ဘဲဥ ပို့တဲ့ ကောငျလေး နှငျ့ သူ့၏ သူဌေး

ကောင်လေးတစ်ယောက်ဘဲဥကဒ်တွေတင်ပြီး စက်ဘီးနဲ့သွားနေတဲ့အချိန်မှာ ရုတ်တရက်ခြေချော်ပြီး စက်ဘီးမှောက်သွားတယ်။ စက်ဘီးမှောက်တော့ဘဲဥတွေ ကွဲကုန်တာပေါ့။အဲဒီအချိန်မှာ ပုံမှန်လိုပဲ လူစုလူဝေးဖြစ်ပြီးကောင်လေးကို”မင်း စက်ဘီးကို သေချာမနင်းဘူး ဘာညာ”ဆိုပြီး ဝေဖန်ပြောဆိုကြတာပေါ့။ အဲဒီအချိန်မှာလူစုထဲက အသက်ကြီးကြီးနဲ့လူတစ်ယောက်က ကောင်လေးရဲ့ဘဲဥတွေကွဲသွားတော့ သူ့ကို “မင်းကတော့ သူဌေး အဆူခံရတော့မှာပဲ”ဆိုပြီး သူ့အိတ်ကပ်ထဲကငွေ တစ်ထောင် ပေးလိုက်ပါတယ်။ ပြီးတော့ ကောင်လေးကိုသူကပြောတယ် “ဒီကလူတွေက ဝေဖန်ရုံ သက်သက်မဟုတ်ဘူးတဲ့၊သူတို့လည်းမင်းကို တတ်နိုင်သလောက်ကူညီကြမှာပါကွာ” လို့ အားလုံးကြားအောင် အသံမြှင့် ပြောပြီးထွက်သွားလိုက်တယ်။ ဒီလိုပြောတော့ လူစုထဲကလူတွေလည်း ကောင်လေးကိုသနားပြီးသူတို့ တတ်နိုင်သလောက် ကူညီကြတယ်ကွဲသွားတဲ့ ဘဲဥတန်ဖိုးထက် ကောင်လေးကပိုက်ဆံ နှစ်ဆ၊ သုံးဆ ပိုရသွားတယ်။ ကောင်လေးလည်း ပျော်သွားတာပေါ့။ အဲချိန်မှာ လူတစ်ယောက်ကကောင်လေးကို “အဲဒီအသက်ကြီးကြီး လူကမင်းနဲ့အသိလား။သူသာ မင်းကိုမကူညီဘူးဆိုရင်မင်းတော့ မင်းသူဌေးဆီမှာတော်တော်လေး အဆူခံရမှာပဲ” ဆိုပြီး ပြောတော့ ကောင်လေးကပြုံးပြီး “အဲဒီ … Read more

ကဲလာပါပြီ ၁ဝတန်း တစ်နှစ်ထဲ စာလုပ်ရုံနဲ့ မရတော့တဲ့ပညာရေး

Grade10,11,12 သုံးနှစ်လုံးမှာGrade A ရမှကိုယ်နှစ်သက်တဲ့တက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပြီး GradeB,C ရတဲ့သူကသတ်မှတ်ထားတဲ့ တက္ကသိုလ်သာဝင်ခွင့်ရမှာပါ။ ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ။ ၂၀၂၀_၂၀၂၁ ပညာသင်နှစ်Grade 10 (ဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ ၂၀၂၁_၂၀၂၂ ပညာသင်နှစ်Grade 11 (ဧကဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ ၂၀၂၂_၂၀၂၃ ပညာသင်နှစ်Grade 12 (ဒွါဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ နှင့်နိုင်ငံတော်အစိုးရစစ်စာမေးပွဲစာမေးပွဲနှစ်ခုရှိပါသည်။ Grade 12ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါကသင်ယူပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပါသည်။ထိုလက်မှတ်ဖြင့်ကောလိပ်များ၊Instituteများ(ပညာရေးကောလိပ်၊GTI အစရှိသဖြင့်)ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။ သို့သော်၂၀၂၃ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်သည့်နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲသည်သာUniversity များတက်ရောက်ခွင့်ရရှိမည့်Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်ပါသည်။ ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီးမှသာတက္ကသိုလ်များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။ ထိုစာမေးပွဲတွင်Grade A ရထားသောကလေးသည်နှစ်သက်သလိုတက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သော်လည်း၊Grade B,C အစရှိသဖြင့် ရသောကလေးများသည်ထို Grade များကိုလက်ခံဖြေဆိုခွင့်ပြုသောတက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။ Grade များသည်လည်းဘာသာရပ် တိုင်းအတွက်ကောင်းရန်မလိုပါ။မိမိ အဓိက ရွေးချယ်မည့်တက္ကသိုလ်တစ်ခုကိုတော့ ကိုG10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။ … Read more

