အစာအိမ်ရောဂါ အတွက် ဆန်ဆေးရေ

အစာအိမ်ရောဂါ အတွက် ဆန်ဆေးရေ အစာအိမ်ဆေး လှူတဲ့အခါမှာ အလှူခံကြတာတွေ တွေ့ရတော့ ဝမ်းသာ ဝမ်းနည်းကြီး ဖြစ်ရပါတယ်။ ဝမ်းသာတာက အလှူခံကြလို့ပါ။ ဝမ်းနည်းရတာက သူတို့ ကာလကြာရှည် ခံစားနေရတဲ့ အစာအိမ် လေထိုး လေအောင့်ဆိုတဲ့ ရောဂါမျိုးတွေဟာ အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းလေးနဲ့တင် ပျောက်အောင် ကုနိုင်ကြလို့ပါ။ အနာသိပြီး ဆေးမရှိတာ မဟုတ်၊ ဆေးရှိလျက်နဲ့ မသိကြတာ၊ ဆေးနဲ့ ဝေးနေကြတာပါ။ အဲဒါ အတော် စိတ်မကောင်း ဖြစ်ရပါတယ်။ထမင်းချက်ဖို့ ဆန်ဆေးတဲ့အခါမှာ သုံးခါဆေးလေ့ ရှိကြပါတယ်။ ဒုတိယ အကြိမ် ဆေးတဲ့ ရေကို မတ်ခွက် တစ်ခွက်စာ ယူပါ။ သကြားလေး နည်းနည်းပါအောင် ထည့်ပြီး ခလောက်ပါ။ ပြီးရင် အဲဒီရေကို သောက်ပါ။ ရောဂါ ပြင်းထန်ရင် … Read more

မြန်မာဆေးနည်း (၁၈) နည်း

မြန်မာဆေးနည်း (၁၈) နည်း ၁။ သွေးတိုးလို့ သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို( ၁၅ ) မိနစ်ခန့်ကြာအောင်ရေစိမ်ပြီး အရည်ညှစ်၍ ကြက်ဥတစ်လုံး ဖောက်ထည့်ကာရောမွှေသောက်လိုက်ပါ။ သွေးကျဆေး အထူးသောက်စရာမလိုဘဲ သက်သာပျောက်ကင်းစေပါသည်။ ၂။ အပူကျိတ်ဖြစ်ရင် ပါးချိတ်အောက်နှင့် ပေါင်ကြားတို့တွင် ပေါက်တက်သော အပူကျိတ်များကိုပျောက်လိုလျှင် နနွင်းခါးဥကို သွေးလိမ်းပါ။သုံးကြိမ်မျှ လူးရုံ လိမ်းရုံနှင့် ပျောက်ကင်းစေပါသည်။ ၃။ အိပ်မပျော်ခြင်းဖြစ်လျှင် ဒန့်ကျွဲမြစ်ကိုပြုတ်၍သကြားအနည်းငယ်ထည့်ပြီးသောက်ပါ။တစ်ခါသောက်လျှင် အကြမ်းပန်းကန်နှင့်တစ်လုံးသောက် ည ၊ နံနက် သောက်ပါ။အိပ်မပျော်ခြင်းဝေဒနာ သက်သာပျောက်ကင်းစေမည်။ ၄။ ပန်းသေပန်းညှိုးရောဂါဖြစ်လျှင် ကစော့ပုပ်မြစ်ကိုအခြောက်လှန်း အမှုန့်ပြုပြီး ပျားရည်နှင့်သောက်ပါ။ရက်မရှည်ဘဲ ပျောက်ကင်းစေပါသည်။ ၅။ အမျိုးသမီးများ မီးယပ်ဖြူဆင်းရောဂါဖြစ်လျှင်အဝေရာရွက်ကို မကြာခဏ သုပ်စားပါ။ထို့အပြင် သိန္ဓော ဆားတစ်ဆ ၊ လက်ပံပွင့်ခြောက်မှုန့်နှစ်ဆတို့ကို ထောပတ်နှင့် ရော၍ ကွမ်းသီးလုံးခန့်နံနက် ၊ … Read more

