ထမင်းစားလို့မဝင်တဲ့ သက်ကြီးရွယ်အိုတွေအတွက် စားလို့ကောင်းပြီး လုပ်ရလွယ်တဲ့ အာဟာရမုန့်

ထမင်းစားလို့မဝင်တဲ့ သက်ကြီးရွယ်အိုတွေအတွက် စားလို့ကောင်းပြီး လုပ်ရလွယ်တဲ့ အာဟာရမုန့် မိဘတိုင်းက အသက် ၇၀ ကျော်ရင် ထမင်း သိပ်မစားချင်ကြတော့ဘူးလေ။ အဲဒီတော့ အာဟာရ ပြည့်ပြည့်နဲ့ ကောင်းကောင်းလေး စားစေချင်တာ သားသမီးတွေရဲ့ ဆန္ဒပါ။ ထမင်းစားပြီး အချိုတည်းဖို့ ဒီမုန့်လေး လုပ်ကျွေးတော့ ကြိုက်ကြတယ်။ အရသာလည်းရှိ အဟာရလည်းပြည့် လုပ်ရလည်း အရမ်းလွယ်ပါတယ်။ ပါဝင်ပစ္စည်းများကတော့ ဂျုံမှုန့် ၅ ဇွန်း၊ ကြက်ဥ ၅ လုံး၊ သကြား ၃ ဇွန်း၊ ဆား နည်းနည်း၊ ဖီးကြမ်း ငှက်ပျောသီး ၄ လုံး၊ ထောပတ်၊ ပျားရည်တို့ပါပဲ ။ လုပ်ဆောင်နည်းကတော့ (၁) ဂျုံ၊ ကြက်ဥ၊ သကြား၊ ဆား၊ ငှက်ပျောသီးတို့ကို ရောပြီး ဖျော်စက်နဲ့ … Read more

တစ်နှစ်မှာ သိန်း ၈၀ ဝင်ငွေရတဲ့ အုန်းပင်စိုက်နည်း

တစ်နှစ်မှာ သိန်း ၈၀ ဝင်ငွေရတဲ့ အုန်းပင်စိုက်နည်း အုန်းချိုမွှေးတစ်ဧက တစ်နှစ် သိန်း ၈၀ ကျော်ရရှိနိုင်တယ်။ တစ်လကို ၆ သိန်းကျော် ရပါလိမ့်မယ်။အုန်းချိုမွှေးက အရည်သောက်အတွက် ဦးစားပေးစိုက်ပျိုးတာဖြစ်တယ်။၂နှစ်ခွဲ ၃နှစ်မှာ စသီးပါတယ်။ ၄နှစ် အထက်ဆိုရင် အသီးကောင်းပါမယ်။ အုန်းချိုမွှေးက အပင်အလုံးသေးပြီး အုန်းလက်က သိပ်မရှည်တာကြောင့် တစ်ပင်နဲ့တစ်ပင်ကို ခပ်စိပ်စိပ် စိုက်နိုင်တယ်။အုန်းတစ်ပင်နဲ့တစ်ပင် ၅မီတာ(၁၆ပေကျော်) ကြားစိုက်မယ်ဆိုရင် တစ်ဧကမှာ အပင် ၁၆၀ စိုက်လို့ရတယ်။အုန်းချိုမွှေးတစ်ခိုင်မှာအလုံး ၅ လုံးမှ ၂၀ လုံးအထိ သီးတယ်။ အုန်းချိုမွှေး အရည်သောက်အရွယ်ကို ရက် ၂၀ မှာ တစ်ခိုင် ခုတ်နိုင်တယ်။တနှစ်မှာ ၁၈ ခိုင်ရတယ်။ တစ်ဧက အပင် ၁၆၀ x တစ်နှစ် ၁၈ ခိုင် … Read more

