ပိုးမွှားများ၏အဆိပ်ကို ကြက်သွန်ဖြူ၏အစေးဖြင့် ကုသနိုင်

ပိုးမွှားများ၏အဆိပ်ကို ကြက်သွန်ဖြူ၏အစေးဖြင့် ကုသနိုင် ကိုယ်တွေ့ဖြစ်ရပ်တစ်ခုပါ။ မိမိ၏ ၂ နှစ်သားအရွယ် သားလေးကို နေအိမ်ထဲမှာ ပျားတုတ်ခဲ့ပါတယ်။ ဆိုးဆိုးဝါးဝါး အောင်ငိုသံကြောင့် ကြည့်လိုက်တော့ မီးချောင်းအောက်မှာ ပြုတ်ကျနေတဲ့ ပျားတစ်ကောင်ကို သူက တက်နှင်းထားတာကို တွေ့လိုက်ရတယ်။ ချက်ချင်းအတွင်းမှာ အဖေရော အမေပါ ဘာလုပ်လို့ လုပ်ရမှန်း မသိပဲဖြစ်သွားခဲ့ပါတယ်။ (ကိုက်သွားတဲ့ပျား၏ ပုံလေးကိုလည်း ဓါတ်ပုံမှာထည့်ပေးလိုက်ပါတယ်) မီးဖိုချောင်မှာ ဟင်းချက်နေတဲ့ သူ့အမေက ချက်ချင်းပဲ ခေါင်းထဲပေါ်လာတဲ့ ရိုးရာဆေးမြီးတိုနည်းလေးကို သတိရပြီး ကြက်သွန်ဖြူတစ်မွှာကို ငရုတ်ကျီပွေ့ဖြင့် ထုထောင်းလိုက်ပြီး ၄င်းကြက်သွန်ဖြူ၏ အစေးဖြင့် ပျားတုတ်ထားသည့်နေရာကို ပွတ်လိမ်းပေးလိုက်ပါတယ်။ မိနှစ်ပိုင်းခန့်အကြာမှာပဲ ကလေးက အငိုတိတ်သွားပြီး ကြက်သွန်စေး၏ အစွမ်းကြောင့် အဆိပ်များ ပြေပျောက်သွားခဲ့ပြီး ပျားတုတ်ထားသည့်နေရာမှ အသားထဲကို စူး၀င်နေတဲ့ ပျားအစွယ်လည်း သူ့အလိုလို အပြင်ကို … Read more

အရိုးပွရောဂါနှင့်လေဖြတ်ခြင်းကို ကာကွယ်နိုင်သော ငါးလေးအိုးကပ်

အရိုးပွရောဂါနှင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်သော ငါးလေးအိုးကပ် ငါးသေးသေးလေးများ စားသုံးပေးခြင်းဖြင့် အရိုးပွရောဂါ ကာကွယ်နိုင် ဈေးများ၌ ခေါင်းတစ်ရာသားဟု ခေါ်ကြသော ငါးသေးသေးလေးများ ပေါပေါများများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။ ထိုငါးလေးများမှာ အလွန်သေးငယ်သည့် ငါးသလဲထိုး ငါးမျိုးနှင့် ငါးမှုန်လေးခေါ် ငါးသေးသေးလေးများ ဖြစ်သည်။ ရာသီပေါ် ဖြစ်သဖြင့် လတ်ဆတ်ပြီး တစ်ဆယ်ကျပ်သားလျှင် ငါးရာကျပ် ဝန်းကျင်သာ ဈေးရှိသဖြင့် အိမ်ရှင်မများ အတွက်လည်း ဈေးသုံးချွေတာရာ ရောက်သည်။ ခေါင်းတစ်ရာသား ငါးကလေးများကို နံနံပင်၊ ပင်စိမ်းရွက်များအုပ်၍ ငါးလေးအိုးကပ် ချက်စားလျှင် အလွန်နှုတ်မြိန်ပြီး ခံတွင်းတွေ့စေသည်။ ငါးသလဲထိုးလေးများကို ဆန်မှုန့် အနှစ်ဖြင့် အကြော်ပြုလုပ်၍လည်း စားသုံးကြသည်။ ဆီပြန်ဟင်းလည်းချက်၍ စားနိုင်သည်။ ငါးလေးများကို အရိုးပါ ဝါးစားခြင်းဖြင့် အရိုးအဆစ်ကို သန်မာစေနိုင်ပြီး အရိုးကျိုးလွယ် ခြင်းကို … Read more

