ငွေကြေးအဆင်ပြေချိန်မှာ ပျော်ရွှင်ခဲ့ကြသလို ဆင်းရဲချိန်မှာရော လက်တွေမြဲမြဲတွဲထားနိုင်မလား
ငွေကြေးအဆင်ပြေချိန်မှာ ပျော်ရွှင်ခဲ့ကြသလို ဆင်းရဲချိန်မှာရော လက်တွေမြဲမြဲတွဲထားနိုင်မလား ဘဝ တစ်ခုကို အတူတည်ဆောက်ကြတဲ့အခါ ငွေကြေး ချမ်းသာမှု ထက် စိတ်ချမ်းသာမှုက ပိုအရေးကြီးပါတယ်. . .ငွေကြေးချမ်းသာမှုနောက်ကို လိုက်ရင်း ပူလောင်နေရတာထက် မရှိအတူ ရှိအတူ လက်တွဲပြီး ဘဝ ကို ပေျာ်ရွှင်စွာ ဖြတ်သန်းရတာက ပိုပြီး အဓိပ္ပာယ်ရှိပါတယ် ဘဝ အတွက် ငွေ ကို တတ်နိုင်သလောက်ရှာပါ. . .ငွေရှိတဲ့ အချိန်မှာ ဘဝကို ပျော်ရွှင် စွာဖြတ်သန်းပါ. ..တချို့တွေကတော့ ငွေကြေးချမ်းသာနေချိန်မှာတောင် တစ်ဦးအပေါ်တစ်ဦး နားလည်မှုတွေ မရှိကြတဲ့အခါ မပျော်ရွှင်ရဘဲ ပူလောင်နေကြရပါတယ် ချစ်သူ နှစ်ဦး၊ ဇနီးမောင်နှံ နှစ်ယောက် ဒါမှ မဟုတ် မိသားစု တစ်စုဟာ ငွေရှိချိန်မှာ အဆင်ပြေပြေနေနိုင်ပြီး ပျော်ရွှင် ဖို့လွယ်သလောက် … Read more
လူကိုမပေါက်ခင်မှာ သေချင်ယောင်ဆောင်ပြီး နေလေ့ရှိတဲ့ ဇွန်ဘီမြွေအမျိုးအစား
လူကိုမပေါက်ခင်မှာ သေချင်ယောင်ဆောင်ပြီး နေလေ့ရှိတဲ့ ဇွန်ဘီမြွေအမျိုးအစား မြွေ တွေဟာ အလွန် ကြောက်စရာ ကောင်းပြီး အန္တရာယ်များလွန်းတဲ့ သတ္တဝါတွေ ပဲဖြစ်ပါတယ်။ အခုဆိုရင် သြစတေးသျမှ မြွေတွေဟာ သားကောင်ကို ထောင်ခြောက်ဆင်ဖို့အတွက် သေချင်ယောင်ဆောင်ပြီး စောင့်နေတာမျိုးတွေ ပြုလုပ် လာတာကိုတွေ့ရပါတယ် ။အခုပြထားတဲ့ပုံကတော့ မြောက်ကာရိုလိုင်းနားမှ ဥယျာဉ်မှူးတစ်ယောက် ရိုက်ကူးခဲ့တဲ့ သေချင်ယောင်ဆောင်ပြီး သားကောင်ကို စောင့်ဆိုင်းနေတဲ့ ပုံပဲဖြစ်ပါတယ် ။ပန်းခြံတစ်ဝိုက် ဒီပုံနဲ့အတူ သတိပေးချက် ထုတ်ပြန်ထားပြီးတော့ ဒီလို ဇွန်ဘီမြွေတွေကို တွေ့ခဲ့ရင်လည်း အနားမကပ်ဖို့ ဒေသခံပြည်သူတွေကို သတိပေးထားပါတယ် ။ ပုံမှာပြထားတဲ့မြွေကတော့ hognoseမြွေလို့သိကြတဲ့ Puff Adders မြွေတစ်ကောင်ဖြစ်ပြီး အနားရောက်လာတဲ့သားကောင်ကို အဆက်မပြတ်ပေါက်တတ်တဲ့မြွေအမျိုးအစားပဲဖြစ်ပါတယ် ။ဒီမြွေမျိုးစိတ်တွေဟာ မြောက်အမေရိကတစ်ဝိုက်မှာ ကျင်လည်ကျက်စားတတ်ကြတဲ့ မြွေအမျိုးအစားတွေဖြစ်ပြီး အသေကောင်လို ဟန်ဆောင်နိုင်ကြတဲ့ မြွေအမျိုးအစားတစ်ခုလည်းဖြစ်ပါတယ် ။သူတို့ဟာ … Read more
