အင်္ဂါဂြိုဟ်ကို လ ဖုံးကွယ်မည့်ဖြစ်စဉ် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် မြင်ရမည်

အင်္ဂါဂြိုဟ်ကို လ ဖုံးကွယ်မည့်ဖြစ်စဉ် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် မြင်ရမည် လာမယ့် ၂၀၂၁ ခုနှစ် ဧပြီလ (၁၇) ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့) မှာတော့ အင်မတန်ထူးခြားတဲ့ အာကာသဖြစ်စဉ်တစ်ခုကို မြန်မာနိုင်ငံမှ မျက်ဝါးထင်ထင် တွေ့မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ အင်္ဂါဂြိုဟ် (မားစ်) ကို လမင်း (တန်ခူးလဆန်းလ) မှ ဖုံးကွယ်သွားခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် လ ကို ဂြိုဟ်/ (ကြယ်) ဖောက်ခြင်း လို့လည်း ဆိုနိုင်မယ် ထင်ပါတယ်။ အင်္ဂါဂြိုဟ်ဟာ အနီရောင်အဆင်းရှိပါတယ်။ ဒါဟာ သူ့မှာပါဝင်ဖွဲ့စည်းထားတဲ့ သံဓါတ် (အိုင်းယွန်းအောက်ဆိုဒ်) ကြွယ်ဝသော မြေသားများကြောင့် ဖြစ်ပါတယ်။ “အင်္ဂါ” ရဲ့ အဓိပ္ပါယ်ဟာ “မီးကျီးခဲ” ဖြစ်တယ်လို့ ဆရာဦးဘိုးလတ်ရဲ့ … Read more