အနံ့ပျောက်တဲ့အခါ လူနာတွေကို ပရုတ်ဆီရှူခိုင်းတာမျိုးတွေ မလုပ်မိစေနဲ့နော်(သေချာဖတ်ပေးပါ)

အနံ့ပျောက်တဲ့အခါ လူနာတွေကို ပရုတ်ဆီရှူခိုင်းတာမျိုးတွေ မလုပ်မိစေနဲ့နော်(သေချာဖတ်ပေးပါ) အနံ့ပျောက်သွားတဲ့ လူနာတွေကိုလေ ပရုတ်ဆီ ရှုခိုင်းတာတို့ အနံ့ပြင်းပြင်း ရှူခိုင်းတာတို့ လုပ်ကြတယ် .. အခုဆိုရင် ထုံး နဲ့ လျက်ဆား ဆတူရောရှူလိုက် ပွင့်သွားမယ် တို့ ဘာတို့ အထိ ပါ လုပ်နေကြတာ တွေ့လို့ စိုးရိမ်လို့ပါ ကိုဗစ် လူနာ အနံ့ပျောက်တာဟာ အနံ့ခံ တဲ့ အာရုံကြော ရောင်ယမ်းနေလို့ပါ .. ဒါဟာ ရောဂါ ရဲ့ သဘာဝပဲ ဖြစ်ပြီး အချိန် တစ်ခု အကြာမှာ အနံ့က သူ့အလိုလို ပြန်ရလာပါလိမ့်မယ် ကိုယ် ရှူလိုက်တဲ့ ပရုတ်ဆီကြောင့် , ထုံးကြောင့် , အပြင်းစား chemical ကြောင့် ပွင့်ထွက်သွားပြီး အနံ့ပြန်ရတာ … Read more

စံပယ်(၉)ရွက် ဝမ်းကိုက်ပြတ်ဆေး

စံပယ်(၉)ရွက် ဝမ်းကိုက်ပြတ်ဆေး ဝမ်​းကိုက်​​ရောဂါဖြစ်​ရသည်​့ အ​ကြောင်​းအရင်​း ဝမ်​းကိုက်​​ရောဂါသည်​ များ​သောအားဖြင်​့ ပတ်​ဝန်​းကျင်​မသန်​့ရှင်​းမှု​ကြောင်​့ဖြစ်​ရပါသည်​။ထို့​ကြောင်​့ ပတ်​ဝန်​းကို တတ်​နိုင်​သမျှ သန်​့ရှင်​း​အောင်​ ထားရပါမည်​။မသန်​့ရှင်​း​သော​ရေကို ​သောက်​သုံးမိလျှင်​လည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ ​ရေကိုကျိုချက်​ပြီးမှ ​သောက်​သုံးသင်​့ပါသည်။ မသန်​့ရှင်​း​သော ဟင်​းသီးဟင်​းရွက်​များ ချက်​ပြုတ်​စား​သောက်​မိလျှင်​လည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ ဟင်​းသီးဟင်​းရွက်​များကို စင်​ကြယ်​​အောင်​​ဆေးပြီးမှ ချက်​ပြုတ်​ စား​သောက်​သင်​့ပါသည်​။ မသန်​့ရှင်​း​သော အစားအစာများမှလည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ သန်​့ရှင်​းလတ်​ဆတ်​​သော အစားအစာများသာ စားသုံးသင်​့ပါသည်​။တိရစ္ဆာန်​မှရရှိ​သော နို့​ကြောင်​့လည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ ကြိုချက်​ပြီးမှ ​သောက်​သုံးသင်​့ပါသည်​။ တစ်ကိုယ်ရေမသန့်ရှင်းမှုကြောင့်လဲဖြစ်တတ်ပါသည်။ထို့​ကြောင်​့ လက်​ကိုစင်​ကြယ်​​ကောင်​​ဆေးခြင်​း ​ခြေသည်​း လက်​သည်​းများညှပ်​ခြင်​းဖြင်​့ တစ်​ကိုယ်​​ရေသန်​့ရှင်​းမှု ပြုလုပ်​သင်​့ပါသည်​။ ဝမ်​းကိုက်​​ရောဂါ လက္ခဏများ ဝမ်​းသွားရာတွင်​ ဝမ်​းများများမသွားရပဲ ဝမ်​းနဲနဲမျှသာသွားပြီး တစ်​​နေ့လျှင်​ ​ခြောက်​ကြိမ်​မှ ဆယ်​ကြိမ်​အထိ အကျိအချွဲများသွားတတ်​ပါသည်​။ဝမ်​းသွားလျှင်​ ဝမ်​းဗိုက်​ရစ်​ဆွဲပြီးမှ သွားတတ်​ပါသည်​။ တစ်​ခါတစ်​ရံမှာ အဖျားဝင်​လာတတ်​ပါသည်​။​ဆေးကုသမှုမခံယူပါက ​သွေးဝမ်​းသွားသည်​အထိ ဖြစ်​တတ်​ပါသည်​။ဝမ်​းသွားရာတွင်​ အနီ​ရောင်​ … Read more

