နေ့ဂျင်း ညဂျင်း စီးပွားတက်ယတြာ

နေ့ဂျင်း ညဂျင်း စီးပွားတက်ယတြာ ဇာတ်လမ်းအစက ဒီလိုဗျာ။ မနေ့က Fbပေါ်မှာ အကောင့်ထဲက ကလေးမတစ်ယောက်က ယတြာတစ်ခု Shareထားတာ မြင်တယ်ဗျ။ ကြည့်လိုက်တော့ ဖယောင်းတိုင်ကို ဂျင်းတစ်တက်ပေါ် မီးထွန်းခိုင်းတာ။တခြားဘာမှမပါဘူး။ Color Theoryနဲ့ နေ့ဂျင်းညဂျင်းဖြစ်စေတဲ့ ဓာတ်ကို Mixလုပ်လိုက်တယ် ထင်ပါတယ်။ အဲ့မှာစပြီး ကျနော့်ဖာသာ တစ်ယောက်တည်း စောက်သည်းယားလာတော့တာပဲ။ ဂျင်းဆိုတာက တေဇောဓာတ်အပူဓာတ်ကိုအားပေးတာ။ မီးဆိုတာကလည်း အပူပဲ။ ဆိုတော့ အပူနှစ်ခုကို နေ့ချင်းညချင်းဖြစ်အောင်ဆိုတဲ့ ဓာတ်ယူတာကို တွေးကြည့်တတ်ရင်တောင် အတော်လန့်စရာကောင်းနေပြီ။ ဒါပေမယ့် ဂျင်းနဲ့မီးထွန်းတာကို ဆရာကြီးမင်းသိင်္ခရဲ့ ယတြာတွေထဲမြင်ထားဖူးခဲ့တော့ အပြစ်တင်မစောရဲသေးဘူး။ ငါများလေ့လာမှုနည်းနေလို့လားဆိုပြီး ပြန်ရှာရ လေ့လာရသေးတယ်။ အဲ့ဒီလိုလေ့လာရင်းနဲ့ တွေ့ခဲ့တဲ့ ဓာတ်ယတြာလေးတွေ ပြန်ဝေမျှပေးချင်လာလို့ ဖောက်သည်ချလိုက်ပြီဗျာ။ “ဂျင်းမမိစေဖို့ ဂျင်းတက်ယတြာများ”လို့ပဲ ဒီစာစုကို နာမည်ပေးလိုက်တော့မယ်။ ဂျင်းတက်နဲ့ နေ့ဂျင်းညဂျင်းအကျိုးပေးအောင် … Read more

ဝက်ခြံထွက်ပြီးအဆီပြန်တဲ့မျက်နှာအတွက်

ဝက်ခြံထွက်ပြီးအဆီပြန်တဲ့မျက်နှာအတွက် ပထမအဆင့် မျက်နှာကိုသေချာ သန့်စင်ပေးပါ မျက်နှာသုတ်ပါဝါ တစ်ပတ်တစ်ခါ လျှော်ပေးပါ မလျှော်နိုင်ရင် တစ်ရှူးသုံးပါ ခေါင်းအုံးစွပ် တစ်ပတ်တစ်ခါ လဲပေးပါ အိပ်ရေးဝဝအိပ်ပါ ဆံပင်နဲ့မျက်နှာမထိစေနဲ့ လက်ကမျက်နှာကို ထိမယ်ဆိုရင် လက်ကိုသေချာဆေးပေးပါ တစ်ရက် ရေ 3 လီတာ သောက်ပေးပါ ဖြစ်နိုင်ရင်ရေများများသောက်ပေးပါ အပြင်သွားတိုင်းတစ်ခါသုံး #mask တပ်သွားပါ ဖုန်မထိခံပါနဲ့ မျက်နှာက ဝက်ခြံအမြန်ပျောက်စေချင်ရင် ဒါလေးတွေလုပ်ပေးနော်;) ဝက်ခြံထွက်ပြီးအဆီပြန်တဲ့မျက်နှာအတွက် ပထမအဆင့် မျက်နှာကိုသေချာ သန့်စင်ပေးပါ မျက်နှာသုတ်ပါဝါ တစ်ပတ်တစ်ခါ လျှော်ပေးပါ မလျှော်နိုင်ရင် တစ်ရှူးသုံးပါ ခေါင်းအုံးစွပ် တစ်ပတ်တစ်ခါ လဲပေးပါ အိပ်ရေးဝဝအိပ်ပါ ဆံပင်နဲ့မျက်နှာမထိစေနဲ့ လက်ကမျက်နှာကို ထိမယ်ဆိုရင် လက်ကိုသေချာဆေးပေးပါ တစ်ရက် ရေ 3 လီတာ သောက်ပေးပါ ဖြစ်နိုင်ရင်ရေများများသောက်ပေးပါ အပြင်သွားတိုင်းတစ်ခါသုံး #mask … Read more

