ကျောက်ကပ်ကိုပျက်စီးစေနိုင်တာကြောင့် သတိထားစားသုံးရမယ့် အစားအစာ(၅)မျိုး

ကျောက်ကပ်ကိုပျက်စီးစေနိုင်တာကြောင့် သတိထားစားသုံးရမယ့် အစားအစာ(၅)မျိုး ကျောက်ကပ်ဟာ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့အဆိပ်အတောက်တွေကို ဆီးအဖြစ်စွန့်ထုတ်ဖို့အတွက် လုပ်ဆောင်နေတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်ကိုထိခိုက်စေတဲ့ဓာတ်တွေအများအပြားပါဝင်တာကြောင့် ဆင်ခြင်ပြီးစားသင့်တဲ့အစားအစာတွေကတော့ ဒါတွေပဲဖြစ်ပါတယ်။ (၁) ထောပတ်သီး ထောပတ်သီးက အာဟာရကြွယ်ဝတဲ့အသီးတစ်မျိုးဖြစ်ပေမယ့် ပိုတက်စီယမ်ပါဝင်မှုပမာဏများလွန်းတာကြောင့် တော်ရုံသင့်ရုံမဟုတ်ဘဲ အလွန်အကျွံစားလိုက်ရင် ကျောက်ကပ်ကိုထိခိုက်စေတဲ့အပြင် ကြွက်သားနာကျင်ခြင်း၊ နှလုံးခုန်မြန်ခြင်း စတာတွေကိုပါဖြစ်စေပါတယ်။ (၂) အနီရောင်အသား အနီရောင်အသားမှာပါဝင်တဲ့ ပရိုတင်းဓာတ်က ချေဖျက်ဖို့ခက်တာကြောင့် အများအပြားစားလိုက်မယ်ဆိုရင် ကျောက်ကပ်မှာကျောက်တည်စေနိုင်ပါတယ်။ (၃) ဆား ဆားပါဝင်မှုများတဲ့ သရေစာတွေ၊ အသင့်စားအစားအစာတွေက ကျောက်ကပ်မှာကျောက်တည်စေပါတယ်။ အေးခဲထားတဲ့ပီဇာ၊ အရသာမှုန့်နဲ့ အသင့်စားအာလူးကြော် စတဲ့အစားအစာတွေကို အထူးရှောင်သင့်ပါတယ်။ (၄) ငှက်ပျောသီး ငှက်ပျောသီးမှာ ပိုတက်စီယမ်ပါဝင်မှုမြင့်မားတာကြောင့် တစ်နေ့ကို နှစ်လုံးထက်ပိုမစားသင့်ပါဘူး။ တစ်နေ့ကို ငှက်ပျောသီးနှစ်လုံးထက် ပိုစားလိုက်ရင် ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။ (၅) လိမ္မော်ရည် လိမ္မောသီးက ဗီတာမင် … Read more

ရုံးမှာ အထိုင်များတဲ့ လူတွေအတွက် လုပ်ကို လုပ်သင့်တဲ့ အကြောလျှော့ နည်း (၃) မျိုး

ရုံးမှာ အထိုင်များတဲ့ လူတွေအတွက် လုပ်ကို လုပ်သင့်တဲ့ အကြောလျှော့ နည်း (၃) မျိုး သင့်ရဲ့တစ်နေ့တာလုံးဟာ တစ်နေရာမှာ တသမတ်တည်းအမြဲတမ်း ထိုင်နေရမယ်ဆိုရင် ဒီအကြော်လျှော့နည်းတွေကို လုပ်ပေးသင့်ပါတယ်။ အထူးသဖြင့် အာရုံစိုက်ပြီး အထိုင်များတဲ့ ရုံးဝန်ထ မ်းလိုမျိုးပေါ့။ အကြောလျှော့ပေးခြင်းဟာ ကြွက်သားနဲ့စိတ်ဖိဆီးမှုကို ပြေပျောက်စေနိုင်ပြီး သွေးလှည့်ပတ်မှုကို ကောင်းစေတယ်၊ အဆီစုမှုကို တားဆီးပေးပါတယ်။ ဒီတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အလွယ်တကူ အကြောလျှော့နိုင်မယ့် နည်းလမ်းလေး (၃) မျိုးကို San Diego ကျန်းမာရေးဌာနမှ ညွှန်ကြားချက်အတိုင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။ (၁) စားပွဲကနေ မတ်တပ်ထလိုက်ပါ။ ပြီးရင် လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်တန်းပြီး ချိတ်ထားပါ။ ဦးခေါင်းကိုလည်းငုံ့ပြီး ခန္ဓာကိုယအပေါ်ပိုင်းကိုသာ အရှေ့ကိုကိုင်းလိုက်ပါ။ ခါးကိုဆန့်ပြီး ဒီလို ပုံစံ မျိုးနဲ့ ၈ … Read more

