မလိုချင်တဲ့ အမွေးအမျှင်တွေကို မနာကျင်ပဲအလွယ်တကူဖယ်ရှားနိုင်မယ့်နည်းလမ်း

မလိုချင်တဲ့ အမွေးအမျှင်တွေကို မနာကျင်ပဲအလွယ်တကူဖယ်ရှားနိုင်မယ့်နည်းလမ်း မုန့်ဖုတ်ဆော်ဒါဆိုတာ မုန့်ပဲဖုတ်နေဖို့အတွက် မဟုတ်ပါဘူး။ အသားရည်ကြည်လင်ဝင်းပချင်သူနဲ့ မလိုချင်တဲ့ အမွှေးမျှင်တွေကိုဖယ်ရှားရာမှာလည်း တကယ်အသုံးဝင်တဲ့ ပစ္စည်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဆိုတော့ မုန့်ဖုတ်ဆော်ဒါကို အမွှေးဖယ်ရှားဖို့ ဘယ်လို သုံးစွဲရမလဲ။ နည်းလမ်းလေးက အရမ်းကိုလွယ်ကူရိုးရှင်းပါတယ်။ ကိုယ်သုံးမယ့် ပမာဏပေါ်မူတည်ပြီး မုန့်ဖုတ်ဆော်ဒါကို ရေနွေးလေးနဲ့ ရောလိုက်ပါ။ ပြီးရင် ရောသမမွှေပြီး ခပ်နွှေးနွှေးအနေထားရောက်ပြီဆိုရင် အမွှေးမျှင်ပေါ် သုတ်လိမ်းလိုက်ပါ။ ၅မိနစ်လောက်ကြာရင် သုတ်လိမ်းထားတဲ့ နေရာအနှံ့မှာ အဖြူခဲတွေကပ်နေပါလိမ့်မယ်။ အဲ့ဒါကို အဝတ်စိုလေးနဲ့ (သို့) wax tissue လေးနဲ့ ဖယ်ရှားလိုက်ပါ။ အမွှေးတွေ ပါသွားပါလိမ့်မယ်။ တစ်ခုသတိထားရမှာက စစလုပ်ချင်းမှာ အမွှေးတွေအားလုံး မပြောင်စင်သွားနိုင်ပါဘူး။ သုံးရက်လောက် ဆက်တိုက်လုပ်ပေးမှ အမွှေးတွေဟာ တဖြည်းဖြည်းပါးလာပြီး ပြောင်ရှင်းသွားမှာဖြစ်ပါတယ်။ အိမ်တွင်းနည်းလမ်းတွေကို အသုံးပြုတဲ့အခါ စိတ်ရှည်ဖို့လိုပါတယ်။ စိတ်ရှည်ရှည်နဲ့ … Read more

အရေးအကြောင်းများကို ပျောက်ကင်းအောင်ကုသနိုင်သည့် အိမ်တွင်းကုထုံးနည်းလမ်းများ

အရေးအကြောင်းများကို ပျောက်ကင်းအောင်ကုသနိုင်သည့် အိမ်တွင်းကုထုံးနည်းလမ်းများ အရေးကြောင်းတွေ ထင်လာတာကြောင့် စိတ်ညစ်နေသူတွေ အတွက် မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ မိမိဘာသာ အိမ်တွင်း ပြုပြင်နိုင်မယ့် အလွယ်နည်းတွေကို ဖော်ပြလိုက်ပါတယ်။ ကြက်ဥအကာ၊ ဘဲဥအကာ ကြက်ဥအကာ၊ ဘဲဥအကာမှာ ဗီတာမင်ဘီအုပ်စု ပါဝင်တာကြောင့် အရေပြားကို တင်းရင်းစေပြီး အရေးကြောင်းကို လျော့ကျစေပါတယ်။ ကြက်ဥ၊ ဘဲဥအကာ နှစ်လုံးကို မွှေပြီး မျက်နှာပြင်ပေါ် လိမ်းကာ မိနစ် ၃၀ လောက် ထားပေးပါ။ ပြီးရင် မျက်နှာကို ရေအေးနဲ့ ဆေးကြောပေးပြီး ခြောက်အောင် သုတ်လိုက်ပါ။ အုန်းဆီ အုန်းဆီဟာ အင်တီအောက်ဆီးဒင့်အဆီ ဖြစ်တာကြောင့် မျက်နှာကို တင်းရင်း နုပျိုစေပါတယ်။ အုန်းဆီ စစ်စစ်ကို ဗီတာမင်အီး အဆီအစက် အနည်းငယ်နဲ့ ရောပြီး အိပ်ရာမဝင်ခင် မျက်နှာပြင်ပေါ် … Read more