ဝက်သားကို ဘယ်လောက် ကြိုက်ကြိုက် လုံးဝမစားသင့်တဲ့ အစိတ်အပိုင်း ( ၅ ) ခု

ဝက်သားကို ဘယ်လောက် ကြိုက်ကြိုက် လုံးဝမစားသင့်တဲ့ အစိတ်အပိုင်း ( ၅ ) ခု “ အသီးမှာ သရက် ၊ အသားမှာ ဝက် ၊ အရွက်မှာ လက်ဖက် ” ဆိုရိုး စကားအတိုင်း ဝက်သားဟာ လူတွေနေ့စဉ် စားသုံးကြတဲ့ အသားတွေထဲမှာ အရသာရှိတဲ့ ထိပ်တန်း အသားတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဝက်သားရဲ့ အစိတ်အပိုင်း (၅) ခုကတော့ လူတွေရဲ့ ကျန်းမာရေး အတွက် အန္တရာယ်ရှိနိုင်တာမို့ ဖြစ်နိုင်ရင် ရှောင်ကြဉ်ကြဖို့ ကျွမ်း ကျင် သူ တွေ က တိုက် တွန်း ထား ပါ တယ် ဝက် ဟာ ခေါင်း ဖျား က … Read more

ယနေ့ ၂၅ ရက်နေ့မှာ ရန်ကုန် ၁၈ မြို့နယ် မီးပျက်မည်

ယနေ့ ၂၅ ရက်နေ့မှာ ရန်ကုန် ၁၈ မြို့နယ် မီးပျက်မည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းအသစ်များ တည်ဆောက်ခြင်းလုပ်ငန်းကို (၂၅.၁၁.၂၀၂၁) ရက်နေ့၊ ( ကြာသပတေးနေ့ )တွင် ( ၀၉:၀၀ )နာရီ မှ ( ၁၂:၀၀ )နာရီ အချိန်အတွင်းလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ သာကေတ၊ ပုဇွန်တောင်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လသာ၊ကမာရွတ်၊ လမ်းမတော်၊ ဒဂုံ၊ ဗဟန်း၊ လှိုင်၊ မရမ်းကုန်း၊ အလုံ၊ သန်လျင်၊ ထောက်ကြန့်၊ လှည်းကူး၊ ထန်းတပင် မြို့နယ်များ အတွင်းရှိ နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ပြီး အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှု … Read more

ဆံပင်အရှည်နှေးလို့စိတ်ညစ်နေသူတွေအတွက် တစ်လအတွင်းဆံပင်ရှည်တဲ့နည်း

ဆံပင်အရှည်နှေးလို့စိတ်ညစ်နေသူတွေအတွက် တစ်လအတွင်းဆံပင်ရှည်တဲ့နည်း ဆံပင်အရှည်နှေးလို့စိတ်ညစ်နေသူတွေအတွက် တစ်လအတွင်းသိသိသာသာဆံပင်ရှည်လာအောင် ဆံပင်က ဒုတိယ မျက်နှာ ဆိုတာ လူတိုင်း သိပြီး သားဖြစ် မှာပါ။ ဆံပင်ပုံစံက ကိုယ်နဲ့ မလိုက်ရင် လုံးဝမလှတာလည်း အားလုံးအသိ ပါပဲ။ ဆံပင် အရှည်ထား ချင်ပေမယ့် စိတ်မရှည်တဲ့ သူတွေ အနေနဲ့ တစ်လအတွင်း ဆံပင်ရှည် လွယ်ပြီးတောက်ပြောင်စေမယ့် နည်းလမ်းတွေကို ဖော်ပြပေး လိုက်ပါတယ်။ (၁) မကြာခဏအဖျားတိပေးပါ ဆံပင်အဖျားလေးတွေကို မကြာခဏ တိပေးတာက ဆံပင်ရဲ့မကျန်းမာတဲ့ အစိတ်အပိုင်းတွေ ကိုဖယ်ထုတ်လိုက်တာဖြစ်တဲ့ အတွက် ဆံပင်ကို ကျန်းမာတောက်ပြောင်တဲ့ အသွင် မျိုးဖြစ်စေပါတယ်။ (၃) သဘာဝအသီးအနှံတွေနဲ့ပေါင်းတင်ပါ ဆံပင်ရှည်လွယ်ချင် သူတွေ အနေနဲ့ သဘာဝ အသီးအနှံတွေ နဲ့ပေါင်းတင်တဲ့ နည်းလမ်းတွေကို သုံးပေးသင့်ပါတယ်။ ကြက်သွန်နီ တစ်လုံးကို … Read more

