ဝမ်းပျက် ဝမ်းလျှော လွန်လျှင်

ဝမ်းပျက် ဝမ်းလျှော လွန်လျှင် (၁) ဝမ်းပျက်၊ ဝမ်းလျှောခြင်းဆိုသည်မှာ အရည်ဝမ်းသွားခြင်း၊ ဝမ်းသွားအကြိမ်နှင့် ဝမ်းပမာဏများခြင်းကို ဝမ်းပျက်၊ ဝမ်းလျှောခြင်းဟု ခေါ်ဆိုပါသည်။ ဝမ်း၏ အရောင်နှင့် အနံ့လည်းပြောင်းလဲတတ်ပါသည်။ဝမ်းပျက်၊ ဝမ်းလျှောခြင်း (၂) မျိုးရှိပါသည်။ ရုတ်တရက်ချက်ချင်းနှင့် နာတာရှည်တို့ဖြစ်ပါသည်။ ဝမ်းပျက်၊ ဝမ်းလျှောခြင်းသည် ချက်ချင်းဖြစ်၍ (၃)ရက်၊ (၄)ရက်အတွင်း ပျောက်သွားပါက ရုတ်တရက်ချက်ချင်း ဝမ်းပျက်၊ ဝမ်းလျှောဟု ခေါ်ဆိုပြီး၊ လပေါင်းများစွာ နှစ်နှင့်ချီပြီးဖြစ်လာပါက နာတာရှည် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဟုခေါ်ဆိုပါသည်။ (၂) ဝမ်းပျက်၊ ဝမ်းလျှောဖြစ်စေသော အကြောင်းအရင်း ဝမ်းပျက်၊ ဝမ်းလျှောခြင်းသည် အစာအိမ်အူလမ်းကြောင်းအတွင်းရှိ အရည်များ ပုံမှန်အလုပ်မလုပ်သောအခါတွင် အစာအိမ် အူလမ်းကြောင်းသည် အရည်ဓာတ်များကို များစွာထုတ်၍ ကိုယ်ခန္ဓာအတွင်းသို့ ပြန်လည်စုပ်ယူမှုနည်းသောအခါတွင် ဖြစ်တတ်ပါသည်။ ဘက်တီးရီးယား ဗိုင်းရပ်(စ်)ပိုးများနှင့် သန်ကောင်များကြောင့် အစာအိမ် … Read more

ကိုယ်ဝန်ကြီးနဲ့ ကိုဗစ်ကူးစက်ခံထားရပေမယ့် အံတုပြီးရင်ဆိုင်နေတဲ့ သူမရဲ့လက်ရှိအခြေအနေတွေကို ပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

ကိုယ်ဝန်ကြီးနဲ့ ကိုဗစ်ကူးစက်ခံထားရပေမယ့် အံတုပြီးရင်ဆိုင်နေတဲ့ သူမရဲ့လက်ရှိအခြေအနေတွေကို ပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ် နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပြည်သူတွေနဲ့အတူ ဖေဖော်ဝါရီလအစပိုင်းကတည်းက လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လှူဒါန်းမှုတွေကိုလည်း တတ်နိုင်သလောက်ပြုလုပ်ပြီး ဖေးမကူညီကာ အားလုံးနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ဟာ ယခုလက်ရှိအချိန်မှာဒုတိယမြောက်ကိုယ်၀န်ဆောင်ထားရတာလည်းဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ကိုဗစ်ကူး စက်ခံခဲ့ရတယ်လို့သိရပါတယ်။ ကိုယ်၀န်ဆောင်ထားရချိန်မှာ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့အတွက် ပရိသတ်တွေကလည်း သူမအတွက်စိတ်ပူနေကြသလို မိသားစုမိတ်ဆွေတွေကလည်း စိုးရိမ်ပူပန်နေကြတာပါ…… အခုလို ကိုယ်၀န်ကြီးနဲ့ကိုဗစ်ကူးစက်ခံထားရပေမယ့်လည်း နှိုင်းယှဉ်မြင့်မိုရ်ဟာ ရောဂါကိုအံတုရင်ဆိုင်ရင်း သူမကျော်ဖြတ်ခဲ့ပုံလေးကို ပရိသတ်တွေအတွက် မျှဝေလာခဲ့ပါတယ်။ “ဒီရောဂါ အကြောင်း ကိုယ်တစ်ကိုယ်စာ ခံစားလို့ရသလောက် ပြောပြပေးမယ်ရှင့်….ကိုယ်ဝန် ကြီးနဲ့မို့ ဖစ်တာသိချင်နေလို့တဲ့…..ကျွန်မ ရောဂါပျောက်ခါနီးမှ ကိုဗစ်ဖစ်နေတာသိတာ 😁 ကျွန်မလွန်ခဲ့တဲ့ 10ရက်လောက်ထဲက ခါးတွေ လက်တွေ ပေါင်တွေ ခြေသလုံးတွေ နာတာနာတာဆိုတာအားလုံးက ကိုယ်ဝန်ဆိပ်တက်နေ တာလို့ပဲ ပြောကြတယ်ကျွန်မလည်းအဲ့လိုပဲထင်ခဲ့တာ … Read more

