သွေးတိုးရှိတဲ့သူတွေ သိထားသင့်တဲ့ ဆယ်မိနစ်အတွင်း သွေးတိုးကျစေမယ့် နည်းလမ်း (၅) ခု

သွေးတိုးရှိတဲ့သူတွေ သိထားသင့်တဲ့ ဆယ်မိနစ်အတွင်း သွေးတိုးကျစေမယ့် နည်းလမ်း (၅) ခု မကြာခဏ ခေါင်းကိုက်တတ်တယ်၊ မောပန်းလွယ်တယ်၊ ရင်ဘတ်အောင့်တတ်တယ် ဒါတွေအပြင် သွေးတိုးတတ်တယ်ဆိုရင် အဲ့ဒါတွေဟာ အိပ်ရေးပျက်တာများလို့၊ စိတ်ဖိစီးမှုများလို့၊ ကိုယ်အလေးချိန်များနေလို့စသဖြင့် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ်တိုင်လည်း သွေးတိုးတတ်တယ်၊ အိမ်က လူကြီးတွေ သွေးတိုးတတ်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေက ဆယ်မိနစ်အတွင်း သွေးတိုးကျစေပြီး သွေးတိုးကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ (၁) နားရွက်အနောက်နဲ့လည်ပင်းကို နှိပ်ပေးပါ နားရွက်အနောက်ကနေ ညှပ်ရိုးနေရာအထိ ဖြည်းဖြည်းလေး နှိပ်ပေးတာက သွေးလှည့်ပတ်မှုကောင်းစေပြီး သွေးဖိအားများနေတာကို လျှော့ချပေးနိုင်ပါတယ်။ ပြီးရင် ပုံမှာပြထားတဲ့ နံပါတ် ၃ နေရာကို လက်ချောင်းထိပ်လေးတွေနဲ့ ဖွဖွလေးနှိပ်ပေးတာက သွေးတိုးပြီးခေါင်းမူးနေတာကို အမြန်ဆုံးသက်သာစေနိုင်ပါတယ်။ (၂) ဘယ်ဘက်နှာခေါင်းနဲ့ပဲအသက်ရှူပါ သွေးတိုးနေတာကို အမြန်ဆုံးကျစေမယ့် နောက်တစ်နည်းကတော့ ညာဘက်နှာခေါင်းကို … Read more

သင် ဒီစာလေးဖတ်ပြီးရင် မင်းကွတ်သီး အခွံကို ဘယ်တော့မှ လွှင့်ပစ်တော့မှာမဟုတ်ဘူး

သင် ဒီစာလေးဖတ်ပြီးရင် မင်းကွတ်သီး အခွံကို ဘယ်တော့မှ လွှင့်ပစ်တော့မှာမဟုတ်ဘူး မင်းကွတ်သီးက အသုံးဝင်သလို မင်းကွတ်သီးရဲ့ အခွံကလည်း များစွာ အသုံးဝင်လှပါတယ်။ အများစုက မင်းကွတ်သီး အခွံကို ကျန်းမာရေးအတွက် ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။ ဝမ်းပျက် ဝမ်းလျှော ရောဂါအတွက် မင်းကွတ်သီး အခွံကို တစ်ည ရေစိမ်ပြီး ထို အရည်အား သောက်သုံးခြင်းဖြင့် သက်သာ ပျောက်ကင်း စေနိုင်ပါတယ်။ မင်းကွတ်သီးအခွံကို ပါးပါးလှီးပြီး အခြောက်ခံကာ လက်ဖက်ခြောက်အဖြစ် အသုံးပြုရင်လည်း ဆီးရောဂါကို သက်သာပျောက်ကင်းစေပါတယ်။ ခန္ဓာကိုယ် အရေပြားပေါ်တွင် အနီ အစက်အပြောက်များ၊ အရေပြားရောဂါများအတွက်လည်း မင်းကွတ်သီးအခွံကို လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ မင်းကွတ်သီးရဲ့ အခွံကို ဘယ်လိုနေရာတွေမှာ အကျိုးရှိအောင် အသုံးချရမလဲ ဆိုတာ သိရှိပြီး မင်းကွတ်သီး စားဖြစ်တဲ့အခါ … Read more

ရှေးဉီးသူနာပြုသေတ္တာ ပြင်ဆင်ရန် လိုအပ်သည်များ (First Aid Kit)

