မန္တ​လေးမြို့ ဘဏ်​ မတ်​တူး ကားဖြင်​့ ဓားပြဝင်​တိုက်​ပြီး ​ကားဖြင်​့ထွက်​​ပြေးကာ ကားကို မီးရှို့ပြီး ထွက်​​ပြေးသွား​

0
106

မန္တ​လေးမြို့ ဘဏ်​ မတ်​တူး ကားဖြင်​့ ဓားပြဝင်​တိုက်​ပြီး ​ကားဖြင်​့ထွက်​​ပြေးကာ ကားကို မီးရှို့ပြီး ထွက်​​ပြေးသွား​

မန္တ​လေး ​အောက်​တိုဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ​ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၆၂ လမ်းနှင့်ရတနာလမ်းကြား(130 လမ်းနှင့် 131 လမ်းကြား)ရှိ UAB ဘဏ်သို့ မတ်​တူး 99 အဖြူရောင်၊ ယာဉ်အမှတ်၊YGN- 4D/5422 ဖြင့် အရပ် ၅ ပေ ၆ လက်မခန့်၊ အသက် ၃၀ နှစ်ခန့် ဆိုင်ကယ် ဉီးထုပ်ဆောင်း၊ လက်ထိပ်ခါးတွင်ချိတ်ထား၊NLD မတ်စ်အနီရောင်တပ်လျက်၊ ဘောင်းဘီ နက်ပြာရောင်၊ အကျႌလက်ရှည်အဖြူရောင်အပေါ်ထပ်ဝတ်ဆင်ထားသော လူတစ် ဉီးမှ ဘဏ်အတွင်းသို့ရောက်ရှိလာစဉ် ဘဏ်လုံခြုံရေးဝန်ထမ်း ဉီးခင်မောင်စိုးမှ ဘာလုပ်မှာလဲဟုမေရာ ဘဏ်ရှေ့မီးစက်အနီး၌ ခင်ဗျ ဘာပြောတာလဲပြောပြီး ဘဏ်ထဲသို့ဝင်ရောက်ပြီး ပစ္စတိုသေနက်ထုတ်၍ ဘဏ်ကောင်တာရှိ စာရေးမ ရွှန်းထက်ထက် ဉီးထံသို့ ချိန်၍ ငွေအားတောင်းရာ ကောင်တာမှ ၁ သောင်းတန် ၁ ထုပ်ပေးရာ လက်မခံဘဲ ​သေနက်ဖြင့်ပစ်မည်ဟုချိန်းခြောက်ရာနောက်ထပ်တထုပ်ပေးရာ စုစုပေါင်းသိန်း ၂၀၀ ကျပ်အားယူဆောင်၍ ၆၂ လမ်းတောင်ဘက်မှ ရတနာလမ်းအတိုင်းအနောက်ဘက်သို့ ချိုးကွေးပြီးထွက်ပြေးသွားကြောင်းသိရသည်​။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ တရာခံအားဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိရာ ၁၇၃၀ နာရီတွင် သာယာဝတီမင်းကြီးလမ်းနှင့် ဝေသာလီလမ်းကြား ၆၉ အေလမ်း၌ ဘဏ်အား ဓါးပြတိုက်ရာတွင် အသုံးပြုသောယာဉ်အားထားရှိ၍ ထွက်ပြေးခဲ့ကြောင်းနှင့် ယာဉ်အား ၁၈၀၅ နာရီတွင် မြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိကြောင်းသိရှိရသည်​။

UAB ဘဏ်မန်နေဂျာ မဝေသာန် ဉီး ဉီးစီး ဝန်ထမ်း ၁၄ ဉီးတို့ဖြင့်နေစဉ် ၀၈၃၀ နာရီမှ ၁၆၀၀ နာရီထိ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိကြောင်း ဓားပြတိုက်​သွားသည်​့ တရားခံများ မဖမ်​းမိ​သေ​ကြောင်​းသိရသည်​။

Credit to Amarapura TV Channel


မန္တ​လေး ​အောက်​တိုဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ​ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၆၂ လမ်းနှင့်ရတနာလမ်းကြား(130 လမ်းနှင့် 131 လမ်းကြား)ရှိ UAB ဘဏ်သို့ မတ်​တူး 99 အဖြူရောင်၊ ယာဉ်အမှတ်၊YGN- 4D/5422 ဖြင့် အရပ် ၅ ပေ ၆ လက်မခန့်၊ အသက် ၃၀ နှစ်ခန့် ဆိုင်ကယ်ဉီးထုပ်ဆောင်း၊ လက်ထိပ်ခါးတွင်ချိတ်ထား၊NLD မတ်စ်အနီရောင်တပ်လျက်၊ ဘောင်းဘီ နက်ပြာရောင်၊ အင်္ကျီလက်ရှည်အဖြူရောင်အပေါ်ထပ်ဝတ်ဆင်ထားသော လူတစ်ဉီးမှ ဘဏ်အတွင်းသို့ရောက်ရှိလာစဉ် ဘဏ်လုံခြုံရေးဝန်ထမ်း ဉီးခင်မောင်စိုးမှ ဘာလုပ်မှာလဲဟုမေရာ ဘဏ်ရှေ့မီးစက်အနီး၌ ခင်ဗျ ဘာပြောတာလဲပြောပြီး ဘဏ်ထဲသို့ဝင်ရောက်ပြီး ပစ္စတိုသေနက်ထုတ်၍ ဘဏ်ကောင်တာရှိ စာရေးမ ရွှန်းထက်ထက်ဉီးထံသို့ ချိန်၍ ငွေအားတောင်းရာ ကောင်တာမှ ၁ သောင်းတန် ၁ ထုပ်ပေးရာ လက်မခံဘဲ ​သေနက်ဖြင့်ပစ်မည်ဟုချိန်းခြောက်ရာနောက်ထပ်တထုပ်ပေးရာ စုစုပေါင်းသိန်း ၂၀၀ ကျပ်အားယူဆောင်၍ ၆၂ လမ်းတောင်ဘက်မှ ရတနာလမ်းအတိုင်းအနောက်ဘက်သို့ ချိုးကွေးပြီးထွက်ပြေးသွားကြောင်းသိရသည်​။


