ထိုင်းထီသုံးလုံးကို တိုက်ရိုက် Live ကြည့်ပြီးတိုက်ရအောင်…

ထိုင်းထီသုံးလုံးကို တိုက်ရိုက် Live ကြည့်ပြီးတိုက်ရအောင် သုံးလုံးထီကံစမ်းမယ့် လဝက် ၁၆ ရက်နေ့ တစ်ဖန်ရောက်ရှိလာပြန်ပြီနော်။ ရက်တွေက ကုန်တာမြန်မနေဘူးလား။ အားလုံးကံကောင်းဖို့ မျှော်လင့်ပါတယ်နော်။ ဒီလိုကာလမှာ ပေါက်ကြတယ်ဆို တကယ်ပီတိဖြစ်မိပါတယ်။ အလွန်အကျွံတွေတော့ မလုပ်ကြနဲ့နော်။ တန်ရင်ဆေး လွန်ရင်ဘေးတဲ့။ တွက်တတ်ရင်လည်း မင်မင့်ကို လင်းကြဦး။ မှန်းထိုးနေရလို့ပါနော်။ သူများလိုက်မေးနေမယ့်အစား မင်မင့်ပေ့ချ်မှာ တိုက်ရိုက် Live လွှင့်ပေးနေတာမို့ လာကြည့်ကြနော်။ ပေါက်တဲ့သူတွေရှိရင်လည်း ကွန်မန့်မှာ အချင်းချင်း ဂုဏ်ပြုကြရအောင်နော်။ လာလ်ခေါ်ဂါထာလေးတွေ ရွတ်ထားဦးနော်။ ပေါက်ရင် လှူဖို့တန်းဖို့လည်း မမေ့ကြေးနော်။ အဲ့ဒါမှ နောက်အခေါက်တွေ ပိုပေါက်မှာ။ ဒီလမပေါက်လည်း နောက်လပေါက်မှာပေါ့။ ကံဆိုတာ အလှည့်တော့ ပေးစမြဲပါနော်။ ကံတော့စမ်းသင့်ပါတယ်။ ထိုင်းထီဆိုပေမယ့် ပေါက်ရင် မြန်မာအများစုပေါက်ကြတာနော်။ သုံးလုံးကတော့ အကုန်ပေါက်စေချင်ပါတယ်။ သုံးလုံးတူရင်ကို ကံကောင်းလှပါပြီ။ … Read more

မုန်လာဥဆေးဖက်ဝင်ပုံတွေ သိတာတောင်နောက်ကျ

မုန်လာဥဆေးဖက်ဝင်ပုံတွေ သိတာတောင်နောက်ကျ လိပ်ခေါင်းရောဂါ(pile) မုန်လာဥ အမြစ်ကို အရည်ပြု ၆၀ မီလီလီတာမှ ၉၀ မီလီလီတာအထိ နံနက်၊ ည နေ့စဉ် သောက်ပေးလျှင် လိပ်ခေါင်းရောဂါ ကောင်းစွာ ပျောက်ပါတယ်။လိင်အင်္ဂါနှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများ Genito-Urinary Disorders ဆီးသွားရခက်ခြင်း၊ ဆီးအောင့် ဆီးကျဉ်ခြင်း၊ ဆီးပြွန်ချောင်းနာခြင်း၊ ဆီးမထွက်ခြင်း စသော ရောဂါများအတွက် မုန်လာဥအရည်သောက်ခြင်းဖြင့် သက်သာစေပါတယ်။ မုန်လာရွက်ဆေးနည်းကတော့ လက်ဖက်ရည် ပန်းကန်တစ်လုံးစာ သတ္တုရည်ကို နေ့စဉ်တစ်ခွက်ကျ သောက်ပေးပါ။ ဆီးအိမ်ရောင်ခြင်းအပါအဝင် ဆီးရောဂါမှန်သမျှ ပျောက်ကင်းစေပါတယ်။ နှလုံးရောဂါ ရင်ဘတ်နာ Chest Complaint နှလုံးရောဂါကြောင့် ရင်ဘတ်နာခြင်း၊ အောင့်ခြင်းကိုလည်း သက်သာစေပါတယ်။ ဆေးနည်းကတော့ မုန်လာဥသတ္တုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ပျားရည်ဆတူရောပြီး ဆားအနည်းငယ် ထည့်၍ တစ်နေ့ … Read more