ထမင်းစားပြီးပြီးချင်း ကော်ဖီမသောက်သင့်တဲ့ အကြောင်းအရင်းများ

ထမင်းစားပြီးပြီးချင်း ကော်ဖီမသောက်သင့်တဲ့ အကြောင်းအရင်းများ မနက်စာစားပြီးတာနဲ့ ကော်ဖီပူပူလေးတစ်ခွက် လိုအပ်သလို နေ့လည်စာစားအပြီးမှာ cappuccino ပူပူလေးတစ်ခွက်က မပါမဖြစ်ဆိုတဲ့သူမျိုးတွေ ရှိကြမှာပါ။ နောက်ပြီး လေးလံတဲ့တစ်နေ့တာကို ဖြတ်သန်းဖို့ တစ်နေ့ကုန်အားအင်အပြည့်နဲ့ လှုပ်ရှားနိုင်ဖို့အတွက် ခပ်ပြင်းပြင်း espresso တစ်ခွက် လိုအပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အစားစားပြီးတိုင်း ကော်ဖီသောက်တတ်တဲ့ အလေ့အကျင့်က သင့်ကျန်းမာရေးနဲ့ သင့်ရုပ်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ -အသားအရေကို ခြောက်သွေ့စေတယ် အရသာရှိတဲ့ ကော်ဖီတစ်ခွက်ဟာ မနက်ခင်းမှာ သင့်ကိုနိုးထစေပြီး သင့်ရဲ့ကျန်းမာရေးကို များစွာအကျိုးပြုပါတယ်။ ဒါပေမယ့် ထမင်းစားပြီးတာနဲ့ ကော်ဖီတန်းသောက်တာက သင့်ခန္ဓာကိုယ်ကနေ အစားအစာရဲ့အဟာရအကုန်လုံးကို မရရှိစေပဲ သံဓာတ်စုပ်ယူမှုကို 80% အထိ လျော့ချပစ်နိုင်ပါတယ်။ ခန္ဓာကိုယ်က သံဓာတ်လုံလောက်စွာမရတဲ့အခါ အသားအရေက ပုံမှန်ထက်ပိုပြီး အရောင်ဖျော့လာကာ ခြောက်သွေ့ပြီး အရေးအကြောင်းတွေ ပိုဖြစ်လာတတ်ပါတယ်။ -သွားတွေကို … Read more

