ဆေးကို သံပုရာရည်နဲ့ သောက်လို့ရလား

ဆေးကို သံပုရာရည်နဲ့ သောက်လို့ရလား ဆေးဝါးကျွမ်းကျင်သူ (သို့မဟုတ်) ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကျွမ်းကျင်ပညာရှင်များက ဆေးဝါးများကို သံပုရာရည်နှင့်သောက်ခြင်းအား ရှောင်ရှားသင့်တယ်လို့ အကြံပေးကြပါလိမ့်မယ်။ ဆေးတိုင်းက အစားအစာ၊ အဖျော်ယမကာ၊ ဖြည့်စွက်ဆေးများ နှင့် အပြန်အလှန် တုန့်ပြန်မှုရှိပါတယ်။ ဒါကြောင့် ကိုယ်က လိုအပ်လို့ ဆေးသောက်နေရရင် ဆရာဝန်ရဲ့အကြံပြုချက်ကို လိုက်နာပါ။ သံပုရာရည်ကို ဆေးနဲ့တွဲသောက်မယ်ဆိုရင် သံပုရာရည်က အသည်းအတွင်းမှာ ဆေးတွေကို အလွယ်တကူ နှင့် မြန်မြန်ဆန်ဆန် ပျက်စီးသွားစေနိုင်ပါတယ်။ ပြီးတော့ ဘေးထွက်ဆိုးကျိုးအဖြစ် ဆေးများကို ခန္ဓာကိုယ်မှစုပ်ယူမှုကို တားဆီးပေးပါတယ်။ ဒါကြောင့် သင်ဟာ ခန္ဓာကိုယ်အဆိပ်ဖြေခြင်း (detoxification) ပြုလုပ်နေလို့ တစ်နေ့တာအတွင်း (သို့) နံနက်ခင်းမှာ သံပုရာရည် သောက်သုံးနေတယ်ဆိုရင် မိနစ် (၃၀) (သို့မဟုတ်) မိနစ် ၃၀ ကြာပြီးနောက်မှ ဆေးသောက်သုံးပါ။ သို့သော် … Read more

ကျွန်တော်တို့ မြန်မာ အသုပ် တွေ ကလဲ သေချာလေး သုတ်စားရင် ကျန်းမာရေး နဲ့ ညီညွှတ်ပါတယ်

ကျွန်တော်တို့ မြန်မာ အသုပ် တွေ ကလဲ သေချာလေး သုတ်စားရင် ကျန်းမာရေး နဲ့ ညီညွှတ်ပါတယ် အိမ်မှာ သန့်သန့်ရှင်းရှင်း သုပ်စားတာကတော့ အကောင်းဆုံးပါပဲ အရွက်များများထည့် ငံပြာရည်လျှော့ သံပုရာ ရည် နဲ့ သုတ်ရင် အရသာ လဲ ကောင်းတယ် သွေးတိုးမှာလဲ မစိုးရိမ်ရတော့ပါဘူး Crd,Drnyinyikyaw ကျွန်တော်တို့ မြန်မာ အသုပ် တွေ ကလဲ သေချာလေး သုတ်စားရင် ကျန်းမာရေး နဲ့ ညီညွှတ်ပါတယ် အိမ်မှာ သန့်သန့်ရှင်းရှင်း သုပ်စားတာကတော့ အကောင်းဆုံးပါပဲ အရွက်များများထည့် ငံပြာရည်လျှော့ သံပုရာ ရည် နဲ့ သုတ်ရင် အရသာ လဲ ကောင်းတယ် သွေးတိုးမှာလဲ မစိုးရိမ်ရတော့ပါဘူး Crd,Drnyinyikyaw

