အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း ပြောပြတဲ့ ချမ်းသာချင်ရင်ဖင်မြဲမှ

အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း ပြောပြတဲ့ ချမ်းသာချင်ရင်ဖင်မြဲမှ ချမ်းသာချင်ရင် ဖင်မြဲမှ (၁) ကျောက်သူဌေးတယောက်ကပြောဘူူးပါတယ် သူ ခုလိုချမ်းသာခဲ့တာ ဖင်မြဲလို့ပါတဲ့ ရှင်းပြအုန်းလို့ ဆိုတော့ ငါပွဲစားဘတုန်းကပေါ့… ငါကျောက်တူးတဲ့တွင်းသားကနေ ပွဲစား ပွဲစားကနေ ဝယ်ရောင်း နောက် ကုန်သည်ကျောက်သူဌေးဖြစ်အောင် ပန့်ပိုးခဲ့တာ ဖင်မြဲခဲ့လို့ဘဲကွ တွင်းတူးတုန်းက တွင်းထဲမှာငါဖင်မြဲတယ်အလုပ်ကြိုးစားတော့သဌေးကချစ်တယ်။ ဘောက်ဆူးပေးတယ် ကျောက်နဲနဲနားလည်လာတော့ ရတဲ့ပိုက်ဆံလေးနဲ့ ပွဲစားလုပ်တယ်ပွဲစားလုပ်တော့လည်း ငါပွဲစားတန်းမှာ အချိန်မှန်မှန် ထိုင်နေကျနေရာမှာ အမြဲအရောက်သွား မှန်မှန်ထိုင်တော့ ကျောက်ရောင်းချင်သူတွေက ငါထိုင်နေကျနေရာမှာမမြဲလာရှာတယ်။ အမြဲတွေ့တော့ ငါကိုဘဲအားကိုးကြ ရောင်းကြ ဝယ်ကြရင်နဲ့ အမြတ်ရပြီးလုပ်ငန်း အဆင်ပြေချမ်းသာလာတာဘဲအဲ အခုလို လုပ်ငန်းကြီးလာတော့ အိမ်မှာဖင်မြဲပြီး တယ်လီးဖုန်းဖွင့်ပြီး အမြဲစောင့်နေရတာပါဘဲလို့ရှင်းပြပါတယ်။ ဖင်မြဲတယ်ဆိုတာ ကိုယ့်အလုပ်ချိန်မှာဘယ်မှမသွားဘဲအလုပ်မှာအာရုံစိုက် အလေးထားတာကိုဆိုလိုတာပါဒီလိုဘဲ ကိုယ် နှုတ် စိတ် အားလုံးအလုပ်ထဲမှာစိတ်မြဲ ဖင်မြဲကြရင်တော့ အောင်မြင်သူတယောက်ဖြစ်မှာပါ … Read more

အခိုးခံရတဲ့ I phone ကို နည်းပညာသုံးပြီး အိမ်အထိပြန်လိုက်ယူနိုင်ခဲ့တဲ့နည်းလမ်းကို မျှဝေပေးခဲ့တဲ့ မိန်းမချောလေး

အခိုးခံရတဲ့ I phone ကို နည်းပညာသုံးပြီး အိမ်အထိပြန်လိုက်ယူနိုင်ခဲ့တဲ့နည်းလမ်းကို မျှဝေပေးခဲ့တဲ့ မိန်းမချောလေး ဖုန်းအခိုးခံရတာကို ဘယ်လိုပြန်ရခဲ့တာလဲ လာမေးနေကြလို့ ကြုံခဲ့ရတာလေးကို စေတနာနဲ့ပြန်လည်မျှဝေပေးတာပါရှင့်။ Find My IPhone ကနေရှာပြီး ပြန်ရခဲ့တာပါ ကံကောင်းချင်တော့ ဖုန်းက IOS နောက်ဆုံး Version တင်ထားပါတယ်ရှင့် ( Update ထွက်တာနဲ့ ချက်ချင်းတင်တတ်တဲ့ အကျင့်လေးရှိတာလည်းမှန်သွားပါတယ် ) IOS နောက်ဆုံးဗားရှင်းတင်ထားတော့ ဟိုဘက်ကပါဝါပိတ်ထားတာတောင် ဖုန်းရဲ့တည်နေရာကို ဆက်တိုက်ပြပေးနေတာပါရှင့် ပျောက်ခါစကတော့ ပူထူပြီး iCloud ယော password ယောဘာတစ်ခုမှကိုမမှတ်မိ ( ငိုဖို့ပဲသိတာ ) သွေးအေးအေးနဲ့ ည ၁၀ နာရီလောက်ရောက်မှ အိမ်ကဖုန်းထဲ ကိုယ် ICloud ထည့်ထားတာကိုသတိရပြီး Find My phone … Read more