အစာအိမ်ရောဂါရှိတဲ့သူတွေက ဘာတွေရှောင်သင့်လဲ?

အစာအိမ်ရောဂါရှိတဲ့သူတွေက ဘာတွေရှောင်သင့်လဲ? အရင်ဆုံး အစာအိမ်ရောဂါရှိတဲ့သူတွေအနေနဲ့ ပုံမှန် လူတွေလို မဟုတ်ဘဲ စားသတိရှိသင့်တယ်ဆိုတာ သတိပေးပါရစေ။။ အစားမတော်တလုပ် အသွားမတော်တလှမ်း ဆိုတာလဲရှိသေးတယ်မလား။ ကိုယ်ပဲမဆင်မခြင်စားလိုက်မိခဲ့ရင် အစာအိမ် ဝေဒနာ တွေဖြစ်တဲ့ ဗိုက်အောင့်တာ ရင်ပူတာ ပျို့အန်တာ လေထတာ ရင်ပြည့်ရင်ကယ်တာ မစားချင်မသောက်ချင် တာတွေကို ကိုယ်ပဲခံစားရမှာလေ။ အခန့်မသင့်ရင် ဝမ်းပျက်တာပါဖြစ်နိုင်သေးတာပေါ့။ ပုံမှန်အားဖြင့် အစာအိမ်ဝေဒနာမှာဆိုရင် အစာအိမ် ဘေးတလျောက် ရောင်ရမ်းတာကအဖြစ်များပါတယ်။ ဒီလိုဖြစ်တာကရက်တိုဖြစ်နိုင်သလို ကြာရှည်နေတာ မျိုးလည်း ရှိနိုင်ပါတယ်။ ဒီလိုရောင်ရမ်းမှုကနေတဆင့် အစာအိမ်မှာအနာဖြစ်တာ နောက်ဆုံးအလုံးအကြိတ် ကင်ဆာထိပါဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိရဲ့ အစာအိမ် ထဲကိုရောက်စေမယ့်အစားအစာတွေပေါ် မူတည်ပြီး အစာအိမ်နဲ့အူလမ်းကြောင်းတလျောက် ကောင်းမကောင်း က အဆုံးအဖြတ်ပေးနေမှာပါ။ ကိုယ့်ရဲ့နေထိုင်မှု စားသောက်မှုပုံစံကြောင့်အစာအိမ်ကို ဒုက္ခမပေးမိဖို့ လိုပါတယ်။ ကဲဒါဆို အစာအိမ်ရောဂါရှိသူတွေမှာ ဘာတွေရှောင်ကြဉ်ရမလဲဆိုတာကြည့်ရအောင်နော်။ … Read more