စမူဆာသည်အဘိုးကြီးက ကုမ္ပဏီ မန်နေဂျာကြီးကိုပေးလိုက်တဲ့ စီးပွားရှာနည်းသင်ခန်းစာ

စမူဆာသည်အဘိုးကြီးက ကုမ္ပဏီ မန်နေဂျာကြီးကိုပေးလိုက်တဲ့ စီးပွားရှာနည်းသင်ခန်းစာ စမူဆာသည်အဘိုးကြီး အိန္ဒိယနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဒေလီမြို့မှာ နာမည်ကြီး စမူဆာဆိုင် တစ်ဆိုင် ရှိတယ်။ စမူဆာလေးတွေဟာ အရသာ အလွန်ရှိတဲ့အတွက်ကြောင့် လူကြိုက်အလွန်များတယ်။ စမူဆာဆိုင်ရဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှာတော့ ကုမ္ပဏီကြီး တစ်ခုရှိတယ်။ နေ့စဉ်လိုလိုပဲ နေ့လည်စာ စားချိန်ဆိုရင် ကုမ္ပဏီ ဝန်ထမ်းတွေဟာ အဲဒီ ဆိုင်မှာ လာစား လေ့ ရှိကြတယ်။ တစ်ရက် နေ့လည်စာစားချိန်မှာတော့ ကုမ္ပဏီ မန်နေဂျာ ကိုယ်တိုင် နာမည်ကြီး စမူဆာကို လာဆင်းဝယ်တယ်။ အရသာအလွန်ရှိတဲ့ အတွက်ကြောင့် စမူဆာကို ပါဆယ် ထုပ် မသွားတော့ပဲ ဆိုင်မှာ အားပါးတရ ထိုင်စားရင်း ဆိုင်ရှင်နဲ့ စကားစမြည် ပြောကြည့်မိတယ်။ မန်နေဂျာ က ဆိုင်ရှင် အဘိုးကြီး … Read more

သင့်အိမ်မှာ ငှက်ပျောပင်ရှိတယ်ဆိုရင် ထသာခုန်လိုက်တော့

သင့်အိမ်မှာ ငှက်ပျောပင်ရှိတယ်ဆိုရင် ထသာခုန်လိုက်တော့ သင်ထင်မထားတဲ့ ငှက်ပျောရွက်ရဲ့ အကျိုးအာနိသင် ငှက်ပျောရွက်က စားစရာတစ်ခုမဟုတ်သလို ဆေးဖက်ဝင်မယ်လို့လည်း ဘယ်သူမှထင်ထားလောက်မှာမဟုတ်ပါဘူး။ ထုပ်ပိုးမှုအတွက် သုံးတာကလွဲလို့ ငှက်ပျောရွက်ကို စားဖို့ ဒါမှမဟုတ် ဆေးဖက်ဝင်တဲ့အရာတစ်ခုအနေနဲ့ အသုံးပြုလို့ရမယ်ရယ်လို့ ထင်မထားဘူးဟုတ်။ ချောင်းဆိုးရင်ကြပ်- ငှက်ပျောရွက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရင်ကြပ်ချောင်းဆိုးသက်သာစေဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ လေ့လာမှုတွေအရ ငှက်ပျောရွက်ဟာ ကိုယ်ခံအားကိုတိုးစေနိုင်သလို၊ ချေင်းဆိုးသက်သာစေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ပါးစေနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်း အထက်ပိုင်းမှာရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ အအေးမိဖျားနာတာကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ချွဲတွေကိုပျော်စေနိုင်ပြီး လည်ချောင်း ယားယံခြင်းကို သက်သာစေနိုင်ပါတယ်။ ငှက်ပျောရွက်ကို အရည်ညှစ်ပြီး ရေနဲ့ရောလို့ ၁၀ မိနစ်လောက်ကျိုပေးပါ။ ပြီးရင်ပျားရည်လေးနဲ့ရောပြီး သောက်ပေးလို့ရပါတယ်။ လေပြွန်ရောင်ရမ်းနာ- သင်မှာ နာတာရှည်ချောင်းဆိုးကြောင့် လေပြွန်ရောင်ရမ်းနာများရှိမယ်ဆိုရင် သဘာဝဆေးအနေနဲ့ … Read more

