ကိုဗစ် ကာကွယ်ကုသရေးအတွက် အောက်ဆီဂျင်စက်တွေ လှူဒါန်းခဲ့တဲ့ နှင်းဆီရင်ခွင်ဖောင်ဒေးရှင်း

0
61

ကိုဗစ် ကာကွယ်ကုသရေးအတွက် အောက်ဆီဂျင်စက်တွေ လှူဒါန်းခဲ့တဲ့ နှင်းဆီရင်ခွင်ဖောင်ဒေးရှင်း

ပရိသတ်ကြီးရေ ကိုဗစ် ကာကွယ် ကုသရေးအတွက် အနုပညာရှင်တွေလည်း တစ်ထောင့်တစ်နေရာကနေ တတ်နိုင်သလောက် ပါဝင်လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပြီး ဒီနေ့ အောက်တိုဘာလ (၁) ရက်နေ့ မှာတော့ ပရိသတ်အချစ်တော် အနုပညာရှင်တွေဖြစ်တဲ့ ထွန်းထွန်း ၊ နေတိုး ၊ ကျော်ကျော်ဗိုလ် ၊ ရဲလေး ၊ မင်းမော်ကွန်း ၊ မိုးယုစံ ၊ မေကဗျာ ၊ ဖူးစုံ ၊ မိုးပြည့်ပြည့်မောင်တို့ပါဝင်ဖွဲ့စည်းထားတဲ့ နှင်းဆီရင်ခွင် အဖွဲ့သားတွေကလည်း ကိုဗစ် ကုသရေးအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ် ။

နှင်းဆီရင်ခွင်လူမှူကူညီရေး ဖောင်ဒေးရှင်းမှ အာက်ဆီဂျင် အသက်ရှူစက်များကို-အောင်မြင့်မိုရ်အိမ်ရာစခန်း Q Center သို့၅လုံး ၊ YCC Yangon Convention Center မှာ အသစ်ဖွင့်လှစ်ထားတဲ့ Q center ကို ၅လုံး နဲ့ Fortune Plaza မှာ ရှိတဲ့ QCenter ကို ၅လုံး အသီးသီးနဲ့ စုစုပေါင်းအောက်စီဂျင်အသက်ရှူစက် ၁၅ လုံးတိတိလှူဒါန်းခဲ့တယ်လို့သိရပါတယ် ။ နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းအဖွဲ့သားတွေရဲ့ အလှူမှာ ဝိုင်းဝန်းပါဝင်သူတွေကတော့ Mytel ၊ မာလာမြိုင်မြေသြဇာလုပ်ငန်း နဲ့ Unplugged show ကိုအားပေးကြသူနှင်းဆီပရိသတ်များ ပဲဖြစ်ပါတယ် ။

နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းပေ့ချ်ကနေတဆင့် ပါဝင်လှူဒါန်းကြတဲ့ Mytel ၊ မာလာမြိုင်မြေသြဇာလုပ်ငန်း နဲ့ Unplugged show ကိုအားပေးကြသူနှင်းဆီပရိသတ်များကို ကျေးဇူးတင်စကားဆိုထားကြပြီး နှင်းဆီအဖွဲ့ဝင်တစ်ယောက်ဆီတိုင်းက သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပြန်လည်မျှဝေပေးခဲ့တာဖြစ်ပါတယ် ။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း နှင်းဆီရင်ခွင် အဖွဲ့သားတွေရဲ့ အလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့ အလှူပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက် ပါတယ် နော် ။

Source : Ye Tun Min

Emily (Cele Gabar)

ကိုဗစ္ ကာကြယ္ကုသေရးအတြက္ ေအာက္ဆီဂ်င္စက္ေတြ လႉဒါန္းခဲ့တဲ့ ႏွင္းဆီရင္ခြင္ေဖာင္ေဒးရွင္း