သင်က ညဘက်အိပ်ရင် ဖက်စရာတစ်ခုခု ရှိမှ အိပ်ပျော်တတ်သူလား ဒါဆိုရင် ဖတ်လိုက်တော့

သင်က ညဘက်အိပ်ရင် ဖက်စရာတစ်ခုခု ရှိမှ အိပ်ပျော်တတ်သူလား ဒါဆိုရင် ဖတ်လိုက်တော့ ညဘက်မှာ တစ်ခုခု ဖက်စရာမှ ဘေးမှာ မရှိရင် အိပ်လို့ မရဘူးဆိုတဲ့ သူတွေကို တွေ့ဖူးမယ်ထင်ပါတယ်။ဒါမှမဟုတ် သင်ကိုယ်တိုင်က လည်း ဖက်စရာတစ်ခုခုကို အိပ်ခါနီးတိုင်း လိုအပ်နေတတ်သူလား။အိပ်ရာမှ ဖက်စရာ တစ်ခုခုရှိမှ အိပ်ပျော်တယ်ဆိုတဲ့ နောက်ကွယ်မှာ ဒီအကြောင်းပြချက်တွေ ရှိနေပါတယ်။ ကိုယ်နှင့် တိုက်ဆိုင်လားဆိုတာ ဆက်လက်ဖတ်ရှုလိုက်ကြပါဦးနော်။ ၁။အထီးကျန်ခြင်းမုန်းတီးသူ ညဘက်မှာတစ်စုံတစ်ခုကို ဖက်အိပ်ရခြင်းကို သဘောကျတဲ့ တစ်စုံတစ်ယောက် ကတော့ သူ့ရဲ့ အတွေ့အကြုံကို ရှင်းပြပါတယ်။ဖက်ခေါင်းအုံးပဲဖြစ်ဖြစ် အရုပ်ပဲဖြစ်ဖြစ် ဖက်ရတဲ့ အခါမှာ ရတဲ့ ခံစားချက်က ကိုယ်ချစ်ရတဲ့ တစ်စုံတစ်ယောက်ကို ဖက်ရတဲ့ အခါမှာ ခံစားရသလို နွေးထွေးမှုနှင့် အထီးကျန်မှုတွေကို ပြေပျောက်စေတယ်လို့ဆိုပါတယ်။တစ်နေကုန် ပင်ပန်းပြီးတဲ့ နောက်တစ်ယောက်တည်း အိပ်ရတဲ့ … Read more

သင့်ရဲ့ နှာခေါင်းပုံစံ က ပြောပြနေတဲ့ စိတ်နေစိတ်ထား အကျင့်စရိုက်များ

သင့်ရဲ့ နှာခေါင်းပုံစံ က ပြောပြနေတဲ့ စိတ်နေစိတ်ထား အကျင့်စရိုက်များ လူတစ်ယောက်ချင်းဆီမှာ နှာခေါင်းပုံစံအမျိုးမျိုးရှိကြပါတယ်နော်။ စာဖတ်သူတို့နဲ့ အနီးစပ်ဆုံး တူနိုင်မယ့်နှာခေါင်းပုံစံလေးတွေကို မျှဝေပေးပါမယ်… ၁။ နှာခေါင်းကြီးကြီး နှာခေါင်း အတိုပဲဖြစ်ဖြစ် ရှည်တာပဲဖြစ်ဖြစ် နှာခေါင်းကြီးတာမျိုးရှိပါတယ်။ နှာခေါင်းထိတ်နားမှာ ကျယ်ပြီး နှာပေါက်လည်း နည်းနည်းကြီးပါတယ်။ နှာခေါင်းကြီးတဲ့သူတွေဟာ အာဏာရှိတဲ့သူတွေဖြစ်တယ်။ ခေါင်းဆောင်နိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။ ဒါပေမယ့် အတ္တကြီးပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်လိုစိတ်ရှိကြပါတယ်။ နှာခေါင်းကြီးတဲ့သူတွေဟာ သူတို့ရဲ့ သူဌေးကပေးတဲ့ အမိန့်ကို မနာခံချင်ကြပါဘူး။ ၂။ နှာခေါင်းသေးသေး နှာတံသေးတဲ့သူတွေဟာ စိတ်ကူးတီထွင်ဉာဏ်ကောင်းပြီး အုပ်စုလိုက် အလုပ်လုပ်တဲ့နေရာမှာ ထူးချွန်တဲ့သူတွေပါ။ တခါတလေမှာတော့ စိတ်မရှည်တတ်ဘူး စိတ်ပျက်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် အခုလို နှာခေါင်းသေးတဲ့သူတွေဟာ အလုပ်ကို ကောင်းကောင်းလုပ်ချင်စိတ်ရှိကြတယ်။ သူတို့အပေါ် ခက်ခက်ခဲခဲ အလုပ်လုပ်ခိုင်းတာကို ကြိုက်နှစ်သက်ကြတဲ့သူတွေဖြစ်ပါတယ်။ ၃။ … Read more