ပိုက်ဆံမကုန်ပဲ ကိုယ်တိုင်လုပ်နိုင်တဲ့ ပေါင်းသတ်ဆေးလုပ်နည်း

ပိုက်ဆံမကုန်ပဲ ကိုယ်တိုင်လုပ်နိုင်တဲ့ ပေါင်းသတ်ဆေးလုပ်နည်း ပေါင်းတွေက တော်တော်ဒုက္ခပေးတာ။ မိုးလေးတစ်ပြိုက်နှစ်ပြိုက် ရွာလိုက်တာနဲ့ နှုတ်ထားတာကနေ ပိုပွားနေသလိုပဲ။ တကတည်း…မစားရတဲ့ အပင်က တော်တော်လည်း သန်ပေတာကိုး။ ပေါင်းသတ်ဆေးဝယ်သုံးရင်လည်း အနံ့က မသက်သာဘူး။ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှာစိုးရတယ်။ အိမ်က အဘွားကြီးက ကြပ်တတ်တာနဲ့ အင်း……မဖြစ်ချေဘူး။ပြဿနာကတော့ တက်နေပြီဆိုတဲ့ လူတွေအတွက်ပဲဖြစ်ဖြစ်။ တစ်နိုင်တစ်ပိုင်လေး စိုက်နေပျိုးနေကြတဲ့ သူတွေအတွက် ကိုယ့်ခြံလေး ပေါင်းလေးတွေ သက်သာပါစေရဲ့လို့ ဆိုရင်တော့ လိုက်ပြီးသုံးနိုင်ဖို့ နည်းလမ်း (၂) ခုကို ပြောပြပေးလိုက်ပါတယ်နော်။ပထမတစ်ခုကတော့ ရှာလကာရည်နဲ့ ဆားပါ။အိမ်မှာသုံးနေတဲ့ ရှာလကာရည်က ရေသန့်ဘူး တစ်ဘူးဆို ၂၀၀ ပဲရှိပါတယ်။ နောက် ဆားတစ်ထုပ် ကို (၂၀၀) ပဲထား၊ နောက်တော့ ပန်းကန်ဆေးတဲ့ဆပ်ပြာအဆီ နည်းနည်းလောက် ညှစ်ချဖို့ပဲလိုတော့တာ။ ကုန်ကျစရိတ်ကလည်း သိပ်မများပါဘူး။ရောပုံလေးကို ပြောမယ်။ရှာလကာရည်နဲ့ … Read more

အဖွားတစ်ယောက် လမ်းဘေးမှာထိုင်နေတာတွေ့လို့ သွားမေးကြတဲ့ အခါ

အဖွားတစ်ယောက် လမ်းဘေးမှာထိုင်နေတာတွေ့လို့ သွားမေးကြတဲ့ အခါ အဘွားတစ်ယောက် အိတ်‌တွေနဲ့ လမ်း‌ဘေးမှာ ထိုင် နေတာ တွေ့တော့ ကင်းစောင့်တဲ့ သူတွေက သွားစစ်ကြည့်တဲ့ အခါမင်္ဂလာပါ ပရိတ်သတ်ကြီး တို့ရေ ရွှေပြည်သာ မြို့နယ်မှာ အဖွားတစ်ယောက် လမ်းဘေးမှာ ထိုင်နေတာ တွေ့လို့ သွားမေးကြတဲ့ အခါ။ ထိုအဖွားဟာ စကားတွေကို ဦးတည်ရာ မရှိပဲ ပြောနေခဲ့ပါတယ်။ဒီအဘွားကို ရွှေပြည်သာမြို့နယ် သံလမ်းမှတ်တိုင် အနီးဗိုလ်ချုပ်လမ်းမ တန်းဘေးမှာထိုင်နေတာတွေ့လို့ ကျနော်တို့ရက်ကွက်က ကင်းစောင့်တဲ့သူတွေ ကတာဝန်အရ။ သွားစစ်ကြည့်တော့အဘွားကို ဘယ်ကလာတာ လဲ မေးတော့ အဘွားက သူ့သူငယ်ချင်းသုံးယောက်နဲ့ ဘုရားဖူးသွား တာ တဲ့ ဆူးလေဘုရားကိုသူ့သူငယ်ချင်း နှစ်ယောက်က ဆူးလေမှာ ကျန်ခဲ့တယ်ပေါ့ အဲ့လိုဖြေတယ်။ အဘွားဘယ်ပြန်မှာလဲ ထပ်မေးတော့ လှိုင်သာယာပြန်မှာလို့ပြောတယ်။နောက်တခေါက် အဘွားပြန်မဲ့နေရာ ထပ်မေးတော့ … Read more