ပရိသတ္ႀကီးေရ ကိုဗစ္ ကာကြယ္ ကုသေရးအတြက္ အႏုပညာရွင္ေတြလည္း တစ္ေထာင့္တစ္ေနရာကေန တတ္ႏိုင္သေလာက္ ပါဝင္လႉဒါန္းမႈေတြ ျပဳလုပ္လ်က္ရွိၿပီး ဒီေန႔ ေအာက္တိုဘာလ (၁) ရက္ေန႔ မွာေတာ့ ပရိသတ္အခ်စ္ေတာ္ အႏုပညာရွင္ေတြျဖစ္တဲ့ ထြန္းထြန္း ၊ ေနတိုး ၊ ေက်ာ္ေက်ာ္ဗိုလ္ ၊ ရဲေလး ၊ မင္းေမာ္ကြန္း ၊ မိုးယုစံ ၊ ေမကဗ်ာ ၊ ဖူးစုံ ၊ မိုးျပည့္ျပည့္ေမာင္တို႔ပါဝင္ဖြဲ႕စည္းထားတဲ့ ႏွင္းဆီရင္ခြင္ အဖြဲ႕သားေတြကလည္း ကိုဗစ္ ကုသေရးအတြက္ လႉဒါန္းမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္ ။

ႏွင္းဆီရင္ခြင္လူမႉကူညီေရး ေဖာင္ေဒးရွင္းမွ အာက္ဆီဂ်င္ အသက္ရွဴစက္မ်ားကို-ေအာင္ျမင့္မိုရ္အိမ္ရာစခန္း Q Center သို႔၅လုံး ၊ YCC Yangon Convention Center မွာ အသစ္ဖြင့္လွစ္ထားတဲ့ Q center ကို ၅လုံး နဲ႔ Fortune Plaza မွာ ရွိတဲ့ QCenter ကို ၅လုံး အသီးသီးနဲ႔ စုစုေပါင္းေအာက္စီဂ်င္အသက္ရွဴစက္ ၁၅ လုံးတိတိလႉဒါန္းခဲ့တယ္လို႔သိရပါတယ္ ။ ႏွင္းဆီရင္ခြင္ေဖာင္ေဒးရွင္းအဖြဲ႕သားေတြရဲ႕ အလႉမွာ ဝိုင္းဝန္းပါဝင္သူေတြကေတာ့ Mytel ၊ မာလာၿမိဳင္ေျမၾသဇာလုပ္ငန္း နဲ႔ Unplugged show ကိုအားေပးၾကသူႏွင္းဆီပရိသတ္မ်ား ပဲျဖစ္ပါတယ္ ။

ႏွင္းဆီရင္ခြင္ေဖာင္ေဒးရွင္းေပ့ခ်္ကေနတဆင့္ ပါဝင္လႉဒါန္းၾကတဲ့ Mytel ၊ မာလာၿမိဳင္ေျမၾသဇာလုပ္ငန္း နဲ႔ Unplugged show ကိုအားေပးၾကသူႏွင္းဆီပရိသတ္မ်ားကို ေက်းဇူးတင္စကားဆိုထားၾကၿပီး ႏွင္းဆီအဖြဲ႕ဝင္တစ္ေယာက္ဆီတိုင္းက သူတို႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ျပန္လည္မွ်ေဝေပးခဲ့တာျဖစ္ပါတယ္ ။ ဆယ္လီကမာၻ ပရိသတ္ႀကီးလည္း ႏွင္းဆီရင္ခြင္ အဖြဲ႕သားေတြရဲ႕ အလႉေလးကို သာဓုေခၚဆိုႏိုင္ဖို႔ အလႉပုံရိပ္ေတြကို ျပန္လည္မွ်ေဝေပးလိုက္ ပါတယ္ ေနာ္ ။

Source : Ye Tun Min

Emily (Cele Gabar)

LEAVE A REPLY

Please enter your comment!
Please enter your name here