ဘေစင်ပိုက်ပိတ်နေတဲ့အခါ ပွင့်သွားအောင်လုပ်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်း (၃) မျိုး
ဘေစင်ပိုက်ပိတ်နေတဲ့အခါ ပွင့်သွားအောင်လုပ်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်း (၃) မျိုး ဘေစင်ပိုက်၊ ရေချိုးခန်းပိုက်တွေ ပိတ်သွားပြီး ရေမစီးပဲအိုင်နေတာမျိုးက အရမ်းစိတ်ညစ်စရာကောင်းသလို၊ စိတ်အနှောက်အယှက်လည်း အရမ်းဖြစ်ရပါတယ်နော်။ ဒီပြဿနာတွေကို ကြုံရတဲ့အခါ ပိုက်ပြင်ဆရာကို မခေါ်ခင် ဒီနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်လိုက်ပါဦး။ လွယ်ကူထိရောက်တဲ့ နည်းလမ်းလေးတွေဖြစ်လို့ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့နည်းလမ်းလေးတွေဖြစ်ပါတယ်။ (၁) မုန့်ဖုတ်ဆိုဒါရည် လိုအပ်သောပစ္စည်းများ မုန့်ဖုတ်ဆိုဒါ ၄ဇွန်း ဆား ၂ ဇွန်း ရှာလကာရည် ၁ခွက် မုန့်ဖုတ်ဆိုဒါနဲ့ ဆားတို့ကို သေသေချာချာရောမွှေပြီး ပိုက်ထဲကို လောင်းထည့်လိုက်ပါ။ရှာလကာရည်ကို ပွက်ပွက်ဆူတဲ့အထိ အပူပေးပြီး ပိုက်ထဲကို ထပ်လောင်လိုက်ပါ။ ပြီးရင် ပိုက်အဝကို ချက်ချင်း တစ်ခုခုနဲ့ အုပ်ပြီးဖိထားလိုက်ပါ။နာရီဝက်ကြာတဲ့အခါမှာ ရေနွေးပူပူလောင်းချလိုက်ပါ။ပိုက်ထဲက ဂျီးတွေနဲ့ အစာဟောင်းတွေအကုန် မျောပါသွားပါလိမ့်မယ်။ (၂) Asprin Asprin ဆေးပြား ၂ပြားကို ပိုက်ထဲထည့်လိုက်ပါ။ပြီးရင်တော့ … Read more
ကျား/မ အားလုံးတို့၏ အကြိုအကြားနေရာတွေပါမကျန် နေရာစုံပါတဲ့ မှဲ့ ဟောကိန်း
ကျား/မ အားလုံးတို့၏ အကြိုအကြားနေရာတွေပါမကျန် နေရာစုံပါတဲ့ မှဲ့ ဟောကိန်း မှဲ့တည်နေရာနှင့် အဟောတွေပါ… လူတိုင်းမှာ မှဲ့ရှိတတ်တာမို့ ကျား/မ အားလုံး (ဗဟုသုတရအောင် တင်ပေးတာပါ) ဗဟုသုတအနေနဲ့မျှဝေတာပါ။ အမှန်ကြီးပဲလို့မ ပြော နိုင်သလို၊ အမှားတွေပါလို့လဲမဆိုသာပါဘူး။ ကိုယ့်မှာ ပါတာလေးတွေနဲ့ တိုက်ကြည်ပေါ့။ ကြိုက်လျှင်ယူ၊ မကြိုက်လျှင် ပယ်လိုက်ပါ။ ယောကျ်ားတို့၏ မှဲ့ တည်နေရာနှင့် အဟော…. ( ၁ ) နဖူးပြင်တည့်တည့်တွင် မှဲ့ရှိလျှင် ငွေကြေးနှင့်ပတ်သက်၍ အစွပ်အစွဲခံရတတ်၏။ အပူသောကများလိမ့်မည်။မိမိတွင် ရှိသည်ထက်ပို၍ လူအများက ချမ်းသာ သည်ဟု ထင်မြင်တတ်ခြင်းကြောင့် ဒုက္ခတွေ့ရတတ်ပါသည်။ ( ၂ ) ညာဘက်မျက်ခုံးမွေးပေါ်တွင်ရှိလျှင် ချမ်းသာတတ်ပါသည်။ ပစ္စည်းဥစ္စာ ပြည့်စုံလိမ့်မည်။ လောကီစည်းစိမ်အဝဝကို သုံးဆောင် ခံစားရတတ်သည်။ ( ၃ … Read more