အိမ်ရှင်မတို့ အတွက် မျှင်ငါးပိအစစ် ဟုတ် မဟုတ်ကို ဘယ်လိုခွဲခြားမလဲ

အိမ်ရှင်မတို့ အတွက် မျှင်ငါးပိအစစ် ဟုတ် မဟုတ်ကို ဘယ်လိုခွဲခြားမလဲ ‏‏‎ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ထုံးစံအရ နေ့စဉ် စားသောက်တဲ့ အချိန်မှာ ငါးပိက မပါမဖြစ် အရေးပါပါတယ်။ ငါးပိနဲ့ တို့စရာ အစုံအလင်နဲ့ ဆို ထမင်းဝိုင်းက သာမန်ထက် ပို စိုပြည်ပြီး ထမင်းစားလို့ကောင်းတတ် ကြပါတယ်။ ဒါကြောင့် ကိုယ်က ငါးပိ ဆောင်ထားချင်ပေမယ့်လည်း ငါးပိ မစစ်မှာ၊ ဓာတု ဆေးတွေ၊ ဆိုးဆေးတွေ ပါမှာ၊ ဝယ်ပြီးတော့မှ စားမကောင်းတာတွေ ကြုံနေရတာလည်း စိတ်ညစ်ဖို့ ကောင်းလှ ပါတယ်။ ပြီးတော့ အဲ့လို ဆေးတွေပါဝင်ပြီး မသန့်ရှင်းတဲ့ ငါးပိကို ကြာရှည် စားမိရင် ကျန်းမာရေး ကို ထိခိုက်နိုင် စေပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ အိမ်ရှင်မတွေ အတွက် … Read more

နင်းပြားဘဝမှကုန်းထခြင်း ကျွန်တော့်ဘဝ ဖြစ်ရပ်မှန်

နင်းပြားဘဝမှကုန်းထခြင်း ကျွန်တော့်ဘဝ ဖြစ်ရပ်မှန် နင်းပြားဘဝမှ ကုန်းထခြင်း ကျွန်တော့်ကို မြင်းခြံ မြို့နယ်၊ ခေါင်းကွဲရွာတွင် မွေးခဲ့သည်။ ကျွန်တော့်အဖေသည် ဆေးရွက်ကြီးစိုက်သော တောင်သူ၊ ကျွန်တော့် အမေသည် မြို့သူ ဖြစ်ပြီး အဖေ နှင့်ရမှ ခေါင်းကွဲတွင် လိုက်နေကာ တောင်သူ အလုပ်လုပ်ခဲ့ရသည်။ တောင်သူဆိုသည့် အတိုင်း အလွန်ပင်ပန်းသည်။ အလုပ် ကို ပင်ပန်းဆင်းရဲကြီးစွာ လုပ်ရသည်။ နွား နှင့် ဖက်ရုန်း ရသည်။ ပင်ပန်း လိုက်သည်မှ လူရုပ်ပင် မပေါ်။ ပင်ပန်းသလောက် ပိုက်ဆံရပါ၏လား ဆိုတော့ နှစ်တိုင်း အရှုံးပေါ်သည်။ အဘယ်ကြောင့် အရှုံးပေါ်သနည်း ကို ရှင်းပြချင်ပါသည်။ ဆေးရွက်ကြီး ပွဲစားများ သည် တစ်နှစ်တွင် သုံး ရစ် (သို့) လေးရစ် … Read more

၂၀၂၂ ခုနှစ် မိုးရာသီမှာ ဖြစ်ပေါ်လာနိုင်မယ့် မုန်တိုင်းများနဲ့မိုးများနိုင်သော ဒေသများ

