သွားကိုက်ဝေဒနာကို သက်သာစေတဲ့ နွားမြီးကပ်(ခေါ်) ကပ်စေးနှဲပင်

သွားကိုက်ဝေဒနာကို သက်သာစေတဲ့ နွားမြီးကပ်(ခေါ်) ကပ်စေးနှဲပင် သွားကိုက် တာကို လူတော်တော်များများကြုံဖူးကြပါတယ်။သွားကိုက်တာနဲ့ ပတ်သတ်ပြီး အသုံး ဝင်တဲ့ ဆေးနည်းလေးကို မျှဝေပေးချင်ပါ တယ်။ကပ်စေးနှဲသီးများကို မီးဖြင့်ကျွမ်းအောင်လှော်၊ အမှုန့်ထောင်းပြီး ဖန်ပုလင်းထဲထည့်၊ ကိုက်ပါတယ်ဆိုတဲ့ သွားကို ဆေးမှုန့်သိပ် ထည့်ပေးခြင်း ဖြစ် ပါတယ်။သွားဘယ်လောက်ပဲ ကိုက်ကိုက် (၅) မိနစ်အတွင်း ပျောက်ကင်းသွားမည်ဟုဆရာ ကြီးရန်ရှင်း ကိုယ်တိုင် နက္ခတ္တရောင်ခြည် မဂ္ဂဇင်း စာအုပ်ဟောင်းမှာ ဖေါ်ပြထားပါတယ်။ ဆရာ ကြီးမှာ အောင်လံမြို့နဲ (၄) မိုင်ဝေးတဲ့ သံရွာကလို့ ဆိုပါတယ်။ ရောဂါဝေဒနာ တစ်ခုအတွက် အရွက်တစ်မျိုးတည်း၊ ဆေးမြစ်တစ်မျိုးတည်းနဲ့ ကုသလို့ရတဲ့ မြစ်ချင်းပြီး ဆေးနည်းတိုတွေ ပြည့်လို့ပါ။ တည့်/မတည့်၊ ပျောက်/မပျောက် ဆိုတာကိုတော့ ကိုယ်တိုင်သုံးကြည့်မှ သိမှာပါလို့ ဖော်ပြထားပါတယ်။ အစ်မ ဖြစ်သူ … Read more

အသဲနဲ့နှလုံးအတွက် လူတွေမသိတဲ့ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီးရဲ့ ကျန်းမာရေးလျှို့ဝှက်ချက်များ

အသဲနဲ့နှလုံးအတွက် လူတွေမသိတဲ့ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီးရဲ့ ကျန်းမာရေးလျှို့ဝှက်ချက်များ ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး – ဗုံလုံသီးပင်တို့သည် တစ်နှစ်ပတ်လုံးအသီးသီးသော အပင်ဖြစ်ကာ၊ အကြီးမြန်သော နွယ်ပင် တစ် မျိုးဖြစ်၏။ အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်းကြပြီး၊ မှန်ကူကွက်သစ်သားဘောင်ဖြင့် တိုင်ထူစိုက်ပျိုးပေးပါက၊ အပင်ဖြစ်ထွန်းမှု မြန်ဆန်ပါတယ်။ ဗုံလုံသီး တို့သည် အုပ်မိုးထားသော အရွက်များအောက်မှ တွဲလောင်းကျ၍ သီးခြင်းဖြစ်၍ အမှတ်တမဲ့ကြည့်ပါက မြွေနှင့်ခ ပ်ဆင်ဆင် တူ ခြင်း၊ အလွန်အမင်းအလျားလိုက်ရှည်ထွက်ကာ အသီးသီးခြင်း၊တစ်ခါတစ်ရံတွင် အလျား လိုက် မရှည်ဘဲ အသီး၏ အဖျားစွန်း တစ်ဘက်မှ နောက်အဖျားစွန်းတစ်ဘက်ထိ မိမိကိုယ်ကို ေ ခွပတ်တွန့်လိမ်စွာ အသီးသီးခြင်း၊ အစိမ်းရောင်အသီးပေါ်တွင် အစိမ်း နုရောင် (သို့မဟုတ်) အဖြူရောင် အကြောင်အကျားများပါရှိခြင်း စသည်တို့ကြောင့်အချို့အရပ်ဒေသများတွင် ဗုံလုံသီး ကို … Read more

