လုပ်ဖို့မပြောနဲ့သိသူတောင်နည်းသွားပြီဖြစ်တဲ့ အိမ်ဆောက်နည်းများ

လုပ်ဖို့မပြောနဲ့သိသူတောင်နည်းသွားပြီဖြစ်တဲ့ အိမ်ဆောက်နည်းများ ရိုးရာဓလေ့ထုံးစံတစ်ရပ်ကို မှတ်တမ်းတင်တဲ့အနေနဲ့ ဖော်ပြလိုက်ရပါတယ် နေစရာအိမ ်ဆောက်မယ်ဆိုရင် (တန်ဖိုးရှိလွန်းလို့သိမ်းထားခဲ့တာပ ါ။အခုခေတ်မှာ လုပ်ဖို့မပြောနဲ့သိသူတောင်နည်းသွားပြီ။) ဆရာကြီးဒဂုန် ရဲ့စာတွေဖတ်ရင်း တွေ့မိလို့သိမ်းထားခဲ့တဲ့ထဲက အိမ်ဆောက်ရင် လိုအပ်ချက်တွေကို သိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။မြင်လဲမြင်ဆရာ ပါ။သူရေးခဲ့တဲ့ စာစုကို ပြန်ဖော်ပြလိုက်ပါတယ်။ နေစရာအိမ်ဆောက်မယ်ဆိုရင် ဝေဒင်္ဂတို့ နေ့စဉ်နှင့်အမျှ ရုန်းကန်လှုပ်ရှားနေရတဲ့ အကြောင်းအရင်းကတော့ စား-ဝတ်-နေ-ရေး ကြောင့်ပဲမဟုတ်လား။အဲဒီ စား-ဝတ်-နေ-ရေး ဆိုတဲ့ စကားလေး သုံးခွန်းဟာ နှုတ်ကပြောရာမှာ ဘာမှမဟုတ်ပေမယ့် သေသေချာချာ တွေးကြည့်လေ လေးနက် ကျယ်ပြန့်လေပါပဲ။ စဉ်းစားကြည့်လေ၊ နေ့စဉ်နှင့်အမျှမစားလို့ မဝတ်လို့၊ မနေလို့ ရလို့လား၊ မစားဘဲ၊ မဝတ်ဘဲ၊ မနေဘဲ ရနိုင်ရိုးလား။ ရှာရ၊ ဖွေရ၊ ရုန်းကန်လှုပ်ရှားနေရတာ၊ မပြောချင်၊ မဆိုချင် မဆက်ဆံချင်တဲ့ သူတွေနဲ့ ပြောဆိုဆက်ဆံရတာ တွေဟာ … Read more

ကမ္ဘာကြီးပေါ် မှာ ရှားပါး ပြီး တွေ့ရခဲ လှ တဲ့ အနက်ရောင် မျိုး စိတ် သတ္တဝါ များ

ပရိသတ်ကြီး ကို အခုတစ်ခေါက် မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေး ကတော့ ပုံမှန်မျိုးစိတ်တူ သတ္တဝါတွေထဲမှာမှ ထူးထူးဆန်းဆန်း အနက်ရောင် ပိုင်ဆိုင်ထားတဲ့ အကောင်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီလို အနက်ရောင် သတ္တဝါတွေဟာ ပုံမှန်ကနေခွဲ ထွက်လာပြီး အလွန် ရှားပါးတာကြောင့် ဗဟုသုတရစေရန် ဖတ်ကြည့်လိုက်ပါဦးနော်… ၁။ အနက်ရောင်ကျားသစ် တစ်ကယ်လို့ သင်ဟာ ရှားရှားပါးပါး အမဲရောင် သတ္တဝါတွေကို စိတ်ဝင်စားတယ်ဆိုရင် အနက်ရောင် ကျားသစ်က တစ်ကယ့်ကို စိတ်ဝင်စားစရာပါ ။ အနက်ရောင် ကျားသစ်တွေတွေဟာဆိုရင် ကမ္ဘာပေါ် က တိုက်ကြီးတွေ မှာ ရှင်သန် ကျက်စားကြပြီး မျိုးစိတ်တွေက လည်း ကွဲပြားကြပါသေးတယ်။ ဥပမာ ပြောရမယ်ဆိုရင်တော့ အာရှတိုက်မှာ သစ်နက်( Panther ) ၊ … Read more