သင့်ဖုန်းကို Lock ချထားတဲ့ပုံစံက ပြောပြပေးမယ့် သင့်အကြောင်းက ဘာတွေလဲ ဖတ်ကြည့်လိုက်တော့
သင့်ဖုန်းကို Lock ချထားတဲ့ပုံစံက ပြောပြပေးမယ့် သင့်အကြောင်းက ဘာတွေလဲ ဖတ်ကြည့်လိုက်တော့ သင့်ဖုန်းကို Lock ချထားတဲ့ပုံစံက ပြောပြပေးမယ့် သင့်အကြောင်း သင်ဟာ ဘယ်လိုစိတ်နေစိတ်ထားရှိတဲ့လူလဲဆိုတာ သိချင်ပါသလား။ ဒီ စမ်းသပ်ချက်လေးက သင့်အကြောင်းကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ပုံထဲမှာ ဖုန်းကို lock ချနိုင်တဲ့ ပုံစံအမျိုးမျိုးကို ပေးထားမှာ ဖြစ်တဲ့အတွက် ဒီပုံစံတွေထဲက သင်အများဆုံးအသုံးပြုနေတဲ့ lock ပုံစံလေးကို ရွေးချယ်ပြီး သင့်ရဲ့စိတ်နေစိတ်ထားကို လေ့လာကြည့်လိုက်ရအောင်နော်။ (၁) Pattern Lock Pattern Lock ချပုံကို အသုံးပြုရင်တော့ သင်ဟာ တစ်ခြားလူတွေအကြောင်းကို အမြဲတွေးနေသူ တစ်ယောက်ပါ။ အမှန်တော့ ဒီလိုတွေးနေရတာက သူတို့ရဲ့မကောင်းကြောင်းတွေကို တွေးနေတာမဟုတ်ဘဲ သူတို့ရဲ့ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ တွေးနေခြင်းပဲ ဖြစ်ပါတယ်။ အပြင်ပိုင်းပုံစံအနေအထားအရ သင်ဟာ … Read more
လူသိ အလွန်နည်းနေသေးတဲ့ မြန်မာ့ရိုးရာ ရွှေဝင် ငွေဝင် နိမိတ်များအကြောင်း
လူသိ အလွန်နည်းနေသေးတဲ့ မြန်မာ့ရိုးရာ ရွှေဝင် ငွေဝင် နိမိတ်များအကြောင်း လူသိ အလွန်နည်းနေသေးတဲ့ မြန်မာ့ရိုးရာ ရွှေဝင်/ငွေဝင် နိမိတ်များအကြောင်းကို စာဖတ်ပရိသတ်များ သိရှိစေရန် ဖော်ပြပေးလိုက်ပါတယ်။ (၁)အိမ်ထဲ ဖားခုန်ဝင် တွေ့ရှိခဲ့မူ ငွေရအံ့။ ၂။ အိမ်ထဲ ပိတုန်းဝင်မူ တွေ့ရှိခဲ့ပါက ဧည့်သည် လာအံ့။ (၃) အိမ်ထဲ ဓါးခုတ်ကောင်ဝင်မူ တွေ့ရှိခဲ့ပါက ပေးကမ်းမည့် ဧည့်သည်လာအံ့။ (၄)အလံတင်ရမူ ရည်မှန်းချက် အောင်မြင်အံ့။ ၅။ တင်လိုက်သည့်အလံ ပြန်လျှောကျမူဘေး တွေ့အံ့။ (၆) ခွေးလက်ဆောင်ရမူ၊ အိမ်တွင် ခွေးလာနေမူ မိတ်ဆွေ ကောင်း ရအံ့။ ခွေးမဲလာမူ ဥစ္စာပေးမည့် မိတ်ဆွေ ရအံ့။ ခွေးဝါလာမူ ပျော်ရွှင်စေမည့် မိတ်ဆွေရအံ့။ ၇။ ဖြူလာနေမူ ချစ်ခင်ဖွယ် မိတ်ဆွေရအံ့ … Read more
မြန်မာ့ပြက္ခဒိန်တီထွင်ခဲ့သူကို သိကြရဲ့လား