အမျိုးသမီးတိုင်း သိထားသင့်တဲ့ ခေါင်းအစခြေအဆုံး လှပလာစေမယ့် နည်းလမ်း

အမျိုးသမီးတိုင်း သိထားသင့်တဲ့ ခေါင်းအစခြေအဆုံး လှပလာစေမယ့် နည်းလမ်း လူတိုင်းလှချင်ကြပါတယ်။ တနေ့တာလုံးမှာ လူကိုလန်းလန်းဆန်းဆန်းနဲ့ ဆွဲဆောင်မှုရှိရှိဖြတ်သန်းနိုင်ဖို့ မျက်နှာ ဆံပင် သွား ခြေထောက်၊ လက် စတဲ့ တကိုယ်လုံးလှပနေဖို့လိုပါတယ်။ အလှအပအတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေကိုပြောပြချင်ပါတယ်။ (၁) ပီကေဝါးပါ မေးနှစ်ထပ်ဖြစ်တာကို သက်သာပျောက်ကင်းစေဖို့အတွက် သကြားမပါတဲ့ ပီကေဝါးပေးပါ။ တစ်နေ့ကို ၃ ကြိမ် ၄ ကြိမ်လောက်ဝါးပေးပါ။ မျက်နှာပြင်ရဲ့ ကြွက်သားကို တင်းစေပြီး သွားနဲ့ သွားဖုံးကိုလည်းကျန်းမာစေသလို မေးနှစ်ဖက်ဖြစ်တာကို သက်သာစေပါတယ်။ (၂) သက်သက်လွတ်စားပြီး ဝိတ်ချပါ ကိုယ်အလေးချိန်ကျစေဖို့အတွက် အသားချည်းဇွတ်မစားဘဲ အသီးအရွက်နဲ့ သစ်သီးဝလံတွေစားပြီး ဝိတ်ချပါ။ (၃) ခြေထောက်နာကို ကုသမယ် ခြေထောက်ရောင်တာ ခြေထောက်နာမျိုးဖြစ်ပြီဆိုရင်တော့ နှမ်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ လေးညှင်းပွင့်ဆီ … Read more

မှဲ့လေးတွေမှပြောပြသော သူတို့အကြောင််း

မှဲ့လေးတွေမှပြောပြသော သူတို့အကြောင််း မှဲဲ့များတည်နေရာနှင့် ၎င်းတိုိကပြောပြသည့် သင့်အကြောင်း မှဲဲ့လေးတွေဟာ သင့်ခန္ဓာကိုယ်အနှံ့မှာ ရှိနေတတ်ပါတယ်။ ဒီမှည့်လေးတွေက သင့်ရဲ့အကြောင်းကို ဖော်ပြပေးနေတယ်လို့ ဆိုပါတယ်။ တကယ်မှန်လား မမှန်လားဆိုတာကတော့ ခုဖော်ပြပေးမယ့် အရာလေးတွေနဲ့ တိုက်ကြည့်လိုက်ပါဦး။ (၁) လက်ဖဝါးပေါ်ကမှဲ့ ဒီမှည့်လေးက ဘယ်လက်နဲ့ညာလက်ပေါ်မှာမူတည်ပြီး အဓိပ္ပါယ်လည်း ကွဲပြားသွားပါတယ်။ သင့်ရဲ့ဘယ်ဖက်လက်ဖဝါးမှာ ရှိနေရင်တော့ သင်ဟာ ငွေစုမိဖို့ ခက်ခဲတဲ့သူတစ်ယောက်ဖြစ်ပြီး၊ ညာလက်မှာရှိရင်တော့ သင်ဟာအတွက်အချက်၊ အတွေးအခေါ်ကောင်းတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ (၂) နဖူးပေါ်ကမှဲ့ နှဖူးပေါ်ကမှည့်ကတော့ သင်ရဲ့ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကို ဖော်ပြနေပါတယ်။ သင်ဟာ တက်ကြွဖျတ်လတ်သူ တစ်ယောက်ဖြစ်ပြီး ဝေဖန်ပိုင်းခြားနိုင်သူတစ်ဦးပါ။ သင့်မှာ ဦးဆောင်နိုင်တဲ့ စွမး်ရည်တွေလည်း ရှိပါတယ်။ (၃) နှာခေါင်းပေါ်ကမှဲ့ နှာခေါင််းပေါ်ကမှည့်ကတော့ သိပ်ပြီးမကောင်းပါဘူး။ သူတို့ဟာ မြှူဆွယ်တတ်တဲ့ သဘောသဘာဝကို ပိုင်ဆိုင်ထားပြီး လောင်းကစားကို … Read more