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်မှုပုံစံဆိုတာ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်မှုပုံစံဆိုတာ ပက်လက်လှန်အိပ်ခြင်းက သဘာဝမဟုတ်သော အနေအထားဖြစ်လို့ သင့်ကျောရိုးကို အစွမ်းကုန် ဖိထားစေပါတယ်။ ထိုအနေအထားက ကျောရိုးရှိ ကြွက်သားတွေ၊ အဆစ်အမျက်တွေ နှင့် အာရုံကြောများကို တင်း၍ နာကျင်စေနိုင်ပါတယ်။ ကျောရိုးတိုင်က တစ်ဖြောင့်တည်း ရှိနေတာမဟုတ်ပါဘူး။ သဘာဝအားဖြင့် အကွေး၊ အခုံး ၃ နေရာရှိပါတယ်။ ခါးနောက်ပိုင်း၊ ခါးအလယ်ပိုင်း နှင့် လည်ပင်းအနားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အိပ်တဲ့အခါ ဒီလိုအိပ်ပေးပါက သင့်ကို ဘာပြဿနာမှ မဖြစ်စေနိုင်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်စက်မှုပုံစံဆိုတာ ပက်လက်လှန်အိပ်ခြင်းက သဘာဝမဟုတ်သော အနေအထားဖြစ်လို့ သင့်ကျောရိုးကို အစွမ်းကုန် ဖိထားစေပါတယ်။ ထိုအနေအထားက ကျောရိုးရှိ ကြွက်သားတွေ၊ အဆစ်အမျက်တွေ နှင့် အာရုံကြောများကို တင်း၍ နာကျင်စေနိုင်ပါတယ်။ ကျောရိုးတိုင်က တစ်ဖြောင့်တည်း … Read more

အခွံပါဝါးစားလို့ရမယ့် အစေ့မပါတဲ့ ထောပတ်သီး

အခွံပါဝါးစားလို့ရမယ့် အစေ့မပါတဲ့ ထောပတ်သီး အသားအရေကိုလှစေပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့ ထောပတ်သီး ကို ဝိတ်ချနေသူတွေကလည်း စားကြတယ်မဟုတ်လား။ ထောပတ်သီးမှာပါတဲ့ အစေ့အကြီးကြီးကိုရော ဘာတွေလုပ်ဖြစ်ကြလဲ။ တကယ်လို့များ အစေ့မပါတဲ့ ထောပတ်သီး ရှိတယ်ဆိုရင် ကျိန်းသေပေါက် ဝယ်ကြမယ်လို့ ထင်ပါတယ်နော်။ အဲ့လို ထောပတ်သီးမျိုး တကယ်ရှိပါတယ်။ ယူကေက M&S စူပါမားကတ်ဟာ အစေ့မပါတဲ့ ထောပတ်သီးတွေကို ရောင်းချတဲ့ ပထမဆုံး စူပါမားကတ် ဖြစ်ပါတယ်။ အဲ့ဒီထောပတ်သီးကို Cocktail ထောပတ်သီးလို့ ခေါ်ပြီး ပုံမှန်ထောပတ်သီးတွေထက်တော့ အရွယ်အစား သေးငယ်ပါတယ်။ Cocktail ထောပတ်သီးတွေဟာ အခွံပါ ဝါးစားလို့ရတယ်လို့ သိရတယ်။ ပုံမှန်ထက် သေးပေမဲ့ စျေးကတော့ ပုံမှန်ထက်တောင် များပါသေးတယ်။ တစ်ထုပ်ကို ၂ ပေါင် နဲ့ M&S က … Read more

