ခြံစည်းရိုးကျော်ပြီး အလံကိုဖြုတ်ကာ မြောင်းထဲ လွင့်ပစ်ခဲ့တဲ့အကြောင်းကို Liveလွင့်ပြီး ပြောပြလာတဲ့ ပန်ဆယ်လို ဗီဒီယို

ခြံစည်းရိုးကျော်ပြီး အလံကိုဖြုတ်ကာ မြောင်းထဲ လွင့်ပစ်ခဲ့တဲ့အကြောင်းကို Liveလွင့်ပြီး ပြောပြလာတဲ့ ပန်ဆယ်လို ဗီဒီယို မနက်လေးနာရီခွဲကျော်လောက်ကတည်းက စစ်ဝတ်စုံနဲ့ သုံးယောက် အိမ်ရှေ့မှာ လာစောင့်နေတာပါ။ အိမ်တံခါး ဘဲလ်တီးနေတာပါ။ ဖြစ်ချင်တော့ ကိုယ်က အိပ်ပျော်နေလို့ ၆နာရီထိုးမှ နိုးပါတယ်။ ၈နာရီလောက်မှာ စစ်ဝတ်စုံနဲ့ရော ရဲဝတ်စုံနဲ့ရော ထွေအုပ် စရဖလို့ ထင်ရသူတွေ ထပ်လာတံခါးခေါက်ပါတယ်။ ဖွင့်မပေးတော့ အိမ်ရှေ့က လော်စပီကာနဲ့ အော်ပါတယ်။ မိဘတွေဆင်းတွေ့ကြပါတယ်။ မြို့နယ်မှူးလို့ ဆိုပါတယ်။ အထက်အမိန့်အရ မေးစရာရှိလို့ တွေ့ခွင့်ပေးဖို့ပြောပါတယ်။ ငြင်းဆန်လို့ ပြန်သွားပါတယ်။ ၁၁နာရီလောက်မှာ နောက်တစ်ခေါက် ြ ပန်လာပါတယ်။ မိဘတွေ ထပ်ထွက်တွေ့ပါတယ်။ အဓိကကတော့ စစ်ဆေးစရာရှိလို့ လိုက်ခဲ့ဖို့ ခေါ်တာပါ။ ဘာမှကြိုတင်ပြင်ဆင်မထားတဲ့အတွက် သောက်ရေကအစ ဘာမှမရှိပါဘူး။ ကလေးနဲ့မို့ အခက်အခဲရှိပါတယ်။ ခဏနေတော့ … Read more

ခန္ဓာကိုယ်မှာ လိပ်ပြာတွေလာနားရင် သတိထားပါ

ခန္ဓာကိုယ်မှာ လိပ်ပြာတွေလာနားရင် သတိထားပါ အရောင်အဆင်းအမျိုးမျိုးရှိပြီး ချစ်စရာအသွင်ရှိကြတဲ့လိပ်ပြာလေးတွေ ပန်းလေးတွေပေါ်ဝဲပျံနေတာကိုမြင်ရတဲ့အခါ မကြည်နူးတဲ့လူရယ်လို့မရှိပါဘူး လူတော်တော်များများကလိပ်ပြာတွေဟာ ပန်းဝတ်ရည်ကိုသာစုပ်ယူစားသုံးတယ်လို့သိကြတာပါအမှန်တော့ လိပ်ပြာမဖြစ်ခင် ခူကောင်ဘဝမှာ သစ်ပင်ကအရွက်တွေကိုစားပြီးကြီးပြင်းခဲ့ကြပြီး လိပ်ပြာဘဝမှာ ပုရွက်ဆိတ်ငယ်တွေ ပိုးမွှားတွေနဲ့ ပုပ်သိုးဆွေးမြေ့နေတဲ့တိရိစ္ဆာန် တွေ ၊ အသီးအရွက်တွေကိုသာမက တိရိစ္ဆာန် တွေရဲ့မစင်အပေါ်မှာပါ နားခိုပြီးစားသုံးကြတယ်လို့သိရပါတယ် လိပ်ပြာတစ်ကောင်ရဲ့ကျောက်ဖြစ်ရုပ်ကြွင်းဟာ နှစ်ပေါင်း ၅၆သန်းနဲ့ချီပြီးဖြစ်တည်နိုင်ပါတယ်လိပ်ပြာတွေဟာ ပန်းဝတ်ရည်တွေကိုစုပ်ယူစားသုံးပေမယ့် သူတို့အတွက်အာဟာရမလုံလောက်တဲ့အခါ အခြားနေရာတွေကနေ ဆားဓာတ်ရရှိဖို့ စုပ်ယူကြတယ်လို့သိရပါတယ် ဒါ့ကြောင့် လိပ်ပြာလေးတစ်ကောင် ကိုယ့်ခန္ဓာကိုယ်ပေါ်လာနားနေပြီဆိုရင်တော့ သတိထားဖို့လိုပါတယ်ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဆားဓာတ်လိုချင်တဲ့အတွက် ကိုယ့်ခန္ဓာကိုယ်အတွင်း ချွေးတွေ သွေး ထဲကနေတစ်ဆင့် ဆိုဒီယမ်ကိုစုပ်ယူချင်တာ ဖြစ်နိုင်တာကြောင့်ပါ ဒါပေမယ့် ဒီလိုစုပ်ယူချိန်မှာ သူ့ရဲ့သေးငယ်တဲ့ဝတ်ရည်စုပ်တံကြောင့် သင်ဘယ်လိုမှခံစားရမှာမဟုတ်တဲ့အပြင် ပန်းလေးတွေပေါ်မှာပဲ ဝေ့ဝဲလေ့ရှိတဲ့လိပ်ပြာလေးတွေက သင့်ဆီမှာလာရောက်ခိုနားတဲ့အတွက် သင်ဝမ်းသာနေမိမှာအမှန်ပါပဲ။ ရွှေရောင်လမ်း ( Writer – LLA … Read more