ကျောက်ကပ် ရောဂါသည်များရဲ့အသက်ကယ်ဆေး မြက်ကြွပ်ရွက်

ကျောက်ကပ် ရောဂါသည်များရဲ့အသက်ကယ်ဆေး မြက်ကြွပ်ရွက် ၂ဝဝ၈ ခုနှစ်နှောင်းပိုင်းတုန်းက ရင်းနှီးလှတဲ့ မိတ်ဆွေ ဇနီးမောင်နှံ နှစ်ယောက်က ကျွန်တော် (ဘာသာပြန်သူ)ကို ကျန်းမာရေး ဆောင်းပါး များ ဘာသာပြန် လေ့ရှိတာသိကြလို့ သူတို့ရဲ့သမီး စင်ကာပူမှာ အလုပ်လုပ်နေရာက စင်ကာပူ မှာထုတ်ဝေတဲ့ သတင်းစာထဲမှာ အုတ်အော်သောင်းနင်းဖြစ်နေလို့ စိတ်ဝင်စားစရာကောင်းတဲ့ ကျောက်ကပ် ရောဂါသည် တွေ ကျောက်ကပ် ဆေးနေရတာတောင် ဘာမှမဟုတ်တဲ့ မြက်တစ်မျိုးကို ပြုတ်သောက်ရုံနဲ့ ပျောက်ကင်းသွားကြလို့သတင်းစာတိုက်ကို ဖုန်းတွေဆက် ပြီး အဲဒီမြက်ပင်မျိုး ဘယ်မှာရနိုင်သလဲ၊ မျိုးရှာပေးပါ စတဲ့ အကူအညီတောင်းတဲ့ စာတွေ၊ တယ်လီဖုန်းဆက်ကြ အကြောင်းတွေ ရေးသားထားတဲ့ သတင်းဆောင်းပါး အစ အဆုံးပါတဲ့ သတင်းစာဖြတ်ပိုင်းကို ကျွန်တော့် ဆီ ပေးခဲ့ပါ တယ်။ မြက်ပင်ကို တရုတ်လို ‘ခွေကျူချောင်’လို့ခေါ်ပြီး … Read more

ဂျာမဏီနိုင်ငံမှလက်တွေ့ အသုံးဝင် နေသောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများကိုသက်သာစေတဲ့သဘာဝဆေးနည်း

ဂျာမဏီနိုင်ငံမှလက်တွေ့ အသုံးဝင် နေသောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများကိုသက်သာစေတဲ့သဘာဝဆေးနည်း ပိတ်ဆို့နေသော သွေးလွတ်ကြောများ၊သွေးအတွင်းရှိ အဆီများ၊ အသက်ရှုလမ်းကြောင်း ကူးစက်ရောဂါများနှင့်အအေးမိခြင်းတို့ကို ပျောက်ကင်းသက်သာစေရန်စေရန်အတွက် သဘာဝ အသီးအနှံများကို အသုံးပြု၍ သောက်သုံးခြင်း ဖြစ်ပါတယ်။ ယင်းနည်းကို ဂျာမဏီနိုင်ငံတွင် လက်ခံသုံးစွဲကြတယ်လို့ ဆိုပါတယ်။ မိမိအနီးနားတွင်ရှိသော နေ့စဉ်ထိတွေ့နေရသည့်အစားအသောက် ၃မျိုးကို ရောစပ်လိုက်ခြင်းဖြင့် ကျန်းမာရေးအတွက် အလွန်တန်ဖိုးရှိတဲ့ အရာဖြစ်လာပါတယ်။ အဲဒီဖျော်ရည်မှာ လူအများသိထားပြီးဖြစ်တဲ့ သံပရိုသီး၊ချင်း(ဂျင်း)၊ ကြက်သွန်ဖြူနှင့်ရေ တို့ပဲဖြစ်ပါတယ်။ ဒီသဘာဝ ဆေးဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ ထူးခြား စုံလင် များပြားလှပါတယ်။ အထူးအလေးပေး သုံးစွဲနိုင်တာကတော့ သွေးလွတ်ကြောများ ဆို့ပိတ်ခြင်းကို ကာကွယ်ခြင်းနှင့်ကုသခြင်းတို့မှာ အသုံးပြုနိုင်သည်။ ထို့ပြင် အသက်ရှုလမ်းကြောင်း ဆိုင်ရာကူးဆက်မှုများနှင့် အအေးပတ်ခြင်းများကို ကုသခြင်းနှင့်ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း၊အသဲနှင် အသဲအင်ဇိုင်းများ တိုးတက်ကောင်းမွန် သန့်ရှင်းအောင် ပြုလုပ်ပေးရာတွင် … Read more

နောက် ၂၄နာရီအတွင်း လေ မိုး လျှပ်စီးမိုးကြိုး အန္တရယ် ရှိပါတယ်

နောက် ၂၄နာရီအတွင်း လေ မိုး လျှပ်စီးမိုးကြိုး အန္တရယ် ရှိပါတယ် နောက် ၂၄နာရီအတွင်း ချောက် ညောင်ဦးငါ့သရောက် ပုဂံ ပခုက္ကူ မြင်းခြံ ရေစကြို မြစ်ခြေ ပေါက် မြိုင် မြောင် ပုလဲ ယင်းမာပင် ဆားလင်းကြီး မုံရွာ မြင်းမူ ငါန်းဇွန် စစ်ကိုင်း အင်းဝ အမရပူရ တံတားဦး ကျောက်ဆည် စဉ့်ကိုင် မြစ်သား နွားထိုးကြီး တောင်သာ ပန်းအိုင် မိုးရွာနိုင်ပါတယ် နောက် ၄၈နာရီအတွင်း မန္တလေးတိုင်း မကွေးတိုင်း မြောက်ပိုင်း စစ်ကိုင်းတိုင်း မိုးတွေရွာနိုင်ပါတယ် ထိန်တော မိုးညို ကနောင် ကြံခင်း မြန်အောင် ထူးကြီ ဖြူး ပဲနွယ်ကုန်း ကျောက်တံခါး ညောင်လေးပင် ရွှေကျင် မဒေါက် … Read more

ကိုဗစ် ကာလ ကိုယ်ခံအားတက်စေပြီး ကုန်ကျစရိတ် သက်သာစေမယ့် အစားအစာများ

ကိုဗစ် ကာလ ကိုယ်ခံအားတက်စေပြီး ကုန်ကျစရိတ် သက်သာစေမယ့် အစားအစာများ (၁) ထမင်း၊ ဆီ၊ ပဲပြုတ် (၁၀ သားလောက် ကို မိသားစု ၃ ယောက် လောက်မျှစားရင် အသားဓါတ်လဲ အတော်အသင့်ရပြီး၊ ကုန်ကျစရိတ်သက်သာစေပါတယ်) (၂) ထမင်းဆီဆမ်း၊ ကြက်ဥကြော် (၃) ထမင်းဆီဆမ်း၊ မြေပဲလှော် (၄) ပေါင်မုန့်၊ ကြက်ဥ (၅) နွားနို့ နှင့် ပေါင်မုန့် (၆) ပဲပြုတ်၊ ကောက်ညှင်းပေါင်း (၇) ပဲဟင်း၊ ထမင်းဆီဆမ်း အခု ကျွန်တော်ပြောပြထားတာ ဥပမာ သာ ဖြစ်ပါတယ်။ ဆိုလိုတာက ရောဂါကာကွယ်ဖို့ အတွက် လက်ဆေး၊ mask တပ်၊ လူစုလူဝေး ရှောင်ဖို့ လိုသလို၊ အာဟာရပြည့်အောင် စားဖို့ … Read more