ကော်ဖီကြိုက်သူတွေတောင် သတိမထားမိနိုင်တဲ့ ကဖင်းဓါတ်နှင့်ကျန်းမာရေး

ကော်ဖီကြိုက်သူတွေတောင် သတိမထားမိနိုင်တဲ့ ကဖင်းဓါတ်နှင့်ကျန်းမာရေး ကော်ဖီမကြိုက်တဲ့သူဆိုတာ ခပ်ရှားရှားပါ။ တစ်ချို့ကျတော့လည်း ကော်ဖီကြိုက်ပေမယ့် ရင်တုန်တာကို မခံစားနိုင်လို့ ဒါမှမဟုတ် ကော်ဖီကို ရှောင်ကို ရှောင်မှဖြစ်မှာမို့ မသောက်ရတဲ့သူတွေလည်း ရှိတာပေါ့လေ။ ကျန်းမာရေးသုတေသီတွေ ရဲ့ စစ်တမ်းကောက်ချက်အရနိုင်ငံ တကာက ကျောင်းသား၊ ကျောင်းသူ အထူးသဖြင့် တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ကော်ဖီကို ပုံမှန်သောက်သုံးလာကြသလို တစ်ချို့ဆို တစ်နေ့ကို သုံး၊ လေးခွက် ထက်ပိုသောက်လာကြတာမို့ သုံးခွက်ထက် ပိုမသောက်ဖို့တောင် တားမြစ်ကြရပါတဲ့။ ကော်ဖီဟာ စိတ်ကိုတက်ကြွလန်းဆန်းစေတယ် ဆိုပေမယ့် ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်အကြောင်းတော့ သင်ရောသင့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းက အသိမိတ်ဆွေတွေပါ သိရှိထားမှာ မဟုတ်တာကြောင့် ခုလို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ကဖင်းဓာတ်ဟာ ကိုယ့်ရဲ့မှတ်ဉာဏ်၊ မှတ်နိုင်စွမ်းအားတစ်ချို့ကို အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ဒါ့ကြောင့် အန်ဇိုင်းမားရောဂါ … Read more

အဆီပိတ်ဆို့ သွေးကြောအတွင်း မကောင်းသောအဆီများ ဖယ်ရှားဖို့ ဖတ်ထားသင့်တယ်နော်

အဆီပိတ်ဆို့ သွေးကြောအတွင်း မကောင်းသောအဆီများ ဖယ်ရှားဖို့ ဖတ်ထားသင့်တယ်နော် သွေးကြောအတွင်း မကောင်းသောအဆီများ ဖယ်ရှားဖို့ နှလုံးသွေးကြော သွေးကြောဆိုင်ရာ အဆီပိတ်ဆို့မူ့ နှင့်ခြေဖျားလက်ဖျား/အေး ထုံကျင်နာများအတွက် ကျွန်တော်တို့ ဆရာကြီးTin Oo (တွင်းထွက်မုဆိုး)မှ လက်တွေ့သက်သာ သက်ရောက်ရာက မျှဝေခဲ့ရာမှ ကျွန်တော်တို့မိသားစုနှင့် နီးစပ်ရာများက ရယူဖေါ်စပ်သောက်သုံးကြရာမှ ရာနုံးပြည့်နီးပါး လက်တွေ့ရလာဒ်ကောင်းများ ရရှိခဲ့သော သဘာဝဆေးနည်းလေးမို့ ယုံကြည်စွာသုံးစွဲနိုင်စေဖို့ ထပ်မံ အသိပေးမျှဝေပါသည် ဆေးလိပ်သောက်သူများ ဆေးလိပ်ကြောင့်သွေးကြောကျဉ်းမူ့ ပြသာနာဖြစ်သောရောဂါ ခြေဖျားလက်ဖျားအေး/ကျဉ် ခြင်း နေရထိုင်ရ မအီမသာဖြစ်ခြင်းအား လက်တွေ့သောက်သုံးကြည့်ပါ လျင်မြန်စွာ သက်သာလာပါသည် ။ ဖေါ်စပ်နည်းမှာ ၁။ ။ ပန်းသီးရှာလကာရည် (တံဆိပ်တူမရနိူင်လျင် ရတာသုံးပါ) ၂။ ။ ရှောက်သီး/သံပုယိုသီး (အရည်ညစ်) ၃။ ။ ကြက်သွန်ဖြူ (ညက်စွာကြိတ်) … Read more