သွေးတိုးကျစေနိုင်သော လက်တွေ့အစွမ်းထက် မြန်မာတိုင်းရင်းဆေးမြီးတို ၉မျိုး.

သွေးတိုးကျစေနိုင်သော လက်တွေ့အစွမ်းထက် မြန်မာတိုင်းရင်းဆေးမြီးတို ၉မျိုး. သွေးတိုးကျစေနိုင်သောဆေးမြီးတိုများ- သွေးတိုးရောဂါအတွက် မြန်မာဆေးမြီးတို (ဆေးနည်းတို) များစွာရှိသည်။ လူတစ်ဦးနှင့်တစ်ဦး ပျောက်ကင်းစေနိုင်သော နည်းလမ်းများ မတူညီသော်လည်း တိုက်ဆိုင်၍ ပျောက်ကင်းသွားလျှင် ငွေကုန်ကြေးကျမများဘဲ အလွယ်တကူ မိမိပတ်ဝန်းကျင်တွင် ရရှိနိုင်သော အပင်၊ အမြစ်၊ အရွက်၊ အသီး၊ အပွင့်တို့ မှ ရရှိခြင်းဖြစ်သဖြင့် အားကိုးထိုက်သော ဆေးမြီးတိုများဖြစ်သည်။ အချို့ခေတ်ပညာတတ် တိုင်းရင်းဆေးကို အထင်မကြီးသူများပင် သွေးတိုး၊ ဆီးချိုကဲ့သို့ ရောဂါကြီးများ ရုတ်တရက် အသက်ဆုံးနိုင်သည့် နှလုံးသွေးကြောပိတ်၊ ရင်ဘတ်အောင့်ရောဂါကြီးများ ဆေးမြီးတိုနှင့် ပျောက်သွားသည်ကို တွေ့ရသောအခါ အံ့သြနေကြသည်။ ဆေးမြီးတိုများသည် လူထုအတွက် အသုံးဝင်သော တိုင်းရင်းဆေးပညာဖြစ်သည်။ ၁။ ရှောက်သီးအခွံပါ ၄ စိတ် စိတ်ပြီး မတ်ခွက်တွင်ထည့် ရေနွေးစိမ်ထားပြီး အအေးခံ၍ တစ်နေကုန် … Read more