ခုလိုကိုဗစ်ကာလမှာ အသက်ရှုကြပ်လာပီး အောက်စီဂျင်မရသလို ဖြစ်ပါက ပင်စိမ်းပင်ကိုအသုံးပြုပါ

ခုလိုကိုဗစ်ကာလမှာ အသက်ရှုကြပ်လာပီး အောက်စီဂျင်မရသလို ဖြစ်ပါက ပင်စိမ်းပင်ကိုအသုံးပြုပါ ရုတ်တရက် အသက်ရှုကြပ်လာပြီးအောက်စီဂျင်လဲ မရခဲ့သေးရင်ပင်စိမ်းရွက်ကိုထောင်းပြီး အရည်ကိုဆားခတ်ပြီးသောက်ပါ။ပင်စိမ်းပင်က နာရီပေါင်း၂ဝကြာအောင် အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးနိုင်ပါတယ်။ ပင်စိမ်းပင် အိမ်မှာစိုက်ပျိုးသင့်သော အကြောင်းရင်း 1. ပင်စိမ်း အရွက်ကိုနေတိုင်းစားပေးခြင်းအားဖြင့် အူလမ်းကြောင်း ဝမ်းဗိုက်နှင့် ပါးစပ်တွင်ဖြစ်တက်သောရောဂါများ ကင်းဝေးပြီး အစာခြေစနစ်ကိုကောင်းမွန်စေပါသည် ။ 2. ပင်စိမ်း အရွက်ကို ရေထဲတွင်စိမ်ပြီး နေတိုင်းသောက်လာပါက ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်။ 3. ပင်စိမ်း အရွက်ကို ပထမရက် ရေချိုးမည့်ရေတွင် စိမ်ထားပြီး နောက်နေ့ရေချိုးပါက ချွေးအနံ့ မထွက်အောင်ကာကွယ်ပေးသည်။ 4. ပင်စိမ်း အရွက်ကို သံပုရာရည်ရော၍ ကြိတ်ပြီး အရေပြားပေါ်တွင်လိမ်းပေးပါက အရေပြားရောဂါများဖြစ်သောဝဲ နှင်းခူ နှင့် ယားနာများပျောက်ကင်းသည် ။ 5. ပင်စိမ်းစေ့ကို ကောင်းစွာကြိတ်ပြီးစားပေးလျှင် … Read more

ဝက်ခြံအမာရွတ်နဲ့ အမဲစက်တွေကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းများ

ဝက်ခြံအမာရွတ်နဲ့ အမဲစက်တွေကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းများ ကိန်းဂဏန်း အချက်အလက်တွေအရ ကမ္ဘာ့လူဦးရေရဲ့ ၉၅ % မှာ ဝက်ခြံပေါက်ကြပါတယ်။ ဝက်ခြံနဲ့ အမဲစက်တွေက စားသောက်ပုံမှားခြင်း၊ အသားအရေထိန်းသိမ်းတဲ့ပစ္စည်း မှားယွင်းစွာသုံးစွဲခြင်း စတဲ့အကြောင်းရင်းများကြောင့် ဖြစ်ပါတယ်။ ဓာတုပစ္စည်းတွေ မသုံးဘဲ သဘာဝနည်းနဲ့ ဝက်ခြံအမာရွတ်တွေ၊ အမဲစက်တွေ ပျောက်ကင်းအောင်လုပ်နိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ၇။ မျက်ကွင်းညိုခြင်းအတွက် နနွင်းနှင့် နာနတ်သီးဖျော်ရည် နနွင်းက မျက်ကွင်းညိုခြင်းကို ပျောက်ကင်းစေပါတယ်။ နနွင်းကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ နာနတ်သီးဖျော်ရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရော၍မွှေပါ။ မွှေထားတဲ့ အနှစ်ကို မျက်လုံးတစ်ဝိုက်မှာလိမ်းပြီး ၁၀ မိနစ် ကြာအောင်ထားပါ။ ၁၀ မိနစ် ကြာရင် နူးညံ့တဲ့အဝတ်စလေးနဲ့ သုတ်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးကို … Read more