ဆီးဖြူသီးကို မစားသုံးသင့်သူများ

ဆီးဖြူသီးကို မစားသုံးသင့်သူများ ဆီးဖြူသီးမှာ ဗီတာမင် စီ ပေါကြွယ်ဝစွာ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် နာမည်ကျော်လူကြိုက်များတဲ့အစားအစာဖြစ်ပါတယ်။ အခုလိုဆီးဖြူသီးပေါတဲ့ရာသီမှာ ခုခံအားမြင့်တက်စေဖို့ ဆီးဖြူသီးကို စားသုံးကြသလို မြွေပါးကင်းပါး ကင်းစင်အောင်လည်း ခြံဝန်းထဲမှာ ဆီးဖြူသီးကို ထားလေ့ရှိကြပါတယ်။ ဆီးဖြူသီးက လိမ္မော်သီးထက် ဗီတာမင် စီ ပါဝင်မှု အဆ ၂၀ ပိုများပြီး အာဟာရဓာတ်များစွာ ပါဝင်တာမို့ ကျန်းမာရေးအတွက် အလွန်အကျိုးရှိပါတယ်။ ဒါပေမဲ့လည်း ဆီးဖြူသီးကို မစားသုံးသင့်တဲ့သူတွေရှိတာကြောင့် ဘယ်လိုရောဂါရှိသူတွေအနေနဲ့ ရှောင်ကြဉ်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ အစာအိမ်ထဲတွင် အက်စစ်ဓာတ်လွန်ကဲနေသူများ ဆီးဖြူသီးက အက်စစ်သဘာဝရှိတဲ့ ဗီတာမင် စီ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ လေ့လာမှုတွေအရ ဆီးဖြူသီးစားသုံးသူတွေက ရင်ပူနာဝေဒနာဆိုးရွားတာနဲ့ ဝေဒနာ ခံစားရချိန် လျော့ကျနိုင်တယ်ဆိုပေမယ့် အစာအိမ်ထဲမှာ အက်စစ်ဓာတ်လွန်ကဲသူတွေအနေနဲ့ ရောဂါလက္ခဏာ ပိုမိုဆိုးရွားနိုင်တယ်လို့ … Read more

သည်းခြေအိတ်မရှိဘဲ အသက်ရှင်နေနိုင်ပါသလား

သည်းခြေအိတ်မရှိဘဲ အသက်ရှင်နေနိုင်ပါသလား သည်းခြေအိတ်ကို ဖယ်ထုတ်လိုက်ရတာဆိုတာ အဖြစ်များတဲ့ အဖြစ်စဉ်တစ်ခုဖြစ်ပြီးတော့ ကျွန်ုပ်တို့အနေနဲ့လည်း သည်းခြေအိတ်မရှိဘဲနဲ့သက်တမ်းစေ့နေနိုင်ပါတယ်။ ခွဲစိတ်ပြီးတော့ ခန္ဓာကိုယ်ထဲကနေ သည်းခြေအိတ်ကို ဖယ်ထုတ်လိုက်ရတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ ဒါတွေကတော့ – ● ရောဂါပိုး ဝင်ခြင်း ● သည်းခြေအိတ် ရောင်ခြင်း ● သည်းခြေအိတ် ကျောက်တည်ခြင်း ● သည်းခြေအိတ်တွင် အလုံးတွေ့ခြင်းစတဲ့အခြေအနေတွေမှာ သည်းခြေအိတ်ကို ဖယ်ထုတ်လိုက်ရတာမျိုး ရှိပါတယ်။ သည်းခြေအိတ်မရှိဘဲနဲ့ အသက်ဆက်ရှင်သန်နိုင်ပေမယ့်လည်း သည်းခြေအိတ် မရှိတော့တဲ့အတွက် ဖြစ်လာနိုင်တဲ့ပြဿနာတွေကို ကာကွယ်ဖို့အတွက်တော့ နေထိုင်မှုပုံစံ အပြောင်းအလဲတွေနဲ့ အစားအသောက်အကျင့်တွေ ပြောင်းဖို့ လိုပါတယ်။ ဒီလိုမျိုး ပြောင်းလဲနေထိုင်နိုင်မယ် ဆိုရင်တော့ သည်းခြေအိတ် ဖယ်ထုတ်ထားပြီးရင်လည်း ပုံမှန်အတိုင်း နေထိုင်သွားနိုင်ပါလိမ့်မယ်။ သည်းခြေအိတ်က ဘာလုပ်ပေးတာလဲ? သည်းခြေအိတ်မရှိဘဲနဲ့ ကောင်းကောင်းအသက်ရှင်နေဖို့ဆိုရင် သည်းခြေအိတ်က ဘာလုပ်ပေးတယ်ဆိုတာကိုသိမှ … Read more

