နေ့စား၊ အနှေးယာဉ်နဲ့ ကယ်ရီသမားများကို အစိုးရမှ ကျပ် သုံးသောင်းစီ ထောက်ပံ့မည်

0
97

နေ့စား၊ အနှေးယာဉ်နဲ့ ကယ်ရီသမားများကို အစိုးရမှ ကျပ် သုံးသောင်းစီ ထောက်ပံ့မည်

လူမှုဖူလုံရေးတွင် အကျုံးမဝင်သော အလုပ်သမားများအတွက် နိုင်ငံတော်ရန်ပုံငွေမှ တစ်ဦးလျှင် ကျပ် ၃၀၀၀၀ ပေးမည့်အစီအစဉ်တွင် နေ့စား၊ ယာယီ၊ ပုတ်ပြတ်၊ ဆောက်လုပ်ရေး၊ အနှေးယာဉ်၊ ကုန်တင်ကုန်ကျ၊ မော်တော်ဆိုက်ကယ်တက္ကစီ အလုပ်သမားများလည်း ရရှိမည်

ကိုဗစ်ကြောင့် ရန်ကုန်တိုင်းအတွင်း ခေတ္တပိတ်ထားရသော အလုပ်ဌာနမှ အလုပ်သမားများကို နိုင်ငံတော်က ထောက်ပံပေးရာတွင် လူမှုဖူလုံရေးထည့်ဝင်ထားသော လုပ်သားများကို ထောက်ပံ့ကူညီမှုအနေဖြင့် အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ပေးအပ်နေသကဲ့သို့ လူမှုဖူလုံရေးတွင် အကျုံးမဝင်သော အလုပ်သမားများအတွက် နိုင်ငံတော်ရန်ပုံငွေမှ တစ်ဦးလျှင် ကျပ် ၃၀၀၀၀ ပေးမည်ဖြစ်ရာ ထိုထဲ နေ့စား၊ ယာယီ၊ ပုတ်ပြတ်၊ ဆောက်လုပ်ရေး၊ အနှေးယာဉ်၊ ကုန်တင်ကုန်ကျ၊ မော်တော်ဆိုက်ကယ်တက္ကစီ အလုပ်သမားများလည်း ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် ယနေ့ညှိနှိုင်းဆွေးနွေးချက်အရသိရပါတယ်။

ယင်းနောက် ပြည်တောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်းတွင် ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထောက်ပံ့ကူညီမှု အကျိုးခံစားခံစားခွင့် ၄၀ ရာခိုင်နှုန်း ခွင့်ပြုအလုပ်ဌာနပေါင်း (၆၄၂၉) ဌာနရှိပြီး အာမခံအလုပ်သမား (၈၀၀၂၆၀) အတွက် ခွင့်ပြုထုတ်ပေးငွေကျပ်သန်းပေါင်း (၁၉,၆၄၀ ဒသမ ၆၃၆)ကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ကျန်ရှိသည့် အလုပ်ဌာနများကိုလည်း အချက်အလက်များ စိစစ်ပြီး ဆက်လက် ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ထပ်မံဖြစ်ပွားခဲ့သည့် ဒုတိယလှိုင်းတွင် ရောဂါကူးစက်မှုများပြားလာ သည့်အတွက် Stay at Home အစီအစဉ်ဖြင့် အကျုံးဝင်သည့် အလုပ်ဌာနများရှိ အာမခံအလုပ်ဌာန များရှိ အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးထောက်ပံ့ငွေ ရာခိုင်နှုန်းခွင့်ပြုနိုင်ရေးအတွက်

စက်တင်ဘာ ၂၄ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၁၉၆/၂၀၂၀)အရ ဒုတိယအကြိမ် လူမှုဖူလုံရေး ထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်း ထောက်ပံ့ပေးမှုအနေဖြင့် စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ Online Web portal မှ လျှောက်ထားသည့် အလုပ်ဌာန (၁၈၃၂ ) ဌာနရှိပြီး ခွင့်ပြုခဲ့သည့် အလုပ်၊ ဌာန (၃၁၃) ဌာနနှင့် အာမခံအလုပ်သမား ၃၃၈၀၂ ဦးအတွက် ခွင့်ပြုထုတ်ပေးငွေကျပ် သန်းပေါင်း (၂၃၆၂၇၃၃) ခွင့်ပြုထုတ်ပေးခဲ့ပြီး ကျန်ရှိသည့်ဌာနများ ကိုလည်း အမြန်ဆုံးစိစစ်၍ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပါကြောင်းလည်းပြောကြားခဲ့ပါတယ်။