ဆောင်းတွင်းမှာအဖြစ်များတဲ့ နှာရည်ယို နှာခေါင်းပိတ်ခြင်းများအတွက် ကင်ပွန်းချဉ်သီးခြောက်

ဆောင်းတွင်းမှာအဖြစ်များတဲ့ နှာရည်ယို နှာခေါင်းပိတ်ခြင်းများအတွက် ကင်ပွန်းချဉ်သီးခြောက် ကျန်းမာသူ အတွက် အာဟာရဖြစ်ပြီး မကျန်းမာသူ အတွက် ဆေးဝါးဓာတ်စာ ဖြစ်သည့် ကင် ပွန်း ချဉ်ကို အဖိုးနည်းဝန်ပါ သူသူငါငါ လွယ်ကူစွာ စားသုံး နိုင်သည်။ကင်ပွန်းချဉ်ပင်သည် နွယ် ယောင်ပင်ယောင်ချုံပင်မျိုးဖြစ်သည်။ပျော့ပျောင်းသော ပင်စည်နှင့် အရွက်တံတို့တွင် ဆူးရှိသည်။ အခက်စိမ်းများ၌ နီမှိုင်းမှိုင်း အရောင်အဆင်း ရှိသည်။အရွက် သေး ငယ်ပြီး ရွက်ထိပ် ဝိုင်းသည်။အသီးမှာ သီးတောင့်ရှည် မျိုးပြား၍ ဖြောင့်သည်။အစေ့များ ကြားတွင် အဆစ်များ ဖြစ်ကာ ချိုင့်ဝင်နေသည်။မြန်မာနိုင်ငံ အနှံ့အပြား သဘာဝ အလျောက် အလေ့ကျ ပေါက်သော စားသုံးပင် ဖြစ်သည်။ ဆေးနည်း – ၁။ ကင်ပွန်းသီးခြောက်ကို ပြစ်ပြစ်လေးသွေးပြီး နှာခေါင်းပေါ်ကို လူးပါ၊၂။ နှာခေါင်းဝမှာ ပုံပါ၊၃။ ၁ … Read more

ရေယုံအတွက် ကင်းပုံရွက် ကင်းပုံသီး

ရေယုံအတွက် ကင်းပုံရွက် ကင်းပုံသီး ရေယုန်ပေါက်လျှင် နှုတ်ခမ်းမှာပေါက်တဲ့ ရေယုန်ရောဂါကို နင်ကရေယုန် ငါကကင်းပုံဟု နှုတ်ကဆိုပြီး ကင်းပုံရွက်ဖြင့် ပွတ်တိုက်ပေးပါက သက်သာပျောက်ကင်းနိုင်သည်။ ကင်းပုံအမြစ် – အဖုအကြိတ်အခဲမှန်သမျှ ကင်းပုံမြစ်နဲ့သံပရာရည် သွေးလိမ်းလျှင် ပျောက်ကင်းချမ်းသာနိုင်၏။ကင်းပုံမြစ်ကို ဆန်ဆေးရေနှင့် သွေးလိမ်းပြီး ကင်းပုံရွက်ကို တစ်လခန့်ကြော်စားပါက ကင်ဆာရောဂါတောင် ပျောက်ကင်းချမ်းသာနိုင်သည်ဟု ရှေးစာပေမြန်မာ့ဆေးကျမ်းများတွင် တွေ့ရသည်။ ကင်းပုံအချိုထက် ကင်းပုံအခါးသည် အထွေထွေရောဂါ ကုသရာ၌ ပို၍အကျိုးရှိ၏။ကင်းပုံအချို အရွက်ကို ငါးသိုင်း၊ ငရုတ်ကောင်း၊ ကြက်သွန်မိတ်၊ နံနံပင်ဖြင့် ဟင်းချိုချက်သောက်ပါက နို့ တိုက်မိခင်များအတွက် နို့ထွက်ကောင်းစေ၏။ဆီးချိုရောဂါ အတွက် ကင်းပုံရွက်ကို ကြက်သွန် ဖြူ/နီ ပုစွန်ခြောက်၊ ရှောက် သို့မဟုတ် သံပရာရည်တစ်ခုခုထည့်၍ ဟင်းချိုသောက်လျှင် ဆီးချို ရောဂါ သက်သာပျောက်ကင်းစေနိုင်၏။ ကင်းပုံရွက်ကို ငါးမြင်း၊ကြက်သွန်ဖြူ/နီရှောက်ရည်ဟင်းချိုသောက်ပေးလျင် လေရောဂါပျောက် … Read more

