ဈေးမကြီးတဲ့ မန်ကျည်းသီး ဒီလောက်အသုံးဝင်မှန်း လူတိုင်းမသိကြပါ

ဈေးမကြီးတဲ့ မန်ကျည်းသီး ဒီလောက်အသုံးဝင်မှန်း လူတိုင်းမသိကြပါ လူသိနည်းတဲ့ မန်ကျည်းသီးရဲ့ အကျိုးကျေးဇူးများ အညာမှာတော့ မန်ကျည်းပင်တွေအများကြီးရှိသလို မန်ကျည်းသီးလည်း ပေါမှပေါပါပဲ။ မန်ကျည်းသီးက စျေးမကြီးပေမယ့် သူ့မှာ အကျိုးအာနိသင်တွေအများကြီးရှိပါတယ်။မန်ကျည်းသီးက မျက်လုံးအမြင်ကို အားကောင်းစေပြီး အသက်ရှူလမ်းကြောင်းကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။အဲ့ဒီအပြင် အသားအရေကို လှပစေကာ အစာခြေစနစ်ကို အားကောင်းစေပါတယ်။မန်ကျည်းသီးက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကိုလက်စထရောဓာတ်ကို ကျစေပါတယ်။ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်သလို ကင်ဆာရောဂါတွေကိုလည်း ကာကွယ်နိုင်စွမ်းရှိပါတယ်။ မန်ကျည်းသီးရဲ့ အာဟာရများ – မန်ကျည်းသီးမှာ ဗီတာမင် စီ၊ E ၊ B ၊ ကယ်ဆီယမ်၊သံဓာတ်၊ Phosphorus ၊ ပိုတက်ဆီယမ်၊ Manganese နဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။အဲ့ဒီအပြင် မန်ကျည်းသီးမှာ စွမ်းအားမြင့် Antioxidants ဓာတ်တွေအများကြီးပါဝင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ အစာခြေစနစ်ကို … Read more

စွယ်တော်ရွက်ဟင်းချိုနှင့်ဆေးဖက်ဝငိပုံအစာလည်းဆေး ဆေးလည်းအစာ

စွယ်တော်ရွက်ဟင်းချိုနှင့်ဆေးဖက်ဝငိပုံအစာလည်းဆေး ဆေးလည်းအစာ စွယ်တော်ရွက်အနုလေးတွေထွက်တဲ့အချိန်ဆို အရွက်နုလေးတွေ ခူးပြီး ဟင်းချိုချက်သောက်ကြပါတယ်။ စွယ်တော်ရွက်က ဟင်းချိုလည်းချက်သောက်လို့ရသလို အရွက်ကိုရေနွေးဖျော်ပြီး ကြက်သွန်နီပါးပါးလှီးပြီး ဆီစိမ်းလေးနဲ့သုပ်စားလို့လည်းအရမ်းကောင်းပါတယ်။ ကြက်သွန်ဖြူ ငရုတ်ကောင်း ပုဇွန်ခြောက်ထောင်းထားပါ။ စားနိုင်သလောက်ရေပမာဏထည့်ပြီး ဆူပွက်လာသည်အထိတည်ပါ။ မျှင်ငပိအနည်းငယ်နှင့် အပေါ်မှ ထောင်းထားတာများကို ထည့်ပါ။ ဟင်းအိုးဆူလာရင် ချွေထားသော စွယ်တော်ရွက်များကို ထည့်ပါ။ အရသာမှုန့် ခတ်ပါ။ ဟင်းချိုအိုး ဆူလာပြီဆို ရပါပြီ။ စွယ်တော်ရွက်နုများကို ဟင်းချိုချက်သောက်၍ လည်ကောင်း ၊ ကြော်ချက်ပြုလုပ်၍ လည်ကောင်း ၊စားသုံးနိုင်သည်….။ အပူငြိမ်းစေခြင်း အိပ်ပျော်စေခြင်း နှလုံးကို အားရှိစေခြင်း ၊ အကျိုးများ ရရှိစေပါသည်….။ စွယ်တော်နီသည် အေးဖန်၍ ဝမ်းမီးကို တောက်စေသည်…။ ဝမ်းကို ချုပ်စေတက်သည်…။ သလိပ်နာ ၊ လေနာကို နိုင်၏…။ အဝါပွင့်သည် ဖန်၏…။ … Read more