မလိုအပ်ဘဲ အောက်စီဂျင်တွေမကုန်ရအောင် အောက်စီဂျင်ကို ဘယ်လောက်ပေးရမလဲဆိုတာ အလွယ်နည်း

မလိုအပ်ဘဲ အောက်စီဂျင်တွေမကုန်ရအောင် အောက်စီဂျင်ကို ဘယ်လောက်ပေးရမလဲဆိုတာ အလွယ်နည်း အောက်စီဂျင်ကို ဘယ်လောက်ပေးရမလဲဆိုတာ အလွယ်နည်း တွက်ဖို့ကPulse Oximeter မှာပေါ်တဲ့ဂဏာန်းကို 94 ထဲကနှုတ် ပြီးရင် 4 နဲ့စား၊ ရလာတဲ့ ရလဒ်အတိုင်း ဒိုင်ခွက်မှာချိန်ပေး.. (အကြွင်း0ဆိုရင်)ရလာတဲ့ရလဒ်ကို 1ထည့်ပေါင်းပြီး ဒိုင်ခွက်မှာချိန်ပေး (အကြွင်းရှိခဲ့ရင်) ဥပမာတွက်ပြမယ်.. Pulse Oximeter မှာ 84 ဖြစ်နေရင် 94-84=10 10 ကို 4နဲ့စားရင် ရလဒ်က 2 အကြွင်းရှိတာမို့လို့ ရလဒ်ကို 1 ပေါင်းရင် 3 လူနာကို Oxygen 3L/min နဲ့ပေးရမယ် ဒိုင်ခွက်မှာ 3 အထိရောက်အောင် ဖွင့်.. Pulse Oximeterမှာ 70 ဖြစ်နေရင် 94-70= 24 24ကို4နဲ့စားရင် … Read more

အောက်ဆီဂျင်ထုတ်စက်ရုံ အမြန်ဆုံးဆောက်လုပ်လှူဒါန်းမယ့် အကယ်ဒမီ နန္ဒာလှိုင်

အောက်ဆီဂျင်ထုတ်စက်ရုံ အမြန်ဆုံးဆောက်လုပ်လှူဒါန်းမယ့် အကယ်ဒမီ နန္ဒာလှိုင် အောက်ဆီဂျင် ထုတ်ပေးမယ့် စက်ရုံဆောက်ပြီး အမြန်ဆုံး လှုဖို့ စီစဉ်နေတဲ့ အကယ်ဒမီ နန္ဒာလှိုင် ဇူလိုင် ၉ရက် ပြည်သူများ အရေးတကြီးလိုအပ်နေတဲ့ အောက်ဆီဂျင် တွေကို စက်ရုံ ဆောက်ပြီးလှုဖို့ စီစဉ်နေပြီး စက်အဆင်သင့်ရောင်းဖို့ရှိပါက တစ်ပတ်အတွင်းလောက် အမြန်ဆုံး လိုချင်ကြောင်း ဝါရင့်သရုပ်ဆောင် အကယ်ဒမီ နန္ဒာလှိုင် က လူမှု့ကွန်ယက်မှတဆင့် အောက်ပါအတိုင်းရေးသားထားပါတယ် ****Medical Oxygen Plant အသေးတစ်ခု လှူပေးချင်လို့ပါ။ အောက်ဆီဂျင်ထုတ်ပေးတဲ့စက်ရုံတစ်ခု ဆောက်ပေးမလို့ပါ။ ဘယ်သူ့ဆီမှာ စက်က အဆင်သင့် ရောင်းဖို့ရှိပါသလဲ။ ပြည်ပက မှာရင် ကြာမှာစိုးလို့ပါ။ တပတ်အတွင်းလောက်လိုချင်ပါတယ်။***ဟု အကယ်ဒမီ နန္ဒာလှိုင် က ယနေ့ဇူလိုင် ၉ရက် ညနေပိုင်းတွင် ရေးသားခဲ့ခြင်းဖြစ်သည်. ​ဓတ်ပုံ Nandar … Read more

