တရားမဝင်ဆေးခြောက်များ ဖမ်းဆီးရမိခဲ့တဲ့အမှုနဲ့ပတ်သတ်ပီး ရှာရွတ်ခန်းရဲ့သားဖြစ်သူကို အာမခံနဲ့လွှတ်ပေး

တရားမဝင်ဆေးခြောက်များ ဖမ်းဆီးရမိခဲ့တဲ့အမှုနဲ့ပတ်သတ်ပီး ရှာရွတ်ခန်းရဲ့သားဖြစ်သူကို အာမခံနဲ့လွှတ်ပေး ကြာသပတေးနေ့မှာ အိန္ဒိယတရားရုံးတစ်ခုက ဘောလိဝုဒ်သရုပ်ဆောင် ရှာရွတ်ခန်းရဲ့သားဖြစ်သူကို အာမခံနဲ့ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၃ ပတ်ကျော်က တရားမဝင်ဆေးခြောက်များ ဖမ်းဆီးရမိခဲ့တဲ့အမှုတစ်ခုမှာ ရှာရွတ်ခန်းရဲ့သားဖြစ်သူဟာ အဖမ်းခံခဲ့ရတာဖြစ်ကာ သတင်းတွေပျံ့နှံသွားခဲ့ပြီး မီဒီယာကြားမှာလည်း အငြင်းပွားစရာတွေဖြစ်ခဲ့ပါတယ်။“တရားရုံးက အခုတင်ပဲအာမခံလွှတ်ပေးဖို့ ပြောလိုက်ပါတယ်။ အသနားခံလျှောက်ထားတဲ့ ၃ ယောက်စလုံး မနက်ဖြန်ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ လွတ်လာမှာဖြစ်ပါတယ်”လို့ ခန်းရဲ့သားဖြစ်သူဘက်က ရှေ့နေက မွမ်ဘိုင်းမြို့ရှိ တရားရုံးတစ်ခုအပြင်ဘက်မှာ ပြောသွားပါတယ်။ မွမ်ဘိုင်းကမ်းရိုးတန်းဘက်မှာ ခုတ်မောင်းနေတဲ့ အပျော်စီးသင်္ဘောတစ်စီးကို အောက်တိုဘာ ၂ ရက်နေ့က စီးနင်းရှာဖွေရာမှာ အသက် ၂၃ နှစ်အရွယ်ရှိ ရှာရွတ်ခန်းရဲ့သားအကြီးဆုံးဖြစ်သူ အာယန်ခန်းအပါအဝင် လူအများအပြားအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ဆေးခြောက်ရှာဖွေရေးအဖွဲ (NCB) ဖက်ဒရယ်အေဂျင်စီက စီးနင်းဝင်ရောက်ခဲ့တာဖြစ်ပြီး အာယန်ခန်းဟာ ဆေးသုံးစွဲသလို ဖြန့်ဝေသူလည်းဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။အာယန်ခန်းကတော့ ရှေ့နေတွေကတဆင့် စွပ်စွဲချက်တွေကို ငြင်းလိုက်ပြီး စီးနင်းရှာဖွေစဉ်က … Read more