ထို့နောက် လူမှုဖူလုံရေးအဖွဲ့၏ မကျန်းမာမှု အကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းအနေဖြင့် Quarantine ဝင်ရောက်သူ အလုပ်သမားများ Positive လူနာများ ဆေးရုံတက်ရောက်ရသူများ ကိုယ်ဝန်ဆောင် မိခင်များသို့ ဥပဒေနှင့်အညီ ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထောက်ပံ့ငွေများ ထုတ်ပေးရာတွင် အင်အားများသည့် စက်ရုံ၊အလုပ်ရုံများအတွက် ရုံးချုပ်မှ သက်ဆိုင်ရာ နယ်မြေမြို့နယ်ရုံးသို့ ငွေလွှဲပေးပို့ပြီး ချက်လက်မှတ်အား စက်ရုံအလုပ်ရုံသို့ တိုက်ရိုက် ပေးပို့ဆောင်ရွက်ခြင်းနှင့် အင်အားနည်းပါးသည့် စက်ရုံ အလုပ်ရုံများအတွက် Online မှ ပေးပို့ခြင်းစသည့် စနစ် ၂ မျိုးဖြင့် အမြန်ဆုံးထုတ်ယူရရှိရေး ဆောင်ရွက်လျက်ရှိကြောင်းပါ အလုပ်သမား၊လဝက ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောကြားခဲ့ပါတယ်။

ေန႔စား၊ အေႏွးယာဥ္နဲ႔ ကယ္ရီသမားမ်ားကို အစိုးရမွ က်ပ္ သုံးေသာင္းစီ ေထာက္ပံ့မည္

လူမွုဖူလုံေရးတြင္ အက်ဳံးမဝင္ေသာ အလုပ္သမားမ်ားအတြက္ နိုင္ငံေတာ္ရန္ပုံေငြမွ တစ္ဦးလၽွင္ က်ပ္ ၃၀၀၀၀ ေပးမည့္အစီအစဥ္တြင္ ေန႔စား၊ ယာယီ၊ ပုတ္ျပတ္၊ ေဆာက္လုပ္ေရး၊ အေႏွးယာဥ္၊ ကုန္တင္ကုန္က်၊ ေမာ္ေတာ္ဆိုက္ကယ္တကၠစီ အလုပ္သမားမ်ားလည္း ရရွိမည္

ကိုဗစ္ေၾကာင့္ ရန္ကုန္တိုင္းအတြင္း ေခတၱပိတ္ထားရေသာ အလုပ္ဌာနမွ အလုပ္သမားမ်ားကို နိုင္ငံေတာ္က ေထာက္ပံေပးရာတြင္ လူမွုဖူလုံေရးထည့္ဝင္ထားေသာ လုပ္သားမ်ားကို ေထာက္ပံ့ကူညီမွုအေနျဖင့္ အက်ိဳးခံစားခြင့္ ၄၀ ရာခိုင္ႏွုန္း ေပးအပ္ေနသကဲ့သို႔ လူမွုဖူလုံေရးတြင္ အက်ဳံးမဝင္ေသာ အလုပ္သမားမ်ားအတြက္ နိုင္ငံေတာ္ရန္ပုံေငြမွ တစ္ဦးလၽွင္ က်ပ္ ၃၀၀၀၀ ေပးမည္ျဖစ္ရာ ထိုထဲ ေန႔စား၊ ယာယီ၊ ပုတ္ျပတ္၊ ေဆာက္လုပ္ေရး၊ အေႏွးယာဥ္၊ ကုန္တင္ကုန္က်၊ ေမာ္ေတာ္ဆိုက္ကယ္တကၠစီ အလုပ္သမားမ်ားလည္း ရရွိမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြ ႏွင့္ အလုပ္သမားအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား၊ ျမန္မာနိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မွုလက္မွု လုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္တို႔မွ တာဝန္ရွိသူမ်ားႏွင့္ ယေန႔ညႇိႏွိုင္းေဆြးေႏြးခ်က္အရသိရပါတယ္။

