နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး ပိဋကတ်တစ်ပုံ အာဂုဏ်ဆောင်နိုင်ခဲ့တဲ့ အမျိုးသမီး
နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး ပိဋကတ်တစ်ပုံ အာဂုဏ်ဆောင်နိုင်ခဲ့တဲ့ အမျိုးသမီး ၅၂ကြိမ်မြောက် အဘိဓမ္မစာတော်ပြန်ပွဲ ဘွဲ့နှင်းသဘင်ဟာ ထူးခြားမှုတွေနဲ့ ပြည့်နက်နေတာပါ။နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဦးဆုံး ပိဋကတ် တစ်ပုံဆောင် အမျိုးသမီး တစ်ဦး ထွက်ပေါ်လာခဲ့ပါတယ်နော်။ တကယ်တော့ အဘိဓမ္မပိဋကတ်ဟာ ပိဋကတ် ၃ပုံအနက် အကျယ်ဆုံးနဲ့ အခက်ဆုံးလို့ ပြောလို့ရတာပါ။အထူးသဖြင့်တော့ အာဂုံထက် သဘောရေးဖြေ စားမေးပွဲတွေဟာ ဉာဏ် သက်ဝင်ဖို့ အလွန်ခက်ပါတယ်နော်။အဘိဓမ္မာ အထက်ပိုင်းဖြစ်တဲ့ ယမိုက် ပဋ္ဌာန်းတွေမှာ သာ၍ ခက်ခဲတာပါ။အဘိဓမ္မာ ရကျမ်း၊ စာအုပ်ရေ ၁၂အုပ်၊ စာမျက်နှာပေါင်း ၄၉၈ရကို အာဂုံလည်းအလွတ်ရွတ်ဖတ်နိုင်ဖို့ လိုသလို၊ သဘောရေးဖြေ ကိုလည်း ကောင်းစွာ ဖြေဆိုနိုင်ဖို့ လိုပါတယ်နော်။လူပုဂ္ဂိုလ်များအဖို့ ဒါကို ဖြေခွင့်မရမီ အခြေခံ အဆင့်ကို … Read more