သင့်မျက်လုံး အညောင်းပြေစေမယ့် လေ့ကျင့်ခန်းများ

သင့်မျက်လုံး အညောင်းပြေစေမယ့် လေ့ကျင့်ခန်းများ တီဗီ၊ကွန်ပျူတာနဲ့ စမတ်ဖုန်းများ အသုံးများခြင်းဟာ ကြာလာတာနဲ့အမျှ မျက်စိကိုထိခိုက်လာတာ လူတိုင်းသိကြမှာပါ။ မျက်ရည်ပူကျခြင်း၊မျက်စိယားခြင်း၊ခေါင်းကိုက်ခြင်းတို့ကို ခံစားနေရပြီလာ:?ဒါဆိုရင်တော့ ဖုန်း၊ကွန်ပျူတာအသုံးပြုမှုကို ခေတ္တရပ်ထားရမှာ ဖြစ်ပြီး မျက်စိကြွက်သားများ အညောင်းပြေစေမယ့် လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးရမယ်နော်။ လေ့ကျင့်ခန်း (၁)-အမှောင်ထဲကိုငေးကြည့်ပါ။ -စားပွဲတစ်ခုပေါ်မှာ တံတောင်ဆစ်များကို ထောက်ပါ။ -သင့်မျက်စိ၂ဖက်ကို လက်ဖဝ ါး ဖြင့်အုပ်ပါ။ -စိတ်ကိုလျှော့ချပြီး အမှောင်ထုကိုခံစားပါ။ -မိနစ်အနည်းငယ်ကြာ ထိုအတိုင်းနေပါ။ လေ့ကျင့်ခန်း(၂)- မျက်စိကိုဘယ်ညာကစားခြင်း -မတ်တပ်ရပ်ပါ သို့မဟုတ် မတ်မတ်ထိုင်ပါ။ -ပထမဦးစွာ အရှေ့တည့်တည့်ကို ကြည့်ပါ။ -ထို့နောက် ခေါင်းကို မရွေ့စေပဲ ဘယ်ဘက်ကို စူးစိုက်စွာကြည့်ပါ။ -တဖန် ညာဘက်သို့ စူးစိုက်စွာ ကြည့်ပါ။ -ဘယ်ညာပြောင်းပြီး ၅ကြိမ်ခန့်ကြည့်ပါ။ ၃ကျော့ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်း(၃)-မျက်စိကို အပေါ်အောက်ကစားခြင်း -မတ်တပ်ရပ်ပါ (သို့)မတ်မတ်ထိုင်ပါ။ … Read more

အသား လုံးဝမစားဘဲနေရင် ရက်ပိုင်းအတွင်းမှာ ဒါတွေ ဖြစ်လာလိမ့်မယ်

အသား လုံးဝမစားဘဲနေရင် ရက်ပိုင်းအတွင်းမှာ ဒါတွေ ဖြစ်လာလိမ့်မယ် အသားစားတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အသားဓာတ်နဲ့ ဗီတာမင်တွေ ရနိုင်တဲ့ အပြင် အရသာလည်းကောင်း တာကြောင့် အသားမကြိုက်တဲ့ သူ နည်းပါ တယ်။ အသားစားတာက ခန္ဓာကိုယ် အတွက် ကောင်းတဲ့ အချက်လည်း ရှိသလို၊ ဆိုးတဲ့ အချက်လည်း ရှိပြီး သူများအသက်သေပြီးမှ ရတဲ့ အစားအစာမို့ တချို့တွေ ကလည်း သားသတ် လွတ်စားကြ ပါတယ်။ သင့်အနေနဲ့ ရက်အနည်း ငယ်လောက် အသားမစားဘဲ ဟင်းသီးဟင်းရွက် ကိုပဲ မျှတအောင် စားတဲ့အခါ ဒီကောင်းကျိုးတွေကို ရပါ လိမ့်မယ်။ (၁) ဝိတ်ကျသွားမယ်။ အသားစားခြင်းက ခန္ဓာကိုယ်ကို ဖွံ့ဖြိုးစေ တာကြောင့် ကလေးတွေကို များများကျွေး သင့်ပြီး … Read more