လက်ပံပွင့် နီနီလေးတွေ ချဉ်ဟင်းချက်သောက်ပါ

လက်ပံပွင့် နီနီလေးတွေ ချဉ်ဟင်းချက်သောက်ပါ ၁။ အဆုတ်အအေးမိခြင်း လက်ပံပွင့်ကို တစ်ညပြည့်အောင် ရေတွင်စိမ်ထားပြီး နံနက်တွင် အဖတ်မျာစစ်ပြီးနောက် မုန်ညှင်းစေ့အနည်းငယ်ထည့်၍ သောက်မူ အဆုတ်ရောင်ရမ်းခြင်းမှ ပျောက်ကင်းပါလိမ့်မည်။ ၂။ အရက်အနံ့ကဲ့သို့ ဆီးရောဂါ ဆီး၏ အနံ့နှင့်အရောင်အဆင်းတို့သည် အရက်အနံ့အဆင်းကဲ့သို့ ကြိမ်ဖန်များစွာသွားသော ရောဂါဖြစ်မူ လက်ပံခေါက်ကို ပြုတ်၍ သောက်ပါက ပျောက်ကင်း၏။ ၃။ မီးယပ်သွေးလွန်ခြင်း သစ်နနွင်းကိုသွေး၍ လက်ပံအစေးနှင့်သောက်ပါက မီးယပ်သွေးလွန်နာ ပျောက်ကင်းပါလိမ့်မည်။ မီးယပ်သွေးလွန်ခြင်း(ဆေးတစ်မျိုး) လက်ပံခေါက်အမှုန့်ကို နွားနို့နှင့်သောက်ပါ။ သို့မဟုတ် လက်ပံပွင့်ကို အမှုန့်ပြုလုပ်၍ နွားနို့၊ သကြားတို့ဖြင့် ရော၍ သောက်ပါ။ ၄။ ကျောက်ရောဂါ လက်ပံစေ့ ၅/၆ စေ့ကို ထန်းလျက်အနည်းငယ်ရော၍ မဝါးဘဲ မြိုချမူ ကျောက်ပေါက်ခြင်းပြင်းထန်သော်လည်း ကျောက်များ တနေ့တခြား နည်းပါးသွားပါလိမ့်မည်။ တစ်ကြိမ်တည်းဖြင့် … Read more

မောပန်းနွမ်းနယ်ခြင်းကို ဖြစ်စေသောအကြောင်းရင်းများ

မောပန်းနွမ်းနယ်ခြင်းကို ဖြစ်စေသောအကြောင်းရင်းများ အလုပ်နည်းနည်း လုပ်လိုက်ပြီဆိုတာနှင့် ပင်ပန်းခြင်း၊ အိပ်ရာပေါ်တွင်သာ လှဲနေလိုခြင်း၊ နုံးနေခြင်းတို့ကို နေ့စဉ်ခံစားနေရပြီဆိုပါက သင့်မှာ အောက်ပါအချက်တွေရှိနေပြီလားဆိုတာ ဆန်းစစ်သင့်ပါတယ်။ (၁) အိပ်ရေးပျက်ခြင်း အိပ်ရေးပျက်ခြင်းကြောင့် အာရုံစူးစိုက်မှုကို ကျဆင်းစေနိုင်သလို ပင်ပန်းနွမ်းနယ်ပြီး မလုပ်ချင် မကိုင်ချင် ဖြစ်စေနိုင်ပါတယ်။ ဖြေရှင်းနည်း – ညဘက် အိပ်ချိန် ပုံမှန်ထားရှိပါ။ တစ်ညကို အနည်းဆုံး ၇ နာရီခန့် အိပ်စက်ပါ။ (၂) အစားနည်းခြင်း အစားအသောက်ပျက်ခြင်းကြောင့် စွမ်းအင်နည်းပါးစေတဲ့အတွက် အလွယ်တကူ ပင်ပန်းအားနည်းစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် အာဟာရပြည့်ဝအောင် စားသုံးပေးသင့်ပါတယ်။ ဖြေရှင်းနည်း – မနက်တိုင်း မနက်စာ ပုံမှန်စားပေးပါ။ ကာဗိုဟိုက်ဒရိတ်နှင့် အသားဓာတ်ကို မျှတအောင် စားသုံးပါ။ အစာကို နည်းနည်းနှင့် မကြာခဏ စားပေးပါ။ (၃) … Read more