ယင္းေနာက္ ျပည္ေတာင္စုဝန္ႀကီးက ကိုဗစ္-၁၉ ကပ္ေရာဂါ ပထမလွိုင္းတြင္ ကူးစက္ျပန႔္ပြားမွု ကာကြယ္ထိန္းခ်ဳပ္နိုင္ေရးအတြက္ ေထာက္ပံ့ကူညီမွု အက်ိဳးခံစားခံစားခြင့္ ၄၀ ရာခိုင္ႏွုန္း ခြင့္ျပဳအလုပ္ဌာနေပါင္း (၆၄၂၉) ဌာနရွိၿပီး အာမခံအလုပ္သမား (၈၀၀၂၆၀) အတြက္ ခြင့္ျပဳထုတ္ေပးေငြက်ပ္သန္းေပါင္း (၁၉,၆၄၀ ဒသမ ၆၃၆)ကို ခြင့္ျပဳထုတ္ေပးခဲ့ၿပီးျဖစ္ေၾကာင္း က်န္ရွိသည့္ အလုပ္ဌာနမ်ားကိုလည္း အခ်က္အလက္မ်ား စိစစ္ၿပီး ဆက္လက္ ခြင့္ျပဳထုတ္ေပးသြားမည္ျဖစ္ပါေၾကာင္းႏွင့္ ကိုဗစ္-၁၉ ကပ္ေရာဂါ ထပ္မံျဖစ္ပြားခဲ့သည့္ ဒုတိယလွိုင္းတြင္ ေရာဂါကူးစက္မွုမ်ားျပားလာ သည့္အတြက္ Stay at Home အစီအစဥ္ျဖင့္ အက်ဳံးဝင္သည့္ အလုပ္ဌာနမ်ားရွိ အာမခံအလုပ္ဌာန မ်ားရွိ အာမခံအလုပ္သမားမ်ားအတြက္ လူမွုဖူလုံေရးေထာက္ပံ့ေငြ ရာခိုင္ႏွုန္းခြင့္ျပဳနိုင္ေရးအတြက္

စက္တင္ဘာ ၂၄ ရက္တြင္ အမိန႔္ေၾကာ္ျငာစာအမွတ္ (၁၉၆/၂၀၂၀)အရ ဒုတိယအႀကိမ္ လူမွုဖူလုံေရး ေထာက္ပံ့ေငြ ၄၀ ရာခိုင္ႏွုန္း ေထာက္ပံ့ေပးမွုအေနျဖင့္ စက္တင္ဘာ ၂၄ ရက္မွ ေအာက္တိုဘာ ၇ ရက္အထိ Online Web portal မွ ေလၽွာက္ထားသည့္ အလုပ္ဌာန (၁၈၃၂ ) ဌာနရွိၿပီး ခြင့္ျပဳခဲ့သည့္ အလုပ္၊ ဌာန (၃၁၃) ဌာနႏွင့္ အာမခံအလုပ္သမား ၃၃၈၀၂ ဦးအတြက္ ခြင့္ျပဳထုတ္ေပးေငြက်ပ္ သန္းေပါင္း (၂၃၆၂၇၃၃) ခြင့္ျပဳထုတ္ေပးခဲ့ၿပီး က်န္ရွိသည့္ဌာနမ်ား ကိုလည္း အျမန္ဆုံးစိစစ္၍ ဆက္လက္ထုတ္ေပးသြားမည္ျဖစ္ပါေၾကာင္းလည္းေျပာၾကားခဲ့ပါတယ္။

ထို႔ေနာက္ လူမွုဖူလုံေရးအဖြဲ႕၏ မက်န္းမာမွု အက်ိဳးခံစားခြင့္ ၆၀ ရာခိုင္ႏွုန္းအေနျဖင့္ Quarantine ဝင္ေရာက္သူ အလုပ္သမားမ်ား Positive လူနာမ်ား ေဆး႐ုံတက္ေရာက္ရသူမ်ား ကိုယ္ဝန္ေဆာင္ မိခင္မ်ားသို႔ ဥပေဒႏွင့္အညီ ထုတ္ေပးခဲ့ၿပီးျဖစ္ပါေၾကာင္း၊ ေထာက္ပံ့ေငြမ်ား ထုတ္ေပးရာတြင္ အင္အားမ်ားသည့္ စက္႐ုံ၊အလုပ္႐ုံမ်ားအတြက္ ႐ုံးခ်ဳပ္မွ သက္ဆိုင္ရာ နယ္ေျမၿမိဳ႕နယ္႐ုံးသို႔ ေငြလႊဲေပးပို႔ၿပီး ခ်က္လက္မွတ္အား စက္႐ုံအလုပ္႐ုံသို႔ တိုက္ရိုက္ ေပးပို႔ေဆာင္ရြက္ျခင္းႏွင့္ အင္အားနည္းပါးသည့္ စက္႐ုံ အလုပ္႐ုံမ်ားအတြက္ Online မွ ေပးပို႔ျခင္းစသည့္ စနစ္ ၂ မ်ိဳးျဖင့္ အျမန္ဆုံးထုတ္ယူရရွိေရး ေဆာင္ရြက္လ်က္ရွိေၾကာင္းပါ အလုပ္သမား၊လဝက ျပည္ေထာင္စုဝန္ႀကီးဦးသိန္းေဆြက ေျပာၾကားခဲ့ပါတယ္။