ချိုင်းချွေးနံ့ပျောက်စေဖို့ အသုံးဝင်မယ့် သဘာဝနည်းလမ်း(၅)ခု

ချိုင်းချွေးနံ့ပျောက်စေဖို့ အသုံးဝင်မယ့် သဘာဝနည်းလမ်း(၅)ခု ချွေးနံ့ပြင်းတတ်တဲ့၊ ချွေးထွက်များတတ်တဲ့သူတွေရဲ့ ပြဿနာကို ရေမွှေးဘယ်လောက် ကောင်းကောင်း မကယ်တင်နိုင်ပါဘူး။ ကိုယ့်ရဲ့ချွေးနံ့ကို လျော့အောင်လုပ်ရင်လုပ်၊ ချွေးနံ့ပျောက်ဆေးသုံးရင်သုံး ဒီလိုမှမဟုတ်ရင် ချွေးနံ့နဲ့ ရေမွှေးနံ့က သပ်သပ်စီ ဖြစ်နေတာ ပိုဆိုးပါတယ်။ ဒါပေမယ့် လူကြားထဲသွားရလာရနဲ့ ကိုယ့်ဆီက အနံ့ဆိုးမထွက်စေချင်တော့လည်း ချွေးနံ့ပျောက်ဆေးတွေ သုံးကြပါတယ်။ ဒီနေရာမှာ စိုးရိမ်စရာရှိလာတာက ကိုယ်အမြဲသုံးနေရတဲ့ ချွေးနံ့ပျောက်ဆေးတွေရဲ့ ပါဝင်ပစ္စည်းနဲ့ အရည်အသွေးပါပဲ။ အမြဲထိတွေ့သုံးစွဲရတာ ကြာလာတဲ့အခါ ချိုင်းအရေပြားကိုလည်း ဓာတုပစ္စည်းတွေနဲ့ ခဏတာကင်းလွတ်ခွင့် ပေးသင့်ပါတယ်။ ဒီအတောအတွင်းမှာ အောက်မှာ ဖော်ပြပေးထားတဲ့ သဘာဝနည်းလေးတွေက ကူညီပေးနိုင်ပါလိမ့်မယ်။ (၁) ပန်းသီးရှာလကာရည် ပန်းကန်လုံးတစ်လုံးထဲမှာ ပန်းသီးရှာလကာရည်ကို ရေနည်းနည်းနဲ့ရောပါ။ဂွမ်းလုံးလေးတစ်လုံးကို နှစ်ပြီး ချိုင်းမှာ သုတ်လိမ်းပါ။ရေချိုးပြီးချိန်နဲ့ အိပ်ရာဝင်ခါနီးအချိန် တစ်နေ့နှစ်ကြိမ် သုံးနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ရဲ့ ဘက်တီးရီးယားသေစေနိုင်တဲ့ အာနိသင်ကြောင့် … Read more