ဆီးချိုအတွက် ကြက်မောက်စေ့ကို ဘယ်လိုသုံးမလဲ

ဆီးချိုအတွက် ကြက်မောက်စေ့ကို ဘယ်လိုသုံးမလဲ ကြက်မောက်သီးဟာ လူကြိုက်များတဲ့ သစ်သီးတစ်မျိုးပါပဲ။ လေ့လာတွေ့ရှိမှုအရ ကြက်မောက်သီးမှာ သံဓါတ် ပိုတက်ဆီယမ် နဲ့ ဗီတာမင် C ဓါတ်တွေပါဝင်ပါတယ်။ အမျှင်ဓတ်ပါဝင်မှုလည်း အနည်းငယ်မြင့်မားပါတယ်။ ဒါ့ကြောင့် ကြက်မောက်စေ့က ကိုယ်အလေးချိန်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ကြက်မောက်သီးကို စားရင် အစေ့ကို မစားတတ်ကြပေမဲ့ ကြက်မောက်စေ့ဟာ အဆိပ်အတောက်မဖြစ်စေပါဘူး။ ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတင်းဓါတ်တွေပါဝင်လို့ ခန္ဓာကိုယ်အတွက် အာဟာရဓါတ်တောင် ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် အဆီဓါတ်လည်း ပါဝင်ပါတယ်။ ကြက်မောက်စေ့မှာ Hypoglycemic ဆိုတဲ့ သွေးတွင်း သကြားဓါတ်ကို လျှော့ချပေးတဲ့ ဓါတ်တစ်မျိုးကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။ ဆီးချိုအတွက် ကြက်မောက်စေ့ကို ဘယ်လိုသုံးမလဲ ကြက်မောင်သီးအမှည့် ၄လုံး ၅ လုံးကို ယူပြီး စေ့ထုတ်လိုက်ပါ။ ပြီးရင် … Read more

တစ်နိုင်ငံလုံးစိတ်ဝင်စားနေကြတဲ့ လှိမ့်ဝင် တည်သုံးယတြာက ကျွန်တော်စခဲ့တဲ့ ဇာတ်လမ်းပါ ။ အဖြစ်က ဒီလိုပါ ။ လှိမ့် ဝင် တည် သုံး

တစ်နိုင်ငံလုံးစိတ်ဝင်စားနေကြတဲ့ လှိမ့်ဝင် တည်သုံးယတြာက ကျွန်တော်စခဲ့တဲ့ ဇာတ်လမ်းပါ ။ အဖြစ်က ဒီလိုပါ ။ လှိမ့် ဝင် တည် သုံး ၁။ မိတ်ဆွေတစ်ယောက်နဲ့ ၂နှစ်ခွဲနေမှ ပြန်တွေ့တော့ သူ့မိသားစုကတော်တော်လေး အဆင်ပြေနေပြီး အရင် ထရံအိမ်လေးနေရာမှာ အာစီတစ်ထပ်တိုက်ကြီးနဲ့ပေါ့ အရမ်းကို အဆင်ပြေပြီးနောက်ထပ်တိုက် တစ်လုံးတောင်ဆောက်နေတယ်လို့ ပြောပါတယ်။ သူ့လုပ်ငန်းက တအားလှိမ့်ဝင်သွားတာကို……… အဲ့… သူ့အိမ်ရှေ့အဝင် ဝ မှာ လှိမ့်ဝင် စဥ့်အရုပ်လေးကို အိမ်ဘက်လှိမ့်ဝင်နေတဲ့ ပုံချိတ်ထားတာတွေ့ရပါတယ် အိမ်ဧည့်ခန်းမှာတော့ စဥ့်အိုးလေးတည်နေတဲ့ပုံကို တင်ထားတာတွေ့ရပါတယ်…… မေးကြည့်တော့ လှိမ့် ဝင် တည် သုံးလေတဲ့…… စီးပွားဖြစ်တယ် လုပ်ငန်းကောင်းတယ်တဲ့ဗျာ…… ၂။ ကျွန်တော်တို့ မြို့မှာ ထမင်းဆိုင်တစ်ဆိုင် ရှိတယ်… အရမ်းကိုရောင်းရတယ်…… အလှူပေးနေသလိုကိုရောင်းရတာ…သူတို့အိမ်မှာလည်း အိမ်ရှေ့သံတံခါး အုတ်ခုံမှာ … Read more