အသည်းရောင်အသားဝါနှင့် မြန်မာဆေးနည်း

အသည်းရောင်အသားဝါနှင့် မြန်မာဆေးနည်း အသည်းရောင်တာ နှစ်မျိုးရှိပါတယ် ၊ ရိုးရာတိုင်းရင်းဆေးပညာရှုထောင့်က သုံးသပ်တဲ့အခါ ၁ – ရုတ်တရက်ဖြစ်လာတဲ့ရောဂါ ၊ ၂ – နာတာရှည် တငွေ့ငွေ့ တအိအိ နဲ့ ဖြစ်လာတဲ့ရောဂါတို့ပဲပေါ့ ။ရုတ်တရက် ဖြစ်လာတဲ့ အသည်းရောဂါ သူက အစာမချေ ၊ အစာမကြေရာက စပြီး ဖြစ်ပါတယ် ။ အထူးသဖြင့် အသက် ( ၅ ) နှစ် ကနေ( ၁၄ ) နှစ်ကြား ကလေးငယ်တွေမှာ အဖြစ်များပါတယ် ။ ဖြစ်ချိန်မှာတော့ တော်တော်အခံရခက်ပါတယ် ၊ ပြင်းထန်တယ် ၊ မှန်မှန်ကန်ကန်ကုလိုက်ရင် ၁ – လွယ်လင့်တကူ ပျောက်ကင်းသွားမယ်။ ၂ – ကျေနပ်စရာ ကောင်းတာက … Read more

အစာအိမ်နာရောဂါကို သက်သာပျောက်ကင်းစေတဲ့ လက်တွေ့ ဆေးနည်း

အစာအိမ်နာရောဂါကို သက်သာပျောက်ကင်းစေတဲ့ လက်တွေ့ ဆေးနည်း ပြုလုပ်ပုံ – အာလူး( ၁၅ )ကျပ်သားကို အခွံမခွါပဲ ရေစင်အောင်ဆေးပြီးနုတ်နုတ်စင်းပါ၊ ပြီးရင် ရေနည်းနည်းနဲ့ ဆန်ပြုတ်ပြုတ်သလိုပြုတ်ပါ၊အားလုံးပြီးရင် ပျားရည်တဇွန်းထည့်ပြီးသောက်လိုက်ပါ ။ ( ၁၅ ) ရက်လောက်ပုံမှန် သောက်ပေးပါ အစာအိမ်ရောဂါလုံးဝပျောက်သွားမှာပါ ။ရောဂါပျောက်သွားလို့ အာလူးဆန်ပြုတ်ကြိုက်ရင် ဆက်ပြီးသောက်လို့ရပါတယ် ။ နောက်တနည်း – အစာအိမ်ရောဂါအတွက် ဆေးအမျိုးမျိုးသုံးပြီး မသက်သာလို့ စိတ်ညစ်နေသူများ အောက်ပါ သဘာဝဆေးနည်းလေးကို သုံးကြည့်နိုင်ပါတယ်။လက်တွေ့ပျောက်တဲ့ဆေးနည်းလေးမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ပါဝင်သော ပစ္စည်းများ – ၁။ အာလူးစိမ်း။ ၂။ ဂျင်း။ ၃။ ပျားရည်။ ပြုလုပ်နည်း – ၁။ အာလူး ၁၅ ကျပ်သား (၃ လုံး၊ ၄ လုံးခန့်) ကို ရေစင်အောင်ဆေးပြီး အခွံမခွါပဲ နုတ်နုတ်စင်းလိုက်ပါ။၂။ ရေအနည်းငယ်ဖြင့် ဆန်ပြုတ် … Read more