ရှေးဉီးသူနာပြုသေတ္တာ ပြင်ဆင်ရန် လိုအပ်သည်များ (First Aid Kit) ရှေးဉီးသူနာပြုသေတ္တာ ပြင်ဆင်ခြင်း (First Aid Kit) ယေဘူယျအားဖြင့် ပါဝင်သင့်သည့် ပစ္စည်းများ – ဇာဂနာ – အရေပြားပေါ် ဆူးကလေးများစူးလျှင် နှုတ်နိုင်သည် ကတ်ကြေး – ပတ်တီးများ၊ ဖျင်စများကို ညှပ်နိုင်သည် ပတ်တီး (၃ လက်မ /၄ လက်မ) – ဒဏ်ရာများကို ပတ်တီးစီးရန် သို့ ဒဏ်ရာရထားသော ခြေ၊ လက် တို့ကို ထိန်းရန် သုံးနိုင် အရက်ပျံ – ထိခိုက်ဒဏ်ရာများကို ဆေးပေးခြင်းဖြင့် မလိုလားအပ်သော ရောဂါပိုးများ ဝင်ခြင်းမှ ကာကွယ်နိုင် ဘီတာဒိုင်းဆေးရည် – ထိခိုက်ဒဏ်ရာများကို ဆေးပေးခြင်းဖြင့် မလိုလားအပ်သော ရောဂါပိုးများ ဝင်ခြင်းမှ … Read more

မတော်တမ ဖုန်းရေစိုသွားရင် ဆန်အိုးထဲ သွားထည့်တာ လုံးဝမှားပါတယ်

မတော်တမ ဖုန်းရေစိုသွားရင် ဆန်အိုးထဲ သွားထည့်တာ လုံးဝမှားပါတယ် မတော်တမ ဖုန်းရေစိုသွားရင် ဆန်အိုးထဲ သွားထည့်တာ လုံးဝမှားပါတယ်၊ အမှန်က ဒီလို လုပ်သင့်ပါတယ်။ ဖုန်း ရေစိုတယ်ဆိုတာ ဖုန်းနဲ့မကင်းသူတိုင်း ကြုံတွေ့ရလေ့ရှိပါတယ်။ မ တော်တဆ ရေထဲကို ပြုတ်ကျတဲ့အလေ့အထကို အားလုံးနီးပါး ကြုံခဲ့ရဖူးမှာပါ။ တ ခါလေ အပြင်ထွက်ရာ ထီးမပါလို့ မိုးရေစိုတာတွေ၊ မိုးရေစင်နိုင်တဲ့နေရာမှာ ဖုန်းကို ထားမိတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဘယ် လိုပဲဖြစ်ဖြစ် ဖုန် းရေစို တဲ့အခါမှာ လု ပ်မိလေ့ရှိတဲ့ အမှားတွေနဲ့၊ တကယ် ပြုလုပ်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ရေစိုဖုန်းကို ဆန်ထဲမှာထည့်ထားတာဟာ မှန်သလား ဆန်ဟာ သာမန်အားဖြင့် ရေငွေ့ကို ဖယ်ထုတ်နိုင်တယ်ဆိုတာ မှန်သော်လည်း ထင်ထားသလောက် မမြန်ဆန်ပါဘူး။ … Read more

အိပ်မပျော် သွေးလေခြောက်ခြား စိတ်မကြည်လင် ခံစားနေရရင်

အိပ်မပျော် သွေးလေခြောက်ခြား စိတ်မကြည်လင် ခံစားနေရရင် ဆေးစွမ်းထက်မြက် ” ဒန့်ကျွဲရွက် ” (မိုးကျလက်ဖက်ရွက် လို့လည်း ခေါ်ပါတယ်)ဆရာကျော်လင်းအောင် အိပ်မပျော်ဘူးလား နှလုံးသည်းခြေအားနည်းနေလား စိတ်မငြိမ်ဖြစ်နေလား စားမဝင်ဘူးလား ငွေကုန်ခံမနေပါနဲ့ လမ်းဘေးသမားတော်နဲ့တွေ့လိုက်ပါ။ လမ်းဘေးသမားတော်ဟူသည်ကား လမ်းဘေးမှ အညတြဘဝနဲ့ မလှမပနေထိုင်နေရသူ ဒန့်ကျွဲပင် ” သာဖြစ်ပါသည်။ အရိုးခံဆိုပေမယ့် အမျိုးမှန်၍ အဖိုးတန်လှပါသည်။ ဒန့်ကျွဲပင်ဟာ အိပ်ပျော်စေသောသတ္တိ သည်းခြေပျက်ရောဂါ သွေးပျက်ထိတ်လန့်တတ်သောရောဂါ။ မသတီ (ရွံတတ်သောရောဂါ) နှလုံးအားနည်းရောဂါ တို့ကို သူတစ်မျိုးတည်းနှင့် ပျောက်ကင်းစေနိုင်လောက်အောင် ဂုဏ်သတ္တိထူးသော ဆေးကောင်းကြီးတစ်လက် ဖြစ်ပါသည်။ ဆေးမြီးတိုမဟုတ်ပါ မြစ်ချင်းပြီးဆေးပါ။ ဒန့်ကျွဲရွက်ကို ပြုတ်ပြီး လက်သုတ်သုပ်စားကြသည်။ တို့စရာအဖြစ်စားကြသည်။ မိုးကျလဖက်ဟူ၍ပင် တင်စားခေါ်ဝေါ်ကြသည်။ အလွန်အရသာရှိသော အပင်ဖြစ်ပါသည်။ ဒန့်ကျွဲပင်နဲ့ပါတ်သက်၍ ”ဒန့်ကျွဲပင် ပုခက်လွှဲ” ဟူသောစကားပုံကို လူတိုင်းကြားဖူးကြပေမည်။ … Read more