လက်ဖက်ကြိုက်တဲ့သူတွေအတွက် လက်ဖက်နှပ်နည်း (၅) မျိုး

လက်ဖက်ကြိုက်တဲ့သူတွေအတွက် လက်ဖက်နှပ်နည်း (၅) မျိုး လက်ဖက်နှပ်နည်း (၅)မျိုး လက်ဖက်ချဉ်စပ်နှပ် လက်ဖက်ကို ရေနဲ့ဖွဖွဆေးပြီး ရေကုန်သွားအောင်အားနဲ့ညှစ်ချပါ ဆား အချို့မှုန့် သံပုရာရည် ကြက်သွန်ဖြူ ငရုတ်သီးစိမ်းညှပ်ထည့်ပြီး နှံအောင်မွှေပါ ပြီးမှဆီထည့်ပြီးစိမ်ပါ လက်ဖက်အညွှန့်နှပ် လက်ဖက်အညွှန့်လေးတွေကို ရေနွေးပူပူထဲစိမ်ပြီး ချက်ချင်းပြန်ဆယ်ကာ ရေဆေးပြီးညှစ်ချထားပါ ဆား ပုစွန်ခြောက်အချိုမှုန့် ဆီထည့်ကာစိမ်ပါ ငရုတ်လက်ဖက်နှပ် ငရုတ်သီးကြက်သွန်ဖြူကို ညက်နေအောင်ကြိတ်ထားပါလက်ဖက်ကို ရေနဲ့ဖွဖွဆေးပြီး ရေကုန်သွားအောင်အားနဲ့ညှစ်ချပါ ဆား အချို့မှုန့် သံပုရာရည် ငရုတ်ထောင်းတို့ကိုထည့်ပြီး နှံအောင်မွှေပါ ပြီးမှဆီထည့်ပြီးစိမ်ပါ လက်ဖက်အညက်နှပ် လက်ဖက်ကိုရေဆေးပြီး ရေစင်အောင်ညှစ်ပြီး ညက်နေအောင်ထောင်းထားပါ ဆား အချိုမှုန့် ဆီပါရုံထည့်ပြီး လုံးထားပါ စားခါနီးလိုသလောက်ထည့်ပြီးသုပ်ပါ လျှာဂျွမ်းပြန်လက်ဖက်အစပ်နှပ် လက်ဖက်ကိုရေဆေးပြီး ရေစင်အောင်ညှစ်ပြီး ညက်နေအောင်ထောင်းထားပါ ငရုတ်သီးကြက်သွန်ဖြူကို ညက်နေအောင်ကြိတ်ထားပါထောင်းထားတာတွေအကုန်ရောပြီး ဆား ဆီ အချိုမှုန့်ရောပြီး အလုံပိတ်ဗူးထဲထည့်နှပ်ပါ … Read more

ဆီးအိမ်ကျောက်တည်အတွက် ဆေးနည်း

ဆီးအိမ်ကျောက်တည်အတွက် ဆေးနည်း ဆီးအိမ်ကျောက်တည်ရောဂါအတွက် အစွမ်းထက်တဲ့ ရိုးရာဆေးနည်းတစ်ခုကို ညွန်ပေးလိုက်ပါတယ်။ ဒီဆေးနည်းကတော့ စင်္ကာပူ၊ မလေးရှား၊ ထိုင်ဝမ်တို့မှာ နေထိုင်ကြတဲ့ တရုတ်လူမျိုးများရဲ့ ရိုးရာဆေးနည်းလို့ ဆိုကြပါတယ်။ အလွန်လွယ်ကူတဲ့ ဆေးနည်းပါ။ Water Hyacinth လို့ခေါ်တဲ့ ဗေဒါပင်ကို ချက်စားရမှာ ဖြစ်ပါတယ်။ ဆေးနည်း (၁) ဗေဒါပင်တစ်ပင်လုံးကို အမြစ်မှ အပွင့်ထိ တစ်ပင်လုံးကို ရေစင်အောင် ဆေးကြောပြီး နှုတ်နှုတ်စင်းပါ။ (၂) အဆီမပါတဲ့ ဝက်သားအနည်းငယ်နဲ့ အချိုချက် ချက်ပါ။ ငရုတ်သီးအစပ် မထည့်ရပါ။ (၃) ဗေဒါဝက်သားအချိုချက်ကို ဟင်းအဖြစ် စားသုံးပါ။ မကြာခဏ ချက်စားပါ။ (၄) ဘီယာသောက်တတ်သူ အမျိုးသားများဆိုရင် ဘီယာနဲ့သောရင် ပိုပြီး ထိရောက်ပါတယ်။ ဆီးကို ရွှင်စေပါတယ်။ ကျောက်ကို ကြေစေပါတယ်။ (၅) … Read more