တစ်နေ့ကို ၅မိနစ် အချိန်ပေးရုံနဲ့ခါးအဆီတွေကို ဖယ်ရှားပေးပြီး နောက်ကျောကို သန်မာစေမယ့် ဂျပန်လေ့ကျင့်ခန်း

တစ်နေ့ကို ၅မိနစ် အချိန်ပေးရုံနဲ့ခါးအဆီတွေကို ဖယ်ရှားပေးပြီး နောက်ကျောကို သန်မာစေမယ့် ဂျပန်လေ့ကျင့်ခန်း တစ်နေ့ကို ၅မိနစ် အချိန်ပေးရုံနဲ့ သင့်ခါးမှအဆီတွေကို ဖယ်ရှားနိုင်ပြီး နောက်ကျောကို သက်သာပြီး သန်မာစေတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။ ခါးကုန်းတတ်တဲ့သူတွေအတွက်နောက်ကျောကိုလည်း ဖြောင့်ဆန့်စေပါတယ် အဆိုပါ လေ့ကျင့်ခန်းကိုပြုလုပ်ဖို့အတွက် ပထမဦးစွာ ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထားဖြင့် အိပ်ပေးပါ။ ခါးအောက်တွင် လုံးပတ် ၃ လက်မနဲ့ အရှည် ၆လက်မလာက်ရှိတဲ့ သဘက် (သို့မဟုတ်) အဝတ်တစ်ခုခုကို လိမ့်ပြီး ခုထားပေးပါ ဆန့်ထားတဲ့ သင့်ရဲ့ ခြေထောက်အစုံမှာ ပုံမှာဖော်ပြထားတဲ့အတိုင်း ဘယ်ညာခြေဖျားနှစ်ဖက်ကို စုထားပြီး ခြေဖနှောင့်နှစ်ခု ကိုတော့ ၆-၈ လက်မ လောက်ထိ ခွာထားပေးပါ။ ၆-၈လက်မထက်ပိုခွာနိုင်လည်း အဆင်ပြေပါတယ်။ သင့်ရဲ့ လက်နှစ်ဖက်ကို လည်း ဦးခေါင်းအပေါ်ဘက်မှာ ဆန့်ထားပြီး လက်နှစ်ဖက်ကိုလည်း … Read more

ချက်ချင်းဖယ်ရှားပစ်သင့်တဲ့ ကင််ဆာဖြစ်စေနိုင်တဲ့ အိမ်သုံးပစ္စည်းများ

ချက်ချင်းဖယ်ရှားပစ်သင့်တဲ့ ကင််ဆာဖြစ်စေနိုင်တဲ့ အိမ်သုံးပစ္စည်းများ ခေတ်သစ်ကမ္ဘာကြီးမှာ နည်းပညာတိုးတက်လာတာနဲ့အမျှ အန္တရာယ်ပေးနိုင်တဲ့ အရာတွေကလည်း အလားတူတိုးတက်များပြားလာပါတယ်။ နေ့စဉ်နဲ့အမျှဆိုသလို အဆိပ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းအမျိုးမျိုးကို နည်းလမ်းမျိုးစုံနဲ့ ကိုင်တွယ်ထိတွေ့နေရတတ်ပါတယ်။ ဒီလိုပဲ သင့်အိမ်တွင်းမှာလည်း ဓာတုအဆိပ်ဖြစ်စေပြီး ကင်ဆာရောဂါဖြစ်ပွားစေနိုင်တဲ့ အိမ်သုံးပစ္စည်းတွေရှိနေတတ်ပါတယ်။ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်း၏ ဆိုတဲ့ စကားအတိုင်း ဒီအိမ်သုံးပစ္စည်းတွေကို သဘာဝပစ္စည်းတွေနဲ့ လဲလှယ်သုံးစွဲခြင်းအားဖြင့် ဖြစ်ပွားလာနိုင်တဲ့ ရောဂါတွေကို ကာကွယ်နို်င်ကြမှာ ဖြစ်ပါတယ်။ Non-stick (အိုးမကပ်တဲ့)အိုးများ ဆီနည်းနည်းပဲ အသုံးပြုရန်လိုပြီး အိုးမကပ်တဲ့ Non-stick ပစ္စည်းတွေက ချက်ပြုတ်နေချိန်မှာ ဓာတုအဆိပ်တွေထုတ်ပေးတာကို တွေ့ရှိခဲ့ကြပါတယ်။Non-stick အိုးကို အပူပေးလိုက်တဲ့အခါမှာ အပေါ်ယံအကာတွေကစပြီး ပြိုကွဲလာကာ အဆိပ်မှုန်လေးတွေအဖြစ်ထုတ်ပေးပါတယ်။ဒါကြောင့် ဒီအိုးတွေအစား မြေအိုး၊ဒန်အိုးနဲ့ စတီးအိုးတွေကို အသုံးပြုသင့်ပါတယ်။ အချိုခဲအတုများ လူအများစုက အမြင်လှအောင် ဖန်တီးထားတတ်တဲ့ ဖွေးဖြူနေတဲ့ အချိုခဲအတုတွေကို သုံးလေ့ရှိကြပါတယ်။အချိုခဲအတုတွေက အကြိတ်၊အရေပြား၊ဆီးအိတ်ကင်ဆာတွေကို … Read more