ငွေကြေးအခက်အခဲများကို ကြီးကြီးမားမား ရင်ဆိုင် ဖြေရှင်းနေရပြီး အခက်တွေ့နေရတဲ့ ၇ရက်သားသမီး အပေါင်းတို့အတွက်

ငွေကြေးအခက်အခဲများကို ကြီးကြီးမားမား ရင်ဆိုင် ဖြေရှင်းနေရပြီး အခက်တွေ့နေရတဲ့ ၇ရက်သားသမီး အပေါင်းတို့အတွက် တနင်္လာနေ့တိုင်းအတွက်အထူးလာဘ်ပွင့်ယတြာ ငွေကြေးအခက်အခဲများကို ကြီးကြီးမားမား ရင်ဆိုင် ဖြေရှင်းနေရပြီး အခက်တွေ့နေရတဲ့ ၇ရက်သားသမီး အပေါင်းတို့အတွက် ရည်ရွယ်၍ တင်ပေးရခြင်းပါ။ မိမိကိုယ်တိုင် ငွေကြေး‌ ငွေပူ ကြွေးမြှီး ကိစ္စ ပြဿနာ ကြုံ‌တွေ့နေရခြင်းဖြစ်စေ၊မိသားစုအတွင်း စီးပွားရေး မပြေလည်ဖြစ်ကာ ငွေကြေးခက်ခဲမှု နွံထဲကျဆင်းနေကြခြင်းကြောင်း ဖြစ်စေ ယခုအထူးယတြာကို တနင်္လာနေ့တိုင်း သတိတရ နှင့် လုပ်ဆောင်ပေးနေကာ အပူအပင်ကင်း၍ စိတ်ချမ်းသာမှုကို ရယူပါဗျ။ သင်္ဘောသီးမှည့်တစ်လုံးကို အလယ်မှ တစ်ခြမ်း လှီးခြမ်းလိုက်ပါ။ ထိုသင်္ဘောသီးထဲမှ ‌အစေ့များကိုထုတ်ယူပြီး သေချာ ရေဆေး သန့်စင် ပေးလိုက်ပါ။ ထိုသင်္ဘောခြမ်း တစ်ခုထဲ၌ #ထန်းလျက်၁၁ခဲ ကို ထည့်ရပါမည်။ အထက်ပါစီရင်ပြီးသားအတိုင်းကို ကြွေပန်းကန်ပြား တစ်ချပ်ပေါ်တွင် … Read more

အသက် ဘယ်လိုပဲ ကြီးလာလာ အမြဲ အသက်၂၀ ကျော် ရုပ်ရည်လို နုပျိုနေမယ့် နည်းလမ်းများ

အသက် ဘယ်လိုပဲ ကြီးလာလာ အမြဲ အသက်၂၀ ကျော် ရုပ်ရည်လို နုပျိုနေမယ့် နည်းလမ်းများ အသက်တွေ ကြီးလာတာနဲ့ ရုပ်ရည်က ရင့်လာတာမျိုး ဖြစ်လာတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရုပ်ရည် နုပျိုနေတယ်ဆိုတာ ကိုယ့်အပေါ်လည်း မူတည်နေပါသေးတယ်။ တောင်ကိုရီးယား သရုပ်ဆောင်တွေကို ကြည့်လိုက်ရင် အသက်တွေတောင် မေ့တဲ့အထိ နုပျိုနေတာကို တွေ့ရမှာပါ။ ဒါကြောင့် အသက်ကြီးလာရင်တောင်မှ နုပျိုနေနိုင်တာ အသေအချာပဲပေါ့။ ဒါကြောင့် အမြဲ အသက် ၂၀ ကျော် ရုပ်ရည်လို နုပျိုနေစေမယ့် နည်းလမ်းလေးတွေကို ကြည့်လိုက်ပါအုံးနော်။ စိတ်ချမ်းသာအောင် နေပါ လှပမှုတွေရဲ့ နောက်ကွယ်မှာ စိတ်ချမ်းသာမှုဆိုတာ ရှိနေတတ်ပါတယ်။ စိတ်ပျိုလို့ ကိုယ်နုတယ်ဆိုတဲ့ စကားတွေလည်း ရှိထားလို့ ကိုယ်က နုပျိုချင်တယ်ဆိုရင်တော့ စိတ်ညစ်စရာတွေ သိမ်းဆည်းမထားဖို့ … Read more