ညဘက် အချိန်မှန်မအိပ်သူများ တွေ့ကြုံရမည့် ကျန်းမာရေး ဆိုးကျိုးများ

ညဘက် အချိန်မှန်မအိပ်သူများ တွေ့ကြုံရမည့် ကျန်းမာရေး ဆိုးကျိုးများ အိပ်ယာဝင်ချိန် နောက်ကျတာက တကယ်ကို မကောင်းပါဘူး။ လူတစ်ယောက်ရဲ့ အသားအရေလှပမှု၊ ခန္တာကိုယ်ပြည့်ဖြိုးမှု၊ အရပ်ရှည်မှု၊ စိတ်ကြည်လင်မှု စတဲ့ အရာများစွာဟာ ကိုယ့်ရဲ့အိပ်ချိန်နဲ့ အဓိကသက်ဆိုင်ပါတယ်။ အိပ်ချိန် အနည်းဆုံး ၇ နာရီ ရှိမှသာ ကျန်းမာရေးအတွက် သာမက အလှအပအတွက်ပါ အကျိုးရှိမှာပါ။ ဒီနေရာမှာသိထားဖို့က အိပ်ချိန် ၇ နာရီပြည့်ဖို့ဆိုပြီး ည ၁ နာရီအိပ်၊ မနက် ၈ နာရီ ထရင် အလကားပါပဲ။ အိပ်ချိန်တစ်ခုတည်း အရေးပါတာ မဟုတ်ပါဘူး။ အိပ်ယာဝင်ချိန်ဟာလည်း အရေးကြီးပါတယ်။ ည ၁၁ နာရီအိပ်၊ မနက် ၆ နာရီ၊ ၇ နာရီလောက် ထတာဟာသင့်အတွက် အကောင်းဆုံးပါ။ ဒါဆိုည … Read more

အမျိုးသမီးတွေလျစ်လျူရှုမထားသင့်တဲ့ သားအိမ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာရပ်များ

အမျိုးသမီးတွေလျစ်လျူရှုမထားသင့်တဲ့ သားအိမ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာရပ်များ သားအိမ်ကင်ဆာဟာ အရမ်းကြောက်စရာကောင်းပါတယ်။ အစောဆုံးကာလမှာ သိရှိထားမှ ဆေးဝါးကုသမှု အောင်မြင်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သားအိမ်ကင်ဆာ လက္ခဏာရပ်တွေကို လျစ်လျူမရှုသင့်ပါဘူး။ ဝမ်းဗိုက်ဖောင်းခြင်း နဲ့ လေပွခြင်း နောက်ပိုင်းမှာ အစာစားသုံးဖို့ခက်ခဲလာမှာဖြစ်ပါတယ်။ အစားလည်းသိပ်မစားဘဲ အလွယ်တကူဗိုက်ပြည့်နေတာမျိုး လေပွတာမျိုး နေရာတာ သက်သောင့်သက်သာမရှိတာမျိုးဖြစ်တတ်ပါတယ်။ လေပွလို့ ဘောင်းဘီဆိုဒ်ကြီးတွေ ပြောင်းလဲဝတ်ရတာမျိုးဖြစ်နေပြီဆိုရင် လျစ်လျူမရှုသင့်ပါဘူး။ ဗိုက်နာခြင်း အမျိုးသမီးတွေ ဓမ္မတာပုံမမှန် ဆင်းတာကြောင့် ဗိုက်အလွန်အမင်းနာကျင်တာတွေက သားဥအိမ်ကင်ဆာရဲ့ လက္ခဏာရပ်ပဲဖြစ်ပါတယ်။ အစာမကြေတာမျိုး ဂတ်စ်များတာမျိုးခံစားရပြီး အစာအိမ်နာတာမျိုး ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာကြောင့် ဗိုက်နာတာတွေမျိုး မကြာခဏဆိုသလို ဗိုက်နာတာမျိုးဆိုရင် ဆေးစစ်သင့်ပါတယ်။ မကြာခဏ ပုံမမှန်ဆီးသွားခြင်း မကြာခဏဆိုသလို ပုံမမှန်ဆီးသွားတာမျိုးဖြစ်ရင် သားဥအိမ်ကင်ဆာနဲ့ ဆက်စပ်နေပါတယ်။ ရေအများကြီးသောက်လို့မဟုတ်ဘဲ အမြဲတမ်းလိုလို ဆီးသွားချင်တာ မကြာခဏဆိုသလိုပဲ ဆီးသွားတာမျိုးက … Read more