၂၀၂၂ ခုနှစ် မိုးရာသီမှာ ဖြစ်ပေါ်လာနိုင်မယ့် မုန်တိုင်းများနဲ့မိုးများနိုင်သော ဒေသများ မိုးလေဝါသပညာရှင် ဆရာမလေးစုစုစံ ခန့်မှန်းလိုက်တဲ့ ၂၀၂၂ ခုနှစ် မိုးရာသီမှာ ဖြစ်ပေါ်လာနိုင်မယ့် မုန်တိုင်းများနဲ့မိုးများနိုင်သော ဒေသများ….. ၂၀၂၂ မိုးရာသီ နေပြည်တော် မန္တလေးတိုင်း ရှမ်းပြည်နယ်တစ်ခုလုံး စစ်ကိုင်းတိုင်းတွေမှာ ဧပြီလမှ ဇူလိုင်လအထိ မိုးတွေရွာသွန်းနိုင်ပါတယ်။ မေလတွင် ကောလင်းခရိုင် ကသာခရိုင် ဝန်းသို ကောလင်း ပင်လည်ဘူး ဗန်းမောက်မြို့တွေမှာ မိုးများစွာရွာသွန်းနိုင်ပြီး သဖန်းဆိပ်ဆည် ရေဝင်အားကောင်းပါလိမ့်မယ်။ ရွှေဘိုခရိုင် မုံရွာခရိုင် ကန့်ဘလူခရိုင် တို့တွင်လည်း မိုးရာသီစိုက်ပျိုးရေအလုံအလောက်ရရှိအောင် မိုးရွာပါလိမ့်မယ်။ မိုးဦးစောသလို မိုးလယ်လည်း မိုးရရှိနိုင်သဖြင့် မနှစ်က မိုးမခေါင်ခဲ့သလို ၂၀၂၂ ခုနှစ်သည်လည်း မိုးမခေါင်နိုင်ပဲ မိုးကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လာပါလိမ့်မယ်။ ရှမ်းပြည်နယ်ကြီးသည်လည်း မိုးကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လာပါလိမ့်မယ်။ … Read more

အဝတ်လျှော်စက်ထဲ wetတစ်ရှုး ထည့်လျှော်ကြည့်သောအခါ

အဝတ်လျှော်စက်ထဲ wetတစ်ရှုး ထည့်လျှော်ကြည့်သောအခါ ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ အဝတ်လျှော်တဲ့အချိန် တစ်ပတ်ကို ၄ နာရီ ရှိပါတယ်။ အဝတ်လျှော်စက်တွေ ပေါ်လာတဲ့အခါ လူတွေအတွက် အလုပ်ရှုပ်သက်သာ သွားစေပါတယ်။ အချိန်ကုန်လည်း သက်သာစေပါတယ်။ အဝတ်လျှော်စက်ထဲကို အဝတ်တွေ မထည့်ခင် wetတစ်ရှုးကို အရင်ထည့်လိုက်တဲ့အခါ ဘယ်လိုတွေ အကျိုးကျေးဇူးရလာမလဲ ဆိုတာ ဖော်ပြပေးပါမယ်နော်။ ၁။ အဝတ်မှာ ချည်အစအနတွေ မကပ်စေတော့ပါဘူး။ wetတစ်ရှုးက အဝတ်အစားတွေမှာ ကပ်နေတဲ့ ချည်အစအနတွေ၊ ဆံပင်တွေကို ဖယ်ရှားပေးပါတယ်။ အဝတ်အစားတွေမှာ ရှိနေတတ်တဲ့ အမျှင်၊ အမှုန်တွေက wetတစ်ရှုးမှာ သွားကပ်သွားတာကြောင့် အဝတ်အစားတွေ ပိုပြီးပြောင်သွားတယ်လို့ ထင်ရစေပါတယ်။ ၂။ အဝတ်လျှော်စက်ထဲကို wetတစ်ရှုး ၃ ထည်ထက် ပိုမထည့်ရပါဘူးနော်။ အဝတ်လျှော်စက်ထဲက drum က စလည်လာတဲ့အခါ … Read more