မြန်မာ့ပြက္ခဒိန်တီထွင်ခဲ့သူကို သိကြရဲ့လား မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ မြန်မာပြက္ခဒိန်ပေါ်ပေါက်လာရတဲ့ သမိုင်းကြောင်းကို မိတ်ဆွေများအတွက် မျှဝေလိုက်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ဟိုးရှေးရှေးတုန်းကလို့ပဲဆိုရမှာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း၂၅ဝဝတုန်းက ဗုဒ္ဓပြက္ခဒိန်ဆိုပြီး ပထမသင်္ဂါရတနာတင်ပွဲအပြီးမှာ စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မှုပြီး မဟာသက္ကရာဇ်သက်တမ်း ၁၄၈ နှစ်မှာသာသနာတော်နှစ် ၅ဝဝဝကိုထားခဲ့တဲ့အတွက် အဲဒီအချိန်ကစတင်ပြီး သာသနာတော်နှစ်ကိုစတင်ခဲ့တာဖြစ်ပါတယ်။ မြန်မာ့နက္ခတ်ပညာရဲ့ အစဟာ သူရိယသိန္ဓန္တဖြစ်ပါတယ်။ အဲ့ဒီကျမ်းမှာ ခရစ်နှစ် ၆၂၈ ခုနှစ်က ဗြဟ္မရပ္ပတိ အမည်ရတဲ့ ပညာရှိကြီးရေးသားခဲ့သည်ကို ခရစ်နှစ် ၁၀၉၁ မှာဘရဘတ္တ အမည်ရှိ ပညာရှိကြီးထံမှ ဝါရဟမိဟိရက ကူးယူခဲ့ကြောင်း ၁၈၆၀ ပြည့်နှစ်မှာ အင်္ဂလိပ်လိုဘာသာပြန်ခဲ့တဲ့ အီးဘားဂျက်က ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီပြက္ခဒိန်မှာဆိုရင်တော့ သူရိယသိဒ္ဓန္တ နက္ခနဲ့ဆိုင်တဲ့စည်းမျဉ်းတွေ ကိုအခြေခံပြီးဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ကောဇာသက္ကရာဇ်နဲ့ သာသနာနှစ်မှာကွဲပြားနေတာကို တွေ့ရပါတယ်။ ကောဇာသက္ကရာဇ်မှာ ၁၃ဝဝကျော်ရှိသေးပေမယ့် သာသနာနှစ်ကတော့ … Read more
ကြက်သွန်နီအစိမ်းကို ပုံမှန်စားပေးပြီး ကောင်းကျိုး ၇ မျိုးခံစားမယ်
ကြက်သွန်နီအစိမ်းကို ပုံမှန်စားပေးပြီး ကောင်းကျိုး ၇ မျိုးခံစားမယ် ကြက်သွန်နီအစိမ်းကို ပုံမှန်စားပေးတာနဲ့ ချက်ချင်းရရှိလာမယ့် ကျန်းမာရေးကောင်းကျိုးများ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေထက် အသာဆုံးအချက်က ကောက်ပဲသီးနှံတွေ၊ သစ်သီးဝလံတွေကို စျေးနှုန်းချိုချိုနဲ့ ပေါပေါများများ ရနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဆေးဘက်ဝင် သစ်ဥသစ်ဖုတွေကိုလည်း အခုအချိန်ထိ စစ်စစ်မှန်မှန် ရနိုင်နေပါသေးတယ်။ မြန်မာနိုင်ငံမှာ ပေါများလွန်းတဲ့ ကြက်သွန်နီဟာ ကျန်းမာရေးအရ အလွန်တန်ဖိုးကြီးပါတယ်။ ကြက်သွန်နီအစိမ်းကို ပုံမှန်စားပေးရုံနဲ့- (၁) အရိုးသိပ်သည်းဆကို ကျစ်လစ်စေတယ် – အသက်ကြီးလာတဲ့အခါမှာ အရိုးပွတာတွေ၊ အရိုးဆက်တာတွေကို မခံလိုလျှင် အခုနေကတည်းက ကြက်သွန်နီအစိမ်းကို တစ်နိုင်တပိုင် စားပေးသင့်ပါတယ်။ တစ်လလောက် ကြာတဲ့အခါမှာ အရိုးတွေရဲ့ သိပ်သည်းဆဟာ ယခင်ကထက် (၅)%အထိ တိုးပွားလာစေမှာပါ။ (၂) ကိုလက်စထရောဓာတ်ကို လျှော့ကျစေတယ် – ကိုလက်စထရောဓာတ်ဟာ … Read more
ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ အမျိုးသမီးတိုင်း မဖြစ်မနေ လိုက်နာကြတဲ့ အချက် (၅) ချက်
ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ အမျိုးသမီးတိုင်း မဖြစ်မနေ လိုက်နာကြတဲ့ အချက် (၅) ချက် (1) ကိုယ်က အဖိုးတန်တာကို သိတယ် မိန်းကလေးတိုင်းက ကိုယ်က ဘယ်လောက် အဖိုးတန်တယ်ဆိုတာကို သိကြတာမျိုး မဟုတ်ပါဘူး။ တခြားသူတစ်ယောက် ရှိမှ ဘဝကို ရပ်တည်နိုင်တာမျိုးကို ကိုယ်က အဖိုးတန်မှန်း သိတဲ့သူတွေက မလုပ်ကြပါဘူး။ကိုယ်က တစ်စုံတစ်ယောက် မြတ်နိုးဖို့ ထိုက်တန်လို့ ခခယယ လုပ်တာမျိုးကို မလုပ်သလို ကိုယ့်ကို တန်ဖိုးကျစေအောင် လုပ်တဲ့သူတွေနားမှာ မနေတတ်ကြပါဘူး။ (2) ကိုယ့်ကိုယ်ကို အချိန်ပေးတယ် မိသားစုနဲ့ ချစ်သူ၊ သူငယ်ချင်းတွေကို အချိန်ပေးတာက ကိုယ့်ရဲ့ ချစ်ခြင်း မေတ္တာကို ပြသတဲ့ သဘော ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့သူတွေက ကိုယ့်အတွက်လည်း အချိန်ပေးတတ်ကြပါတယ်။တစ်ယောက်တည်း သက်တောင်သက်သာလေး … Read more
သင့်ကို လူချစ်လူခင်ပေါစေမယ့် အလွယ်ကူဆုံးနည်း ( မေတ္တာပို့နည်း)
သင့်ကို လူချစ်လူခင်ပေါစေမယ့် အလွယ်ကူဆုံးနည်း ( မေတ္တာပို့နည်း) သင့်ကို လူချစ်လူခင်ပေါစေမယ့် အလွယ်ကူဆုံးနည်း မေတ္တာပို့နည်း သင် နံနက် အိပ်ယာထလို့ မျက်နှာသစ်တော့မယ် ရေကို စကိုင်ပြီးဆိုတာနဲ့ဗုဒ္ဓံသရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ .. အဲ့လိုဘဲ ဓမ္မံသရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ .. သံဃံ သရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် ရေနဲ့ တစ်ခါသပ်ချပါ .. (ဆိုလိုတာကတော့ မေတ္တာမပို့မှီ သရဏဂုံ သုံးပါးကို အရင်ရွတ်လိုက်ပါ) အဲ့ဒါပြီးရင်တော့ သွားတိုက်ချင်တိုက်ပါ သွားတိုက်ရင်း စိတ်ထဲကဂုဏ်တော် ကိုးပါးကိုရွက်ရင် ပိုကောင်းပါတယ် .. ကိုယ်ပြောတဲ့စကား အောင်စေပါတယ် .. သွားတိုက်ပြီးလို့ ရေကို ထပ်ကိုင်တဲ့အချိန်ကျရင်ပထမဆုံး – … Read more
ရာသီအလိုက် ဟင်းသီးဟင်းရွက်များ..စတင်စိုက်ပျိုးသင့်တဲ့အချိန်
ငွေအကုန်အကျနည်းပြီး ခြင်ပြေးစေတဲ့ ကိုယ်တွေ့နည်း