မြန်မာတွေ မသိကြတဲ့ နတ်ပြည်က ပေးသော ရတနာသစ်ပင်

မြန်မာတွေ မသိကြတဲ့ နတ်ပြည်က ပေးသော ရတနာသစ်ပင် မြေအောက်ရေ စုပ်ယူမှုများတဲ့ မလေးရှားပိတောက် တို့ ယူကလစ်ပင်တို့ စိုက်မယ့်အစား ဒီအပင်ကိုစိုက်သင့်တယ်. .”နတ်ပြည်က ပေးတဲ့ရတနာသစ်ပင် ” Tropical Treasures မဂ္ဂဇင်းရဲ့ ၂၀၀၉ ခုနှစ်တုန်းက ညွှန်းထားတဲ့ အပင် နောင်နှစ် နောင်နှစ်တွေမှာ ဒီလောက်မပူရအောင် အခုကတည်းက ကြိုတင်ပြင်ဆင်သင့်ပြီ ….အခုပြောမယ့်အပင်က သခွပ်နီပင်လို့ပဲ ကင်ပွန်းတပ်လိုက်ကြပါစို့။ ဒီအပင်ရဲ့ သိပ္ပံအမည်ကတော့ Muntingia calabura လို့ခေါ်ပြီး မျိုးရင်းကတော့ Muntingiaceae ပါ။ ထိုင်းနိုင်ငံမှာတော့ သခွပ်လို့ခေါ်ပါတယ်။ မြန်မာပြည်မှာ သကြားသီးပင် လို့လည်းခေါ်လေ့ရှိပါတယ်။ အသီးကချိုအီအီအရသာရှိပါတယ်။ ဂျမေကန်ချယ်ရီ၊ စင်္ကာပူချယ်ရီ၊ ပနားမားဘယ်ရီ စသည်ဖြင့် လည်း ခေါ်ကြပြီး အထွားမြန်၊ အရိပ်ရအပင်ဖြစ်ကာ ၂ နှစ်အတွင်း ၁၀ … Read more

ထောင်က လွတ်လာပေမယ့်လည်း လာမကြိုတဲ့အပြင် အိမ်လည်းပြန်မလာခိုင်းတဲ့ လူငယ်လေးတွေရဲ့ ဝမ်းနည်းစရာအဖြစ်

ထောင်က လွတ်လာပေမယ့်လည်း လာမကြိုတဲ့အပြင် အိမ်လည်းပြန်မလာခိုင်းတဲ့ လူငယ်လေးတွေရဲ့ ဝမ်းနည်းစရာအဖြစ် မနေ့က ဆိုရင်တော့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေး သမားတွေ ပြန်လည်လွတ်မြောက်ခဲ့တာကြောင့် ပြည်သူအားလုံးက မိသားစုတွေနဲ့ ထပ်တူ ပျော်ရွှင်ခဲ့ကြရပါတယ် ။ လွှတ်ပေးမယ်ဆိုတဲ့ သတင်းရကတည်းက အင်းစိန်ထောင်အရှေ့မှာ အသီးသီးလာစောင့်ကြတဲ့ မိသားစုဝင်တွေက တစ်စတစ်စ များပြားခဲ့တာဖြစ်ပြီး ညနေစောင်းသည်အထိ မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေကြတာပါ ။ ညပိုင်း ၆ နာရီလောက်မှ ဖမ်းဆီးထားသူတွေကို စတင်လွှတ်ခဲ့ပေးတာကိုလည်းတွေ့ရပါတယ် ။ ကားထဲမှာ ပါသွားတဲ့ သူတွေထဲမှာ ကိုယ့်သူငယ်ချင်း၊ မိသားစုဝင်တွေများပါမလားလို့ နာမည်တွေ အော်ခေါ်ခဲ့ကြတဲ့ မြင်ကွင်းတွေကလည်း တကယ်ကို မျက်ရည်ကျသည်အထိ ပီတိဖြစ်မိတာပါ ။ မိဘတွေဆိုရင်လည်း ကိုယ့်သားသမီးကိုတွေ့လို့ ပွေ့ဖက်ကြတာရှိသလို အဖွားတစ်ယောက်ဆို သူမြေးလေးကို လာစောင့်နေပေမယ့်လည်း လွတ်မြောက်တဲ့ အထဲမပါလာလို့ … Read more