သွေးတိုးရောဂါသမားများအတွက် အန္တာရာယ်ရှိသော အစားအစာများ

သွေးတိုးရောဂါသမားများအတွက် အန္တာရာယ်ရှိသော အစားအစာများ သွေးတိုးသမားများ သွေးတိုးနေတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲက သွေးတွေက ခက်ခက်ခဲခဲနဲ့ညှစ်ထုတ် နေရတဲ့အချိန်ပဲဖြစ်ပါတယ်။ ထိုအချိန်မှာ မောပန်းခြင်း၊ ခေါင်းကိုက်ခြင်းနှင့် နှလုံးခုန်မမှန်ခြင်း စတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ခြင်းကတော့ သွေးလှည့်ပတ်မှုကို ပုံမှန်ဖြစ်စေပြီး အငန်ဓာတ်များသော အစားအစာများကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ သင့်အနေနဲ့ သွေးတိုးရောဂါ ခံစားရခြင်းမှ ကင်းဝေးချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် အစားအစာလေးတွေကို ရှောင်ကြဉ်သင့်ပါတယ်။ စွမ်းအားဖြည့်အချိုရည်များ စွမ်းအားဖြည့်အချိုရည်ထဲမှာပါဝင်တဲ့ ကာဖိန်းဓာတ်တွေက သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး သွေးတိုးရောဂါကို ပိုမိုဆိုးရွားလာစေပါတယ်။ ပီဇာ ပီဇာထဲမှာ ချိစ်နဲ့ အငန်ဓတ်များသော ခရမ်းချဉ်သီးဆော့စ်များ အများအပြားပါဝင်တာကြောင့် ပီဇာတစ်ချပ်ကလေး စားမိတယ်ဆိုရင်တော့ သွေးတိုးက ဆောင့်တက်လာနိုင်ပါတယ်။ ကြာရှည်ခံအောင် ပြုလုပ်ထားသော အသားများ လတ်လတ်ဆတ်ဆတ်အသားများကတော့ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးပဲဖြစ်ပါတယ်။ ဓာတုဆေးဝါးများနဲ့ ကြာရှည်ခံအောင် … Read more

ကိုယ်တွင်းကအဆိပ်တောက်တွေ ဖယ်ရှားဖို့ နွေပူပူမှာ ရှားစောင်းလက်ပက်ဖျော်ရည် လုပ်သောက်မယ်

ကိုယ်တွင်းကအဆိပ်တောက်တွေ ဖယ်ရှားဖို့ နွေပူပူမှာ ရှားစောင်းလက်ပက်ဖျော်ရည် လုပ်သောက်မယ် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ ရှားစောင်းလက်ပတ်ဖျော်ရည် ရှားစောင်းလက်ပက်က အပင်သာလှတာမဟုတ်ဘဲ လတ်ဆတ်တဲ့အတွင်းသားအနှစ်ကပါ လူတွေအတွက် အကျိုးကျေးဇူးတွေ အများကြီးပေးစွမ်းနိုင်ပါတယ်။စိုက်ပျိုးရတာလည်း လွယ်ကူပြီး ဆေးဖက်ဝင်တဲ့ အစွမ်းသတ္တိတွေရှိတာကြောင့် အစာခြေနစ်နှင့် ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းဆိုင်ရာ ရောဂါများကို ကုသနိုင်ပါတယ်။ ကိုယ်တွင်းမှာ အက်ဆစ်ဓာတ်တွေ လွန်ကဲနေမှုကိုလည်း ပုံမှန်ဖြစ်စေပြီး အစောခြေနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ လိုအပ်သောပစ္စည်းများ ရှားစောင်းလက်ပတ် အနှစ် လက်ဖက်ရည်ဇွန်းနှင့် ၁ ဇွန်းမှ ၂ ဇွန်းအထိ သံပုယိုရည်စားပွဲတင်ဇွန်းတစ်ဝက် ပင်စိမ်းရွက် လက်တစ်ဆုပ်နဲ့ နည်းနည်း သခွားသီး (လှီးပြီးသား) ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ ရေ နှင့် အချိုဓာတ်မပါသည့် အုန်းရေ ၁ ခွက်စီ ပြင်ဆင်ပုံအဆင့်ဆင့် ပါဝင်ပစ္စည်းအားလုံးကို ကြိတ်စက်ထဲထည့်ကာ သေချာရောကြိတ်ပြီး … Read more