စော်ကားချင်တိုင်း စော်ကားခွင့်ရသွားပီလား ဗုဒ္ဓဘာသာ

စော်ကားချင်တိုင်း စော်ကားခွင့်ရသွားပီလား ဗုဒ္ဓဘာသာ၊ ကျောင်းဆရာတစ်ဦးရဲ့ ပြောပြချက်ရုပ်သံဖိုင်။ ကောင်းလွန်းလို့တင်ပေးလိုက်တယ်ဗျာ ကမ္ဘာမှာ အကောင်းဆုံးဘာသာအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဗုဒ္ဓဘာသာ။ ဘာသာကြီးလေးခုမှာ ဘာဝင်အရေအတွက် အနည်းဆုံးမှာ ဗုဒ္ဓဘာသာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတရားရဲ့ အဓိက အနှစ်သာရမှာ သစ္စာလေးပါးပဲဖြစ်ပါတယ် ။ အင်မတန်နူညံ့သိမ်မွေးနက်နဲတဲ့ဘာသာတရားဖြစ်ပီး လက်တွေ့သိပ္ပံပညာရှင်တွေကိုတိုင် လက်ခံထားတဲ့ဘာသာတရားဖြစ်ပါတယ်။ မြတ်ဗုဒ္ဓကိုယ်တော်တိုင်ကလည်း သူ့အယူဝါဒ သူ့တရားတော်တွေကို လာပါ လေ့လာပါ ကျင့်ကြံကြည့်ပါ ကိုယ့်အတွက်အမှန်တကယ်အကျိုးရှိမှ ယုံကြည်လက်ခံပါလို့ ကာလာမသုတ်မှာဟောကြားခဲ့ပါတယ်။ ယနေ့မျက်မှောက်ခေတ်အချိန်အခါမှာတော့ ဗုဒ္ဓဘာသာသာဟာ ကလေးကလား အပေါစားဆန်နေသလားလို့တောင် ထင်မှတ်ရပါတယ်။ ဒီလောက်မြင့်မြတ်ကောင်းမွန်တဲ့ ဘာသာတရားတစ်ခုကို ပန်းချီဆရာဆိုသူတချို့လည်း စိတ်ကူးပေါက်ရာ ရေးခြစ်ကြ၊ ပန်းပု ဆရာဆိုသူများလည်း စိတ်ကူးပေါက်ရာထုလုပ်ကြ၊ လူပျက်တွေလည်း မပျက်သင့်တာတွေကို ပျက်လုံးထုတ်ကြ၊ အွန်လိုင်းပေါ်မှာလည်း အမျိုးစုံပျက်ရယ်ပြု ပြစ်မှားနေကြတာ ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာဝင်တို့အဖို့ များစွာ စိတ်နှလုံးညှိုးနွမ်းရပါတယ်။ ကမ္ဘာပေါ်မှာ … Read more

အကယ်၍ ကျွန်မယောက်ျားသာ အငယ်အနှောင်း တွေ့နေခဲ့ရင်

ဟိုမယားငယ်မလဲ ပါးမရိုက်ဘူး။ ကိုယ့်ယောက်ျားလဲ ဘာမှမလုပ်ဘူး။ ကိုယ့်ခွန်အားကို သူတို့ ကို ရိုက်နှက် မသုံးတော့ဘူး။ တခုလတ်မ ဘဝနဲ့ မနက်ဖြန်တွေကို ကျော်ဖြတ်ဖို့ ခွန်အား ချန်ထားလိုက်တော့မယ်။ ကွာရှင်းခွင့်ပဲ တောင်းလိုက်မယ်။ အပျော်အပါးမယားပဲ ရှုပ်ရှုပ်.. သာယာလို့ နောက်မယားပဲ တွေ့တွေ့ ။ အဓိကက ကာယကံရှင် ကိုယ့်ယောကျာ်းက တရားခံပဲ။ အဲမိန်းကလေးကရော လက်ခံရက်လို့ လက်ခံရင် သူ့ဘဝနဲ့သူ သွားလိမ့်မယ်။ ကျွန်မ ဗုဒ္ဓဘာသာဝင် တယောက်အနေနဲ့ ဝဋ်ဆိုတာ လက်ခံတယ်။ တောင်းပန်ပါတယ် နောက်မလုပ်ပါဘူး ဆိုပီး ပြန်လာပြောလဲ ကျွန်မတို့ မိန်းမတွေသာ မှားခဲ့ရင် ရှင်တို့ ယောက်ျား လက်ခံနိုင်မလားပဲ မေးချင်တယ်။ ကိုယ်တွေမိန်းမ ရွံတာထက် သူတို့ယောကျာ်း တွေက ၁၀ ဆ ပိုရွံပြပါလိမ့်မယ်။ … Read more