အိမ်ငှားထားမယ်၊ အိမ်ငှားနေမယ်ဆိုရင် ဒါလေးတွေ မဖြစ်မနေသိထားပါ

အိမ်ရှင် အိမ်ငှားနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ အိမ်ရှင်နှင့် အိမ်ငှားတို့သည် ၁၉၆၀ ပြည့်နှစ် ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေကို လိုက်နာကြရပါမည်။ ယင်း ဥပဒေ ပေါ်ပေါက်လာပုံမှာ ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာနိုင်ငံ ၊ မြို့ကြီးများရှိ အိုးအိမ်အတော် များများ ပျက်စီးသဖြင့် အငှားချထားနိုင်သည့် ဥပစာများရှားပါးမှုကြောင့် အဆမတန်တက်ခဲ့သဖြင့် ၁၉၄၈ ခုနှစ်မြို့ပြ ၏ ဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေကို ယာယီဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၅၁ ခုနှစ် နောက်ပိုင်းတွင် ယင်းဥပဒေမှ အငှားချထားခြင်း ကိစ္စများအား ကင်းလွတ်ခွင့်ပြုခဲ့သဖြင့် အိမ်ရှင်များအဖို့ ပစ္စည်း လွဲှပြောင်းခြင်းအက်ဥပဒေပါ အခွင့်အရေးပြန်လည်ရရှိသော ခေါင်းထောင်လာပြန်သဖြင့် ၁၉၆၀ ပြည့်နှစ် မြို့ပြ ဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ၏အက်ဥပဒေကို (၄-၅-၁၉၆၀) တွင် ပြဋ္ဌာန်းပြီး ယနေ့တိုင် … Read more

သွေးလေးဖက်နာ ဝေသနာရှင်များတွက်ပါ

သွေးလေးဖက်နာရောဂါဝေသနာရှင်များတွက် မိမိကိုယ်တိုင်မှီဝဲစားသုံးဖို့ဖော်စပ်ထားတဲ့ဆေးစွမ်းကောင်းတစ်လက်ကိုပြန်လည်ဝေမျှလိုက်ပါတယ် လိုအပ်သောပစည်း ထန်းလျှက်မဲ တစ်ပိဿာ ဇီးဖြူသီးတစ်ပိဿာ ပြုလုပ်နည်း ဇီးဖြူသီးပြုတ်အစေ့ထုတ် ညက်အောင်ထောင်း ထန်းလျှက်ကိုရေနဲ့ကျိူ အရေစစ် ရောပြုတ်ပြီးအနှစ်ရသည်ထိချက် ရပြီဆိုရင်ဘူးထဲထည့်ပြီး မနက်ထမင်းမစားမှီတနေ့တစ်ဇွန်းစားသုံးခြင်းဖြင့် သက်သာပျောက်ကင်းကြောင်း သတင်းကောင်းလေးပါးပါရစေ။

ဘုန်းကြီးကျောင်းမှ သင်္ကန်းတွေပေါများနေလို့ သင်္ကန်းပြန်ဝယ်ပြီး လှူတာ ကုသိုလ်ရပါသလား ငရဲကြီးပါသလား?