ဒါနပြုလုပ်ရာ၌ ဒါနပျက်စီးလျှင် အပြစ်ရှိပါသလား

ဒါနပြုလုပ်ရာ၌ ဒါနပျက်စီးလျှင် အပြစ်ရှိပါသလား ဒါနပြုလုပ်ရာ၌ ဒါနပျက်စီးလျှင် အပြစ်ရှိပါသလား။ သီလကို မပျက်အောင် ထိန်းသိမ်းရသလိုဒါနကိုလည်းမည်ကဲ့သို့ ထိန်းသိမ်းရမည်၊ ပျက်လျှင် မည်သို့အပြစ်ရှိသည်ဆိုသည်ကို သိလိုပါ၍ ဖြေကြားပေးတော်မူပါဘုရား။(ဖြေ) ဒါနသည် ဝတ္ထုဒါန၊ စေတနာဒါန ဟူ၍ ရှိရာတွင် ဝတ္ထုဒါနမှာ ပျက်စီးမှုမရှိသော်လည်း “စေတနာဒါန”မှာ ပျက်စီးတတ်ပါသည်။စေတနာသည် “ပုဗ္ဗစတနာ၊ မုဥ္စစေတနာ၊ အပရစေတနာ”ဟူ၍ သုံးမျိုးရှိရာတွင် တခုခုပျက်စီးလျှင် အပြစ်ရှိပုံကို ဖော်ပြလတံ့ ။မဃဒေဝလင်္ကာပုဒ်ဖြင့် သိသာပါ၍အကျယ်မရေးတော့ဘဲထိုလင်္ကာပုဒ်ကို မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။အဓိပ္ပါယ် ရှင်းပြစရာမလိုအောင် ထင်ရှားလှပါသည်။ဒါနဟူသည်၊ ပြုအံ့ရည်သော်၊ မလည်မသုန်၊ သဒ္ဓါဟုန်ဖြင့်၊ မတုန်မလှုပ်၊ ထိန်းအုပ်မစ္ဆေ၊ မတွန့်စေနှင့်၊လှူထွေရှေ့ဖို့၊ ဉာဏ်မဲ့ချို့၍၊ တွန့်တိုတုံက၊ ပထမရွယ်၊ နောင်ခါဝယ်၌၊ နွမ်းနယ်ချမ်းသာ၊ ဆိုးရုပ်ဝါနှင့်၊ မဟာကုသ၊ ပဥ္စပါပီ၊ မဟေသီသို့၊ ယက္ခီယက္ခ၊ တူတမျှဖြင့်၊ရုပလက္ခဏာ၊ ပျက်တတ်စွာ၏။(ပုဗ္ဗစေတနာ ပျက်မှု)●နောက်မှာတွန့်ငြား၊ … Read more

