ပလို့ပြောင်း၏ ကျန်းမာရေးကောင်းကျိုးများ..
ပလို့ပြောင်း၏ ကျန်းမာရေးကောင်းကျိုးများ စျေးထဲမှာ အဝါရောင် ပြောင်းဖူး တွေ အပြင် ခရမ်းရောင် ပြောင်းဖူး တွေကိုလည်း သင်တွေ့ဖူး၊ဝယ်ဖူးမှာပါ။ အဲဒါကို ပလို့ပြောင်း လို့လည်း ခေါ်ကြပါတယ်။ ခရမ်းရောင် ပြောင်းဖူး တွေမှာ ရောင်ရမ်းမှုလျော့ကျစေတဲ့ အစွမ်းပါရှိတဲ့အတွက် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေကို ဆန့်ကျင်ပေးတဲ့ ပီအိုနီဒင်၊ပီလာဂိုနီဒင်နဲ့ ဆိုင်ယာနီဒင်-၃-ဂလူကိုဆိုက်လို့ခေါ်တဲ့ အင်တီအောက်ဆီးဒင့် သုံးမျိုးလည်း ပါဝင်နေပါတယ်။ ဒီလိုအစွမ်းရှိတဲ့ ပလို့ပြောင်းကို လေ့လာမှုအသီးသီး ပြုလုပ်ခဲ့တဲ့အခါ အောက်ပါ ကျန်းမာရေး ကောင်းကျိုးတွေရှိတာကို တွေ့ရှိခဲ့ရပါတယ်။ (၁) အဝလွန် ရောဂါအား ကာကွယ်ပေးခြင်း ဂျပန်ရှိ ဒိုရှီရှားတက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ ပလို့ပြောင်း မှာ အဝလွန် တာကို ဟန့်တားပေးနိုင်စွမ်းရှိတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ပလို့ပြောင်းမှာ အန်သိုဆိုင်ယာနင်C4Gပါဝင်တဲ့အတွက် အဝလွန် တာမဖြစ်အောင် ကာကွယ်ပေးရတာဖြစ်ပါတယ်။အန်သိုဆိုင်ယာနင်C4Gဓာတ်က … Read more