လူတောမတိုးဝံ့သော သမင်ဖြူ အတွက် ဆေးနည်း

၂၀၀၅ ခုနှစ်က လားရှိုးမှာနေစဉ် ဘယ်ကနေဘယ်လိုဖြစ်လာမှန်းမသိဘဲ သမင်ဖြူ အရေပြားရောဂါ ကျနော်ဖြစ်လာတယ် ။ ဖြစ်ရတဲ့အကြောင်းဘယ်လိုဆိုတာ အစရှာမရဘူး ၊ အစားမှားခြင်းကစတာဘဲလို့သုံးသပ်မိတယ် ၊ အနာကလေးမပေါက်လိုက်နဲ့ ပျောက်တာနဲ့ သမင်ဖြူဖြစ်နေခဲ့တယ် ခြေကလက်ကနေ အကွက်ကလေးတွေစဖြစလာပြီး မျက်နှာနှုတ်ခမ်းလေးတွေပါကူးလာတယ် ။ ဆေးတွေလည်းစုံနေပြီ မပျောက်ဘူး ၊ ဘယ်ဆရာမှမတတ်နိုင်ဘူး ၊ အပြငး်ထွက်ရင် အကွက်လေးတွေကို သနပခါးလူးပြီးထွက်ရတယ် ။ သူငယ်ချင်း မိတ်ဆွေတွေလည်းစုတ်တသပ်သပ်နဲ့စိတ်မကောင်းကြဘူး ၊ မန္တလေးကိုဆင်းတော့ မမကြီးက ကျနော့်အဖြစ်ကိုမြငြ်ပီး ငါ့မောင်ဘဝတော့သွားပါပြိဆိုပြိး ငိုပါတယ် ။ ကျနော်ကတော့ စိတ်ဓာတ်မကျပါဘူး ၊ အနာသိရင် ဆေးရှိပါတယ် ။ မမရယ် ငိုမနေပါနဲ့လို့နှစ်သိမ့်လို််က်ပါတယ်၊ ဒါနဲ့ မဖြစ်တောဘူ့း ကိုယ့်ရောဂါကိုယ်ကုမှဘဲဆိုပြိး ဆေနည်းတွေရှာတယ်၊ ဖြစ်နိုင်တဲ့ဆေးနည်းတွေအတိုင်း ဆေးတွေဝယ်တယ် ။ ကျနော်ဝယ်တဲ့အထဲမှာ ထောပါတ် … Read more