မနက်ဆိုသစ်ပင်၊ ညဖက်ဆိုဘီလူးဖြစ်တဲ့ သစ်ဘီလူးအပင်ကို စိုက်မိသူအကြောင်း
မနက်ဆိုသစ်ပင်၊ ညဖက်ဆိုဘီလူးဖြစ်တဲ့ သစ်ဘီလူးအပင်ကို စိုက်မိသူအကြောင်း တောရွာလေးတစ်ရွာ တွင်ဖြစ်၏။ မှောင်မှောင်မဲမဲနှင့်တိတ်ဆိတ်နေလေသည် ။ ထိုအချိန်တွင် စွဲငင်စွာအူလိုက်သော ခွေးအူသံသည် တိတ်ဆိတ်နေသော ညအချိန်ကိုဖောက်ခွဲလိုက်လေသည်။ ထိုအချိန်တွင် ရွာတောင်ပိုင်းမှအော်သံနှင့်အတူ လူအများမီးဒုတ်များ လက်နက်များကိုစွဲကိုင်ကာ သူကြီးအိမ်ရှေ့သို့ရောက်လာကြသည်။ “ သူကြီး သူကြီး မောင်ထုပါအုံး ထစမ်းပါအုံးဟ “ လူအများ၏အော်ဟစ်သံကြောင့်သူကြီးသည် မောင်းကို တစ်ဒူဒူနှင့်စတင်တီးခတ်လိုက်သည်။ ထိုအခါ ရွာတစ်လုံးမှ လူများသည် ဓားလှံလက်နက်များကိုစွဲကိုင်ကာ သူကြီးအိမ်သို့အပြေးအလွှားရောက်ရှိလာကြပါသည်။ သူကြီးလည်းအိမ်ထဲမှထွက်လာပြီး “တောင်ပိုင်းက ဘာဖြစ်လို့လဲကွပြောစမ်းပါအုံးဟ” ထိုအခါ ပွကြီးဆိုသောရွာသားမှ” ကျုပ်တို့အိမ်နားမှာ ခြေသံကြားလို့ ထိကြည့်လိုက်တော့မဲမဲကောင်ကြီးတစ်ကောင် ထောင်ထောင်မောင်းမောင်းနဲ့ သရဲလား တစ္တေလားမသိဘူး အဲဒါကြောင့်ဓားဆွဲပြီးလိုက်လာတာဟုပြောသံအဆုံး တစ်ရွာလုံး လှုပ်ရှာသွားကြသည်။ ထိုအခါ သူကြီးက “ကဲဘာကောင်လဲဆိုတာအတိအကျတော့မသိဘူး အဲတော့ဘုန်းကြီးပင့်ပြီး အန္တရာယ်ကင်းတရားလေး ဘာလေး ရွတ်ကြတာပေါ့ကွာ” ဟုပြောကာ မနက်လင်းသောအခါ … Read more
အိမ်ထောင်ရေးတွင် ရှောင်ရှားနိုင်ရန်
အိမ်ထောင်ရေးတွင် ရှောင်ရှားနိုင်ရန် ၁။ လူရှေ့သူရှေ့ မရှောင် အိမ်ထောက်ဘက်ကို အပြစ်တင်ခြင်း လင်နဲ့မယား လျှာနဲ့သွားပါ။အိမ်ထောင်သက် ရလာတာနဲ့ အမျှ အထစ်အငှော့လေးတော့ ရှိတတ်ကြပါတယ်။ လူရှေ့သူရှေ့ မရှောင် တဘက်သားကိုအပြစ်တင် ရန်ထောင်ရင်တော့ ရန်ပွဲ ဖြစ်လာမှာပါ။ အဲလိုရန်ဖြစ်တာ ပြဿနာကို ပြေလည်အောင် မဖြေရှင်း နို်င်တဲ့ အပြင်မီးလျှံထဲကို ဓါတ်ဆီ လောင်းလိုက်သလို ဖြစ်သွားတတ်ပါတယ်။နောက်ဆုံးကျရင် ဘယ်သူမှ အလျှော့ ပေးလို့ မရတဲ့ အနေအထား ရောက်သွားတတ်ပြီး ခက်ခဲသွားပါတယ်။ ဒါကြောင်မို့လို့ လင်မယား မှတ်ထားရ မှာက မည်သူရဲ့ရှေ့မှာမဆို အိမ်ထောက်ဘက်ကို အပြစ်တင်မိတာမျိုး လုံးဝရှောင်ကြင်ပါ။ လက်ဝါးတဘက် ထဲ ဘယ်တော့မှ လက်ခုတ်တီးလို့ မရပါဘူး။ ၂။ သားသမီး ရှေ့မှာ ရန်ဖြစ်ခြင်း မိဘဆိုတာ သားသမီး ရဲ့ … Read more
