နှင်းဆီပါတီကို ဖျတ်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်ကြေညာ

0
54

နှင်းဆီပါတီကို ဖျတ်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်ကြေညာ

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျတ်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ည (၈)နာရီမှာကြေညာလိုက်ပါတယ်။

UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ ဘဏ်အကောင့်ပေါင်းများစွာဖွင့်ပြီး ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံထဲကို ငွေ ကျပ်သန်း ပေါင်းထောင်နဲ့ချီ အကြိမ်ကြိမ်လွှဲပြောင်းယူခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက အရေးပေါ်သတင်းစာရှင်းလင်းပွဲလုပ် ပြောဆိုပြီးနောက်မှာ အခုလိုဖျတ်သိမ်းခံရတာပါ။

ဦးကျော်မြင့်ဟာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီကိုထောင်ပြီး ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ကျပ်ငွေ ၁၂ ဘီလျံ‌‌ကျော်သုံးစွဲထားတယ်လို့ သမ္မတရုံးပြောခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာပြောထားပါတယ်။

တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့် ပါတီဝင်တွေကို တာဝန်အလိုက် လစဉ်ထောက်ပံ့ကြေးပေးထားသလို ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို ကျပ် သုံးသိန်းစီနဲ့ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ရ၁၆ ဦးကို ငွေကြေးထောက်ပံ့ထားတယ်လို့လည်း ဦးဇော်ဌေးက ရှင်းပြပါတယ်။

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ဟာ အခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လိုပဲ ရွေးကောက်ခံကိုယ်စားလှယ် ၁၁၄၃ ဦး ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ကြေညာထားခဲ့တာပါ။ UDP ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၄၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နေရာမှ အနိုင်မရခဲ့တဲ့ပါတီဖြစ်ပါတယ်။

ပါတီ ဥက္ကဌ ဦးကျော်မြင့်ရဲ့ ငွေကြေးဆိုင်ရာ လျို့ဝှက်ချက်တွေကို Myanmar Now သတင်းဌာနက ဖော်ထုတ်ရေးသားခဲ့ပြီးတဲ့နောက် ဦးကျော်မြင့်ကို ထောင်ပြေးမှု ငွေကြေးခဝါချမှုတွေနဲ့ မန္တလေး၊ အိုးဘိုထောင်မှာ ဖမ်းဆီးထားပါတယ်။

RFA

ႏွင္းဆီပါတီကို ဖ်တ္သိမ္းေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ေၾကညာ

ႏွင္းဆီပါတီလို႔ လူသိမ်ားတဲ့ ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ UDP ကို ႏိုင္ငံေရးပါတီအျဖစ္မွ ဖ်တ္သိမ္းေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ဒီေန႔ည (၈)နာရီမွာေၾကညာလိုက္ပါတယ္။

UDP ပါတီ ဥကၠ႒ ဦးေက်ာ္ျမင့္ဟာ ဘဏ္အေကာင့္ေပါင္းမ်ားစြာဖြင့္ၿပီး ျပည္ပႏိုင္ငံေတြကေန ျမန္မာႏိုင္ငံထဲကို ေငြ က်ပ္သန္း ေပါင္းေထာင္နဲ႔ခ်ီ အႀကိမ္ႀကိမ္လႊဲေျပာင္းယူခဲ့တယ္လို႔ ႏိုင္ငံေတာ္သမၼတ႐ုံးက အေရးေပၚသတင္းစာရွင္းလင္းပြဲလုပ္ ေျပာဆိုၿပီးေနာက္မွာ အခုလိုဖ်တ္သိမ္းခံရတာပါ။

ဦးေက်ာ္ျမင့္ဟာ ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီကိုေထာင္ၿပီး ဒီ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရဖို႔ က်ပ္ေငြ ၁၂ ဘီလ်ံ‌‌ေက်ာ္သုံးစြဲထားတယ္လို႔ သမၼတ႐ုံးေျပာခြင့္ရွိသူ ဦးေဇာ္ေဌးက သတင္းစာရွင္းလင္းပြဲမွာေျပာထားပါတယ္။

တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္၊ ရပ္ေက်းအဆင့္ ပါတီဝင္ေတြကို တာဝန္အလိုက္ လစဥ္ေထာက္ပံ့ေၾကးေပးထားသလို ေ႐ြးေကာက္ပြဲဝင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတစ္ဦးကို က်ပ္ သုံးသိန္းစီနဲ႔ စုစုေပါင္း လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ရ၁၆ ဦးကို ေငြေၾကးေထာက္ပံ့ထားတယ္လို႔လည္း ဦးေဇာ္ေဌးက ရွင္းျပပါတယ္။

ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ (UDP) ဟာ အခုႏွစ္ ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD လိုပဲ ေ႐ြးေကာက္ခံကိုယ္စားလွယ္ ၁၁၄၃ ဦး ဝင္ေရာက္ ယွဥ္ၿပိဳင္မယ္လို႔ ေၾကညာထားခဲ့တာပါ။ UDP ပါတီဟာ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ေ႐ြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္း ၄၁ ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး တစ္ေနရာမွ အႏိုင္မရခဲ့တဲ့ပါတီျဖစ္ပါတယ္။

ပါတီ ဥကၠဌ ဦးေက်ာ္ျမင့္ရဲ႕ ေငြေၾကးဆိုင္ရာ လ်ိဳ႕ဝွက္ခ်က္ေတြကို Myanmar Now သတင္းဌာနက ေဖာ္ထုတ္ေရးသားခဲ့ၿပီးတဲ့ေနာက္ ဦးေက်ာ္ျမင့္ကို ေထာင္ေျပးမႈ ေငြေၾကးခဝါခ်မႈေတြနဲ႔ မႏၲေလး၊ အိုးဘိုေထာင္မွာ ဖမ္းဆီးထားပါတယ္။

RFA

LEAVE A REPLY

Please enter your comment!
Please enter your name here