စီးပွားဖြစ်ပါ ရောင်းချနိုင်သည်အထိ စားကောင်းစေမယ့် စားတော်ပဲပြုတ်နည်း

စီးပွားဖြစ်ပါ ရောင်းချနိုင်သည်အထိ စားကောင်းစေမယ့် စားတော်ပဲပြုတ်နည်း စားတော်ပဲပြုတ်နည်း လွယ်လွယ် ကူကူ ရိုးရိုးရှင်းရှင်း ပါပဲ။ အရင်ဆုံး ရေနွေးနဲ့ ရေအေးကို ကြက်သီးနွေးလေး ရောစပ်ပါ။ ရေထဲ လက်နှစ်ကြည့်လိုက်ရင် ကိုယ့်လက် အပူခံနိုင်တဲ့ အနေအထားလေးပေါ့။ ပြီးရင် အဲ့ဒီရေထဲ စားတော်ပဲကို ၃နာရီကြာအောင် ရေစိမ်ပေးပါ။ ၃နာရီပြည့်ရင် ဆယ်ပြီး စကာလေးနဲ့ ရေစစ်ပြီး အပေါ်က အဝတ်ပါးလေး အုပ်ထားပါ ။ မနက်တကြိမ် ညတကြိမ် ရေလောင်းပေးထားပါ နောက်နေ့ဆို ပဲညှောင့်လေးတွေ ပေါက်လာပါပြီ ။ အညောင့်လေးများ ရှည်မှကြိုက်ရင်နဲနဲထပ်စောင့်လိုက်ပေါ့နော်။ဒါဆို ပဲပြုတ်လို့ ရပါပြီနော်။ ရေနွေးကို အရင်ဆုံး ဆူအောင် တည်ပါ ။ မုန့်လုပ် ထန်းလျက်အညို ၂ခဲ ရေနွေးထဲ ပျော်သွားအောင် မွှေပေးပြီးရင် ပဲထည့်ပြုတ်ပါ … Read more

၀မ်းချုပ် စမြင်းခံသူများအတွက်

၀မ်းချုပ် စမြင်းခံသူများအတွက် ဝမ်းတွင်း အပူအပုပ်နဲ့ အစာအိမ်အတွက် ဆေး ၁။သင်္ဘောပင် အဖိုပင်ရဲ့အူသားနှင့် အမြစ် (၅၀)ကျပ်သား ၂။ထန်းဖို ထန်းလျှက်( ၂၅ )ကျပ်သား ၃။မန်ကျီးသီးမှည့် အနှစ်(၁၅) ကျပ်သား၊ ဆား သင့်ရုံထည့်ပါ။ ၄။ရေသန့်( ၆ )ဘူး ထည့်ပြီး မီးဖိုပေါ်မှာ( ၃) ခွက် (၁) ခွက်တင်ကျန်အောင် ကျိုချက်ပါ။ အအေးခံပြီး မနက်အိပ်ယာထ တစ်ကြိမ်၊ ညအိပ်ယာဝင် တစ်ကြိမ် ရေနွေးပန်ကန်လုံးနဲ့ တစ်လုံးသောက်ပါ။ ဆေးအဖတ်ကို သင့်တင့်ရုံ စားသုံးပေးပါ။ ၁။ရေဖျင်းရောဂါ၊ လိပ်ခေါင်းရောဂါ အားအင်ချိနဲ့ရောဂါ ပန်းသေပန်းညိုးရောဂါ ၂။အမျိုးသမီးရောဂါ မီးယပ် သွေးဆုံး၊မီးယပ်ပိန်ခြောက်ရောဂါ ၃။ညောင်းကိုတ် ဒေနာခံစားနေရသူများ စမြင်းခံနေသူများ ၄။ဝမ်းတွင်းရောဂါအားလုံး အပူအပုပ်အားလုံး ပျောက်ကင်းပါတယ်။ ဒေါက်တာ ကျော်သူ ၀မ္းခ်ဳပ္ … Read more

