အိမ်စောင့်နတ်၊ ကိုယ်စောင့်နတ်တောင် မနေနိုင်တော့ပဲ ဖြည့်ဆည်းပေးရတဲ့ ဂါထာတော်နှင့်ရွတ်ဆိုနည်း

အိမ်စောင့်နတ်၊ ကိုယ်စောင့်နတ်တောင် မနေနိုင်တော့ပဲ ဖြည့်ဆည်းပေးရတဲ့ ဂါထာတော်နှင့်ရွတ်ဆိုနည်း သမ္ဗုဒ္ဓေ ဂါထာလေးအကြောင်းမသိသူတွေအတွက်ဗဟုသုတ အဖြစ်ပြောချင်ပါတယ် သမ္ဗုဒ္ဓေဂါထာတော်က၂၇ခေါက်ကျော်ရင်အိမ်စောင့်နတ်၊ကိုယ်စောင့်နတ်တောင်နေမရတော့ပါဘူး၊ ပြိတ္တာကတော ဂါထာအစကြားတာနဲ့တစ်ချိုးတည်းလစ်ပြေးပါတယ်၊ကျောင်းထိုင်ပြတ္တာကြီးတွေအခြားဂါထာတွေပရိတ်တွေ လိုက်ဆိုပြနိုင်ပေမယ်သမ္ဗုဒ္ဓေစရွတ်တာနဲ့လစ်ပြေးတာပါပဲ၊ပြေးတဲ့နောက်ကလိုက်ရွတ်၊သူကိုယ်ရောင်မဖြောက်ပြေးနိုင်ပါဘူး၊ သမ္ဗုဒ္ဓေဂါထာတော်တစ်နေ့တစ်ထောင်မကရွတ်ရင်နတ်တွေတိမ်ကြားမင်းတွေထက်တောင်ဘုန်းကြီးလာနိုင်ပီးစိတ်ကတောင့်တရင် သူတို့တွေကောင်းကောင်းနေမရပါဘူး၊လိုက်ဖြေစည်းပေးရပါတယ်သမ္ဗုဒ္ဓေဂါထာတော်ဟာနေမင်းကြီးနဲ့တူပါတယ်၊ သဲစုမကဘုရားတွေရှိခိုးရတာကြောင့်အရမ်းအစွမ်းထက်ကြောင်းအနည်းငယ်ဗဟုသုတအနေနဲ့တင်ပြလိုက်ပါတယ် သမ္ဗုဒ္ဓေဂါထာ မြန်မာပြန် (၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်းနှစ်ထောင်သောဘုရားရှင်၊ ငါးသိန်းသောဘုရား ရှင် (၅၁၂ဝ၂၈ ဆူသော ဘုရားရှင်)တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏။ (၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာ မဟံ။ ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာနည်း၏။ ပရိနိဗ္ဗာန် စံတော်မူပြီးသော အောင်တော်မူဘုရားရှင် တို့ကား … Read more

နှာစေး ၊ နှာပိတ် တာနဲ့ လည်ပင်းနာ တာကို သက်သာစေမယ့် သဘာဝ နည်းလမ်း များ

နှာစေး ၊ နှာပိတ် တာနဲ့ လည်ပင်းနာ တာကို သက်သာစေမယ့် သဘာဝ နည်းလမ်း များ ဖျားချင်ချင်ဖြစ်ရင် အရင်ဆုံးကြုံတွေ့ရတာက နှာစေး၊ နှာပိတ်တာနဲ့ လည်ပင်းနာတာဘဲဖြစ်ပါတယ်။ နှာစေး၊ နှာပိတ်တာနဲ့ လည်ပင်းနာ တာတွေက အာဂန္တုပေမယ့် အလုပ်ဖြစ်ဖြစ်၊ ကျောင်းစာဘဲဖြစ်ဖြစ် အာရုံစိုက်ပြီး မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် သဘာဝနည်းဖြင့် နှာေ စး၊ နှာပိတ် တာနဲ့ လည်ပင်းနာ တာကို အလွယ်တကူဖယ်ရှားနိုင်မယ့် နည်းလမ်းကို ဝေမျှချင်ပါတယ်။ ပါဝင်ပစ္စည်းများ သံပုရာရည် လက်ဖက်ရည် ဇွန်း ၁ ဇွန်း သစ်ကြမ်းပိုးခေါက် နည်းနည်းဖြူး ကြိတ်ထားတဲ့ ဂျင်း လက်ဖက်ရည် ဇွန်း တစ်ဝက် ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဝက် ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဝက် နနွင်း … Read more