တောကြက်ဥ အိမ်ကြက်ဥ နဲ့ စီပီကြက်ဥတို့အကြောင်းကို ကွဲကွဲပြားပြားသိကြလား
တောကြက်ဥ အိမ်ကြက်ဥ နဲ့ စီပီကြက်ဥတို့အကြောင်းကို ကွဲကွဲပြားပြားသိကြလား တောကြက်ဥ မမြင်ဖူးသူတွေအတွက် တောကြက်ဥ အိမ်ကြက်ဥ CP ကြက်ဥယှဉ်ပြထားတာပါ….ရောင်းရန်မဟုတ်ပါ…..နောက်အလျှင်းသင့်လျှင် ရေကြက်ဥ၊ ရေဘဲဥ၊ ဒင်ကျီးဥနှင့် ဟင်္သာဥများ ရှာဖွေတင်ပြပေးပါမည်။ တောကြက်ဥ…….တောစပ် တွင်တွေ့ရလေ့ရှိသည်။ အပင်ခပ်လတ်လတ်ကိုင်းခြုံ ဆူးခြုံများရှိ အသိုက်များတွင် တွေ့ရသည်။ တစ်လုံးမှစ၍ အများဆုံး ၅လုံးခန့်အထိသာ တွေ့ရတတ်သည်။ ရှားပါး၍ဆေးဖက်ဝင်သည်ဟုဆိုကြ၍ တရုတ်သမားတော် များအဝယ်များသည်။ ယခင်ကပေါများသော်လည်း လက်ရှိ၌ ရှားပါးနေပြီဖြစ်သည်။ တစ်လုံးလျှင် ၂၅၀၀ ကျပ်ခန့်အထိပေါက်ဈေး ရှိသည်။ တောကြက်ဥကို ဆန်အရက်ဖြင့် ဖျော်သောက်ပါက အမျိုးသမီးများ မီးယပ်သွေးဆုံးကိုင်ခြင်း ကိုယ်ဝန်ဆိပ်တက်ခြင်းများသက်သာပျောက်ကင်းစေသည်။ တရုတ်ရိုးရာအားတိုးဆေးများတွင် ထည့်သွင်းဖော်စပ်ကြသည်။ အိမ်ကြက်ဥ………သဘာဝအတိုင်းလွှတ်ကျောင်း မွေးမြူထားသည့်ကြက်မများမှ ဥသောအကောင့်ပေါက်မည့်ဥ ဖြစ်သည်။မဒမ်းများမှ ဥသောလေဥသည် တန်ဖိုးမရှိ ဆေးဖက်မဝင်ပါ။ အိမ်ကြက်ဥသည် ထွေထွေထူးထူး ပြောစရာမရှိအောင် မြန်မာ … Read more
ရုတ်တရက် သေဆုံးနိုင်သော သတိထားစရာ အမှတ်တမဲ့အန္တရာယ်
ရုတ်တရက် သေဆုံးနိုင်သော သတိထားစရာ အမှတ်တမဲ့အန္တရာယ် ရုတ်တရက်နှလုံးခုန်ရပ်ပြီး သွေးလည်ပတ်မှု့ရပ် ကာ ဦးနှောက်သို့သွေးမရောက်လျင် လူသည်၅ မိနစ်အတွင်းသေစေနိုင်သည်ကို သိပြီးသူများ ပါသည် ။ နှလုံးခုန်မရပ်ပဲ ဦးနှောက်မှာ သွေးကြောပိတ်ကာသေဆုံးဖူးသူတွေရှိပါသည် အက်စီးဒင့်မဟုတ်ပဲအမှတ်တမဲ့ဖြစ်တတ်သော ကိစ္စမို့အများကသတိမထားမိကြပါ ။ ထိုအရာမှာ ဝါးပက်လက်ကုလားထိုင် ပင်ဖြစ်၏ တချို့က ထိုထိုင်ခုံပေါ်လှဲလျက်စာဖတ်ခြင်းအိပ် ခြင်းများ ပြုလုပ်တတ်သည် ။ ထိုင်ခုံ၏ ခေါင်းမှီတန်းမှာ ဦးခေါင်းနောက်စိသွေး လည်ပတ်ရာကို ဖိမိပြီးဖြစ်သလိုဖြစ်နေတတ်၏ နှလုံးမှဦးခေါင်းသို့ ပို့လွှတ်ပေးသောသွေးများကပိတ်ဆို့ပြီး အသက်အန္တရာယ်ရှိလေသည် ။ ကျွန်တော့်၏ အသိမိတ်ဆွေမှာထိုသို့ဖြစ်ခဲ့ဖူးပြီး သူသည် အထက်ကပုံစံမျိူး ပက်လက်ကုလား ထိုင်ပေါ်အိပ်နေပြီး ပြန်လည်သတိမရပဲသေဆုံးသွားခဲ့ဖူးလေသည် ။ ။ စေတနာဖြင့် အသိပေးရေးသားလိုက်ပါသည် သတိမူ၍ဂူမြင်နိုင်ကြပါစေ ။ Credit:Sai Min Thant ရုတ်တရက် သေဆုံးနိုင်သော သတိထားစရာ … Read more
ကျောက်သင်ပုန်းတချပ်ကို လွယ်လွယ်နဲ့ဖြစ်လာတယ်လို့ ထင်နေတုန်းလား
ကျောက်သင်ပုန်းတချပ်ကို လွယ်လွယ်နဲ့ဖြစ်လာတယ်လို့ ထင်နေတုန်းလား ကျောက်သင်ပုန်းတချပ်ကို လွယ်လွယ်နဲ့ဖြစ်လာတယ် ထင်ရင် မှားမှာပေါ့…တပုံချင်းကြည့်ပြီးလေ့လာစေချင်၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)၊ မုဒွန်းကျေးရွာ၊ ကျောက်သင်ပုန်းတောင်မှ ကျောက်သင်ပုန်းကျောက်တူးဖော်ပုံနှင့် ကျောက်သင်ပုန်းပြုလုပ်ပုံ အဆင့်ဆင့်… တချို့ ကျောက်သင်ပုန်းသုံးတဲ့သူတွေက လွယ်လွယ်သုံးပြီး တန်ဖိုးမထားတတ်ကြတာ လုပ်တဲ့သူတွေကတော့ ကျောက်သင်ပုန်းလေးတစ်ချပ် ဖြစ်လာဖို့အတွက် အသက်တွေ ချွေးတွေရင်းပြီးလုပ်ကြရတာပါ။ ကျောက်သင်ပုန်း(tablet)နှင့် ကျောက်တံ(pen)များ ဖြစ်ပေါ်လာပုံမှာ ၁၉၄၅ ခုနှစ်တွင် ဦးအောင်သိန်း ဆိုသူသည် မုဆိုးမတောင်မှ စီးဆင်းနေသော စမ်းချောင်းရှိကျောက်ပြားများကို ကောက်ယူပြီး သံပြားနှင့်ခြစ်ကာ မြန်မာ့ tablet ကျောက်သင်ပုန်းကို စတင်ပြုလုပ်ခဲ့သည်။ ထိုအချိန်က စက်မပေါ်သေး၍ လက်ဖြင့်သာ လုပ်ကိုင်ရသဖြင့် တစ်နေ့လျှင် ကျောက်သင်ပုန်း (tablet) ၅ချပ်သာပြီး၏။ တစ်ဖြည်းဖြည်းနှင့်တစ်ခြားသူများလည်း ယင်းကျောက်မှ ကျောက်သင်ပုန်း(tablet) ပြုလုပ်ကြကြောင်း သိရှိလာကြသဖြင့် မည်သူမဆို မိမိကြိုက်သည့်နေရာတွင် ကျောက်များကို … Read more
သင့်အိမ်မှာ စက်ရေတွင်းတူးမယ်ဆိုရင် ရေရှိ မရှိ ရေနည်း/များ၊ ရေချိုရေငန် ခွဲခြားသိနိုင်မယ့် နည်းလမ်းများ