ခြင်ဆေးခွေအစား လက်ဖက်ခြောက် ဒီလိုသုံးလို့ရတယ်ဆိုတာ သင်သိပါသလား

ခြင်ဆေးခွေအစား လက်ဖက်ခြောက် ဒီလိုသုံးလို့ရတယ်ဆိုတာ သင်သိပါသလား အကြမ်းအိုးထဲ က လက်ဖက်ခြောက်ဖတ် တွေ မလွှင့်ပစ် ဘဲ သုံးတတ်ရင် အကျိုးရှိတယ်ဆိုတာ ပြောပြချင်ပါတယ် ဈေးက ဝယ်လာတဲ့ ငါးက တော်တော်ညှီတဲ့ ငါးဆိုရင် လက်ဖက်ခြောက်ဖတ် နဲ့ အတူ ညှီနေတဲ့ငါးကို အိုးတစ်ခုတည်းထည့်ပြုပ်လိုက်ပါ။ ငါးညှီနံ လုံးဝ ပျောက်သွား စေပါလိမ့်မယ်။ လက်ဖက်ခြောက်ဖတ် တွေကို ရေအေးနဲ့ ရောပြီး မှန်ပြတင်းပေါက် အိမ်သုံး ပစည်းနဲ့ ရွှံ့ပေနေတဲ့ ဘွတ်ဖိနပ်တွေ ကိုဆေးကြော ပွတ်တိုက်လိုက်ပါ။ ပြီးမှ အဝတ်သန့်နဲ့ ပြန်သုတ်လိုက်ပါ။ သန့်ပြီးတော့ တောက်ပြောင် သွားပါလိမ့်မယ် လဖက်ခြောက်ဖတ် တွေကို ရေအေးနဲ့ ရောစပ်ပြီး မြေသြဇာရည် အဖြစ် အပင်တွေ ကိုလောင်းပေးနိုင်ရင် သဘာဝ မြေသြဇာ ကို … Read more

ခြေစွယ်ငုပ် ပြီဆိုရင် ဒါလေးတွေ သိထားပါ

ခြေစွယ်ငုပ် ပြီဆိုရင် ဒါလေးတွေ သိထားပါ ခြေစွယ်ငုပ် ပြီဆိုတာနဲ့ ခြေချောင်း တစ်ခုလုံး နာကျင်ပြီး ယောင်ရမ်း ကာ အနေရခက်စေပါတယ်။ ဒီလိုမျိုးမဖြစ်ရလေအောင် အကောင်းဆုံး ဘယ်လိုကာကွယ်နိုင်သလဲဆိုတာ သိထားရအောင် ဖော်ပြပေး လိုက်ပါတယ်။ အခံရခက်တဲ့နာကျင်မှု ခံစားရတဲ့ ခြေစွယ်ငုပ် တာဟာ ရှည်ထွက်လာတဲ့ ခြေသည်း ချွန်ချွန်က ခြေချောင်းအသားထဲကို ထိုးဝင်တာကြောင့် ဖြစ်ပါတယ်။ နာကျင်မှု အသေးစားလို့ ထင်ရပေမယ့် သေချာမကုဘူးဆိုရင် ခြေချောင်းထဲ ရောဂါပိုးဝင်တဲ့အထိ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ အရမ်းကျပ်လွန်းတဲ့ဖိနပ်တွေ၊ ခြေစွပ်တွေသုံးလို့ပဲဖြစ်ဖြစ်၊ ခြေသည်း တွေကို သေချာမညှပ်လို့ပဲဖြစ်ဖြစ်၊ ခြေထောက်သန့်ရှင်း ရေးအားနည်းလို့ပဲဖြစ်ဖြစ်၊ ခြေသည်း ပိုးဝင်လို့ပဲဖြစ်ဖြစ်၊ ခြေ ချောင်းထိခိုက်မိလို့ပဲဖြစ်ဖြစ်၊ မျိုးရိုးလိုက်လို့ပဲဖြစ်ဖြစ် ခြေစွယ်ငုပ်တာဖြစ်တတ်ပါတယ်။ ခြေစွယ်ငုပ် တာမဖြစ်ရလေ အောင် ခြေချောင်း တွေကို ဆွဲညှစ် … Read more