မင်္ဂလာပါ ဦးဇင်း။ တခုလောက်မေးချင်လို့ပါ။ သူများလှူ ပြီးသား ပစ္စည်းတခုကို ကိုယ်က ပြန်ဝယ်ပီး ပြန်လှူရင် ကုသိုလ်မရဖူးဆိုတာဟုတ်ပါသလား။ ဥပမာ ပြောရ ရင် ဘုန်းကြီးကျောင်းမှ သင်္ကန်းတွေပေါများနေလို့ တပည့်တော်မက အသစ်တခု မဝယ်တော့ပဲ အဲသင်္ကန်းကိုပဲ ဘုန်းကြီးစီ ဝထ္ထုငွေနဲ့ပြန်ဝယ်ပီး ပြန်ပီး လှူရင် ကုသိုလ်မရဖူးလို့ပြောတာကြားဖူးလို့ပါ။ အဲတာ ဟုတ်ပါသလား။ အဲ့လိုလုပ်ရင် ငရဲကြီးတတ်ပါတယ် ဒကာမ။ ဘာကြောင့်လဲဆိုတော့ ရဟန်းတော်က ပိုက်ဆံ မသုံးရဘူး၊ ပစ္စည်း မရောင်းရဘူး၊ ဖလှယ်မှုကိုလည်း မပြုရပါဘူး။ ဒကာမကို ရဟန်းတော်က သင်္ကန်းတွေ ပိုက်ဆံနဲ့ လဲလိုက်ရင် ရောင်းရင် ရဟန်းတော်ကလည်း ငရဲကျမယ် ဒကာမကလည်း ဝိနည်း နဲ့ သာသနာတော်ကို ဖျက်ဆီးနေတဲ့အတွက် ငရဲကြီးတတ်ပါတယ်။ ဝိနည်းကို မလိုက်နာတတ်တဲ့ ရဟန်းတော်တွေကို ဝိနည်းမှာ … Read more

“နှစ်ခါပြန်မရတဲ့ အပျိုစင် ဘဝလေးကို တန်ဖိုး ထားကြပါ…”

တဏှာရမက်နဲ့ ကြည့်ရင်မင်း ခန္ဓာကိုယ်ဟာ ကလေးမွေး လို့ ရတာ မှန်တယ် မေတ္တာစစ်စစ်နဲ့ ကြည့်ရင်မင်း အရွယ် မရောက်သေးဘူး..။ အချစ် စစ်စစ်နဲ့သာ ကြည့် အိမ်ထောင်မှုတာဝန် ဆိုတာကိုမင်း ဘာမှ မသိသေးဘူး..။ ဟို …….. ကောင်မလေး ။ မင်းကို ချစ်လို့ ပြောတာနော် ရိုင်းသွားရင် ခွင့်လွှတ် ၊ကိုယ်က စာပေသမားဆိုတော့ စာရေးပြီး ပြောတာ ပိုသဘောကျတယ်..။ ဒါက မင်းကို ချစ်တဲ့ ငါ့ရဲ့အမြင်မင်းအမေကို မေးကြည့်ပါ့လား ဒီတစ်သက်မင်း အရွယ်ရောက်လာမှာတောင် မဟုတ်ဘူးသူငယ်ချင်း`မောင်နှမ` ချစ်သူ`ထက်သူတို့ရဲ့ချစ်ချင်းမေတ္တာက ပိုကြီးနေပြန်တယ်..။ မင်းကပျားပုတုန်းလေးတွေ ပြန်ဝဲလာတာကို တစ်နေရာရာကနေအရသာခံ ကြည့်တတ်နေပြီလားဒါဆိုမင်း ရည်းစား ထားချင်နေတာ သေချာပြီ..။ ရည်းစား ထားချင် ယုံလောက်က ကိစ္စမရှိဘူး ရည်းစားရရင် ပြဿနာ … Read more

အလောင်းတော်ကဿပလှိုင်ဂူတံခါးကိုဖွင့်နိုင်ခဲ့သည့် အမရပူရမြို့ သတ္တမမြောက်​ကျော်အောင်စံထား ဆရာတော်အရှင်ဝါယမာဘိဝံသ