အောက်ဆီဂျင်ဝယ်မရရင် အလှမွေးငါးကန်သုံး အောက်ဆီဂျင်စက်များကို အရေးပေါ်အသုံးပြုနည်း

အောက်ဆီဂျင်ဝယ်မရရင် အလှမွေးငါးကန်သုံး အောက်ဆီဂျင်စက်များကို အရေးပေါ်အသုံးပြုနည်း အောက်ဆီဂျင်အိုးဝယ်မရရင်စိတ်မပူကြပါနဲ့ ငါးမွေးကန်ထဲ ထည့်တဲ့အောက်စီဂျင်စက် ၂ လုံးဝယ်ထားပါ အဲဒီစက်မှာ ပိုက်လေးတချောင်းပါတယ် ရေသန့်သမားပို့တဲ့ ရေသန့်ဘူးကြီးကိုရေ ၃ ပုံ ၂ ပုံ ထည့် ပြီးအဖုံးပြန်ပိတ်လိုက်ပါ အဖုံး မှာ အပေါက် သုံးပေါက်ဖောက်ဖို့အတွက်သံချောင်းကို မီးကင်ပြီး အဖုံးကို ထိုးလိုက်ရင်ကော်အဖုံးမှာ အပေါက် ၃ ပေါက် ရမယ် အပေါက်၂ ပေါက်ကနေ ငါးကန်သုံးအောက်ဆီဂျင်စက် ပိုက်၂ချောင်းကို ရေသန့်ဘူးရေထဲနှစ်ချလိုက်ပြီးစက်ကလေးကိုပလက်ထိုးပြီးဖွင့်လိုက်တဲ့အခါရေသန့်ဘူးရေထဲမှာ ငါးကန်ထဲကလို ပလုံတွေစီပြီး အောက်စီဂျင် ပလုံစီလေးတွေ ထနေလိမ့်မယ် အဲ့ဒီ အဆင့်ဘာမှ မခက်ခဲပါဘူးအဖုံးမှာလွတ်နေတဲ့ကျန်တပေါက်မှာနောက်ထပ်ပိုက်အလွတ်တချောင်းထည့်လိုက်ပါအဲ့ဒီ ပိုက်ကို ရေထဲထိ မနှစ် နဲ့လေ ထဲမှာပဲ ထားလိုက်ပါ ပြီးရင် ကော်အဖုံး က ပိုက်သုံးပိုက် ဘေးကို လေမထွက်အောင်အတွက်ကော်နဲ့ … Read more

ညအိပ်ခါနီး ခြေထောက်ဆေးပြီးတိုင်းနင်းကျစို့

ညအိပ်ခါနီး ခြေထောက်ဆေးပြီးတိုင်းနင်းကျစို့ ကဲ နင်းကျစို့ဗျာ ငွေလဲမကုန်ဘူး ညအိပ်ခါနီး ခြေထောက်ဆေးပြီးတိုင်းနင်းကျစို့ အုန်းမှုတ်ခွက်နင်းရောဂါကင်း သာမန်ခေါင်းကိုက်၊ ခေါင်းမူး၊နောက်ကျောတက်၊ ခါးနာ၊ခြေထောက်ကိုက်ဖြစ်ရာကနေ တစ်စတစ်စနဲ့ သွေးတိုးရောဂါ၊ လေငန်းရောဂါ၊ မျက်စိမှုန် ပါဝါတိုး၊ မျက်ရိုးကိုက်၊ အကြောတက် စသဖြင့် ရောဂါဟာ ကြီးထွားလာတတ်ကြပါတယ်။ ဒီလို လူတိုင်းအဖြစ်များနေတဲ့ရောဂါများဟာ ပထဝီဓါတ်နှင့် ဝါယောဓါတ်တို့ မညီမျှရာကနေစပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေပါပဲ။ အထက်ပါရောဂါများ မဖြစ်ရလေအောင်၊ ဖြစ်ပြီးသူများလည်း ရောဂါ သက်သာပျောက်ကင်းအောင် အုန်းမှုတ်ခွက်နင်းခြင်းဖြင့် ကာကွယ်နိုင်ကြပါတယ်။ အုန်းမှုတ်ခွက်နင်းခြင်းဟာ ရှေးမြန်မာဆေးကျမ်းများနှင့် ရှေးအိန္ဒိယဆေးနည်း၊ တရုတ်ဆေးနည်းများတွင်လည်း ဖော်ပြထားကြပါတယ်။လက်တွေ့ပျောက်ကင်းသူများလည်း အများအပြားရှိနေပါတယ်။ (၁) ခြေအသင့်နင်းနိုင်မည့် အုန်းမှုတ်ခွက် (၂)ခုကို ပရဆေးဆိုင် သို့မဟုတ် အုန်းသီးဆိုင်တို့မှာ မေးဝယ်ပါ။ (၂) အုန်းမှုတ်ခွက် (၂)ခုကို မှောက်လျှက်ထားပြီး ကိုင်စရာဝါးတန်း သို့မဟုတ် … Read more