ဂဏန်းတွေကို သေချာရွေးချယ်စားသင့်ကြောင်း ကျွမ်းကျင်သူတွေပြော

ဂဏန်းတွေကို သေချာရွေးချယ်စားသင့်ကြောင်း ကျွမ်းကျင်သူတွေပြော မိသားစုညစာစားပွဲအတွက်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုပြီး ထမင်းဟင်းချက်စားဖို့အတွက်ပဲဖြစ်ဖြစ် လိုအပ်တဲ့ ဟင်းခတ်ပစ္စည်းတွေ၊ ဟင်းချက်စရာတွေကိုဝယ်တဲ့နေရာမှာ အလျင်အမြန်မဝယ်ပဲ သတိထားပြီးဝယ်သင့်ပါတယ်။ ဘာလို့ဆို ဘယ်ပစ္စည်းပဲဖြစ်ဖြစ် အလျင်အမြန်ဝယ်ရင် အမှားပါနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ဒီနေရာမှာပြောပြချင်တာကတော့ အလျင်အမြန်ဝယ်ပြီး ချက်စားလို့မသင့်တဲ့ထဲမှာ ပင်လယ်စာတွေလည်း ပါတယ်ဆိုတာကိုပြောပြချင်လို့ပဲဖြစ်ပါတယ်။ အရသာရှိတဲ့ပင်လယ်စာတွေမှာလည်း စားသုံးဖို့မသင့်တဲ့ အရာတွေရှိ ပါတယ်။ ဘာလို့ဆိုအဆိပ်ရှိလို့ပဲဖြစ်ပါတယ်။ အထူးသတိထားပြီး ဝယ်ယူစားသောက်သင့်တဲ့ပင်လယ်စာကတော့ ဂဏန်းပဲဖြစ်ပါတယ်။ တစ်ချို့ဂဏန်းတွေဟာ လူတွေစားသုံးလို့မသင့်တဲ့ အဆိပ်ပြင်းတဲ့ဂဏန်းတွေ ဖြစ်နေလို့ပဲဖြစ်ပါတယ်။ ဂဏန်းဆိုလို့ ဂဏန်းတိုင်းတော့ မဆိုလိုပါဘူး။ ဒီလိုအဆိပ်ပြင်းတဲ့ဂဏန်းကိုမှားယွင်းပြီးဝယ်မိလို့ သေဘေးကနေ သီသီလေးလွတ်သွားခဲ့တဲ့ ထိုင်ဝမ်အမျိုးသား တစ်ဦးရဲ့အဖြစ်ကတော့ လူတိုင်းသတိထားမိစရာဖြစ်သွားခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ မိသားစုညစာစားပွဲ အတွက် လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ဖို့ဈေးကိုလာရင်း ငါးဈေးတန်းထဲက ဂဏန်း(၂)ကောင်ကိုဝယ်ပြီး အိမ်ပြန်လာခဲ့ ပါတယ်။ဒါပေမယ့် သူဝယ်လာတဲ့ဂဏန်းတွေနဲ့ပုံမှန်ဂဏန်းတွေနဲ့မတူ ထူးခြားတဲ့ ပုံစံရှိတာကြောင့် ပင်လယ်စာထောက်ပံ့ရေးလုပ်ငန်းမှာ အလုပ်လုပ်ကိုင်လျက်ရှိတဲ့ သူငယ်ချင်းဖြစ်သူတွေ … Read more

ကိုယ်ခန္ဓာ ကျန်းမာဖို့ ပြုလုပ်သင့်သည့် ဆားရေစိမ်နည်း အမျိူးမျိူး

ကိုယ်ခန္ဓာ ကျန်းမာဖို့ ပြုလုပ်သင့်သည့် ဆားရေစိမ်နည်း အမျိူးမျိူး ဆားရေစိမ်ခြင်း ဆိုသည်မှာ တင်ပါးနှင့်ပေါင်များကို ရေနွေးနွေးတွင် စိမ်ခြင်းဖြစ်ပြီး ကိုယ်ခန္ဓာအောက်ပိုင်းရှိ ညောင်းညာခြင်း၊ကိုက်ခဲခြင်း၊မအီမသာဖြစ်ခြင်းတို့ကို သက်သာစေသော နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ဘေးထွက်ဆိုးကျိူးမရှိပဲ အိမ် မှာအလွယ်တကူပြုလုပ်နိုင်တဲ့နည်းဖြစ်လို့ ဆရာဝန်များကိုယ်တိုင် ညွန်ကြားလေ့ရှိပါတယ်။ (၁)မူလလက်ဟောင်း ဆားရည်စိမ်ခြင်း ဆားသည် သဘာဝ ပိုးသတ်အာနိသင်ရှိတဲ့အပြင် အနာများကို ကျက်စေသောအစွမ်းရှိပါတယ်။ဆားရည်စိမ်ခြင်းကို ဖန်ရည်စိမ်ခြင်းလို့လည်းခေါ်ကြပြီး လိပ်ခေါင်းရောဂါရှိသူတို့အတွက်လည်း အလွန်အသုံးဝင်သောနည်းဖြစ်ပါတယ်။ သင်ခံနိုင်သလောက် အပူရှိသည့် ရေနွေးတစ်ဇလုံစာတွင် ဆားကို ခွက်တစ်ခုရဲ့ လေးပုံတစ်ပုံပမာဏခန့်ထည့်ပါ။ထိုဇလုံထဲတွင် နာရီဝက်ခန့်ထိုင်ပေးဖို့လိုပါတယ်။အနည်းဆုံး၁၅မိနစ်ကြာ ထိုင်မှသာ နာကျင်ကိုက်ခဲခြင်းများ ပြေလျော့မှာ ဖြစ်ပါတယ်။ (၂)မုန့်ဖုတ်ဆိုဒါ ပိုးသတ်အာနိသင်ပါတာမို့ အနာများကျက်အောင် အသုံးပြုနိုင်ပါတယ်။ရေနွေးဇလုံထဲသို့ မုန့်ဖုတ်ဆိုဒါ ၅ဇွန်းထည့်ပါ။ဆိုဒါပျော်သည်အထိ မွှေပေးပါ။ထိုဇလုံထဲသို့ ရေများအေးလာသည်အထိ ဆားရည်ထိုင်ပေးပါ (၃)ပန်းပေါင်းစုံ ဆားရည်စိမ်ခြင်း ပန်းပေါင်းစုံအဆီအနှစ်များကြောင့် စိတ်ကောကိုယ်ပါ အပန်းပြေစေတဲ့အပြင် အနာများကိုလည်း … Read more