ရုတ်တရက်အစာအိမ်အောင့်ပြီး မခံမရပ်နိုင်ဖြစ်လာခဲ့ရင် ဒီနည်းလေးသုံးကြည့်ပါ

ရုတ်တရက်အစာအိမ်အောင့်ပြီး မခံမရပ်နိုင်ဖြစ်လာခဲ့ရင် ဒီနည်းလေးသုံးကြည့်ပါ ရုတ်တရက်အစာအိမ်အောင့်ပြီး မခံမရပ်နိုင်ဖြစ်လာခဲ့ရင် သက်သာစေတဲ့ ဆေးနည်းကို ပြန်လည်မျှဝေပါ့မယ်။ ဂျပန် မှာ ရထား စီးတုန်းရင်း အစာအိမ် အောင့်လာလို့ မခံမရပ်နိုင်ဖြစ်လာတော့ ဂျပန် အဖွားကြီးတယောက်က ရပ်တဲ့ ဘူတာ က mini market ထဲခေါ်သွားပြီး ကုသ ပေးလိုက်တဲ့ အရေးပေါ်ဆေးနည်း လေး ပါ။ ဂျပန် လူမျိုး များရဲ့ ရိုးရာ ဆေးနည်း တစ်ခုလို့ သိရပါတယ်။ ဆေးနည်း – ကြက်ဥ သို့ ဘဲဥ တစ်လုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်၊ အနှစ်ကို ဖယ်ထားပြီး အကာထဲကို ဆိုးဆေးမပါတဲ့ သဘာဝ သကြားညို အနည်းငယ်ထည့်၍ သောက်လိုက်ပါ။အစာအိမ် ကြောင့် ဗိုက်အောင့် ဗိုက်နာ ချက်ချင်းပျောက်ပါတယ်။ အရေးပေါ် … Read more

အချိန် စက္ကန့်(၃၀)ပေးပြီး နှလုံးကျန်းမာရေး ကောင်း/မကောင်း စစ်ဆေးနိုင်မယ့်နည်းလမ်း

အချိန် စက္ကန့်(၃၀)ပေးပြီး နှလုံးကျန်းမာရေး ကောင်း/မကောင်း စစ်ဆေးနိုင်မယ့်နည်းလမ်း နှလုံးဟာ ခန္ဓာကိုယ်ရဲ့ အဓိကအကျဆုံး အစိတ်အပိုင်း တစ်ခုဖြစ် တာကြောင့် နှလုံးကျန်းမာရေးကို အမြဲ ဂရုတစိုက် စစ်ဆေးနေဖို့လို ပါ တယ် ။တကယ်လို့ ဆေးခန်းသွားပြီး မစစ်ဆေးခင်မှာ ကိုယ်တိုင် စစ်ဆေး နိုင်မယ့် နည်းလမ်းလေး ရှိ ပါ တယ် ။ ဒီနည်းနဲ့ သင့်နှလုံးကောင်း မကောင်းစစ်ဆေးဖို့ စက္ကန့်၃၀ပဲ အချိန်ပေးဖို့ လို ပါ တယ် ။ ပထမအဆင့်အနေနဲ့ ရေဇလုံး တစ်လုံးထဲ ကိုရေ အပြည့်ထည့်ပြီးရေခဲတုံးလေးတွေ ထည့်ပြီး ရေခဲတုံးတွေ အနည်းငယ်ပျော် သွားအောင် မွှေလိုက်ပါ။ ဒုတိယ အဆင့်အနေနဲ့ အဲ့ဒီရေဇလုံထဲမှာ လက်နှစ်ဖက်ကို နှစ်လိုက်ပြီး စက္ကန့် ၃၀ ထား … Read more

အသည်းရောင်းအသားဝါ Bပိုးရှိလို့ စိတ်မပူနဲ့ ဘီပိုး အတွက် သဘဝဆေးပင်

အသည်းရောင်းအသားဝါ Bပိုးရှိလို့ စိတ်မပူနဲ့ ဘီပိုး အတွက် သဘဝဆေးပင် ယခုပုံမှာ မြင်တွေ့နေရတဲ့အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ် ။၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေတော့ အမျိုးမျိုး ကွဲပြားကြပါတယ်။သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံဖြစ်ပြီး အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့နဲ့ ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ – (၁) ၄င်းအပင်၏ … Read more