တခြားသူတွေထက် ခန္ဓာကိုယ် အသားအရေ ပိုပူနေရခြင်း အကြောင်းရင်း ၅ ချက်

တခြားသူတွေထက် ခန္ဓာကိုယ် အသားအရေ ပိုပူနေရခြင်း အကြောင်းရင်း ၅ ချက် တချို့သောသူတွေရဲ့ အသားအရေဟာ တခြားသူတွေထက်ပိုပြီး ပူတာကို သတိထားမိကြမှာပါ။ အများအားဖြင့် ခန္ဓာကိုယ်ပိန်တဲ့ သူတွေဟာ အသားပိုပူတတ်ကြပြီး ဒါဟာ လူတဦးနဲ့တဦး ဇီဝကမ္မ ဖြစ်စဉ်ချင်း မတူညီတာကြောင့် ဖြစ်နိုင်သလို အခုဖော်ပြပေးမယ့် အကြောင်းအရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ (၁) ကဖင်းဓာတ် လွန်ကဲခြင်း ကော်ဖီ၊ လက်ဖက်ရည် စတဲ့ ကဖင်းဓာတ် ပါဝင်တဲ့ အရည်တွေ သောက်သုံးမှု များခြင်းဟာလည်း ခန္ဓာကိုယ် အသားအရေ တခြားသူတွေထက် ပိုပူရတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။ ကဖင်းဓာတ်ဟာ ကိုယ်အပူချိန်ကို မြင့်တက်စေနိုင်ပြီး ကိုယ်တွင်း ရေဓာတ်ခမ်းခြောက်တာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ (၂) သိုင်းရွိုက်ဟော်မုန်း အထွက်များခြင်း လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းက ဟော်မုန်းတွေ အထွက်များတဲ့အခါ … Read more

အချိန်ကြာမြင့်စွာဖုန်းသုံးစွဲခြင်းဟာ ကျောရိုးကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်

အချိန်ကြာမြင့်စွာဖုန်းသုံးစွဲခြင်းဟာ ကျောရိုးကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင် နေ့စဉ်နဲ့အမျှ သုံးနေတဲ့ ဒီဖုန်းဟာ ခန္ဓာကိုယ်ကို ဘာမှမထိခိုက်စေနိုင်ဘူးလို့ ယုံကြည်ထားရင်တော့ မှားပါတယ်။ထိုင်နေရင်းနဲ့ဖုန်းသုံးတဲ့အခါမျိုးမှာ ငုံ့ပြီးတော့ကြည့်နေရတဲ့အတွက် ကျောရိုးပေါ်ကို အလေးချိန် ၂၆ ကီလိုဂရမ်လောက်သက်ရောက်နေလေ့ရှိပါတယ်။ ခေါင်းကိုမတ်ထားတဲ့အချိန်မှာတော့ ကျောရိုးဟာ ခေါင်းရဲ့အလေးချိန် ၅ ကီလိုဂရမ်လောက်သာ သယ်ပိုးထားရပေမယ့် ခေါင်းငုံ့ထားတဲ့အချိန်မှာတော့ ကျောရိုးပေါ် အလေးချိန်သက်ရောက်မှုအလွန်များပါတယ် ။ ခေါင်းကို ၁၅ ဒီဂရီ ငုံ့ထားမယ်ဆိုရင် ကျောရိုးပေါ် ၁၇ ကီလိုဂရမ်လောက်သက်ရောက်နေမှာဖြစ်ပြီး ၃၀ ဒီဂရီလောက် ငုံ့ထားမယ်ဆိုရင်တော့ အလေးချိန် ၂၃ ကီလိုဂရမ်လောက်သက်ရောက်နေမှာပါ ။ ဦးခေါင်းကို ၆၀ ရာခိုင်နှုန်း ငုံ့ထားမယ်ဆိုရင်တော့ စုစုပေါင်းအလေးချိန် ၃၁ ကီလိုဂရမ်လောက် ကျောရိုးပေါ်သက်ရောက်နေမှာဖြစ်ပါတယ်။အခုလိုမျိုးအနေအထားနဲ့ အချိန်တွေကြာလာတဲ့အခါ လည်ပင်းကြွက်သွားတွေနာကျင်လာပြီး အကြောတွေတောင့်တင်းလာပါလိမ့်မယ်။ ဒီတော့ တစ်နေ့ကို ၃ နာရီလောက်ဖုန်းသုံးမယ်ဆိုရင် သင့်ရဲ့ … Read more