ဗန်ဒါစေ့အကြောင်း သိကောင်းစရာ

ဗန်ဒါစေ့အကြောင်း သိကောင်းစရာ မြန်မာပြည်မှာ ဗန်ဒါပင်(ဗန်ဒါသီး)လို့အလွယ်ခေါ်လေ့ရှိတာကြောင့်၊“ဗာဒံပင်” ဆိုတဲ့ သူ့မူလအမည် ပျောက်ကွယ်နေပါတယ်။အင်္ဂလိပ်အမည်ကတော့ Indian Almond ပါတဲ့။ဗာဒံစေ့နဲ့ပတ်သက်ပြီးလူနဲ့တည့်တယ်၊ ကျန်းမာရေးကောင်း တယ်၊ အသားအရေကို ကောင်းစေတယ်စတဲ့အခြေခံ ဗဟုသုတလောက်တော့လူတိုင်းသိကြမှာပါ။ သို့သော် ဗာဒံစေ့နဲ့ပတ်သက်ပြီး၊ ကျန်းမာရေးအကျိုးကျေးဇူးတွေ ဘယ်လောက်တောင်များပြားတယ် ဆိုတာသိနိုင်ကြပါစေရန် မျှဝေရေးသားလိုက်ရပါ တယ်။ဗာဒံပင်ကအကြီးမြန်ပြီး၊အရွက်တွေ ကလည်းတဆင့်ပြီးတဆင့် အတက်မြန်တာကြောင့် မြန်မာနိုင်ငံမှာ အရိပ်ရအပင်အဖြစ် စိုက်ပျိုးလေ့ရှိကြပါတယ်။ အပင်ကိုပေါပေါများများမြင်တွေ့နေရတာရယ်၊ အပင်အောက်မှာ ကလေးငယ်အချို့ကြွေကျလာတဲ့ အသီးကို အုတ်နီခဲအကျိုးဖြင့် ထုခွဲစားနေကြတာရယ်ကြောင့် အရိပ်ရပင်မှရတဲ့အစေ့ရဲ့ကျန်းမာရေးတန်ဖိုးကို သတိမမူမိကြပါ ဘူး။ ယ နေ့နိုင်ငံ တကာမှာတော့ ဗာဒံစေ့နဲ့ ၎င်းမှရတဲ့အဆီကို တန်ဖိုးထားစားသုံးနေကြပါပြီ။ ဗဟုသုတအနေဖြင့် မျှဝေရပါလျှင် ဂရိ နိုင်ငံရဲ့ မင်္ဂလာဆောင်တွေမှာ ဗာဒံစေ့ကို “wedding sweets” အဖြစ်အထူးတလည်ဧည့်ခံနေကြပါတယ်။အီရန်နိုင်ငံမှာ တော့ NewYear ပါတီပွဲတို့လို ထူးထူးခြားခြားနှစ်ပတ်လည် … Read more