သွေးကင်ဆာကို ပျောက်ကင်းခဲ့သူရဲ့ ကိုယ်တွေ့ဆေးနည်း

သွေးကင်ဆာကို ပျောက်ကင်းခဲ့သူရဲ့ ကိုယ်တွေ့ဆေးနည်း မင်္ဂလာပါ မိတ်ဆွေတို့ရေ။ ရှားစောင်း လက်ပတ် ရဲ့လက်တွေ့ အကျိူး ကျွန်မ ၁၅နှစ်သမီးးက သွေးကင်ဆာနဲ့ ဆေးရုံတက်ခဲ့ ရပါတယ် ၁နှစ်နီးပါးး မန္တလေးပြည်သူ့ ဆေးရုံမှာ ဆေး ကုသမှုခံ ယူခဲ့တယ် ။ဆေးရုံက ဆင်း တော့ လဲ လူကောင်း တယောက်လို နေခွင့် မရခဲ့ဘူး ခါးရိုး ချဉ်ဆီ အကြိမ်ကြိမ် ဖောက်ခဲ့ ရတဲ့ ဒဏ်ကြောင့် အလုပ် ကြမ်း ဆို ဘာမှ မလုပ် နို င် ခဲ့ဘူး။ အင်္ဂလိပ် ဆေး အပြင် မြန်မာ ဆေးနည်းလေး လုပ်ကြည့် ပါလ ား ဆို လို့ လူပြော များ တဲ့ … Read more

ကြံရည်ကြိုက်သူများ လုံးဝကျော်မသွားနဲ့ဗျာ ကြောက်ဖို့ ကောင်းလွန်းလို့ ယုံတောင် မယုံနိုင်ဘူး

ကြံရည်ကြိုက်သူများ လုံးဝကျော်မသွားနဲ့ဗျာ ကြောက်ဖို့ ကောင်းလွန်းလို့ ယုံတောင် မယုံနိုင်ဘူး ကြံရည်မှာ လူကိုအန္တရာယ် ဖြစ်စေနိုင်သော ဓာတုပစ္စည်းများ စွာသာမက ဘက်တီးရီးယားပိုး မြောက်များစွာပါဝင်တာကို စင်္ကာပူ နိုင်ငံ MOH မှ investigation လုပ်ရာမှာ တွေ့ရှိခဲ့ပါတယ်။ စင်္ကာပူ နိုင်ငံ စားသောက်ဆိုင် တွေဟာ ကမ္ဘာက စံထားရလောက်အောင် သန့်ရှင်းပါတယ် ။ ဆိုင်တွေကိုလည်း ကြပ်ကြပ်မတ်မတ် စီစစ်လေ့ရှိပြီး Grade A , Grade B စသဖြင့် သန့်ရှင်းသပ်ရပ်မှုကို ခွဲခြား ထားပေးလေ့ရှိပါတယ်။ ကြံရည်မှာ ဘက်တီးရီးယားပိုး များစွာပါဝင်ကြောင်း တိုင်တန်းမှုများပြုလုပ်လာ တဲ့အခါ မှာ MOH မှ ကွင်းဆင်းစစ်ဆေးကြပါတယ်။ သူတို့ လုပ်ပုံကိုင်ပုံ ကို မှတ်တမ်းပြုလေ့လာပါတယ် ။ ဘက်တီးရီးယားပိုး … Read more