၇ နာရီ အိပ်ချိန်ဟာ ၁၈ နှစ်ကနေ ၆၄ နှစ်လူတွေအတွက် သင့်တော်ပါသလား

၇ နာရီ အိပ်ချိန်ဟာ ၁၈ နှစ်ကနေ ၆၄ နှစ်လူတွေအတွက် သင့်တော်ပါသလား အရှေ့မှာ ဖော်ပြခဲ့တဲ့ ကျန်းမာရေးဆောင်းပါးတွေမှာ အိပ်ချိန်တွေနည်းလို့၊ အိပ်ရေးတွေ မဝလို့ ဘယ်လို ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာတယ်ဆိုတာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်…။ တကယ်တော့ အိပ်ချိန်ဆိုတာ ခန္ဓာကိုယ်ရဲ့ပြန်လည်ပြုပြင်တာတွေ၊ ပြန်လည်ထုတ်လုပ်တာတွေ လုပ်တဲ့အချိန်ပဲဖြစ်ပါတယ်…။ ဒါကြောင့် အနားယူအိပ်စက်ချိန်တွေနည်းတယ်ဆိုရင် မကောင်းတဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာတာဖြစ်ပါတယ်…။ ဒါဆို များများအိပ်လေ ကောင်းလေပေါ့ဆိုတော့ အဲလိုလည်း မဟုတ်ပြန်ပါဖူး…။ ဘယ်အရာမဆို အစွန်းမရောက်ဘဲ သင့်တင့်မျှတတဲ့ အနေထားမျိုးက အကောင်းဆုံးပဲဖြစ်ပါတယ်…။ ဒါကြောင့် အိပ်ချိန်နည်းတာကလည်း မကောင်းသလို အိပ်ချိန်တွေ သိပ်များတာကလည်း မကောင်းပါဘူး…။ ဒါပေမယ့် အိပ်ချိန်များတာ၊ အအိပ်လွန်တာက ဘယ်လိုမကောင်းဘူးဆိုတာ သတိထားမိသူနည်းမယ်လို့ထင်ပါတယ်…။ အအိပ်လွန်တာဟာ ရောဂါတွေကိုဖြစ်စေနိုင်သလို ရောဂါတစ်ခုခုဖြစ်နေတဲ့ လက္ခဏာလို့လည်းပြောလို့ရပါတယ်…။ ဒီတော့ ကိုယ်ဟာ အအိပ်လွန်နေပြီလားဆိုတာ … Read more

ဆန်ဆေးရေ နဲ့ စပါးလင် စိမ်ပြီး သောက်တာ တစ်ညနဲ့တစ်မနက် ၂ ခွက်သောက်ရုံရှိသေး တယ် ကျောက် ကျလာတယ်

ဆန်ဆေးရေ နဲ့ စပါးလင် စိမ်ပြီး သောက်တာ တစ်ညနဲ့တစ်မနက် ၂ ခွက်သောက်ရုံရှိသေး တယ် ကျောက် ကျလာတယ် ဆန်ဆေးရေ နဲ့ စပါးလင် စိမ်ပြီး သောက် တာ တစ်ညနဲ့ တစ်မနက် ၂ ခွက်သောက်ရုံရှိသေး တယ် ကျောက် ကျလာတယ် အဖေ့ ဆီက ဘာပဲဖြစ်ဖြစ် ဆေးနည်းဖြန့်ပေးတာပါ လက်တွေ့ တစ်ရက်နဲ့တစ်ည အောင့် တာ မခံနိုင် လို့ ဆေးရုံပြတာ ၂.၁.၁၈ ရက်နေ့ဆေးရုံမှာ လေဆာနဲ့ ချေဖို့ချိန်းထား ပြီးသား ကို မိတ်ဆွေတစ်ယောက်က ညွှန်လို့ သောက်ကြည့်တာပါ ဆေနည်းညွှန်တဲ့ ကို အသေး လေးလဲ ကျေး ဇူး အရမ်း တင်ပါတယ် သူ့မိတ်ဆွေတုန်းက လဲ ဘန် … Read more