အူကျ ဝေဒနာရှင်များအတွက်ငွေမကုန်ပဲ ပျောက်ကင်းခြင်း

အူကျ ဝေဒနာရှင်များအတွက်..ငွေမကုန်ပဲ ပျောက်ကင်းခြင်း ယောင်္ကျားလေးများသာဖြစ်တက်တဲ့ အူကျရောဂါ မရိုသေ စကားပြောရမယ်ဆိုရင် ဘောကျတာပေါ့ဗျာ ပုံမှာပါတဲ့ ဗန်ဒါရွက် ဘာလုပ်ရမလည်းမေးလာမယ် ရိုးရိုးလေးပါ ပုံပါအတိုင်း အတွင်းခံ မဝတ်ခင်အရွက်ချွှန်ကိုရှေ့မှာထား အရိုးထွက်တဲ့ ဘက်ကို နောက်ထားပီး အတွင်းခံဝတ်ထားပါ 3ရွက်မှ5ရွက်ထိကပ်ပါ သက်သာပျောက်ကင်း နိုင်ပါသည် ။ ။ ” အူကျရောဂါအတွက် သဘာဝဆေးနည်းများ ” အူကျရောဂါဟာ အမျိုးသားအများစုမှာ ဖြစ်နေတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ မကြာခဏလည်း ဆေးနည်းမေးလာကြပါတယ်။အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံဆေးခန်း မသွားနိုင်သူများအတွက် သဘာဝဆေးနည်းများကို ရှာဖွေစုစည်းပြီး ရေးသားမျှဝေပေးလိုက်ပါတယ်။ ©© ~နည်းလမ်း(၁) မုတ်ခါးနှင့်သံပုရာ မုတ်ခါးကို ပရဆေးဆိုင်မှာ၀ယ်၊ သံပုရာရေနဲ့ရောပြီး တစ်နေ့ ၂ကြိမ်၊ ၃ကြိမ်ခန့် အူကျတဲ့နေရာပေါ်(ကပ်ပယ်အိတ်ပေါ်) လိမ်းပေးပါ။ ©©~ နည်းလမ်း(၂) ရှားစောင်းစေးနဲ့သံပုရာ ရှားစောင်းလက်ပပ်ကို ဖြတ်လိုက်ရင် … Read more

ရေသန့်ဘူးဝယ်တဲ့အခါ သတိထားရမည့်အရာများ

ရေသန့်ဘူးဝယ်တဲ့အခါ သတိထားရမည့်အရာများ ရေသန့်ဘူးတွေ တံဆိပ်ပေါင်းစုံ နဲ့ လွယ်လွယ်ကူကူ ဝယ်ယူလို့ရနေတော့ သတိမထားဘဲ ဒီလိုပဲ သောက်သုံးနေကြတဲ့သူတွေ ဒုနဲ့ဒေးပါပဲ ။ သို့သော်လည်း ပလက်စတစ်နဲ့ လုပ်ထားတဲ့ ဒီရေသန့်ဘူးတွေဟာ အမှန်တကယ်ရော စိတ်ချမှု ရှိရဲ့လား ၊အဆိပ်အတောက်ဖြစ်စေနိုင်လားဆိုတာကို ဂရုမပြုမိကြပါဘူး။ ရေသန့်ဝယ်တဲ့အခါ ဘူးရဲ့ အောက်ပိုင်းကို သေချာကြည့်ကြည်ပါ ။ PP , HDPE ,HDP , PET စသဖြင့် စကားလုံးလေးတွေ ပါတာကို မြင်တွေ့ရမှာပါ ။ ဒီစာလုံးလေးတွေဟာ သုံးထားတဲ့ ပလက်စတစ်မှာအဆိပ် အတောက်တွေ ပါတယ် ၊ မပါဘူးဆိုတာကို ဖော်ပြနေတာပါ ။ PETE (သို့) PET ဒီစာလုံးပါရင်တော့ သတိထားပါ ။ ဟော်မုန်းတွေကိုအနှောင့် အယှက် ဖြစ်စေနိုင်တဲ့ … Read more