ငွေတွေ အများကြီးအကုန်ခံပြီး ကျောက်ကပ်ဆေးနေရတဲ့ ဝေဒနာရှင်များတွက် သတင်းကောင်လေးမို့ ရှဲပေးပါ

ငွေတွေ အများကြီးအကုန်ခံပြီး ကျောက်ကပ်ဆေးနေရတဲ့ ဝေဒနာရှင်များတွက် သတင်းကောင်လေးမို့ ရှဲပေးပါ သူငယ်ချင်းများ အားလုံး share ပေး ကြဖို ့ မေတ္တာရပ်ခံ ချင်ပါတယ် ။ (ကွမ်းစားတဲ့သူ ကားသမားအချင်းချင်းမို့ လက်တို့လိုက်တာပါ။) ကွမ်းစားသူများ ခဏခဏ ကျောက်ကပ်ဆေးနေရတဲ့ ဝေဒနာရှင်များ ကျောက်ကပ်လဲရမည့်သူများ ကတက်ခေါက်ကို သတိရပါလေ သူငယ်ချင်းများ အားလုံး share ပေး ကြဖို ့ မေတ္တာရပ်ခံ ချင်ပါတယ် ။ ကျနော်ရဲ့ ဖခင်ဟာ ကျောက်ကပ် ပျက်စီးသွားသောကြောင့် ကျောက်ကပ်တု သွေးသန် ့စင်ခန်း မှာ သုံးရက်လျင် တစ်ကြိမ် ၅၀၀၀၀ ခန် ့ ကုန်ကျ နေပါ တယ် ။ လေး ရက်မြောက် ဆေးမဲ့ နေ … Read more

ထိပ်ခတ်နာ (သို့) ဦးနှောက် အမှေးရောင် ရောဂါအတွက် ကိုယ်တွေ့ သက်သာစေတဲ့ဆေးနည်းလေးပါ

ထိပ်ခတ်နာ (သို့) ဦးနှောက် အမှေးရောင် ရောဂါအတွက် ကိုယ်တွေ့ သက်သာစေတဲ့ဆေးနည်းလေးပါ ငွေကုန် သက်သာပြီး လက်တွေ့ သက်သာနေလို့မျှဝေ လိုက်ပါတယ် ကျနော် ငယ်ငယ်ထဲကခေါင်းကိုက် တတ်ပါတယ်၊အမျိုးမျိုး ကုသပြီးပါပြီ၊လုံးဝပျောက်ကင်းတာမရှိပါ၊သက်သာရုံပဲရှိပါတယ်။ အခုရက်တွေ ခေါင်းကိုက်တာ(၁) လကျော်လောက်ရှိပါပြီ၊ကိုက်လိုက် သက်သာလိုက်ဖြစ်နေတာအဖေ ဆေးရုံတင်ထားတဲ့ ရက်ကညလုံးပေါက် အိပ်ရေးပျက်တော့ပိုဆိုး လာပါတယ်။ အဖေ ဆုံးပြီးပုံမှန် အိပ်ချိန်ပေးနေလျှက်နဲ့ခေါင်းကိုက်က မသက်သာပါ။အမျိုးသမီးကလဲ ဆေးခန်းပြခိုင်းတာ အခါခါပါ၊ပြခဲ့ပြီးတာလဲ အကြိမ်ကြိမ်ပါ။ထပ်ပြခိုင်းတာလဲကိုယ်ခံစားနေရတာသူမကြည့်ရက်လို့ဆိုတာ သိပါတယ် ဒီရောဂါက အရှင်းပျောက်ကင်းတာမရှိဘူးဆိုပြီး ပြောနေကြတယ်၊ဆေးခန်းက ပေးမဲ့ ပိုးသတ်ဆေးလဲမသောက်ချင်လေတော့သူ့ကို သက်သာပါတယ်ဆိုပြီးကျနော် ပေကပ်ပြီး မပြပဲနေပါတယ်။ FB မှာ တွေ့ဖူးပြီးကိုယ်တိုင်လဲပြန်လည် မျှဝေဘူးတဲ့ ဆေးနည်းလေး။(နံ့သာဖြူ နဲ့ ကင်ပွန်းသီး)ကိုသတိရမိပါတယ်။ လုပ်ကြည့်မယ် ဆိုပြီး~(၂၅) ရက်နေ့ကစလုပ်ကြည့်ပါတယ်၊ထူးခြားစွာ နှာခေါင်းထဲမှ ချွဲတွေလက်ဖက်ရည် ပန်းကန်တစ်လုံးခန့်ထွက်ပါတယ်၊အဲ့ဒီညကစပြီး သိသိသာသာခေါင်းကိုက် သက်သာလာပါတယ်။ … Read more