လက်ဖက်နှင့် ကလေးငယ်များ၏ ကျန်းမာရေး

လက်ဖက်နှင့် ကလေးငယ်များ၏ ကျန်းမာရေး အခုတလော ကုန်စုံဆိုင်တွေ၊ ကျောင်းတွေ က မုန့်ဈေးတန်းတွေ မှာ အသင့်စား လက်ဖက်တွေ ရောင်းလာကြပါတယ်။ ကလေးငယ်တွေ ကလည်း အိမ်မှာ ပာင်းမကြိုက်ရင် မချက်ရင် အလွယ်တကူ ဝယ်လို့ရတဲ့ အသင့်စား လက်ဖက်တွေ နဲ့ ထမင်းစားနေတာ ကို တော်တော် များများ လေး တွေ့ လာရပါတယ်။ လက်ဖက် ပာာ မြန်မာလူမျိုးတွေ အတွက်တော့ ရိုးရာအစားအသာ တစ်ခုပါ။ ကလေး လူကြီး ကျားမ မရွေး တော်တော် များများလည်း ကြိုက်ကြပါတယ်။ သို့ပေမယ့် ကလေးငယ် တွေ အတွက်တော့ လက်ဖက် ပာာ မစားသင့်တဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။ အကြောင်းအရင်း ကတော့ လက်ဖက် ပာာ … Read more

တရုတ်လူမျိုးတွေ သုံးစွဲကြတဲ့ ရိုးရာကျောက်ကပ်အားဆေးလေး

တရုတ်လူမျိုးတွေ သုံးစွဲကြတဲ့ ရိုးရာကျောက်ကပ်အားဆေးလေး မသိသူကျော်သွား သိသူဖော်စား ဟိုးတစ်လောက မန္တလေးက မိတ်ဆွေတစ်ယောက်ကပြောပါတယ်။ မြန်မာပြည်မှာ ကျောက်ကပ်ပျက်စီးကြတဲ့သူတွေတစ်နေ့ထက်တစ်နေ့ ပိုပိုများလာပါတယ်တဲ့။ မန္တလေးတစ်မြို့ထဲမှာတင် ကျောက်ကပ်ပျက်စီးသူတွေ အများကြီးပါပဲတဲ့။ တစ်ချို့ဆိုရင် ကျောက်ကပ်က၁၀%လောက်ပဲ အလုပ်လုပ်တော့တဲ့အတွက် မကြာခဏကျောက်ကပ်ဆေးနေရလို့ ပိုက်ဆံအရမ်းကုန်ပါတယ်တဲ့။ ဒါကြောင့်သဘာဝနည်းနဲ့ ကျောက်ကပ်ပြန်လည်ကောင်းမွန်လာစေနိုင်တဲ့ နည်းလမ်းကို အများပြည်သူအကျိုးအတွက် ရှာကြံပြီးဝေမျှပေးပါလို့ တောင်းဆိုလာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ကျွန်တော့်အမျိုးသမီးနဲ့ ပတ်သက်ပြီး တရုတ်ဆရာဝန်မကြီးတစ်ယောက်နဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ သူဟာတရုတ်ပြည်မှာ နာမည်ကြီးစာရင်းဝင် ဆရာဝန်မကြီးတစ်ယောက်ပါ။ တရုတ်ဆရာဝန်တွေက အနောက်တိုင်းဆေးပညာကို တရုတ်ရိုးရာတိုင်းရင်းဆေးပညာနဲ့ ပေါင်းစပ်ပြီး တရုတ်ဘာသာစကားနဲ့ သင်ကြားခဲ့ရတဲ့အတွက်ဘက်စုံ နှံ့စပ်အောင် သိကြသူတွေဖြစ်ပါတယ်။ မျက်နှာကြည့်လိုက်ရင်သော်၄င်း၊ လက်ကောက်ဝတ်ကို စမ်းလိုက်ရင်သော်၄င်း ဘာဖြစ်နေတယ်ဆိုတာကို ဒက်ကနဲပြောနိုင်ပါတယ်။ တရုတ်ဆရာဝန်မကြီးကို ကျောက်ကပ်ပျက်စီးမှုအကြောင်းကို မေးမြန်းလိုက်ပါတယ်။ ကျောက်ကပ်ပျက်စီးနေကြရတာဟာ ကိုယ်တွင်းအဆိပ်တွေ မျိုးစုံကြောင့်ဖြစ်ရတာဖြစ်ကြောင်း၊ ဓာတုဗေဒဆေးတွေကို ရေရှည်သုံးစွဲသူတွေ ကျောက်ကပ်ပျက်စီးကြောင်း၊ … Read more