ကုန်းခရာ၊ ရေခရာတို့၏ ဆေးဖက်ဝင်ပုံနှင့် ပျောက်ကင်းနိုင်သောရောဂါများ

ကုန်းခရာ၊ ရေခရာတို့၏ ဆေးဖက်ဝင်ပုံနှင့် ပျောက်ကင်းနိုင်သောရောဂါများ ခရာပင်သည် ကုန်းခရာနှင့် ရေခရာဟူ၍နှစ်မျိုးရှိသည်။ ကုန်းခရာ – မြေပေါ်နေရာအနှံ့အပြားပေါက်သော ခရာနီ(တစ်ပင်လုံး)နီ ခရာဝါ(အပွင့်ဝါတို့ကို)ကုန်းခရာဟုခေါ်သည်။ ရေခရာ – ပင်လယ်ကမ်းခြေ ရေငန်စပ်၌ ပေါက်သော ခရာဖြူ(အပွင့်ဖြူ)၊ခရာပြာ(အပွင့်ခရမ်းပြာ)တို့ကိုရေခရာဟုခေါ် သည်။ ခရာနီသည် …တစ်ပင်လုံးနီသည်။ခါးသောအရသာရှိသည်၊အေးသောသတ္တိရှိသည်။သွေးဆိပ်ကိုပယ်စေပြီး ရေငတ်ခြင်းကိုပယ်ဖျောက်နိုင်သည်။သွေးတိုးရောဂါကိုပျောက်ပါသည်။ခရာနီသည် သွေးကိုအမှန်တကယ်ကျစေတတ်သဖြင့် သွေးတိုးရှိမှ သောက်သင့်ပါသည်။ အလွန်အကဲစွဲ၍မသောက်သင့်ပါ။ခရာဝါ – ခရာနီကဲ့သို့ သွေးတိုးရာဂါပျောက်ကင်းပါသည်။ခရာနီ/ခရာဝါကို အမြစ်ပါမကျန်နုတ်၍ ရေစင်စင်ဆေးပါ၊ ဓားနှင့်ခုတ်စင်းပြီး အိုးသစ်တွင်ထည့်၍ရေသန့်(၃၀)သားနှင့် အဖုံးပိတ်၍ကျိုပါ။ဆူလာလျင် မီးလျော့ပေးပါ၊ရေတစ်ဆာ်သားကျန်အောင်ကျို/သုံးခွက်တစ်ခွက်တင် ကျိုပြီးအအေးခံထားပါ။အေးလျင်ပုလင်းသန့်သန့်ထဲထည့်ပြီးမနက်အစာမစားမီတစ်ကြိမ်၊ညစာစားပြီးတစ်နာရီခြား တစ်ကြိမ်တစ်ရက်နှစ်ကြိမ်တစ်ခါသောက် လဖက်စားဇွန်း တစ်ဇွန်း သောက်ပါ။ (၅)ရက်ခြား မှတစ်ခါ တစ်လထိသောက်ပါ။သွေးတိုးရောဂါ ပျောက်ပါသည်။ခရာအပွင့်ဖြူ အပွင့်ခရမ်းပြာတို့ကိုရေခရာဟုခေါ်သည်။ ရေခရာ – အပင်ပေါက်ရွက်နုများကို ပြုတ်၍တို့စား ဟင်းချိုချက်စားပါက နို့တိုက်မိခင်များအ တွက် နို့ပေါစေပါတယ်။သလိပ်ကိုပယ်စေသည်၊အစာမကြေခြင်း၊ဖောရောင်ခြင်းကိုပျောက်စေ သည်။ ဒူးခေါင်းကြီးရောဂါ၊အဆစ်ရောင်၊အကြောကိုက်ခဲနာကျင်ခြင်းအတွက်၊ခရာရွက်ကိုဆီသုတ်မီးကင်ပြီးစည်းထားပေးပါ။မြွေကိုက်ခံရလျင် … Read more