အရက်နဲ့မကင်းနိုင်ရင် ဒါလေးတွေတော့ သိထားပေးပါ

အရက်နဲ့မကင်းနိုင်ရင် ဒါလေးတွေတော့ သိထားပေးပါ အရက်သောက်တာဟာ အသည်းကိုသာမက အစာအိမ်နဲ့အူလမ်းကြောင်းကိုလည်း ကောင်းကောင်း ဒုက္ခပေးနိုင်ပါသေးတယ်။ အရက်နည်းနည်းပဲသောက်ရင်တောင်မှ အစာအိမ်က အက်ဆစ်တွေပိုထွက်လာပြီး အစာအိမ်ကိုရောင်ရမ်းနိုင်ခြေရှိပါတယ်။ ဒီနောက်မှာတော့ ဗိုက်အောင့်တာ၊ ရင်ပူတာ၊ အန်တာ၊ ဝမ်းလျှောတာနဲ့ အသောက်များသွားတဲ့သူတွေမှာ သွေးအန်တာမျိုးအထိဖြစ်နိုင်ပါတယ်။ ရေရှည်များများသောက်သွားမယ်ဆိုရင်တော့ ပါးစပ်၊ လျှာ၊ နှုတ်ခမ်း၊ လည်ချောင်း၊ အစာအိမ်၊ မုန့်ချိုအိတ်နဲ့ အူမကြီးကင်ဆာတွေအထိဖြစ်သွားနိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ အရက်သောက်တဲ့အခါ အစာအိမ်ရေမျိုပြွန်တလျောက်အက်ဆစ်တွေပြန်ဆန်တက်တာနဲ့ ရင်ပူ၊ ဗိုက်အောင့်တာတွေခံစားရနိုင်ပါတယ်။ ဘယ်လိုကာကွယ်မလဲ ။ ခက်တာက အရက်ဘီယာဆိုတာကလည်း အခုခေတ်မှာက ပွဲတွေဘာတွေတက်ရင် မပါမဖြစ်တဲ့အရာတစ်ခုဖြစ်လာတယ်။ လူမှုပေါင်းသင်းရေးကောင်းဖို့အတွက် မဖြစ်မနေသောက်ရတဲ့အရာတစ်ခုလိုဖြစ်လာတယ်။ ဒီတော့လုံးဝမသောက်ဘဲတော့ နေလို့မရတဲ့အခြေအနေတွေဖြစ်လာတော့တာပေါ့။ အရက်သောက်ရင် အပေါ်မှာပြောထားသလို အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေဖြစ်မှာလည်းကြောက်ရသေးတယ်။ ဘယ်လိုလုပ်ကြရပါ့မလဲ။ အရက်ကိုရောသောက်ပါ ။ အရက်ချည်းသပ်သပ်သောက်တာနဲ့ ရောသောက်တာ အစာအိမ်ကိုထိခိုက်တာ မတူညီပါဘူး။ အရက်ချည်းပဲ … Read more

