အခုလို အချိန်အခါမျိုးမှာ ကမ္ဘာကတောင် သိသွားတဲ့ သမီးလေး

အခုလို အချိန်အခါမျိုးမှာ ကမ္ဘာကတောင် သိသွားတဲ့ သမီးလေး စိတ်ထားဖြူတဲ့ကလေးဒီကလေးမလေး(ဖရဲသီးစိတ်ရောင်းတဲ့ကလေး)ကျွန်တော်မလေးစားဘဲမနေနိုင်တော့ဘူး ကမ္ဘာကသိသွားတဲ့ ဓနုဖြူကစေတနာရှင်မလေး (၁၈-၂-၂၀၂၁)ကြာသာပတေးနေ့ဆန္ဒဖော်ထုတ်ပွဲ(၁၂)ရက်မြောက်နေ့ စိတ်ထားဖြူတဲ့ကလေးဒီကလေးမလေး(ဖရဲသီးစိတ်ရောင်းတဲ့ကလေး)ကျွန်တော်မလေးစားဘဲမနေနိုင်တော့ဘူးကျွန်တော်တို့ကရှေ့ကကြိုပွိုင့်သွားတယ် သူ့ရှေ့ရောက်တော့အမောပြေဝယ်စားမလို့ “သမီး တစ်စိတ်ဘယ်လောက်လဲ””တစ်စိတ် (၂၀၀ )သုံးစိတ် (၅၀၀) ပါဦးဦး” “အေး အဲဒါဆို (၅၀၀ )ဖိုးထည့်””ရော့ ရပြီ ဦးဦး မပေးနဲ့ စားသွားနော် ဖြစ်နိုင်ရင်အခုဆန္ဒဖော်ထုတ်တဲ့သူတွေအကုန်လုံးကို သမီးက ကျွေးချင်တာ” အရင်းမရှိတော့ရင် အမေဆူမှာစိုးလို့””သမီး အရင်းက ဘယ်လောက်မို့လဲ” “သိဘူး အမေ ကဖရဲသီးတစ်လုံးဝယ်ပြီးစိတ်ပေးလိုက်တာ” ခန့်မှန်းပြီးအစိတ်‌ရေကြည့်လိုက်တော့ ကာလပေါက်ဈေး (၃၅၀၀/၄၀၀၀) “သမီးတစ်ဗန်းလုံးဦးဝယ်မယ် (၅၀၀၀) ထား” “အာ့လောက်အမြတ် သမီးမယူပါဘူး အရင်းဘဲပေး” “အရင်းက (၂၈၀၀ )ထဲ သမီးအမြတ်လှူပါ့မယ်” (နေ့လုပ်မှတစ်နေ့စားရတဲ့ကလေးကသူ့အမြတ်ကိုလှူမှာတဲ့ဗျာ ကျွန်တော်အံ့ဩဆွံ့အသွားတယ်) “အေးသမီး အဲဒါဆို ဦးပေးမယ် သမီးလှူချင်တဲ့ဒါနမြောက်အောင် အခုဝေပေးလိုက်တော့” … Read more