ မြွေသားရောင်းတဲ့သူတွေဆီ (ဒါမှမဟုတ်) လမ်းဘေးဈေးသည်တွေဆီကိုသွားပြီး မြွေသားလို့ လိမ်ရောင်းကြတာပါ။ ဒီလိုလုပ်ရပ်တွေအပေါ် တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလိုနည်းလမ်းနဲ့ တိရစ္တာန်တွေကို သတ်ဖြတ်နေတဲ့ … Read more

ဘာသာခြားနဲ့ယှဉ်ပြီးဆိုင်ဖွင့်တိုင်း မြန်မာတွေဆိုင်ပြုတ်ကုန်တဲ့အကြောင်းအရင်း

ဘာသာခြားနဲ့ယှဉ်ပြီးဆိုင်ဖွင့်တိုင်း မြန်မာတွေဆိုင်ပြုတ်ကုန်တဲ့အကြောင်းအရင်း ယခုဆိုလူမျိိုးခြား ဘာသာခြားတွေဆိုင်လုပ်ငန်းလုပ်တယ်။လေး ငါးနှစ်ကြာတဲ့အခါဆိုင်ခွဲတွေထပ်ဖွင့်နိုင်တယ်။ လက်ရှိလုပ်ငန်းအထိုင်ကြလို့ ဆယ့်ငါးနှစ်လောက်ကြာရင် ဆိုင်ခွဲအနည်းဆုံးသုံးခုဖြစ်သွားပြီ။ မြန်မာဆိုင်နဲ့ဘေးချင်းယှဉ်လာဖွင့်ရင် မြန်မာဆိုင် သိပ်မကြာခင်ပြုတ်ပြီးပြေးရပြီ။ ဟိုးလွန်ခဲ့သောနှစ်သုံးဆယ်လောက်က အရောင်းအဝယ်ကောင်းတဲ့ဆိုင်တစ်ဆိုင်မှာပညာသင်အလုပ်သမားအဖြစ်ဝင်လုပ်ရင်းလေ့လာကြည့်မိတယ်။ အလုပ်ချိန်တိကျတယ်။ဆိုင်ပိတ်ချိန်တစ်ခါတစ်ရံမှာသာနောက်ကျတယ်။နယ်အော်ဒါများလို့ ဒီနေ့ဝင်တဲ့အော်ဒါ ဒီနေ့အပြီးထုတ်တယ်။နေ့ကူးရင် နောက်နေ့အော်ဒါ တွေထပ်ပြီး ဂျမ်းမဖြစ်စေဖို့ပါ။ သူဌေးကအစ အလုပ်သမားအဆုံး အကုန်အလုပ်လုပ်တယ်။ဆိုင်မှာသွားပြီးလက်ဖက်ရည်ဆိုင်ထိုင် အာ မရိုက်ဘူး။သောက်ချိန်ရောက်ရင် လုပ်ငန်းခွင်မှာ ဆယ်မိနစ် ခန့်နားပြီးသောက်တယ်။ သူဌေးအလုပ်က ဆိုင်ရဲ့ပစ္စည်းအဝင်အထွက်ပစ္စည်းအားလုံးခေါင်းထဲမှာ ရှိတယ်။ဆိုင်သမားနဲ့အသက်ကပစ္စည်းရှိရမယ်။စစ်သားရဲ့အသက်က ကျည်ဆံရှိရမယ်လို့အ မြဲပြောတဲ့ သူဌေးရဲ့စကား။ ဆိုင်မှာလာအားပေးသူအားလုံးကို နည်းနည်း များများပျူငှာသောဆက်ဆံရေးနဲ့ကြိုဆိုတယ်။ အကြွေးကိုပေးသင့်သူကိုပေးတယ်။မပေးသင့်သူကို လုံးဝမပေးတဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်တယ်။အားနာလို့အားပါသွားတာမျိုးမရှိ။ တိကျမှန်ကန်တဲ့ စာရင်းအင်းရှိတယ်။ဆိုင်ပိတ်ရက် တနင်္ဂနွေနေ့တိုင်း တစ်ပတ်စာ အရောင်းအဝယ်စာရင်းကို ပြန်စစ်တယ်အမှားအယွင်းရှိခဲ့ရင် ကုန်သည်ထံချက်ခြင်း အကြောင်းကြားပေးတယ်။(မှားခဲ့တာတော့ ရှားပါတယ်) ဆိုင်မှာသူဌေးတစ်ယောက်ဘဲရှိတယ်။သူဌေးသားတွေလည်း အလုပ်သမားတွေနဲ့တန်းတူအလုပ်လုပ်ရတယ်။အောက်သက်ကျေအောင် အလုပ်သမားဘဝကိုစာနာ တတ်အောင်လုပ်ခိုင်းထားတော့ သူဌေးသားတွေလည်း အလုပ်သမားနဲ့တန်းတူညီအကိုလိုဖြစ်ပြီး လုပ်ငန်းခွင်မှာပျော်တော့ အလုပ်ထွက်သူမရှိဘူး။တရုတ်နှစ်ကူးလို … Read more