အလွယ်ဆုံး ဝိတ်ချနည်းများ လေ့လာကြမယ်

အလွယ်ဆုံး ဝိတ်ချနည်းများ လေ့လာကြမယ် ၁။ရေများများသောက်ခြင်းဖြင့် ကိုယ်အလေးချိန်လျော့နည်းစေနိုင်သည့် နည်းလမ်းလေးသွယ် ရေသည်ကိုယ်အလေးချိန်ကျစေနိုင်သည့် လျှို့ဝှက်လက်နက်ဖြစ်သည်။ထို့အပြင်ရေပိုမိုသောက်သုံးခြင်းသည်ကျန်းမာရေးအတွက်များစွာအကျိုးရှိသည်။အကယ်၍ သင်ဗိုက်ဆာနေလျှင်တကယ့်အစားအစာငတ်မွတ်မှုလား၊ သို့တည်းမဟုတ် သရေစာစားခြင်းအလေ့အထ ဟုတ်မဟုတ်သိနိုင်ရန် ရေခွက်တစ်ခွက်သောက်ပါ။ သောက်သုံးရေသည်သင်၏ဇီဝဖြစ်စဉ်ဖြစ်စဉ်ကိုကူညီပေးသည်။ ခန္ဓာကိုယ်ကို detox လုပ်ပေးခြင်းနှင့်ဆာလောင်မှုကို ထိန်းချုပ်သူအဖြစ် အလုပ်လုပ်သည်။ထို့အပြင်သောက်သုံးရေသည် ကိုယ်ခန္ဓာကိုအစာခြေခြင်းလုပ်ငန်းကိုလှုံ့ဆော်ရန်ကူညီပေးသဖြင့် ဝိတ်လည်းကျစေနိုင်သည်။သင် ခန္ဓာကိုယ်တွင် ရေဓာတ်ပြည့်ဝနေပြီး အဆီဆုံးရှုံးမှုကိုနှိုးဆွရန် နေ့စဉ်ရေပိုမိုသောက်နေကြောင်းသေချာစေရန် အောက်ပါသောက်သုံးရေ သောက်နည်း လေးမျိုးအတိုင်းသောက်ပါ။ ၁။ အစာ မစားမီရေကိုအမြဲတမ်းသောက်ပါ ရေသောက်ခြင်းက ဆာလောင်မွတ်သိပ်မှုကို ထိန်းချုပ်နိုင်သည်။အစားအစာမစားမီ ရေသောက်ခြင်းက သင့်အား ဗိုက်ပိုမိုပြည့်ဝနေသည်ဟု ခံစားရစေသည့်အတွက် သင်စားသောအစားအစာပမာဏကိုလျော့နည်းစေသည်။ကျန်းမာရေး ဝဘ်ဆိုဒ် WebMD တွင်ဖော်ပြထားသည်မှာအစာမစားခင် ရေသောက်သုံးခြင်းသည် အစာစားခြင်းမှ ရရှိနိုင်သည့် အဆီမှ ကယ်လိုရီ ၇၀ ကိုလျော့ကျစေသည်။ နေ့စဉ်အစားအစာတစ်ခု မစားမီ ရေသောက်သုံးခြင်းကသင့်အားနှစ်စဉ်အဆီမှ ရရှိသည့်ကယ်လိုရီ ၂၈၀၀၀ ကိုလျော့နည်းစေလိမ့်မည်။ဆိုလိုသည်မှာ … Read more