ပုံမှန် ဝင်ငွေရှိပြီး လက်ထဲမှာ ပိုက်ဆံ မစုမိသူများ အတွက်

ပုံမှန် ဝင်ငွေရှိပြီး လက်ထဲမှာ ပိုက်ဆံ မစုမိသူများ အတွက် ပိုက်ဆံ စုတယ် ဆိုတာ ရည်မှန်းချက် တစ်ခု ထားပြီး ရေရှည် တည်ဆောက် ထားသင့်တဲ့ အလေ့အကျင့် တစ်ခုဖြစ်ပါတယ်… ။ ငွေကြေး အောင်မြင်မှုမှာ ပိုက်ဆံ ဘယ်လောက် ဝင်တယ် ဆိုတာထက် ဘယ်လောက် စုနိုင်တယ် ဆိုတာက ပိုအရေးကြီးပါတယ်… ။ လူတွေက မဝင်သေးတဲ့ ပိုက်ဆံကို မျှော်ကိုးပြီး အကြွေး ယူတတ်ကြတယ်… ။ ဒါက အဓိက မှားယွင်းနေတဲ့ အချက်ပဲ… ။ ကျွန်တော်တို့တွေ ပိုက်ဆံစုနေတဲ့အချိန်မှာ ဘယ်လို ဗျူဟာတွေ သုံးရမလဲဆိုတာ အချက်ကျကျ တင်ပြချင်ပါတယ်. . . ။ ။ ၁။ သုံးပြီးမှ မစုလေနဲ့… … Read more

ကြည့်ပြီး တကယ်မျက်ရည်ဝဲမိစေတဲ့ သားအမိနှစ်ဦးရဲ့ ဖြစ်ရပ်လေးပါ

ကြည့်ပြီး တကယ်မျက်ရည်ဝဲမိစေတဲ့ သားအမိနှစ်ဦးရဲ့ ဖြစ်ရပ်လေးပါ သံဖြူဇရပ်မြို့၊အောင်သာယာရပ်ကွက် မှာ နေထိုင်တဲ့ မယမင်း (၃၄)နှစ် ဟာ နှလုံးအဆို့ရှင်ပွင့်၊နှလုံးကြီး တဲ့ရောဂါခံစားနေရတဲ့အတွက် (၈)နှစ်အရွယ်သမီးလေးက အားကုန်သုံးပြီး အချိန်ပြည့်နီပါး အမေရဲ့ရင်ဘတ်ကို ဖိထားပေးမှ နေထိုင်လို့ အနည်းငယ်သက်သာ နေတော့ အမေခံစားနေရတာကို မကြည့်ရက်နိုင်တော့ လက်ဆစ် ခြေဆစ်တွေအနာခံပြီး မျက်ရည်များ ဖြင့် ဖိထားပေးရှာတယ်။ လင်ယောကျာ်း ကလည်း မိန်းမ ရောဂါဖြစ်နေတာကို ကူညီဖေးမ မှုရှိ (၈)နှစ်အရွယ် သနားစရာသမီးလေး မျက်နှာကိုမထောက်ထားပဲ ရောဂါသည်အမျိုးသမီးနှင့် သမီးလေး ကိုစွန့်ပစ်သွားခဲ့တယ်။ တခြား ခလေးတွေ ပျော်ပျော်ပါးပါး ဆော့ကစားနေချိန် မှာ အမေရဲ့ခံစားနေရတဲ့ ဝေဒနါ သက်သာစေရန် အချိန်ပြည့်နီးပါးဖိထားနေရရှာတယ်။(၈)နှစ် အရွယ်သမီးလေး ရောဂါသည် မိခင်အတွက်ထမင်းချက်တတ်နေသည်ကို စိတ်ထဲကလိုလိုလေးစား မိနေသည်။ သမီးလေး မှာ … Read more

