ရန်ကုန်ကိုဗစ်တိုက်ပွဲ အနိုင်မရခဲ့ရင် ဖြစ်လာမယ့်အကြောင်းတရားများ

0
96

ရန်ကုန်ကိုဗစ်တိုက်ပွဲ အနိုင်မရခဲ့ရင် ဖြစ်လာမယ့်အကြောင်းတရားများ

အကယ်၍ ရန်ကုန်ကိုဗစ် အဆုံးသတ်တိုက်ပွဲသာ အနိုင်မရခဲ့ရင် ဖြစ်လာမယ့်အကြောင်းတရားများ

နောက်တဆင့် လျော့ချခဲ့ရသော်..

ကပ်ရောဂါပဲဖြစ်ဖြစ် သာမန်ရောဂါပဲဖြစ်ဖြစ် ရောဂါရယ်လို့ဖြစ်လာရင် ပညာရှင်တွေက (၃) ခုစဉ်းစားပါတယ်.. ရောဂါရယ်.. လူရယ်.. ပတ်ဝန်းကျင်ရယ်ပေါ့.. လက်ရှိ ကိုဗစ် ကို ကြည့်မယ်ဆိုရင်.. ရောဂါပိုးက ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိနေပြီ.. လူကိုကြည့်မယ်ဆိုရင် ကာကွယ်‌ဆေး မပေါ်သေးဘူး.. လူတွေကို ကိုယ်ခံအား ကောင်းဖို့က အချိန်အများကြီးယူရအုံးမယ်..

လက်ရှိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုကြည့်ရင် အရင်ကတည်းက ဖွဲ့စည်းပုံအပြည့်နဲ့ အလုပ်လုပ်နေရတာမဟုတ်ပါဘူး.. ရှိတဲ့အားနဲ့ ဖြစ်အောင်လုပ်နေရတာပါ.. အဲဒီလိုအခြေအနေကနေ ကိုဗစ် ဖြစ်လာတယ်.. ၆ လလောက်ကြာလာပြီ.. ကျန်းမာရေးဝန်ထမ်းတွေဟာ တော်ရုံတန်ရုံစိတ်ဓါတ်နဲ့ဆို ဒီလောက်တောင့်ခံနိုင်မှာမဟုတ်ပါဘူး.. ကျန်းမာရေးဝန်ထမ်းတွေရဲ့ စိတ်ဓါတ်ဟာ လေးစားစရာကောင်းပါတယ်.. ဒါပေမဲ့သူတို့ဟာလဲ လူသားတွေပါပဲ.. သရေးကွင်းလို့ပေါ့ ဆွဲပါများလာတော့ ပြတ်ဖို့ဖြစ်လာမှာပါ..

အခုအစိုးရရဲ့ ကိုဗစ်တိုက်ဖျက်ရေးဗျူဟာက ထိန်းချုပ်ရေးဗျူဟာပါ.. ပိုးတွေ့တဲ့လူကိုဆေးရုံတင်မယ် ကုသပေးမယ် သံသယရှိသူကိုသီးခြားခွဲထားတယ်.. အဓိကတော့ လူတွေမသေသင့်တာမသေအောင် အစွမ်းကုန်ဆောင်ရွက်ပေးတာပါ.. အမေရိကတို့အင်္ဂလန်တို့မှာတောင် ပိုးတွေ လူနာတွေကို အိမ်မှာပဲ နေခိုင်းတာပါ.. လူတိုင်းကိုဆေးရုံတင်မကုပေးပါဘူး..

အခုဆိုရင်ရန်ကုန်မှာ ကိုဗစ် တိုက်ပွဲကို ထိန်းချုပ်ရေဗျူဟာနဲ့ နောက်ဆုံးတိုက်ပွဲကို တိုက်တော့မယ်.. တကယ်လို့ထင်ထားသလို မဖြစ်လာရင် နောက်တဆင့်ဆုတ်ရတော့မှာပါ.. ထိန်းချုပ်ရေးဗျူဟာနဲ့မနိုင်ရင် နောက်တဆင့်လျော့ရတော့မှာပါ..

နောက်တဆင့်ဆုတ်ရင် ဘာဖြစ်မလဲ.. ကျန်းမာရေးဝန်ထမ်းတွေက ဆေးဆက်ကုနေမယ်.. ဒါပေမဲ့ ပိုးတွေ့တိုင်း ဆေးရုံတင်မှာမဟုတ်တော့ဘူး.. အိမ်မှာပဲနေရမှာဖြစ်တဲ့အတွက် ပိုးတွေတဲ့လူနာက တာဝန်ယူမှုပိုများလာမှာပါ.. အဲဒီအတွက် အကျိုးဆက်ကဘာဖြစ်လာနိုင်လဲဆိုရင် သေဆုံးမှုတွေ သေချာပေါက်မြင့်လာမယ်လို့ ပညာရှင်တွေကသုံးသပ်ထားပါတယ်.. ကာကွယ်ဆေးစောစောရရင်တော့ သက်သာပါ့မယ်.. အဲဒီလိုမဟုတ်ခဲ့ရင်တော့ သေဆုံးတဲ့နှုန်းကို အတိုင်းအတာတခုထိတော့ လက်ခံပေးရတော့မှာပါ.. အထူးသဖြင့် တခြားသော ရောဂါအခံရှိသူတွေ အသက်ဆုံးရှုံးရချေများလာမှာပါ..