ကျော်အောင်စံထား ဆရာတော်၏ အလောင်းတော် ကဿပ ခရီးသွားမှတ်တမ်းမှ ဖတ်၍အဆင်ပြေရန် အတိုချုံး၍ ပြန်လည်ကူးယူ ရေးသားခဲ့ပါသည်။ အမရပူရမြို့ သတ္တမမြောက်​ကျော်အောင်စံထား ဆရာတော် အရှင်ဝါယမာဘိဝံသ သည် ၁၃၁၆ ခု တပို့တွဲလဆန်း ၁ ရက်နေ့တွင် အလောင်းတော် ကဿသ ဖလှိုဏ်ဂူရှိရာသို့ စတင်ခရီးထွက်လာ၏။ ကပိုင်မှတဆင့် တောကြီးအတွင်းသို့ခြေလျှင် ကြွခဲ့၏။ ချောင်းမကြီးကို ဖြတ်ကျော်ပြီး လူသွားလမ်းလေး အတိုင်းလာခဲ့ရာ သစ်ပင်ကွယ်မှ ခွေးတစ်ကောင် ထွက်လာပြီး ရှေ့တည့်တည့်မှ လမ်းပြသွား၏။ နောက်ကျနေလျှင် စောင့်နေ၏။ ကြေးစည်သံ ကြားရ၍ ဘုရားအာရုံရောက်၏။ ရဟန္တာ အရှင်မြတ်ကြီးပရိနိဗ္ဗာန်ပြု နေပုံအာရုံတွင်ကိုဖူးရ၏။ ထိုနေရာမှ အောက်လှိုဏ်ဂူသို့ ကျောက်တုံးများ နင်းပြီး ဆင်းလာခဲ့၏။မှောင်နေ၍ စမ်းတဝါးဝါးဖြင့်သာ။ အောက်သို့ရောက်လျင်လှိုဏ်ဂူဝကိိုု ကျောက်တုံးကြီးတစ်ခုက လျှာထိုးသကဲ့သို့ ပိတ်နေ၏။ ရေစီးကြောင်းတစ်ခုက ​ကျောက်တုံးကြီး … Read more

ကျောက်ကပ် ဝေဒနာရှင်များအတွက် အကူအညီကောင်းလေးရအောင် တင်ပေးလိုက်ပါတယ်

မေမေက ဆီးချိူကနေ ကျောက်ကပ်ဖြစ်တာ။ အသိတွေက ဆေးနည်းအမျိုးမျိုး ပို့ပေးပေမယ့် မသုံးဖြစ်ဘူး ။ ဘာလို့လဲဆိုတော့ ဆရာဝန်က ဆေးမြီးတိုတွေ ဗမာဆေးတေ ွ အရွက်ပြုတ်ရေတွေ သောက်မယ်ဆို လုံးဝ မကုပေးဘူးဆိုလို့။ အခုနည်းကတော့ ဆရာဝန်လဲ ငြင်းမရတော့ပါဘူး။လွယ်လွယ်လေးနဲ့ အရမ်း ထိရောက်တာပါ။ လွယ်လွယ်လေးမှ တကယ့် လွယ်လွယ်လေးပါ။ ပင်စိမ်းကို တစ်နေ့၃ညွှန့်လောက် စားပေးရုံပါပဲ။ ဒီတိုင်းပဲစားစား တို့စရာအဖြစ် ထမင်းနဲ့ပဲ စားစားပေါ့ ကျောက်ကပ်ထဲက ပိုတက်ဆီယမ်တွေ ခရစ်တ်နင်းတွေ ကျတယ်။ မေမေ့ကိုတော့ ကျွေးနေပီ အိမ်မှာ အပင်ပါ စိုက်ထားလိုက်တာ။ နေ့စဉ်ရက်ဆက် စားပေးရုံပဲ။ စကျွေးတဲ့နေ့မှာပဲ မောတာ နဲနဲသက်သာလာတယ်။သူ့ရဲ့အစွမ်းက ကျောက်ကပ်ထဲမှာ စုပုံနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာလေ။ အကယ်၍များ သူငယ်ချင်းတို့ထဲမှာ ကျောက်ဝေဒနာရှင်များရှိရင် ကျွေးကြည့်ကြပါလားရှင်။အင်္ဂလိပ်ဆေးနဲ့လဲ မတည့်စရာမရှိဘူးလေ။ … Read more

ရွှေတိဂုံ‌စေတီတော်ပုံစံတူ‌စေတီတစ်ဆူ တည်သွားမယ်ဆိုတဲ့ မြန်မာ့လက်ရွေးစဉ်အားကစားသမားဟောင်းဇင်မာဝမ်း