နားအူနေပြီဆိုရင် ဘာတွေဖြစ်နိုင်သလဲ

နားအူနေပြီဆိုရင် ဘာတွေဖြစ်နိုင်သလဲ နားအူခြင်းဝေဒနာဟာ လူအတော်များများကြုံတွေ့ရနိုင်တဲ့ ဝေဒနာတမျိုး ဖြစ်ပါတယ်။ လေ့လာချက်တွေအရ အယောက်တရာမှာ ၁၅ ယောက်ကနေ အယောက်၂၀ လောက်ထိ နားအူခြင်း ဝေဒနာ ခံစားရနိုင်ခြေရှိကြောင်း သိရပါတယ်။နားအူတယ်ဆိုတာဟာ ပြင်ပမှာ တကယ် ဖြစ်နေတဲ့ အသံမရှိဘဲနဲ့ မိမိနားထဲမှာ ဆူညံသံတွေကြားနေရခြင်းဖြစ်ပါတယ်။ နားအူတဲ့အခါ ကြားရတဲ့ဆူညံသံတွေဟာ တယောက်နဲ့ တယောက် မတူတတ်ပါ။ တဝီဝီကြားရတာ၊ တဒေါက်ဒေါက်ကြားရတာ၊ လေချွန်သံလိုကြားရတာ၊ စူးစူးရှရှအသံကြားရသံ၊ ခိုငြီးသံလိုကြားရတာ၊ လေတိုးသံလိုကြားရတာ၊ တူထုသံလိုကြားရတာ စသဖြင့် အမျိုးမျိုး ကြားရတတ်ပါတယ်။ တခါတရံမှာ ဘာသံမှန်းမသိ ရောနှောဆူညံနေသလိုမျိုးလည်း ကြားရတတ်ပါတယ်။ နားတဖက်တည်းမှာပဲ ဖြစ်နိုင်သလို နှစ်ဖက်လုံးလည်း ဖြစ်နိုင်ပါတယ်။ နားအူခြင်းဟာ ရောဂါတခုမဟုတ်ပါ။ အောက်ခံအကြောင်းရင်း ပြဿနာတစုံတခုရှိနေခြင်းကို ပြတဲ့လက္ခဏာတခုပဲ ဖြစ်ပါတယ်။ နားအူခြင်းကို ဆေးပညာအရ Tinnitus လို့ခေါ်ပါတယ်။ … Read more

လတ်တလော ဂယက်ထ နေတဲ့ပုံနဲ့ပတ်သတ်တဲ့ အဖြစ်မှန်အား ပေါ်တင်ပြောကာအကြောင်စုံ ရှင်းပြလိုက်တဲ့ ရွှေအိမ်စည်ရဲ့ ဗီဒီယိုဖိုင်

လတ်တလော ဂယက်ထ နေတဲ့ပုံနဲ့ပတ်သတ်တဲ့ အဖြစ်မှန်အား ပေါ်တင်ပြောကာအကြောင်စုံ ရှင်းပြလိုက်တဲ့ ရွှေအိမ်စည်ရဲ့ ဗီဒီယိုဖိုင် သရုပ်ဆောင် မင်းသမီးချောလေး ရွှေအိမ်စည်ကတော့ နိုင်ငံတကာပြိုင်ပွဲ များတွင် သွားရောက် ယှဉ်ပြိုင် ခဲ့ပြီး တစ်နိုင်ငံလုံးက.. ပရိသတ်တွေရဲ့ အထူး အားပေးမှုကို ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ စွဲမက်စရာကောင်းတဲ့ ညှို့မျက်ဝန်းတွေကြောင့်လည်းပုရိသတွေက ကြွေပြီးရင်း ကြွေနေကြတာလည်း ဖြစ်ပါတယ်။ အိမ်စည်ဟာ အလှမယ်အဖြစ် နဲ့ ရှိုးပွဲပေါင်း များစွာတွင် ပါဝင်ခဲ့ပြီး လက်ရှိမှာတော့ သရုပ်ဆောင်အနေနဲ့ပါ ဇာတ်ကားတွေ ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ လူငယ်ပီပီ ဆက်စီ ဆန်ဆန်ပုံလေးတွေ ကိုလည်း အမြဲရိုက်ကူးကာ တင်လေ့ရှိပြီး သူမ ရဲ့ အမိုက်စားကောက်ကြောင်း အလှတရားတွေကို ထင်ရှားစွာ မြင်တွေ့နေရတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ အိမ်စည်တစ်ယောက် စိတ်ညစ်စရာတွေ … Read more