ဂေါ်ဖီထုပ် စားခြင်းရဲ့ ကောင်းကျိုး ၁၀ ချက်

ဂေါ်ဖီထုပ် စားခြင်းရဲ့ ကောင်းကျိုး(၁၀)ချက် ဂေါ်ဖီထုပ်မှာ အရေးကြီးတဲ့ ဗီတာမင် စီ၊ ကေ၊ ဘီ ကဲ့သို့ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေ ကယ်လဆီယမ်၊ ကြေးနီ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စထရပ်နဲ့ မဂ္ဂနီစ် ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဂေါ်ဖီထုပ်မှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး အမျိုးမျိုးသော sulforaphane နဲ့ anthocyanins ကဲ့သို့ phytonutrients ဓာတ်တွေပါဝင်ပါတယ်။ ထိုဓာတ်တွေက ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ အက်ဒီအောက်ဆီဒင့်တွေဖြစ်ပါတယ်။ အဲဒါအပြင် ဂေါ်ဖီထုပ်မှာ choline ၊ beta-carotene ၊ glutamine ၊ lutein နဲ့ zeaxanthin ဓာတ်တွေပါဝင်ပါတယ်။ အနီရောင်ဂေါ်ဖီထုပ်မှာ အစိမ်းရောင်ဂေါ်ဖီထုပ်ထက် ထိုဓာတ်ပေါင်းတွေအများပြားပါဝင်ပါတယ်။ (၁) ကင်ဆာကို ကာကွယ်နိုင်ခြင်း ဂေါ်ဖီထုပ်မှာပါဝင်တဲ့ phytochemicals ဓာတ်တွေက ခန္ဓာကိုယ်မှာ ကင်ဆာဆဲလ်ဖြစ်စေတဲ့ဒြပ်ပေါင်းတွေကို … Read more

မြင်းနှစ်ဖွား ၁၉၃၀၊ ၁၉၄၂၊ ၁၉၅၄၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၉၀၊ ၂၀၀၂၊ ၂၀၁၄

မြင်းနှစ်ဖွား (၁၉၃၀၊ ၁၉၄၂၊ ၁၉၅၄၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၉၀၊ ၂၀၀၂၊ ၂၀၁၄) မြင်းနှစ်ဖွားသည် တရုတ်ဒဏ္ဍာရီတိရိစ္ဆာန်များထဲတွင် သတ္တမမြောက်သောနှစ်ဖွားဖြစ်လေသည်။ မြင်းးသည်မိုးနတ်မင်း၏ပါတီအစည်းအဝေးသို့သွားရာလမ်းခရီးတွင် သင်္ချိုင်းတစ်ခုကိုဖြတ်ကျော်ရလေသည်။ မြင်းသည်အလွန်အမင်းကြောက်ရွံ့သောကြောင့် ဖြတ်ရန်တွန့်ဆုတ်နေလေသည်။ နောက်ဆုံးဖြတ်ကျော်လာပြီးသောအခါ အရှိန်အဟုန်ပြေးပြီးလာပေမယ့် အရှေ့မှာ၆ဉီးကရောက်ရှိနေပြီးဖြစ်သောကြောင့် မြင်းက သတ္တမမြောက်သောနှစ်ဖွားဖြစ်လာလေသည်။ မြင်းနှစ်ဖွားများသည် ခွန်းအာပြည့်စုံပြီးသွက်လက်လှုပ်ရှားသူများဖြစ်ကြသည်။ စည်းစိမ်ဥစ္စာနှင့် ကျော်ကြားမှုထက် ပျော်ရွှင်မှုကိုပိုလိုလားသူများဖြစ်ကြသည်။ သူတို့သည်ဒေါသကြီးသူများဖြစ်ကြသော်လည်း ကိစ္စတစ်ခုဖြစ်ပြီးလျှင် မြန်မြန်မေ့လွယ်သူများလားဖြစ်သည်။ ဓာတ်ငါးပါးနှင့်မြင်းနှစ်ဖွား မီးမြင်း (၁၉၆၆၊၂၀၂၆) ဤနှစ်ဖွားများသည် တက်ကြွသူများဖြစ်ကြသည်။ မိတ်ဆွေသူငယ်ချင်းများကိုကူညီတတ်ပြီး ပြဿနာများကိုလည်းအစွမ်းကုန်ဖြေရှင်းပေးတတ်သူများလည်းဖြစ်သည်။ ဒါပေမယ့် တစ်ခါတစ်လေ ဝေဖန်မှုများကိုသည်းမခံတတ်ကြဘူး။ မြေကြီးမြင်း (၁၉၇၈) အကောင်းမြင်တတ်ပြီး ကြင်နာတတ်သူ၊ သူတို့သည် အခြားသူများကို ကူညီခြင်းကို နှစ်သက်ပြီး သူငယ်ချင်းများစွာရှိသည်။ အနည်းငယ်စိတ်မရှည်တတ်သော်လည်း တစ်ခါတစ်ရံ အမှားလုပ်မိသော်လည်း ပတ်ဝန်းကျင်ရှိလူတိုင်းက ချီးကျူးကြသည်။ ကြိုးကြိုးစားစား အလုပ်လုပ်သောကြောင့် … Read more