မျှစ်အကြောင်းကို မသိပဲ ကြိုက်လို့သာ စားနေတာ..အခုကစပြီး အရင်ထက်ပိုစားတော့မယ်…ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်နော်

မျှစ်အကြောင်းကို မသိပဲ ကြိုက်လို့သာ စားနေတာ..အခုကစပြီး အရင်ထက်ပိုစားတော့မယ်…ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်နော် မြန်မာ လူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုးမျိုး ပြုလုပ် စားသောက် တတ်ကြပါတယ်။ ဒါပေမယ့် မျှစ်တွေကို ဆေးဆိုးထားတယ် ဆိုတဲ့သတင်း ထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့် သွားကြပါတယ်။ ဒါကြောင့် ဆေးမဆိုး ထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသား လိုက်ရပါတယ်။ (၁) အစာခြေစနစ်ကျန်းမာ ခြင်းမျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေ ပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါ တယ်။ (၂) နာတာရှည်ရောဂါ … Read more

သင့်ကျန်းမာရေးအတွက် အိမ်မှာ ဒီပန်းပင်တွေစိုက်ပါ

သင့်ကျန်းမာရေးအတွက် အိမ်မှာ ဒီပန်းပင်တွေစိုက်ပါ ဖော်မလင်၊ ကာဗွန်မိုနောက်ဆိုက်၊ အမိုးနီးယားဓာတ်ငွေ့တွေဟာ ကျွန်တော်တို့အိမ်မှာ ရှိတက်တဲ့ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်တွေပါပဲ။ အိမ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့နေရာမှာ အကူအညီပေးနိုင်တဲ့ အရာတွေရှိပါတယ်။ အိမ်ထဲမှာ စိုက်ထားလို့ရတဲ့အပင်တွေက အိမ်တွင်းက လေထုညစ်ညမ်းမှုတွေနဲ့ ဓာတုပ္စည်းတွေကို (၉၀) ရာခိုင်နှုန်းလောက် စုပ်ယူပစ်နိုင်ပါတယ်။ အိမ်ထဲမှာ စိုက်လို့ရတဲ့ အပင်လေးတွေက အိမ်ကို အလှဆင်ပေးသလို ကျွန်တော်တို့ကျန်းမာရေးအတွက်လည်း ထိရောက်မှုရှိပါတယ်။ အိမ်အတွင်းထဲမှာ ဘယ်လိုပန်းပင်တွေကို စိုက်ရမလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်…။ စံပယ်ပင် စံပယ်ပင်က စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်မတည်မငြိမ်ဖြစ်တာကို ကုသပေးသလို အိပ်စက်ချိန်ကိုလည်း ကောင်းမွန်လာစေတဲ့အတွက် ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိရောက်မှုရှိစေပါတယ်။ နဂါးစက်ဂမုန်းပင် နဂါးစက်ပင်က အိမ်ထဲမှာ စိုက်ထားသင့်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဒီအပင်ကို လေသန့်ပင်လို့လည်း ခေါ်ကြပါတယ်။ အိမ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့အခိုးအငွေ့တွေကို … Read more