အတော်လေးကို နာမည်ကြီးနေတဲ့ ထမင်းပူပူလေးနဲ့ အိမ်မြှောင်ကြော်

ဗီယက်နမ်နိုင်ငံကတော့ ကမ္ဘာပေါ်မှာ အထူးဆန်းဆုံးနဲ့ အထူးခြားဆုံးဟင်းပွဲတွေမြည်းစမ်းကြည့်ဖို့ အကောင်းဆုံးနိုင်ငံတစ်နိုင်ငံလို့ဆိုရမှာပါ ။ ဒါပေမဲ့အဲ့လိုဟင်းပွဲမျိုးကိုမြည်းစမ်းချင်တယ်ဆိုရင်တော့ 5 star hotel တွေ ၊ စားသောက်ဆိုင်အကြီးစားတွေသွားစရာမလိုပါဘူး ။ သက်တောင့်သက်သာရှိပြီး စျေးသက်သာတဲ့လမ်းဘေးစားသောက်ဆိုင်တွေမှာ ဒေသခံတစ်ယောက်လိုကိုယ့်ကိုသဘောထားပြီး သွားရောက်စားသောက်ကြည့်ပါ ။ ဗီယက်နမ်ကော်ပြန်ကြော်တွေ ၊ ကော်ပြန်စိမ်းကြော်တွေတော့ အတော်လေးနာမည်ကြီးပါတယ် ဒါပေမဲ့ ထမင်းဖြူ နဲ့အိမ်မြှောင်ကြော် လေးကိုကောမှာစားဖူးကြရဲ့လား ။ social media ပေါ်မှာတော့ ဓာတ်ပုံတွေနဲ့တင်ထားတာဖြစ်တဲ့အတွက် အတော်လေးတော့ ရေပန်းစားနေပါတယ် ။ အချို့ကလည်း အဆိုပါဟင်းပွဲမျိုးကိုလက်မခံနိုင်ကြတဲ့သူတွေကတော့ ” အိမ်မှာ အိမ်မြှောင်တွေအများကြီးရှိတဲ့သူတွေ ဗီယက်နမ်မှာသွားရောင်းရင် အတော်လေးကိုအမြတ်ရလောက်တယ် ” ဆိုပြီးနောက်ပြောင်ရေးသားခဲ့ကြပါတယ် ။ အိမ်မြှောင် မွေးမြူတဲ့သူတွေ ၊ ရောင်ဝယ်ကြတဲ့သူတွေရဲ့ အိမ်မြှောင်ထုပ်ပိုးနေပုံ ၊ ရောင်းချနေပုံ ၊ ပြီးတော့ ချက်ပြုတ်နေကြပုံကို … Read more

ဆန်ဆေးရေအစွမ်းနဲ့ ကိုယ်အလေးချိန် ပေါင် ၂၀၀ ခန့် ဝိတ်ချခဲ့သူ ဒေါက်တာလှဝင်းအောင်၏ ကိုယ်တွေ့ဝိတ်ချနည်း

နိုင်ငံတော်မှ ဘွဲ့ဆုတံဆိပ်များစွာ ချီးမြင့်ခြင်း ခံထားရသူ ဒေါက်တာလှဝင်းအောင်က အဘိဓမ္မာ ဆရာတစ်ဦး၊ လူမှုရေးအလုပ်များစွာလုပ်ဆောင်သည့် စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် လူသိများသူဖြစ်သည်။ သူပြောပြထားသည့် ဆန်ဆေးရည်၏ကျန်းမာရေးနှင့် အလှအပအကျိုးကျေးဇူးများကို အများပြည်သူဗဟုသုတရရှိစေရန် ပြန်လည်မျှဝေလိုက်ပါသည်။ “ဆန်ဆေးရည်ကြောင့် အသက်၄၀ ကျော် အရွယ်တွေငယ်ရွယ်နုပျိုစေနိုင်ပြီး အရွယ်သုံးပါးလုံးအတွက် တန်ဖိုးနည်းပေမယ့် စွမ်းတဲ့သဘာဝဆေးပါ။ ဆန်ဆေးရည်အစွမ်းကြောင့် နေလောင်မှဲ့ခြောက်၊ တင်းတိတ်နဲ့ မျက်နာအရေးကြောင်း၊ အရေပြား ပျော့တွဲတွဲဖြစ်နေခြင်းတွေ ပျောက်ကင်းသက်သာကြောင်းကို ကျွန်တော့်ကိုယ်တွေ့နဲ့သုတသန္နိစယ ကျမ်းပါနန်းတွင်းသုံးသဘာဝရဲ့ ဆေးတစ်လက်ဖြစ်ကြောင်းကိုပါ ပြောပြပေးချင်တာပါ။ မန္တလေးရွှေမြို့တော်ကြီးကိုထူထောင်ခဲ့တဲ့ မင်းတုန်းမင်းကြီး လက်ထက်တော်အခါတုန်းက မင်းကြီးရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ မယ်သဲ(ခေါ်)မယ်ညွန့်ဟာ အဝလွန်တာကြောင့်မင်းကြီးရဲ့ငယ်ချစ်သခင် ဖြစ်ပါရက်နဲ့ တောင်နန်းစံမိဖုရားခေါင်ကြီးဘဝ မဖြစ်ရရှာဘဲ ဝလွန်းလို့ မြောက်နန်းစံမိဖုရားဘဝနဲ့သာဖြစ်ရရှာတဲ့အတွက် နန်းတွင်းသမားတော်ကြီးတွေက ပွဲတော်တည်ဖို့ထမင်းမချက်မီ ဆန်ကိုသန့်စင်အောင် ရေဆေးကြောတဲ့အခါ ရရှိတဲ့ဒုတိယဆန်ဆေးရည်ကို နေ့စဉ် အုန်းမှုတ်တစ်ခွက်စာ ဘုဉ်းပေးသုံးဆောင်ဖို့ လျောက်တင်ခဲ့ပါတယ်။ ဆန်ဆေးရည်နဲ့ … Read more