ထီပေါက်ထားတဲ့သိန်း၂ဝဝကိုမတည်ပြီး ရွှေတိဂုံ‌စေတီတော်ပုံစံတူ‌စေတီတစ်ဆူတည်သွားမယ်ဆိုတဲ့ မြန်မာ့လက်ရွေးစဉ်အားကစားသမားဟောင်းဇင်မာဝမ်း ဇင်မာဝမ်းဆိုတာ တစ်ချိန်က မြန်မာ့ဘော်လုံးပရိတ်သတ်များကြားမှာ တိုက်စစ်မှာ ဇင်မာဝမ်း၊ နောက်တန်းမှာဆို အသင်းခေါင်းဆောင် စန်းစန်းမော် ဆိုပြီး ပြောစမှတ်တွင်ခဲ့ကြရတဲ့ အမျိုးသမီးဘော်လုံးကဝေတွေထဲက တစ်ယောက်ပါ။ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘော်လုံး ကစားသမားဟောင်း ဇင်မာဝမ်းဟာ မြို့နယ် လက်ရွေးစဉ်၊ ခရိုင်လက်ရွေးစဉ်နဲ့ တိုင်းနဲ့ပြည်နယ်လက်ရွေးစဉ်ပွဲတွေမှာ အဆင့်ဆင့်ကစားပြီးမှ ၁၉၉၈ မှာ နိုင်ငံအမျိုးသမီးလက်ရွေးစဉ်အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ငယ်စဉ်ကတည်းက အကိုသုံးယောက်နဲ့ ဘော်လုံးလိုက်ကစားရင်း ဘော်လုံးအားကစားကို ရူးသွပ်ဝါသနာပါခဲ့တာပါ။ ဘယ်လိုစိတ်တွေနဲ့ ဘော်လုံးလောကမှာ ကြိုးစားဆောင်ရွက်ခဲ့လဲဆိုတဲ့အပေါ် အဓိကကတော့ ကြိုးစားမှုပါဘဲ ကျနော်တို့က နိုင်ငံလက်ရွေးစဉ်ကစားသမားဖြစ်ကတည်းက နိုင်ငံချစ်စိတ်နဲ့ဘဲ အလုပ်လုပ်ခဲ့ကြတယ် supporting ဆိုတာသိပ်ပီး ဂရုမစိုက်ခဲ့ကြဘူး ငါတို့ဘာလုပ်ပေးနိုင်မလဲ ကျနော်တို့ နိုင်ငံဂုဏ်ကို ဘယ်လောက်ထိမြှင့်တင်ပေးနိုင်မလဲ ဒါကိုဘဲတွေးတယ် ဘာထောက်ပံ့မှုရမှ၊ ဘာအခွင့်အရေးရမှလို့ မတွေးဘူး ရှိတဲ့ခွန်အားနဲ့ အစွမ်းကုန်ကြိုးစားတယ်၊ ကျနော်တို့ … Read more

အရမ်းဝလာလို့ စိတ်ညစ်နေလျှင်

ရှောက်ရွက် ၇ ရွက်၊ ကွမ်းရွက် ၃ ရွက် ၊သကြား ၂ဇွန်း၊ ဆား ၁ဇွန်းလျော့လျော့ (ထမင်းစားဇွန်းနဲ့) ရေအပြည့်ဖြည့်ပြီး ၁၀ ရက်ထား ၊ ပြီးရင် အရွက်တွေ ဖယ်ထားပြီး အစာမစားခင် ် အကြမ်းပန်းကန်တစ်ခွက် သောက်ပေးယုံဘဲ(အခန်းအပူချိန်ထဲဘဲထားရန်)၊ (အရွက်တွေမဖယ်ထားလဲဘာမှမဖြစ်ပါ ရာသီဥတုအရမ်းပူနေတော့ အရမ်းချဉ်စူးသွားမှာစိုးလို့၊ကိုယ်သောက်နိုင်ရင်ရပါတယ်) ရေခဲသေတ္တာထဲထည့်ထားရင်တော့ အချဉ်ဓါတ်က ထပ်မထွက်တော့ဘဲ ပိုသောက်ကောင်းပါတယ် 2005 /2006 ခုနှစ်လောက် မေမေ အရမ်းဝနေတုန်းက (ဆိုက္ကားပေါ်ထိုင်တာတောင် မဆန့်ဘူး) ခြေထောက်ကလည်း ဘယ်ပြန် ညာပြန်ကျိုးထားတော့ ဖေဖေ့ညီမ တစ်ယောက်ကနေ ဒီနည်းလေးပေးခဲ့တာ၊ (အဲ့အချိန်တုန်းက ကိုယ်တွေက မလိုအပ်ဘူး ဂျပိန်လေး ၊ လေတိုက်နေလို့ လိုက်ကာလွင့်တာနဲ့ ကုလားထိုင်လေးနဲ့ လိုက်ကာကိုဖိထိုင်တာ ကိုယ်ပါ လိုက် ရွေ့တယ်) မေမေက … Read more