ကြက်ဥလတ်မလတ် သိနိုင်မယ့် အလွယ်စမ်းသပ်နိုင်သည့် နည်းလမ်း ၄ မျိုး

ကြက်ဥလတ်မလတ် သိနိုင်မယ့် အလွယ်စမ်းသပ်နိုင်သည့် နည်းလမ်း ၄ မျိုး ဈေးဝယ်ထွက်တဲ့အခါ ကိုယ်ဝယ်မယ့် ကြက်ဥတွေ လတ်မလတ်နဲ့ ချက်ပြုတ်စားသောက်မယ့် ကြက်ဥတွေ လတ်မလတ် သိနိုင်ဖို့ရန်အတွက် စမ်းသပ်နိုင်မယ့် အလွယ်နည်းလမ်း ၄ မျိုးကို မျှဝေပေးချင်ပါတယ်။ ၁။ ကြက်ဥကို နား အနားမှာကပ်ပြီး လှုပ်ကြည့်ပါ။ ကြက်ဥတစ်လုံးကို ယူပြီး နားအနားမှာ အသာ ဖြေးဖြေးလှုပ်ကြည့်ပါ။ လတ်ဆတ်တဲ့ ကြက်ဥမှန်ရင် ဘာအသံမှ မထွက်ပါဘူး။ အဲလိုမဟုတ်ဘဲ ကြက်ဥထဲကနေ အသံထွက်နေပြီ ဆိုရင်တော့ အဲဒီကြက်ဥဟာ လတ်ဆတ်မှု မရှိတော့ပါဘူး။ ၂။ ရေထဲသို့ထည့်ကြည့်ပါ။ ခွက်တစ်ခု ဒါမှမဟုတ် ဇလုံတစ်လုံးထဲကို ကြက်ဥ မြုပ်ပြီး ၁ လက်မခန့်လောက် ရေအေးထည့်ထားပါ။ ထိုဇလုံထဲသို့ ကြက်ဥများကို ဖြေးညှင်းစွာထည့်ကြည့်ပါ။ လတ်ဆတ်သော ကြက်ဥများသည် … Read more

နှလုံးရောဂါကို ကာကွယ်ပေးတဲ့ သခွားမွှေး

နှလုံးရောဂါကို ကာကွယ်ပေးတဲ့ သခွားမွှေး သခွားမွှေးသီးက နှလုံးရောဂါကို ကာကွယ်ပေးနိုင်တဲ့အပြင် ကင်ဆာရောဂါကိုဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးနိုင်ပါတယ်။ နှလုံးရုတ်တရပ် ဖောက်ခြင်း (Heart Attack) ကို ကာကွယ်ပေးခြင်း သခွားမွှေးအသီးထဲမှာပါဝင်တဲ့ Adenosine ဓာတ်က သွေးကြောတွေ ပိတ်ခြင်း၊ သွေးဆဲလ်တွေ စီးဆင်းမှုကို ရပ်တန့်ခြင်းတို့ကကြောင့် နှလုံးရုတ်တရပ် ဖောက်ခြင်း (Heart Attack) ကို ကာကွယ်ပေးပါတယ်။ ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း တခြား အသီးအနှံတွေလိုပါပဲ သခွားမွှေးမှာ Carotenoids ဓာတ်ပါဝင်တာကြောင့် ကင်ဆာ ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ Carotenoids ပါဝင်မှုများတဲ့ အသီးအနှံတွေ၊ အစားအစာတွေက အထူးသဖြင့် အဆုတ်ကင်ဆာနဲ့ရင်သားကင်ဆာကို ပိုပြီး ကာကွယ်ပေးနိုင်ပါတယ်။ မျက်စိကျန်းမာရေးအတွက် ကောင်းမွန် သခွားမွှေးမှာပါဝင်တဲ့ အာဟာရဓာတ်တွေက မျက်လုံးကို အားကောင်းစေပါတယ်။ သခွားမွှေးမှာ Betakaroten ဓာတ်ပါဝင်တာကြောင့် … Read more