ဆီးကြိတ်ရောဂါ အတွက် စမ်းကြည့်ပါ

ဆီးကြိတ်ရောဂါ အတွက် စမ်းကြည့်ပါ ခွေးတောက်ရွက်ငှက်ပြောသီးပြုတ် ဆီးကြိတ်ရောဂါအတွက်ဆေးနည်းကောင်း ဒီဆေးနည်းကို ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး တပည့်ကိုတိုးလေးမှ… ဒေါက်တာ ဒေါ်မြင့်မြင့် မှကျွန်တော်ထပ်ဆင့်သိရခြင်း ပါခင်ဗျာ ငှက်ပြောသီးဖီးကြမ်းတစ်လုံးကို အခွံပေါ်မှ အပေါက်ဖောက်ပါ ခွေးတောက်ရွက်(၇)ရွက်ပတ်ထုတ်ပြီး သုံးခွက်တစ်ခွက်တင်ပြုပ်ပါ အခွံခွါပြီးပြုတ်ပြီးငှက်ပျောသီးစားပါ အရည်ကိုလည်းသောက်လိုက်ပါ …. ကျွန်တော်ကိုယ်တိုင်ဆီးသွားပြီးသော်လည်း ထပ်သွားချင်နေတာ ဆီးတော်တော်နဲ့မထွက်တာ ဆီးအိမ်မှာအောင့်နေတာ ဆီးနဲတာ စတဲ့စတာတွေသက်သာပြီး ကောင်းသွားလို့ အခုအဘအတွက်ပြုတ်ပေးရင်း မိတ်ဆွေတို့တိုက်ဆိုင်သူများရှိရင်ပေါ့ခင်ဗျာ အဘဦးဆန်းဝေကိုနှာခေါင်းပိုက်ထည့်ထားရ လို့ပြုတ်ရည်ကိုဘဲထည့်ပေးပြီးတဲ့အခါ ဆီးသွားရတာအချိန်ပိုခြားသွားပြီး ဆီးများများထွက်ပြီး ဆီးသွားရတာလွယ်သွားလို့ ထပ်ပြုတ်ပါဦးတဲ့ဗျာ ငြုပ်သီးစားပြီးဆီးအောင့်လေ့ရှိတဲ့့ ဇနီးကလည်းဝမ်းသာအားရဖုန်းဆက်လာတယ် ကျန်နေတဲ့ငှက်ပြောသီးဂွေးတောက်ရွက်ပြုတ် တစ်လုံးစားလိုက်တော့ သုံးညဆက်တိုက်ဆီးသုံးကြိမ် ထသွားရပြီး အခုဆီးအောင့်နေတာပျောက်သွားသတဲ့ ခင်ဗျာ ဆီးဆေးကဆရာဝန်ခွင့်ပြုချက်ပါမှရောင်ချခွင့်ရှိတာမို့ ဒီနည်းကိုသာသုံးကြပါလို့ မိတ်ဆွေတို့ လွတ်လပ်စွာရှယ်ကြပါခင်ဗျာ ကုသိုလ်ပြုပါတယ်ခင်ဗျာ᠌᠌᠌ ခရစ်ဒစ် ဆီးကြိတ်ရောဂါ အတွက် စမ်းကြည့်ပါ ခွေးတောက်ရွက်ငှက်ပြောသီးပြုတ် ဆီးကြိတ်ရောဂါအတွက်ဆေးနည်းကောင်း … Read more