သင့်ကိုယ်သင် တကယ်ဂရုစိုက်တယ်ဆိုရင် ဒီစာအတိုင်းလိုက်နာပါ

သင့်ကိုယ်သင် တကယ်ဂရုစိုက်တယ်ဆိုရင် ဒီစာအတိုင်းလိုက်နာပါ ၁။ သင့်အဆုတ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။ ၂။ သင့်ဓမ္မတာလာတဲ့အခါ တကယ်ဂရုစိုက်တယ်ဆိုရင် ပဲစိမ်း စားပေးပါ။ ၃။ သင့်ဆီးလမ်းကြောင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် ကြက်သွန်နီကို အစိမ်းစားသုံးပေးပါ။ ၄။ သင့်ကျောက်ကပ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် နေ့ခင်းဘက်မှာ ရေများများသောက်ပြီး၊ ညဘက်မှာ ရေလျှော့သောက်ပါ။ ၅။ သင့်နှာခေါင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် ပူစီနံရွက်ကို ပုံမှန်စားသုံးပေးပါ။ ၆။ သင့် ကျောက်ကပ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် ညအိပ်ရာမဝင်ခင် အပေါ့စွန့်ပါ။ ၇။ သင့်အသည်းကို တကယ်ဂရုစိုက်တယ်ဆိုရင် အဝလွန်စေမယ့်အစာတွေ စားသုံးခြင်းကို ရှောင်ပါ။ ၈။ သင့်ခံတွင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် နှမ်းဆီနဲ့ ပုံမှန်ပလုတ်ကျင်းပါ။ ၉။ သင့်လည်ချောင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် ငရုတ်ကောင်းကို ပုံမှန်စားသုံးပေးပါ။ ၁ဝ။ သင့်အစာအိမ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် … Read more

နှစ်ဆန်း (၁) ရက်နေ့ အင်္ဂါဂြိုလ်ကို လဖုံးမည်

နှစ်ဆန်း (၁) ရက်နေ့ အင်္ဂါဂြိုလ်ကို လဖုံးမည် အင်္ဂါ ဂြိုဟ်ကို လ ဖုံးကွယ်မည့်ဖြစ်စဉ် မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် မြင်ကြရမည်။ လာမယ့် ၂၀၂၁ ခုနှစ် ဧပြီလ (၁၇) ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့) မှာတော့ အင်မတန်ထူးခြားတဲ့ အာကာသဖြစ်စဉ်တစ်ခုကို မြန်မာနိုင်ငံမှ မျက်ဝါးထင်ထင် တွေ့မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ အင်္ဂါဂြိုဟ် (မားစ်) ကို လမင်း (တန်ခူးလဆန်းလ) မှ ဖုံးကွယ်သွားခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် လ ကို ကြယ်ဖောက်ခြင်း လို့လည်း ဆိုနိုင်မယ် ထင်ပါတယ်။ အင်္ဂါဂြိုဟ်ဟာ အနီရောင်အဆင်းရှိပါတယ်။ ဒါဟာ သူ့မှာပါဝင်ဖွဲ့စည်းထားတဲ့ သံဓါတ် (အိုင်းယွန်းအောက်ဆိုဒ်) ကြွယ်ဝသော မြေသားများကြောင့် ဖြစ်ကြတယ်။ “အင်္ဂါ” ရဲ့ … Read more

အိမ်မက် မက်တတ်ရင်သိမ်းထားပါ (က) မှ (မ) အထိ

အိမ်မက် မက်တတ်ရင်သိမ်းထားပါ (က) မှ (မ) အထိ (က) မှ (မ) ထိ [ က ] နှင့်ပက်သက်သော အိပ်မက်များ ၁။ ကြာမျိုးငါးပါးအနံ့ကို ရှုရသည်ဟု မြင်မက်မူ တည်ကြည့်စွာ ဂုဏ်သတင်းကျော်စောရအံ့ ၂။ ကြာညိုပန်းကို ပန်ရသည်ဟု မြင်မက်မူု မယားကောင်းရအံ့ ၃။ ကြာသွတ်အိုးနှင့် ရေချိုးရသည်ဟု မြင်မက်မူ သူတစ်ပါးတို့၏မှီခိုရာ ဖြစ်အံ့။ ကြာသွတ်အိုးမြင်မက်မူ စည်းစိမ်များအံ့ ၄။ ကြာပန်းစသည်မြင်မက်မူ ဖျားနာအံ့ ၅။ ကျွဲစီးရသည်ဟု မြင်မက်မူ ကျေးကျွန်ရအံ့ ၆။ ကျွဲ၊ နွား၊ ဝက်၊ မြေခွေး၊ လင်းတ တိရစ္ဆာန်တို့ကို မြင်မက်မူ ဥပါဒ်ရောက်အံ့ ၇။ ကျွဲ၊ နွား၊ ဝက်၊ ဆင်၊ … Read more

