ဘယ်အားဆေးကို ဘယ်အချိန်မှာ သောက်မလဲ
ဘယ်အားဆေးကို ဘယ်အချိန်မှာ သောက်မလဲ အားဆေးတွေ ဗီတာမင်တွေ ဖြည့်စွက်စာတွေဆိုတာ ဒီနေ့ခေတ်လူတွေနဲ့ ရင်းနှီးပြီးသားအရာတွေဖြစ်ပါတယ်။ပင်ပန်းနွမ်းနယ်နေတဲ့အခါ အားဆေးတွေသောက်ကြပါတယ်။စာမေးပွဲရှိလို့ စာတွေကျက်ရင်း အိပ်ရေးတွေပျက်ရတဲ့အခါနဲ့ စိတ်ဖိစီးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါတွေမှာလည်း အားဆေးတွေသောက်တတ်ကြပါတယ်။ဒါ့အပြင် သက်ကြီးရွယ်အိုတွေအစားအသောက်မစားနိုင်တဲ့သူတွေလည်း အားဆေးတွေကို ဖြည့်စွက်စာအဖြစ်နဲ့ သောက်သုံးကြပါတယ်။ဒါပေမဲ့ ဘယ်အားဆေးကို ဘယ်အချိန်မှာသောက်မှ အကျိုးရှိမယ်ဆိုတာကိုတော့ မသိတဲ့သူတွေရှိကြမယ်လို့ ထင်ပါတယ်။ မနက်သောက်ရမလား နေ့လည်လား ညနေလား အိပ်ရာဝင်ခါနီးလား။နောက်ပြီးတော့ အစားမစားခင်သောက်ရမှာလား မစားခင်သောက်ရမှာလား။ဒါတွေဟာ ဆေးတမျိုးနဲ့တမျိုးပေါ်ကို မူတည်ပြီး အပြောင်းအလဲတွေရှိပါတယ်။သင့်အနေနဲ့ ညအိပ်ခါနီးသောက်မှအကျိုးရှိမဲ့အားဆေးကို မနက်စောစောသောက်ရင် အကျိုးရှိသင့်သလောက် ရှိနိုင်ပါ့မလား။ဒါကြောင့် အခုဆောင်းပါးမှာ ဗီတာမင် သတ္တုဓာတ်နဲ့ ဖြည့်စွက်စာ ၆ မျိုးတို့ရဲ့ သောက်သုံးမှီဝဲသင့်တဲ့အကောင်းဆုံးအချိန်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ကယ်လ်ဆီယမ်(Calcium) ကယ်လ်ဆီယမ်ကို အရိုးအဆစ်တွေကျန်းမာရေးအတွက် သောက်ကြပါတယ်။သောက်တဲ့ပမာဏ ၂၅၀ မီလီဂရမ်ထက်များမယ်ဆိုရင် ကယ်လ်ဆီယမ်ကို အခြားသတ္ထုဓာတ်တွေပါတဲ့အားဆေးတွေနဲ့တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ဘာကြောင့်လည်းဆိုတော့ အစာလမ်းကြောင်းကနေစုပ်ယူနိုင်မှုနှုန်း ကျဆင်းသွားနိုင်လို့ပါ။နောက်ပြီးတော့ ကယ်လ်ဆီယမ်သောက်တော့မယ်ဆိုရင် … Read more