လူတွေ စားနေကြတဲ့ ဆေးဘဲဥ ထဲက ကြောက်မက်ဖွယ် အဆိပ်အတောက်

လူတွေ စားနေကြတဲ့ ဆေးဘဲဥ ထဲက ကြောက်မက်ဖွယ် အဆိပ်အတောက် မြန်မာနိုင်ငံရဲ့ ရိုးရာဟင်းအမယ်မဟုတ်ပေမယ့် ဆိုင်တွေမှာဟင်း အမယ် တစ်ခုအဖြစ် ပါဝင်နေတဲ့ ဖီတန်သုပ် ( ခေါ်) ဆေးဘဲဥသုပ်ကို လူတိုင်းစားဖူးကြမှာပါ။ အထူးသဖြင့် ဘီယာသောက်တတ်တဲ့ လူငယ်တွေအကြားမှာ ဖီတန်ဟာ အမြည်း တစ်ခုအဖြစ် အမြဲဖြည့်ဆည်းပေးခဲ့တဲ့ ဟင်းအမယ် လည်း ဖြစ်ပါတယ်။ ဖီတန်လို့ခေါ်တဲ့ ဆေးဘဲဥ ရဲ့ အစက တရုတ်နိုင်ငံက ဖြစ်ပြီးတော့ သူတို့ဟာ ရွံ့မြေ ၊ ဆား၊ ထုံး၊ ထမင်း ပျော့ စတာတွေကိုလိုအပ်သလိုထည့်ပြီး ဆေးဘဲဥ ရဖို့အတွက် လပေါင်းများစွာ ကြာအောင် လုပ်ကြရပါတယ်။ အဲ့ဒီနောက်မှာတော့ စိမ်းပုတ်ရောင်မှသည် မီးခိုးရောင် ၊မီးခိုးရောင်မှသည် အညိုနက်ရောင်သို့ပြောင်းလဲသွားပြီး ပြစ်ခဲမှု မှာလည်း အရည်အဖြစ်မှ ဂျယ်လီအဖြစ်သို့ပြောင်းလဲသွားပါတယ်။ … Read more

အာရုံကြော အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများနှင့် ဆောင်ရန် ရှောင်ရန်များ

အာရုံကြော အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများနှင့် ဆောင်ရန် ရှောင်ရန်များ အာရုံကြော အားနည်းခြင်းဆိုတာ ဘာလဲ နောက်ဆက်တွဲဘာတွေ ဖြစ်လာနိုင်လဲ အာရုံကြော အားနည်းရောဂါ သည် အာရုံကြောများ ပျက်စီးမှု ကြောင့် ဖြစ်သော ရောဂါဖြစ်ပါသည်။ အာရုံကြောများ၏ တာဝန်မှာ ဦးနှောက်နှင့် ပင်မအာရုံကြောမကြီးမှ သတင်းအချက်အလက်များကို ခန္ဓာကိုယ်၏ ကျန်အစိတ်အပိုင်းများသို့ ပို့လွှတ်ပေးပါသည်။ ရောဂါလက္ခဏာများမှာ လက်များ၊ ခြေထောက်များ လှုပ်ရှားမှု အားနည်းခြင်း၊ ပင်အပ်နှင့် ထိုးသကဲ့သို့ စူးကနဲ၊ ပူကနဲ ဖြစ်ခြင်း၊ ထုံကျင်ခြင်း၊ အထိမခံနိုင်ဖြစ်ခြင်းတို့ ဖြစ်ပါသည်။ အချို့လူနာများတွင် ချွေးထွက်မမှန်ကန်ခြင်း၊ အထိုင်အထ မိုက်ခနဲဖြစ်ခြင်း၊ ဆီးဝမ်းနှင့် အစာခြေဆိုင်ရာ ပြဿနာများ၊ ယောကျာ်းများ စွမ်းဆောင်ရည် အားနည်းခြင်းတို့ ဖြစ်နိုင်ပါသည်။ ဖြစ်စေသော အကြောင်းအရင်းများမှာ ထိခိုက် … Read more

ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင်

ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်နိုင်တဲ့ နည်းလမ်းကောင်း တကယ်လွယ်ပြီးတော့ တကယ်လည်း ကောင်းပါ တယ်။ အသုံးပြုပြီးချိန်မှာ မျက်နှာတွင်သိသိသာ သာ ဖြူဝင်းသွားစေ မှာ ဖြစ်ပါတယ်။ ငွေကြေးအ ကုန်အကျ သက်သာပြီး အသုံးပြုရ တာလည်း လွယ်ကူပါတယ်။ အသုံးပြုပုံကတော့ (၁) သန့်စင်သော ခွက်တစ်ခုကို ယူလိုက်ပါ။ (၂) ထိုခွက်ထဲသို့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းထည့်လိုက်ပါ။ (၃) သကြားလက်ဖက်စားဇွန်း တစ်ဇွန်းကိုလည်း ထည့်လိုက်ပါ။ (၃) သံပုရာရည် အနည်းငယ် ညစ်ထည့်ပြီး မွှေလိုက်ပါ။ သာကူကြို ပုံစံမျိုးဖြစ်သွား တာကို တွေ့ရပါလိမ့်မယ်။ ထို့နောက် လက်ပေါ်ကို အရင်ဦးဆုံး သုတ်လိမ်းကာ စမ်းသပ်နိုင် … Read more