လက်ထပ်ပွဲမှာ ချစ်ရသူကိုကြည့်ပီး ဝမ်းသာအားရ ဖက်ငိုကြွေးခဲ့တဲ့ သတို့သား(ရုပ်သံ)

ရုပ်သံဖိုင်ကို အောက်ဆုံးတွင် ဖော်ပြထားပါသည်။ ယောကျ်ားလေးတစ်ယောက်ဟာ ချစ်သူကို အချစ်စစ်နဲ့ ချစ်မိသွားတဲ့ အခါမှာ အရမး်ကိုု တန်ဖိုးထားတတ်ကြပါတယ်။ ယောကျ်ားလေးတိုငး်က တန်ဖိုးမထားတတ်ပါဘူး။ တကယ်လို့သင့်ချစ်သူက သင့်ကို အခုဖော်ပြပေးတဲ့အတိုင်း ပြုမူဆက်ဆံတယ်ဆိုရင်တော့ သင့်ချစ်သူဟာ ယောကျာ်းကောင်းတစ်ယောက် ဖြစ်တဲ့အပြင် သင်ဟာ တကယ့်ကိုကံကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ။ (၁) ကတိတည်တယ် သင့်ကို တန်ဖိုးထားတဲ့ ယောကျ်ားအဖို့ သူ့နှုတ်ကထွက်တဲ့စကားဟာ သူ့အတွက် ကတိပါပဲ။ သင့်ကို ပြောဖူးတဲ့စကားတွေ၊ ပေးခဲ့ဖူးတဲ့ ကတိတွေကို ဘယ်တော့မှ မေ့မှာမဟုတ်တဲ့အပြင် သူ့ကတိတွေကိုလည်း အမြဲတည်မယ့် သူမျိုးပါ။ ကတိတွေအထပ်ထပ်ပေးပြီး မတည်တဲ့ ယောကျ်ားတွေနဲ့တော့ တကယ်ကို တခြားစီပါပဲ။ ဒါကြောင့် သင့်ချစ်သူဟာ ဒီလိုလူမျိုးဆိုရင်တော့ သင့်ကိုတန်ဖိုးထားပြီး အရမး်လည်း ချစ်တဲ့သူပါ။ (၂) ကြင်နာတယ် ယောကျ်ားလေးတော်တော်များများက ချစ်တော့ချစ်တယ် ဒါပေမယ့် … Read more

