ဖတ်ဖူးလား ကြက်နဲ့သိမ်းငှက် အကြောင်း
ဖတ်ဖူးလား ကြက်နဲ့သိမ်းငှက် အကြောင်း တစ်ခါတုန်းက တောင်စောင်းတစ်ခုပေါ်မှာ သိမ်းငှက်အသိုက်တစ်ခုရှိပါတယ်။အဲဒီသိမ်းငှက်အသိုက်မှာတော့ သိမ်းငှက်ဥတွေရှိပါတယ်။တစ်နေ့တော့ လယ်သမားရဲ့သားတစ်ယောက်ဟာ တောင်ပေါ်သွားရင်းနဲ့ သိမ်းငှက်ဥကိုတွေ့တော့ ကြက်ဥလို့ထင်ပြီး ကောက်လာပြီးတော့ ကြက်ခြံထဲကို ထည့်လိုက်ပါတယ်။ မကြာခင်မှာပဲ ကြက်တွေအကောင်ပေါက်လာပါလေရော၊အဲဒီအခါ သိမ်းငှက်လေးလဲ ပေါက်လာတာပေါ့။အဲဒါနဲ့ တဖြည်းဖြည်းနဲ့ သိမ်းငှက်လေးဟာ ကြက်တွေကြားထဲမှာ ကြီးပြင်းလာပါတယ်။ကြက်တွေနဲ့တော့ အရွယ်အစားမတူပေမယ့် မွေးကတည်းက ကြက်စာတွေစားပြီး ကြက်တွေလိုပဲ နေခဲ့ရတာပေါ့။ တစ်နေ့ကျတော့ကောင်းကင်မှာ သိမ်းငှက်တွေပျံနေတာကို အောက်က သိမ်းငှက်က ကြည့်ပြီးတော့ ” ငါလဲသူတို့နဲ့ အမွေးအတောင်တွေတူတူပါပဲ ငါလဲသူတို့လို အမြင့်ကြီးမှာ ပျံနိုင်ရင်ကောင်းမယ်” လို့ပြောပါတယ်။ အနားက ကြက်တွေက ရယ်ပြီးတော့ ” မင်းက ကြက်ပါကွာ၊ငါတို့ကြက်တွေဟာ ဒီလောက်အမြင့်ကြီးမပျံနိုင်ပါဘူးကွာ။မေ့ထားလိုက်စမ်းပါ” အဲလိုပြောတဲ့အခါ သိမ်းငှက်လဲ ပျံဖို့ မကြိုးစားကြည့်တော့ပဲ ကြက်တွေနဲ့အတူတကွ သေတဲ့အထိ နေထိုင်သွားပါတော့တယ်။ ဒီပုံပြင်လေးကို သေချာကြည့်လိုက်မယ်ဆိုရင် … Read more