ရေခဲသေတ္တာထဲမထည့်သင့်သော အစားအစာများ

ရေခဲသေတ္တာထဲမထည့်သင့်သော အစားအစာများ အစားအစာတွေမကုန်ရင်ရေခဲသေတ္တာထဲလွယ်လွယ်ထည့်လေ့ရှိကြပါတယ်။ ရေခဲသေတ္တာတွေက အစားအစာတွေကိုတာရှည်ခံအောင်သိမ်းဆည်းပေးနိုင်တယ်ဆိုပေမယ့် တချို့အစားအစာ တွေကတော့ရေခဲသေတ္တာထဲထည့်လိုက်တော့မှ အရသာပျက်သွားတာမျိုး၊ တခြားအစားအစာတွေရဲ့ အနံ့အရသာကိုပါပျက်သွားစေတာမျိုးရှိတတ်ပါတယ်။ ရေခဲသေတ္တာထဲမသိမ်းဆည်းသင့်တဲ့ အစားအစာတွေအကြောင်းဖော်ပြပေးလိုက်ပါတယ်။ ပေါင်မုန့် စားမကုန်တဲ့ ပေါင်မုန့်တွေကိုရေခဲသေတ္တာမှာ ထည့်သိမ်းပြီး နောက်မှစားမယ်ဆိုတဲ့ စိတ်ကူးကို မေ့လိုက်ပါတော့။ အအေးခန်းထဲမှာ ထည့်ထားရင် ပေါင်မုန့်သားက ပိုပြီးမာသွားပြီး မှိုတက်တာကလည်း ပိုမြန်ပါတယ်။ ဒါကြောင့် ပေါင်မုန့်တွေကို ခြောက်သွေ့ပြီးအေးမြတဲ့နေရာတွေမှာ ထားတာ အသင့်တော်ဆုံးပါပဲ။ ဖရဲသီး ပူအိုက်နေတဲ့ နေ့လည်ခင်းကြီးမှာ ဖရဲသီးကို အအေးခန်းထဲမှာထည့်၊ အရမ်းအေးသွားရင် ပြန်ထုတ်ပြီး အေးစိမ့်နေတဲ့ ဖရဲသီးစိတ်ကို ကိုက်စားရတာက စည်းစိမ်တစ်ပါးပါပဲ။ ဒါပေမဲ့ ဖရဲသီးစိတ်တွေကို ဒီအတိုင်းပဲ ရေခဲသေတ္တာထဲမှာ ထည့်လိုက်ရင် အသားတွေက ခြောက်သွေ့သွားပြီး အရည်သိပ်မရွမ်းတော့ပါဘူး။ ဒါကြောင့် ပလတ်စတစ်စ ပါးပါးလေးနဲ့ ပတ်ပြီးရေခဲသေတ္တာထဲ ထည့်ထားတာက ဖရဲသီးသားရဲ့ … Read more

ဆံကေသာ ခြောက်သွေ့ပျက်စီးနေရင် ဒီလိုလေးစမ်းကြည့်ပါ

ဆံကေသာ ခြောက်သွေ့ပျက်စီးနေရင် ဒီလိုလေးစမ်းကြည့်ပါ ဦးရေပြားခြောက်သွေ့ပြီး ဆံသားခြောက်သွေ့တဲ့သူတွေအဖို့ နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။ ဆံသား ခြောက်သွေ့ပြီဆိုရင်တော့ ဆံကေသာ ထိန်းသိမ်းရခက်ခဲခြင်း၊ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်း၊ ကြမ်းတမ်းခြင်း၊ပျက်စီးလွယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဆံကေသာ ခြောက်သွေ့ပျက်စီးရတဲ့အကြောင်းရင်း အဓိကအားဖြင့်တော့ ပတ်ဝန်းကျင်ကလေထုညစ်ညမ်းမှု၊ နေရောင်ခြည်ထိတွေ့မှု၊ ဖုန်နဲ့ အညစ်အကြေးတွေ၊ ရေကူးကန်မှာပါတဲ့ ကလိုရင်းတွေ၊ ဆားငန်ရေတွေဟာ သင့်ဆံကေသာကို ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ ဒါ့အပြင် ဆံပင်ပုံသွင်းစက်တွေ၊ ဟော်မုန်း မတည်ငြိမ်မှုတွေ၊ ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့တာတွေကြောင့်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းတာကို သက်သာအောင်လုပ်လို့ရသလား ရပါတယ်။ ခေါင်းမလျှော်ခင် ဆံပင်ကို အုန်းဆီလိမ်းပြီး ၁ နာရီလောက် ထားပေးထားကာ ခေါင်းလျှော်ချနိုင်ပါတယ်။သံလွင်ဆီကိုလည်း သုံးနိုင်ပါတယ်။ ဆံပင်အဖျားလေးတွေကို အဆီ၊ Serum လိမ်းပေးပါ။ ခေါင်းလျှော်တိုင်းမှာ ပေါင်းဆေးသုံးပေးပါ။ သဘာဝပေါင်းတင်နည်း ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာနဲ့ ဆံသားအရောင်မွှဲတာတွေအတွက် ပျားရည်ကို … Read more