မြေပဲကို ပြုတ်စားပေးပါက ဓာတ်မတည့်မှု အခြေအနေ သက်သာပျောက်ကင်းနိုင်

မြေပဲကို ပြုတ်စားပေးပါက ဓာတ်မတည့်မှု အခြေအနေ သက်သာပျောက်ကင်းနိုင် ဗြိတိန်နိုင်ငံမှာဆိုရင် လူ ၁၀၀ မှာ တစ်ယောက်နှုန်းနဲ့ မြေပဲ ဓာတ်မတည့်မှုအခြေအနေရှိနေတာဖြစ်ပြီး မြေပဲပါတဲ့အစားအစာတွေစားသုံးမိလို့ အခန့်မသင့်ရင် ပြင်းထန်တဲ့လက္ခဏာတွေနဲ့ အသက်သေဆုံးတဲ့အထိ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အင်ပီရီး ယယ်ကောလိပ်လန်ဒန်မှ သုတေသနလေ့လာမှုအရ မြေပဲတွေ ကို မိနစ် ၂၀ ကနေ နာရီဝက်ကြာမျှ ရေနဲ့ထည့်ပြုတ်လိုက်မယ်ဆို ရင် ပြင်းထန်တဲ့ဓာတ်မတည့်တုံ့ပြန်မှုတွေဖြစ်စေနိုင်တဲ့ ပရိုတင်း ဓာတ်တချို့ကို စွန့်ထုတ်ဆေးကြောပစ်လိုက်သလိုဖြစ်သွား တယ်လို့ ဆိုပါတယ်။ ဆေးပညာဆိုင်ရာကြီးကြပ် စောင့်ရှောက် မှုအောက်မှာ မြေပဲဓာတ်မတည့်သူတွေကို ပြုတ်ပြီးသားမြေပဲ နည်းနည်းချင်းစီကို တစ်ပတ်ကို ခြောက်လုံးကနေ တစ်နှစ်ကျော် ကြာတဲ့အခါ တစ်ပတ်ရှစ်လုံးထိ တိုးကျွေးသွားကာ ဓာတ်မတည့် မှုတုံ့ပြန်တာကို နှိမ်နင်းနိုင်လာအောင် ကျင့်ပေးတဲ့နည်းနဲ့ မြေပဲ ဓာတ်မတည့်မှုသက်သာပျောက်ကင်းသွားစေနိုင်တယ်လို့ လေ့ လာမှုက ဆိုပါတယ်။ … Read more