အသက် ၄ဝ ကျော်ပြီလား ရုံးပတေသီးကိုစား

အသက် ၄ဝ ကျော်ပြီလား ရုံးပတေသီးကိုစား ရုံးပတေသီး ရေနွေးဖျော သောက်တာအခုဆို တစ်လပြည့်သွားပါပြီ။အကျိုးအာနိသင်ကတော့ ဒူးနာတယ်။ခြေထောက်နာတယ်။ကြာကြာမရပ်နိုင်ဘူး။ ကြာကြာလမ်းလျှောက်နိုင်ဘူး။ကြာကြာမထိုင်နိုင်ဘူးထလည်းနာထိုင်လည်းနာတကျွတ်ကျွတ် အော်နေရတဲ့ပါးစပ်က ရောင်ပြီးတောင် “နာတယ်” လို့ ဆိုစကား မထွက်လာတော့ဘူး။ အသက်ငါးဆယ်ကျော်ရင်ရုံးပတေသီးကို မချစ်တောင်မှ မုန်းလို့ဆိုပြီး ပစ်မထားသင့်ပါဘူး။ခန္ဓာကိုယ်အတွက် ကျေးဇူးများလွန်းတဲ့အသီးလေးဖြစ်လို့ ပေါင်းထားသင့်ပါတယ်။ ပေါင်းနိုင်သလောက်လည်းကောင်းတယ်ဆိုတာ သက်သေပြလိမ့်မယ်။ ဒီအသီးလေးက အရိုးအဆစ်နာကျင်ကိုက်ခဲမှုများကို မောင်းထုတ်ပစ်နိုင်စွမ်းရှိတာကတော့ အလွန်ကို အံ့သြသွားစေပါလိမ့်မယ်။ရုံးပတေသီး သုံးတောင့်ကို ဓားနဲ့လှီးပြီး အဖုံးပါတဲ့ခွက်ထဲထည့် ရေနွေးပူပူလောင်းထည့်ပြီးအဖုံးပြန်အုပ်ထားပါ။ အေးသွားမှ အရည်လည်းသောက် အဖတ်လည်းစားရမှာ ဖြစ်ပါတယ်။ အဓိကအရေးကြီးတဲ့အချက်ကအစာအိမ်ထဲ အစာမရှိတဲ့အချိန်မှာစားရ သောက်ရမှာပါ။တစ်ခါထဲ ကုန်အောင်မသောက်နိုင်ရင်နှစ်ကြိမ် သုံးကြိမ်ခွဲသောက်နိုင်ပါတယ်။ အစာအိမ်ထဲ အစာမရှိချိန်သောက်ဖို့က အဓိကဖြစ်တယ်ဆိုတာ လေးကိုတော့ မမေ့စေချင်ပါဘူး။ဒူးနာ ခြေနာ အဆစ်မြစ်နာ ဝေဒနာ ရှင်များအတွက် ကျေးဇူးများတဲ့ ဒီအသီးလေးကို ဆေးအဖြစ်နဲ့ ပေါင်းသင်းမှီဝဲစားသုံးကြည့်ကြပါလို့ … Read more