ပါးစပ်ဟပြီး အိပ်တတ်တာကြောင့် ဘာတွေဖြစ်လာနိုင်လဲ

ပါးစပ်ဟပြီး အိပ်တတ်တာကြောင့် ဘာတွေဖြစ်လာနိုင်လဲ ညက အိပ်ရေးမဝတာကြောင့် ကားပေါ်မှာ၊ အလုပ်စားပွဲမှာ အိပ်ငိုက်ရင်းက ပါးစပ်ဟပြီး အိပ်ပျော်သွားတာမျိုး ဖြစ်ဖူးပါသလား။ ဒါမှမဟုတ် ညဘက်အိပ်တိုင်း မှာ ပါးစပ်ဟပြီး အိပ်တတ်သူတစ်ယောက် ဖြစ်နေပါသလား။ ပါးစပ်ဟပြီး အိပ်တတ် တာကြောင့် သွားနဲ့ခံတွင်းကျန်းမာရေးကို အောက်ပါထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ သွားကြွေလွှာ ပျက်စီးနိုင်ခြေ များတယ် ဆိုဒါနဲ့ အမြှုပ်ထွက်တဲ့ အချိုရည် တွေက သွားအရောင်ကို စွန်းထင်းစေသ လိုပဲ ပါးစပ်ဟပြီး အိပ်တာကြောင့် သွား တွေကို ထိခိုက်နိုင်ပါတယ်။ ပါးစပ်ဟပြီး အိပ်တာကြောင့် လေတွေ ပါးစပ်ကနေ ဝင်လာပြီး တံတွေးတွေကို ဖယ်ရှားလိုက် ပါတယ်။ တံတွေးက ပါးစပ်ထဲမှာ သွား ချေးတွေ မကပ်အောင် ကာကွယ်ပေးတာ ကြောင့် တံတွေးနည်းသွားတဲ့အခါ သွား … Read more

မနက်စာအကြောင်းပြောကြမယ်

မနက်စာအကြောင်းပြောကြမယ် မနက်စာဟာ အတော်အရေးကြီးပါတယ်။ မနက်စာ မစားလို့ မရပါဘူး။ ပြီးတော့ ၀၀ လင်လင်စားဖို့လိုပါတယ်။ စားပေးကြပါ။ အဓိက အားဖြင့် မပါ မဖြစ်ဟာ ပရိုတင်းလို့ ခေါ်တဲ့အသားဓါတ်နဲ့ complex carb လို့ခေါ်တဲ့ ကာဗိုဟိုက်ဒရိတ်ဓါတ်ဖြစ်ပါတယ်။ -ပရိုတင်းကတော့ ကြက်ဥ၊ ပဲ၊ မုန့်ဟင်းခါး အရည်၊ ဘဲဥ စတာတွေ ဖြစ်ပါတယ်။Complex carb ကတော့ ပေါင်မုန့်ကြမ်း၊ ငခြိပ်ပေါင်း၊ ချပါတီ စတာတွေ ဖြစ်ပါတယ်။ဒီနှစ်မျိုးကို မျအောင်စားရမှာဖြစ်ပါတယ်။ခက်တာက မနက်စာမှာ စားလို့ရတာတွေရှိတယ်။ မရတာတွေ ရှိတယ်။ အဲ့ဒါလေးတွေ အကြောင်းပြောကြရအောင်။ သိတာတချို့‌ေရးပါ့မယ်။ -အကောင်းဆုံးက Oat meal ဖြစ်ပါတယ်။ အကြောင်းက complex carb ဖြစ်လို့ပါ။ သူ့ချည်းဆို ဘာအရသာ မှ မရှိတဲ့အတွက် … Read more