လှိုင်မြို့နယ်အတွင်းရှိ Quarantine Center အားလုံး ယနေ့မှစတင်ကာ ပိတ်ပြီ

လှိုင်မြို့နယ်အတွင်းရှိ Quarantine Center အားလုံး ယနေ့မှစတင်ကာ ပိတ်ပြီ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ကိုဗစ်ထိတွေ့သံသယလူနာများ ထားရှိခဲ့သည့် Quarantine Center များကို ယနေ့မှစတင် ပိတ်လိုက်ပြီဖြစ်တယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးရဲ့ ပြောပြချက်အရ သိရပါတယ်။ ယခုလက်ရှိအချိန်မှာ နိုင်ငံအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှုနှုန်းကျလာခဲ့သလို အတည်ပြုလူနာအများဆုံးဖြစ်သည့် ရန်ကုန်တိုင်းမှာလည်း ပိုးတွေ့ရှိနှုန်းကျဆင်းလာခဲ့တာကြောင့် Quarantine စင်တာအချို့ကို လျော့ချလျက်ရှိနေတာဖြစ်ပါတယ်။ “ကျမတို့ လှိုင်မြို့နယ်ရဲ့ပြည်သူတွေရဲ့အသက်ကို ကာကွယ်ပေးခဲ့တဲ့ Q C တွေအားလုံး ဒီနေ့ကစပိတ်ပါပြီ။ လူနာနည်းပြီး လက်ရှိအခြေအနေမှာ ထပ်တိုးလူနာ (သုည)ဖြစ်တာ (၃)ရက်ရှိပြီမို့ ပိတ်လိုက်တာဖြစ်ပါတယ်”လို့ ၎င်းက ပြောပါတယ်။ လက်ရှိအချိန်မှာ ရန်ကုန်တိုင်းအတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့် အတည်ပြုလူနာဦးရေသည် ၈ရဝဝဝကျော်ရှိပြီဖြစ်သည့်အနက် လှိုင်မြို့နယ်အတွင်းမှာ ပိုးတွေ့လူနာ ၃ဝဝဝနီးပါးခန့် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်း … Read more

အသက်အရွယ်အိုမင်းမှုဒဏ် ကာကွယ်ရန် စားသုံးသင့်သော အစားအစာများ

အသက်အရွယ်အိုမင်းမှုဒဏ် ကာကွယ်ရန် စားသုံးသင့်သော အစားအစာများ အသက်ရှည်ကျန်းမာသော ဘဝပိုင်ဆိုင်နိုင်ရေး အစားအသောက် ကို ကျန်းမာရေးနှင့်အညီ ကောင်းမွန်စွာစားသောက်ရန် အရေးကြီး သည်။ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး နိုင်ငံများစာရင်း၌ မိုနာကို၊ ဂျပန်နှင့် စင်ကာပူတို့က ထိပ်ဆုံး၌ ရှိနေသည်။ ကျန်းမာပျော်ရွှင်သော ဘဝအတွက် ရွေးချယ်စားသောက်ရ မည့် အကောင်းဆုံးအစားအစာများကို ဖော်ပြလိုက်ပါသည်။ လတ်ဆတ်သော ပဲပိစပ်သည် အာဟာရဓာတ် ကြွယ်ဝစွာ ပါ ဝင်ပြီး ခန္ဓာကိုယ်ရောင်ရမ်းမှုကို တိုက်ဖျက်ပေးသော ဓာတ်တိုးဆန့် ကျင်ပစ္စည်းများ၊ ကင်ဆာရောဂါကို ကာကွယ်ပေးသည့်ပစ္စည်းများ နှင့် ပိုးမွှားများကာကွယ်ပေးနိုင်သော ဓာတ်ပစ္စည်းများပါဝင်သည်။ ပဲပိစပ်သည် ခန္ဓာကိုယ်ရောင်ရမ်းမှုကို ထိန်းညှိပေးပြီး အိုမင်း မှုကို နှေးကွေးစေကာ အချို့သော ကင်ဆာရောဂါများကို ကာကွယ် ပေးသည်။သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သည့် တိုဟူးစားသုံးပေးခြင်း ဖြင့် သွားနှင့် … Read more