သရုပ်ဆောင် ယဉ်လက်၏ နေအိမ် ဗုံးပေါက်မှု ဖြစ်ပွား

သရုပ်ဆောင် ယဉ်လက်၏ နေအိမ် ဗုံးပေါက်မှု ဖြစ်ပွား ဧရာဝတီ၊နိုဝင်ဘာ၁၅၊၂၀၂၁ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက် ဥဿဖယားလမ်းရှိ သရုပ်ဆောင် ယဉ်လက်၏ နေအိမ်တွင် ဗုံးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျိုက္ကဆံရပ်ကွက်ရှိ စစ်ကောင်စီ သတင်းပေး ဟုဆိုသော ဦးမျိုးသော်အောင်မှာ ယနေ့မနက်ပိုင်းတွင် ပစ်သတ်ခံပြီး စစ်ကောင်စီတပ်များ ရောက်ရှိလာစဉ်အချိန်၌ ယဥ်လတ်၏ နေအိမ်အား ဗုံးဖောက်ခွဲခံရခြင်းဖြစ် ကြောင်း ကျိုက္ကဆံရပ်ကွက်နေ ပြည်သူများက ဆိုသည်။ ထိုသို့ ဗုံးပေါက်မှုကြောင့် အိမ်အတွင်းရှိ ရေစင်သာ ပြုတ်ကျသွားပြီး လူထိခိုက်မှု မရှိကြောင်း ရပ်ကွက်နေသူများက ဆိုကြသည်။ လက်ရှိတွင် ယဉ်လက်၏ နေအိမ်ရှိရာ လမ်းအနီးတဝိုက်ဖြစ်သည့်ဘပတ္တမြားလမ်း၊ ပုလဲလမ်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ လမ်းပိတ် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ WhatsHappeningInMyanmar RejectMilitaryCoup သရုပ်ဆောင် ယဉ်လက်၏ နေအိမ် … Read more

မီးသွေးခဲ့ရဲ့ လူသိနည်းတဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိူး

မီးသွေးခဲ့ရဲ့ လူသိနည်းတဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိူး မီးသွေးမှုန့် ဟာ အရှေ့တိုင်းမှာရော အနောက်တိုင်းမှာပါ ဆေးပညာ၊ ကျန်းမာရေး၊ အလှအပရေးရာတွေမှာ တွင်ကျယ်စွာ အသုံးပြုလာတာ ကြာလှပါပြီနော်။ အလွယ်တကူရနိုင်တဲ့ မီးသွေးမှုန့်ကို နေ့စဉ် ဘဝ မှာ ဘယ်လိုအသုံးပြုရမလဲ၊ ဘယ်လောက်တောင် အသုံးဝင်လဲဆိုတာ ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။ (၁) အသားအရေကို ကြည်လင်စေတယ် -ပျားရည်တစ်ဇွန်းနဲ့ မီးသွေးမှုန့်အနည်းငယ်ကို ရောပြီးလိုအပ်ရင် ရေနွေးအနည်းငယ်ကိုပါ ရောပေးနိုင်ပါတယ်။ ပြီးရင်တော့ ရလာတဲ့ အနှစ်ကို မျက်နှာမှာလိမ်းပြီး (၁၀) မိနစ်အကြာမှာ ရေဆေးပေးလိုက်ပါ။ ကြည်လင်ဝင်းပတဲ့ အသားအရေလေးကို ရရှိမှာပါ။ (၂) အဆိပ်အတောက်တွေ ပြေစေတယ် -မီးသွေးမှုန့်အနည်းငယ်ကို သံပုယိုသီး၊ သကြားအနည်းငယ်နဲ့ ရောပြီး သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲကအဆိပ် အတောက်တွေကို ဖယ်ရှားပေးရုံသာမက အဆီကိုလည်း ကျစေပါတယ်။ … Read more