ညောင်းကျရောဂါအတွက် ကနဖေါ့

ညောင်းကျရောဂါအတွက် ကနဖေါ့ ဦးနှောက်ပူ ခြင်း၊ဖောရောင်ခြင်း၊နာဗ် ကြောနှင့် အကြောရောဂါ အမျိုးမျိုးအတွက် ကနဖော့ပင် ကနဖော့ပင်သည် မြန်မာနိုင်ငံ နေရာအနှံ့အပြား ရွှံ့နွံများ၌ပေါက်ရောက်သည်။ ဆီးပူညောင်းကျကနဖော့ သတ္တုရည်ကို သကြားနှင့်စပ်သောက်ပါကဆီးပူညောင်းကျနာပျောက်၏။ ဦးနှောက်ပူခြင်း ကနဖော့အရွက်များကြိတ်၍ဦးခေါင်းတွင်အုံပေးပါဦးနှောက်ပူခြင်းကိုအေးစေ၏။ ဖောရောင်ခြင်းအတွက် ကနဖော့၊ငါးကြင်း၊ မန်ကျည်းမှည့်နှင့် ချဉ်ဟင်းချက်စားပါ။ အစိမ်းဖော ကိုယ်ရောင် ကနဖော့ပြုတ်ရည်ဖြင့်ချိုးပါ။ နှာစေးပါက ကနဖော့ရွက်ကိုကြော်ချက်စားပါ။ ကိုယ်အရေပြားရောဂါ ကနဖော့ရွက်ကို ဆိတ်အချင်း၊သံပရာရည်ချဉ်ချဉ်နှင့်ချက်စားပါ။ အပူလောင်နာ ကနဖော့ရွက်ကို ကျွဲသားဖြင့်ချက်စားပါကအပူလောင်နာပျောက်သည်။ သည်းခြေပျက်ရောဂါ ကနဖော့ရွက်ကို ကြက်အသည်းအမြစ်နှင့်ချက်စားပါကသည်းခြေပျက်ရောဂါပျောက်ကင်းသည်။ သလိပ် ကနဖော့ရွက်သတ္တုရည် ကို ချင်း၊ထန်းလျက်ပြုတ်ရည်နှင့်ရောစပ်သောက်ပါ။ အကြောတက်ရောဂါ ကနဖော့ သတ္တုရည်ကို နွားနို့ ထန်းလျက်နှင့်ခပ်သောက်ပါ။ ဆိတ်နို့ထန်းလျက်နှင့်ကျိုသောက်လျင် အကြောပြေသည်။ နာဗ်ကြောအားကောင်းစေရန် ကနဖော့သတ္တုရည်ကို ပျားရည်နှင့်စပ်သောက်ပါ။ ကာမအားစွမ်းစေရန် ကနဖော့ကို ထောပတ်နှင့်ကြော်စားပါ။ကနဖော့သည် အကြောရောဂါအမျိုးမျိုးအတွက်ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါသည်။ အသားအရေကြည်လင်လှပစေရန်ကနဖော့ရွက်အစိမ်းနုပ်နုပ်စင်း၍သုပ်စားနိုင်ပါသည်။ကနဖော့ရွက်ကိုဘဲသားနှင့်ချက်စားပါကကိုယ်သားကိုယ်ရေအေးစေသည်။ ညောင်းကျရောဂါအတွက် … Read more

ပူလွန်းတဲ့အစားအစာတွေကို ပလတ်စတစ်နဲ့ထည့်စားခြင်းဟာ ရင်သားကင်ဆာ ပိုဖြစ်စေ

ပူလွန်းတဲ့အစားအစာတွေကို ပလတ်စတစ်နဲ့ထည့်စားခြင်းဟာ ရင်သားကင်ဆာ ပိုဖြစ်စေ အမျိုးသမီးတွေမှာ အဖြစ်အများဆုံးနဲ့ ကင်ဆာရောဂါတွေထဲမှာ ဒုတိယအဖြစ်အများဆုံးဖြစ်တဲ့ ရင်သားကင်ဆာရောဂါဟာ အသက်အရွယ် ရလာတာနဲ့အမျှ ဖြစ်နိုင်ခြေ ပိုများတဲ့ ရောဂါတမျိုးပါ။ တခြားသော ကင်ဆာရောဂါတွေလိုပဲ ရင်သားကင်ဆာ ရောဂါဟာလည်း စားသောက် နေထိုင်မှုပုံစံ၊ အဝလွန်တာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာ စတာတွေနဲ့ ဆက်စပ်နေပြီး အခုနောက်ဆုံး လေ့လာတွေ့ရှိမှုတွေအရ ပူလွန်းတဲ့ အစားအစာတွေကို ပလတ်စတစ်အိတ်နဲ့ ပါဆယ်ထည့်ထားပြီး မကြာခဏ စားသုံးခြင်းဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။ လေ့လာစစ်ဆေးမှု မှတ်တမ်းတွေအရ အမျိုးသမီးတွေ ရင်သားကင်ဆာဖြစ်ပွားမှု အများဆုံး အသက်အရွယ် အပိုင်းအခြားဟာ အသက် ၄၀ ဝန်းကျင် အသက်အရွယ်မှာဖြစ်ပြီး အသက် ၄၀ မကျော်ခင် အရွယ်အပိုင်းအခြားမှာလည်း ဖြစ်ပွားမှုနှုန်း များတယ်လို့ သိရပါတယ်။ အသက် … Read more