အိိမ်ဆောက်တဲ့အခါ ဘိိလပ်ထရံ လုပ်နည်း

ဘိလပ်မြေထရံပြုလုပ်နည်း အိမ်ဆောက်တဲ့အခါ ဘိလပ်ထရံ လုပ်နည်းလေး တင်ပေးလိုက်ပါတယ်.. ဒီနည်းက အုတ်စီပြီး လုပ်သလောက်မကုန်ပါဘူး ရိုးရိုးထရံထက်နဲနဲပိုကုန်တယ်ဆိုပေမဲ့တစ်သက်တာ ခိုင်ခန့်တဲ့အတွက် အလုပ်သင်ဆုံးလိုယူဆပါတယ် အပူဒါဏ်ကို လျှောချနိုင်ပြီး ကျမ္မာရေးနဲ့ညီညွတ်စေပါတယ် အချို့ဆိုရင် အိမ်သုံးဆောင်ဖြစ်တဲ့ စောင်အစုပ် အင်္ကျီအစုပ်တွေကို နုတ်နုတ်စင်းပြီး ဘိလပ်နဲ့နယ် ပြင်အညီသံပြားထူထူပေါ်ပုံစံဖမ်းပြီး အိမ်အသုံးဆောင်တွေကိုလုပ်လာကြပါပြီ၊ မိမိတို့ဉာဏ်ရှိသလို အသုံးချနိုင်အောင်တင်ပြလိုက်တာဖြစ်ပါတယ် ခိုင်ခန့်မူ့ မရှိ့ဘူး ရှိ့တယ်ဝေဖန်နေတာထက် လက်တွေ့လုပ်ကြည့်စေချင်ပါတယ်၊ ဥပမာ စာပွဲခင်းဖြစ်စေ မိမိအိမ်ကြမ်းခင်းဖြစ်စေ လုပ်ကြည့်စေချင်ပါတယ်၊ ခေတ်စနစ်တစ်ခုမှာ မိမိစမ်းသပ်မူ့သည် အကောင်းဆုံးလုပ်ကြည်ပါက ကမ္ဘာဈေးကွက်အထိထိုးဖောက်လာနိုင်ပါတယ်၊ ယ္ခုခောတ်တရုပ်ကတင်သွင်းတဲ့နံရံကပ် ကျောက်ပြားများသည်အမှိုက်သရိုက်များကိုခြေဖျက်ပြီးပြုလုပ်ထားတာဖြစ်ပါတယ် ဂျတ့်စက္ကူအဟောင်းများကို ခြေဖျက့်၍ ပြု့လုပ်ထားကြောင်းကျနော်လေ့လာထားပါတယ် တရုပ်တင်သွင်းသောနံရံကပ် ၈ပေ ၄ပေပြားများ လုပ်ထားပုံကိုလေ့လာကြည်ရင် တွေ့ရပါလိမ့်မယ် သဲကိုရေစင်အောင်ဆေးပေးပါ သဲသုံးဒယ်ဘိလပ်တစ်ဒယ် ထည့်ပြီးသမမျှတအောင်နယ်ပါပြိုကျမှာကို စိုးရိမ်စရာမလိုပါဘူး၊ သူအိုးနဲ့သူဆန် တော်သင့်ယုံလုပ်ဖို့လိုအပ်ပါတယ် မေတ္တာများဖြင့် အေးချမ်းလုံခြုံစွာ နေနိုင်ရေး … Read more

စိန်ရွှေရတနာအကြောင်း သိကောင်းစရာ၊ ရွှေဝယ်ရင်ရှုံးသလား၊ ရွှေဝယ်တိုင်းရှုံးသလား

လူအများစုပြောကြတယ် ရွှေဝယ်ရင် ရှုံးတယ်။ အရှုံး မခံနိုင်ရင် ရွှေမဝယ်နဲ့တဲ့။ရွှေဝယ်တိုင်းရှုံးသလား။မရှုံးပါဘူး။ အထည်ဝယ်မှသာ လုပ်ခ အလျော့လက်ခအတွက် ပိုပေးဆောင်ရတာပါ။ခင်ဗျားက ရွှေကိုဝတ်ချင်တာဆိုရင်တော့ အထည်တစ်ခုဖြစ်လာဖို့အတွက် အလျော့ လက်ခပေးရပါမယ်။ ပုံဆန်း ရင်ဆန်းသလို ပေးရပါမယ်။ ခုခေတ်ပုံဆန်းစက်ဖြတ်တွေဆို ပိုပေးရပါတယ်။ ဥပမာ ခင်ဗျား အဝတ်အစတစ်ခုဝယ်ရင် အစဖိုးပဲ ပေးရမယ်။ အဲ ဝတ်ချင်တာဆိုရင်တော့ ချုပ်ခပေးရမှာပဲမလား။ ဒီနေ့ အပေါ်အောက်ဝမ်းဆက်ချုပ်ရင် ပွဲတက်ဆိုရင် အနည်းဆုံးသိန်းဂဏန်းပေးနေရပြီ တစ်ကျပ်သားဆွဲကြိုး ၁၂ သိန်းတန် တစ်ကုံးမှ အလျော့တစ်ပဲ။ ၇ သောင်းလောက် ပဲပေးရတယ်။ အဲ့လိုလုပ်တက်ဖို့ ပန်းတိမ်ပညာ ၃ နှစ်အထက် အချိန်ပေးသင်ခဲ့ရတယ်။ ပြန်လာရောင်းလို့ ကောင်းသေးရင် အပြည့်မရှုံးဘူး။ လက်စွပ် ၁ ကွင်းမှ တစ်သောင်းခွဲလောက်ပဲ ပေးရမယ်။ ဒါတွေက အထည်ပြုလုပ်ခအတွက်ပေးရတာပါ။ ခုနပြောသလို … Read more