သင့်အိမ်မှာ စက်ရေတွင်းတူးမယ်ဆိုရင် ရေရှိ မရှိ ရေနည်း/များ၊ ရေချိုရေငန် ခွဲခြားသိနိုင်မယ့် နည်းလမ်းများ စက်​​ရေတွင်​း တူရာ၌ ​ရေ -ရှိ,မရှိ၊ ​ရေ -နည်​း,​ရေများခန်​့မှန်​သိရှိနိုင်​ပုံ​လေးကို ဗဟုသုတအ​နေဖြင်​့ မျှ​ဝေ​ပေးပါမည်​။ ​ရေ -ရှိ/မရှိ ၁။ အရွက်​အမြဲတမ်​း ရှိ​နေတတ်​​သော အုန်​းနှဲပင်​၊မယ်​ဇလီပင်​၊ မြက်​ စသည်​့အပင်​များစိုစို​ပြေ​ပြေ လန်​းလန်​းဆန်​းရှိ​နေပါကထို​နေရာတွင်​ ​ရေရှိသည်​ဟု မှတ်​ယူနိုင်​၍​ဖော်​ပြပါလက္ခဏာများနှင်​့ ဆန်​့ကျင်​​နေပါက​ရေ-မရှိဟု ခန်​့မှန်​း သိနိုင်​ပါသည်​။ ​ရေချို/​ရေငန်​ ၂။ အနီးအနားတွင်​ရှိ​သော သစ်​ပင်​တို့သည်​အပင်​အမျိုးအစားခြင်​းတူပါလျက်​အခြား​နေရာရှိ သစ်​ပင်​မှ အရွက်​တို့ထက်​အနာအဆာများ၍ အစိုဓာတ်​​ခြောက်​ခန်​းလျင်​​ရေငန်​ဟု ခန်​့မှန်​းနိုင်​ပြီး၊သစ်​ပင်​မှ သစ်​ရွက်​များစို​ပြေစိန်​းလန်​း​နေပါကရေချို-ဟု ခန်​့မှန်​းသိရှိနိုင်​ပါသည်​။ ​ရေတိမ်​/​ရေနက်​ ၃။ အနီးအနားတွင်​ရှိ​သော သစ်​ပင်​တို့သည်​အပင်​ချင်​းတူပါလျက်​ အဆစ်​တို​နေသည်​ကိုတွေ့ရပါက ​ရေတိမ်​-​ရေနည်​းသည်​ဟုခန်​့မှန်​းသိရှိနိုင်​ပါသည်​။သစ်​ပင်​မှ အဆစ်​ရှည်​​နေပါက ​ရေနက်​-​ရေ​ဝေး​သော သ​ဘောဟု ခန်​့မှန်​းသိရှိနိုင်​၏။ ​ကျောက်​​ဆောင်​- ရှိ/မရှိ ၄။ အနီးအနားတဝိုက်​ရှိ သစ်​ပင်​ကြီး၊ … Read more
အတန်းပညာမရှိပေမဲ့ ဘာလို့ သူတို့(၃)ဦးက တစ်လမှာ ဝင်ငွေကျပ်(၅၇)သိန်း ရနေရတာလဲ
အတန်းပညာမရှိပေမဲ့ ဘာလို့ သူတို့(၃)ဦးက တစ်လမှာ ဝင်ငွေကျပ်(၅၇)သိန်း ရနေရတာလဲ ကျောင်းပြီး ဘွဲ့ရမှ ဝင်ငွေ ကောင်းကောင်း ရမယ်ထင်ရင်တော့ လုံးဝ မှားသွားပါပြီ။ ကျောင်းပြီး ဘွဲ့ရ ဖြစ်နေ ဆိုရင်တောင် ကြိုးစားမှု မရှိရင် ဝင်ငွေ ကောင်းကောင်း ရမှာ မဟုတ်ပါ။ မူဟာမတ် (၃၃)၊ မို ဖယ်ရီ (၃၅) နဲ့ မူဟာမန် (၃၂)၊ သူတို့ သူငယ်ချင်း (၃) ဦးဟာ ကျောင်းပြီး ဘွဲ့ရ မဟုတ်ကြပါဘူး။ ဒါပေမဲ့ သူတို့ (၃) ဦးဟာ ဘာလို့ တစ်လမှာ မလေးရှာငွေ (၁၅,၀၀၀)၊ မြန်မာငွေ (၅၇) သိန်း ရရှိနေကြတာလဲပေါ့။ သူတို့ (၃) ဦးဟာ ကျောင်းပြီးဘွဲ့ရ မဟုတ်ကြပေမဲ့လည်း … Read more
ကော်ဖီမစ် အိတ်ခွံတွေနဲ့ Recycle အိတ်လှလှလေး ပြုလုပ်မယ်