မဟာဗောဓိမြိုင်ဆရာတော်ဘုရား ဟောပြောတော်မူတဲ့ ဆုတ်ခေတ်

မဟာဗောဓိမြိုင်ဆရာတော်ဘုရား ဟောပြောတော်မူတဲ့ ဆုတ်ခေတ် ဆုတ်ခေတ် ခုလူတွေ ရှေးကနဲ့စာရင်တော်တော် ရိုင်းလာတယ်၊တော်တော် ဆိုးလာတယ်၊ သို့သော် နောက်လာမယ့် လူတွေနဲ့စာရင်ဒါတွေ တော်တော် တော်တယ်နော်။ နောက်ပေါင်းရမယ့်လူတွေကလည်း ခုလိုလူမျိုး၊ခုလို ပတ်ဝန်းကျင်မျိုး မဟုတ်တော့ဘူးဗျ။ ဆုတ်ခေတ်၊နက်ဖြန်ခါ ဒီထက်ဆုတ်မယ်၊နောက်နေ့ ဒီထက်ဆုတ်မယ်။တက်လိမ့်မယ်မထင်နဲ့။ ဆုတ်ခေတ်၊ဆုတ်တာက ရိုးရိုးဆုတ်တာမဟုတ်ဘူး၊တလိမ့်လိမ့်ဆုတ်နေတာ။ များများမဟုတ်ဘူး၊ နောက်ထပ် နှစ်ဆယ်လောက် ဆက်နေကြည့်၊အဲဒီအခါ အခုလက်ရှိလူတွေကို ကျေးဇူးတင်လိမ့်မယ်။ တစ်ဘဝနဲ့ပြီးမှာ မဟုတ်ဘူးနော်၊ပြီးတော့ ကျင့်နည်းကလည်းသာသနာနဲ့ကြုံမှ၊ တို့က သာသနာရှိနေတုန်း တခြားရောက်နေရင် ဒီနည်းသည် တို့နဲ့ မဆိုင်၊သာသနာ တို့နဲ့ မဆိုင်ဖြစ်သွားမယ်နော်။ အရူပဘုံ၊ ရူပဘုံဆိုတဲ့နေရာမျိုးတစ်ဖက်သတ်အကျင့်နဲ့ရောက်သွားရင်လည်းတို့သာသနာနဲ့ လွဲမှာနော်၊ သာသနာက နှစ်ထောင့်ငါးရာကျော်ပြီလေ၊နောက်တစ်ခါလူလာဖြစ်ရင် ဒီသာသနာရှိမှာလား။ နောက်တစ်ခါ လူလာဖြစ်သာသနာကြုံဖို့ တော်တော်ခက်မယ်။ကြုံတယ်ပဲထား၊ ကြိုက်ဦးမှဗျ။ စာအဆိုက မြေဆီက အနှစ်တစ်ရာမှာတစ်လက်မ တစ်လက်မလျော့တာကိုး၊ မြေဆီမှီ၍ အစာဖြစ်ရတာ၊ … Read more

သာဓု ခေါ်ဆိုရခြင်း၏ အကျိုးကျေးဇူးများ

သာဓု ခေါ်ဆိုရခြင်း၏ အကျိုးကျေးဇူးများ တချို့က သာဓု ခေါ်တဲ့ အကျိုးကိုပေါ့သေးသေး မှတ်နေကြတတ်တယ်။ သာဓု “တစ်ကြိမ်” ခေါ်ခဲ့ရင်တောင်နတ်ပြည်ထိ အကျိုးပေးပါတယ်။ ဝိမာနဝတ္တုမှာ နတ်ပြည်ရောက်ကြောင်း(၈၆)ခု ရှိတယ် လို့ ဟောကြား ထားပါတယ်။ သောတာပန် ဖြစ်ပြီး နတ်ပြည်ရောက်တာ (၅)ခု ၊ဘုရားကို ကြည်ညို၍ လက်အုပ်ချီယုံက (၂)ခု ၊ကျောင်းအလှူပွဲတွင် သာဓု ခေါ်ယုံမျှနှင့်(၂)ခု သီလ သက်သက် ဖြည့်ကျင့်ယုံမျှဖြင့် (၂)ခု ၊ဒါန၊ သီလ ပူးတွဲကျင့်တာက (၇)ခု ၊ဒါန သက်သက်ဖြင့် (၆၈)ခု ဗုဒ္ဓ ဘာသာ ဖြစ်ရခြင်း အကျိုးကိုပေါ့သေးသေး မမှတ်ကြပါနဲ့။ တသက်လုံး ကြိုးစားရှာဖွေလို့ ရရှိလာတဲ့လူ့စည်းစိမ်ကို ကြီးကျယ်ခမ်းနားတယ် ထင်နေကြတယ်။ သာဓု ခေါ်ယုံနဲ့တောင်နတ်ပြည် ရောက်စေနိုင်သည်ထိ အကျိုးပေးပါတယ်။ လူ့စည်းစိမ်ထက် … Read more