မမြင်ရတဲ့ နာမ်လောကသားတွေနဲ့ ဆက်နွယ်နေတဲ့ တံမြက်စည်းရဲ့ နိမိတ်များ

မမြင်ရတဲ့ နာမ်လောကသားတွေနဲ့ ဆက်နွယ်နေတဲ့ တံမြက်စည်းရဲ့ နိမိတ်များ အပျို လူပျိုတွေ ခြေဖျား‌ပေါ်ကျော်ပြီး တံမြက်စည်း ခတ်မိရင် အဲ့ကလေးတွေ အိမ်ထောင်မကျတော့ပါဘူး။ တံမြက်စည်းကို တံတွေးနဲ့ ပြန်ထွေးခိုင်းပါ။ အိမ်နီး ခြံနီးချင်းတွေ ကိုယ့် အိမ် ခြံ၀ကစပြီး တံမြက်စည်း လာလှည်းသွားရင် ၀င်မယ့်လာဘ် မ၀င်တော့ပါဘူး။ သူ့အိမ်‌၀က ပြန်လိုက်လှည်းယူပါ။ တံမြက်စည်းသစ်နဲ့ အိမ်ထဲက အိမ်ပြင် စ မလှည်းရပါဘူး။ ပစ္စည်းတစ်ခုခု အိမ်၀ချပြီး အိမ်ထဲ အရင်လှည်းထည့်ရပါတယ်။ ကိုယ့်မိသားစုတွေအကုန် ကံဆိုး‌နေတယ်ထင်ရင် ရှေ့ နောက် အိမ်တံခါး‌တွေဖွင့်ထားပြီးအိမ်ရှိလူကုန် အိမ်လယ်ကစ ရှေ့‌နောက်အ‌ပေါက်ဘက်ကို တံမြက်စည်း လှည်းခိုင်းပါ။ အိမ်၀င်တံခါးမှာ တံမြက်စည်း ကန့်လန့်ဖြတ်ချထားရင် မကောင်းတဲ့ ဝိဉာဉ် ၀င်မရပါဘူး၊၊ ပညာသည်‌တွေ ကြံစည်မရပါဘူး။ တံမြက်စည်းဟာ မမြင်ရတဲ့ နာမ်လောကသား‌တွေနဲ့ … Read more

ငယ်ငယ်ရွယ်ရွယ် ဆော့ကစားတတ်တဲ့ ရင်ခွင်ဝေးသားများ၏ ငိုခြိုက်သံ

ငယ်ငယ်ရွယ်ရွယ် ဆော့ကစားတတ်တဲ့ ရင်ခွင်ဝေးသားများ၏ ငိုခြိုက်သံ ကိုရင်ငယ်တို့၏ ရင်ထဲ ဝင်၍ဖက်ပါ ရင်ခွင်ဝေးသား အဖြစ်ကို သား ရခဲ့တာဟာ ရောင်ဝါသင်္ကန်းကို ဆင်မြန်းတဲ့ နေ့ကတည်းကပါ အမေ အမေတို့နဲ့ တစ်မြေဆီခြားတဲ့နေ့ဟာလည်း သားဘဝ အတွက် စာသင်တိုက်ကို စတင်ထွက်ခွာခဲ့တဲ့ နေ့ကပါ အမေ သား ဘဝဟာ အဖေ အမေ ရှိပါလျှက်နဲ့ အဖေ အမေလို့ တွင်တွင်ကြီး အော်ခေါ်ကာ မျက်နှာကိုကြည့်တိုင်း မမြင်ရတော့ပါဘူး သားအတွက် အေးမြတဲ့ အမေ့မေတ္တာအရိပ် နွေးထွေးတဲ့ အမေ့ ရင်ခွင်တွေဟာလည်း နုတ်ဖျားက တောင်းတယုံသာ ဖြစ်နေရပါပြီ။ ငယ်ရွယ်တဲ့အချိန်မှာ အစ်ကိုအစ်မတွေကို ဂျီးကျခွင့်မရှိသလို သူတို့နှင့် အတူစား အတူအိပ် အတူနေရခြင်းတွေကိုပါ သားမရနိုင်တော့ပါဘူး အမေတို့က သားကို ကောင်းမြတ်တဲ့ ဘဝမှာပဲ … Read more