မျက်စိရောဂါအတွက် တိုင်းရင်းဆေး
မျက်စိရောဂါအတွက် တိုင်းရင်းဆေး အသက်ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မျက်စိပေကလတ်ပေကလတ် ဖြစ်နေသည်။ လက်ကိုင်ဖုန်းတွင် ပါလာသော ဂိမ်းကစားနည်းများကို နေ့စဉ်ငါးနာရီထက် ပိုပြီးကစားရာမှ မျက်စိအဖွင့်၊ အပိတ်ကို ထိန်းချုပ်သော အာရုံကြောများ အားနည်းလာပြီး ပေကလတ်ပေကလတ် ဖြစ်နေခြင်းဖြစ်သည်။ အသက်ငယ်ရွယ်သော ကလေးများကို ဂိမ်းကစားရာတွင် တစ်နာရီအလွန်ဆုံး၊ တစ်နာရီခွဲထက် မပိုအောင် ကန့်သတ်ပေးသင့်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မျက်မှန်တပ်ရသော ကလေးများ များလာရခြင်းမှာ ဂိမ်းက စားနည်းများပါသည့် ဟန်းဖုန်းများပါလာပြီး ပိုများလာသည်။ ယနေ့ခေတ်မီတိုးတက်လာသော ဆက်သွယ်ရေးနည်းပညာများကြောင့် ကွန်ပျူတာအသုံးပြုသူ၊ ဖုန်းဖြင့် အင်တာနက်သုံးစွဲသူ၊ အထူးဖြင့် ကလေး၊ လူပြီးအရွယ်စုံ ဖေ့စ်ဘုတ်သုံးစွဲမှု များပြားလာပြီး နေရာတိုင်းတွင် ကိုယ်ပိုင်လက်ကိုင်ဖုန်းမျက်နှာပြင် လက်ဖြင့်ပွတ်ကာ မျက်စိအာရုံစူးစိုက်နေသူများကို တွေ့ မြင်နေရသည်။ရုံးများ၌ စာရင်းအင်းများပြုလုပ်ရာတွင် ရိုးရိုးစာရင်းကိုင်များထက် ကွန်ပျူတာ စားရင်းကိုင်များကို ပို၍အသုံးပြုလာသည်ကို တွေ့ရသည်။ … Read more