ချဉ်စော်ခါးသီးမှ ပေးသော ကျန်းမာရေးအကျိုးကျေးဇူးများ

ချဉ်စော်ခါးသီးမှ ပေးသော ကျန်းမာရေးအကျိုးကျေးဇူးများ ချဉ်စော်ခါးသီး “ချဉ်စော်ခါးသီး အခြောက် ၃-ဖတ် လောက် ကို ရေစင်အောင်ဆေးပြီး၊ ရေနွေး ပူပူခွက်ထဲစိမ်သောက်လို့ရကြောင်း၊ အဲဒီလိုသောက်တဲ့အခါ ပထမဆုံးစသောက်တဲ့ တစ်ကြိမ်သာ ချဉ်ကြောင်း၊ သို့သော် သံပုရာသီးလိုအချဉ်မစူးကြောင်း၊ချဉ်စော်ခါး သီးကလည်း အဆီချ-ကိုလက်စထေရောကျစေကြောင်း၊ဝက်ခြံပျောက်စေကြောင်း၊ သူ့ရဲ့ထူးခြားချက်က ပတမဆုံးတစ်ခွက်သောက်ပြီး နောက် ၁၅-မိနစ်လောက်အကြာ မှာ ဆီးအိမ်ထဲမှာ ရှိတဲ့ဆီးတွေတစက်မကျန် ဆီးသွားပစ်တာကြောင့် ကိုယ်ထဲက ယူရစ်အက်ဆစ်တွေကျပြီး သိသိသာသာ ပေါ့ပါးသွားကြောင်း၊ ဒါကြောင့် အသိမိတ်ဆွေတွေ ထဲမှာဆီးချုပ်-ဆီးအောင့် ရောဂါရှိသူတွေကို ချဉ်စော်ခါးသီးရေနွေး စိမ် သောက်သင့်ပါတယ် တောင်ပေါ်ဒေသလူမျိုးများ၏ ရေလဲသုံးသော အဖိုးတန်ဆေးဖက်ဝင်အသီးဖြစ်ပါတယ်။ အသီးရင့်မှည့်လာပါက ပါးလွှာသောအခွံမာလေးအား ဖြည်းညှင်းစွာ ဓါးဖြင့်နွှာရပါတယ်။ ရေဖြင့်စင်ကြယ်စွာဆေးကြောပြီးတဲ့အခါ ဓါးဖြင့်ပါးလွှာစွာ လှီးဖြတ်ပါ။ ပြီးရင် ဆားအနည်းငယ်နှင့် ပျားရည်(သို့မဟုတ်)သကြားသင့်ရုံထည့်ပြီး တစ်ရက်ခန့်နှပ်ထားပါ။(ချင်းပါးပါးလှီးထဲ့ပါက အရသာပို၍ ကောင်းမွန်စေပါတယ်) … Read more

နွေရာသီ မှာ အသားအရည် ထိန်းသိမ်းဖို့ ဒါတွေစားကြမယ်။

နွေရာသီ မှာ အသားအရည် ထိန်းသိမ်းဖို့ ဒါတွေစားကြမယ်။ အခုလို ပူပြင်းတဲ့ နွေရာသီကို ရောက်လာတဲ့အခါမှာ နေလောင်ဒဏ်ကြောင့် အသားအရည် တွေ ထိခိုက်ပျက်စီးကြရပါတယ်။ နေလောင်ဒဏ်ကို ကာကွယ်ဖို့ နေလောင်ကာကွယ်ဆေးကြို လိမ်းတာ၊ နေရောင်အောက်ကို တိုက်ရိုက်ထွက်တဲ့အခါ ဦးထုပ်၊ ထီး နဲ့ အခြားအကာအကွယ်တွေ အသုံးပြုတာ စတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီနေ့ ဆောင်းပါးလေးမှာ ပြောပြပေးချင်တာကတော့ အဲဒီလို နည်းလမ်းတွေအပြင် နေလောင်ဒဏ်ကို ကာကွယ်ဖို့ ကူညီပေးနိုင်တဲ့ အစားအစာလေးတွေအကြောင်း ဖြစ်ပါတယ်။ ၁။ Blueberries ( ဘလူးဘယ်ရီသီး ) နေရောင်နဲ့ ထိတွေ့တဲ့အခါ အရေပြားကို ထိခိုက်ပျက်စီးစေနိုင်တဲ့ free radicals လေးတွေ ထွက်လာပါတယ်။ Blueberries သီးလေးတွေမှာ အဲဒီ free readicals … Read more