ဒီအခြေအနေကိုမရောက်ဖို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အစိုးရက အစွမ်းကုန်ကျိုးစားနေတာပါ.. ဒါပေမဲ့ ပြည်သူလူထုက မလိုက်နာရင် သူတို့လဲတတ်နိုင်မှာ မဟုတ်ပါဘူး.. ကိုဗစ်တိုက်ပွဲကို အဆုံးအဖြတ်ပေးမှာက ပြည်သူတွေပါ..

ပြည်သူတွေစောင့်ထိန်းရင် ဒီပွဲနိုင်မယ်.. ပြည်သူတွေမစောင့်ထိန်းနိုင်လို့ ကျွန်တော်တို့နိုင်ငံအတွက် နောက်တဆင့်လျော့ချရတာမျိုးမရောက်ချင်ပါဘူး.. အဲဒါဆို သေဆုံးနှုန်းတွေတက်လာတော့မှာပါ.. အားလုံး တပတ်လောက်ပဲ ပူးပေါင်းဆောင်ရွက်ပေးကျပါခင်ဗျ..

Prof Dr.Daw Mar Mar Kyi

ရန္ကုန္ကိုဗစ္တိုက္ပြဲ အနိုင္မရခဲ့ရင္ ျဖစ္လာမယ့္အေၾကာင္းတရားမ်ား

အကယ္၍ ရန္ကုန္ကိုဗစ္ အဆုံးသတ္တိုက္ပြဲသာ အနိုင္မရခဲ့ရင္ ျဖစ္လာမယ့္အေၾကာင္းတရားမ်ား

ေနာက္တဆင့္ ေလ်ာ့ခ်ခဲ့ရေသာ္..

ကပ္ေရာဂါပဲျဖစ္ျဖစ္ သာမန္ေရာဂါပဲျဖစ္ျဖစ္ ေရာဂါရယ္လို႔ျဖစ္လာရင္ ပညာရွင္ေတြက (၃) ခုစဥ္းစားပါတယ္.. ေရာဂါရယ္.. လူရယ္.. ပတ္၀န္းက်င္ရယ္ေပါ့.. လက္ရွိ ကိုဗစ္ ကို ၾကည့္မယ္ဆိုရင္.. ေရာဂါပိုးက ကၽြန္ေတာ္တို႔ပတ္၀န္းက်င္မွာရွိေနၿပီ.. လူကိုၾကည့္မယ္ဆိုရင္ ကာကြယ္‌ေဆး မေပၚေသးဘူး.. လူေတြကို ကိုယ္ခံအား ေကာင္းဖို႔က အခ်ိန္အမ်ားႀကီးယူရအုံးမယ္..

လက္ရွိျမန္မာျပည္ရဲ့ က်န္းမာေရးေစာင့္ေရွာက္မွုကိုၾကည့္ရင္ အရင္ကတည္းက ဖြဲ႕စည္းပုံအျပည့္နဲ႔ အလုပ္လုပ္ေနရတာမဟုတ္ပါဘူး.. ရွိတဲ့အားနဲ႔ ျဖစ္ေအာင္လုပ္ေနရတာပါ.. အဲဒီလိုအေျခအေနကေန ကိုဗစ္ ျဖစ္လာတယ္.. ၆ လေလာက္ၾကာလာၿပီ.. က်န္းမာေရး၀န္ထမ္းေတြဟာ ေတာ္႐ုံတန္႐ုံစိတ္ဓါတ္နဲ႔ဆို ဒီေလာက္ေတာင့္ခံနိုင္မွာမဟုတ္ပါဘူး.. က်န္းမာေရး၀န္ထမ္းေတြရဲ့ စိတ္ဓါတ္ဟာ ေလးစားစရာေကာင္းပါတယ္.. ဒါေပမဲ့သူတို႔ဟာလဲ လူသားေတြပါပဲ.. သေရးကြင္းလို႔ေပါ့ ဆြဲပါမ်ားလာေတာ့ ျပတ္ဖို႔ျဖစ္လာမွာပါ..

အခုအစိုးရရဲ့ ကိုဗစ္တိုက္ဖ်က္ေရးဗ်ဴဟာက ထိန္းခ်ဳပ္ေရးဗ်ဴဟာပါ.. ပိုးေတြ႕တဲ့လူကိုေဆး႐ုံတင္မယ္ ကုသေပးမယ္ သံသယရွိသူကိုသီးျခားခြဲထားတယ္.. အဓိကေတာ့ လူေတြမေသသင့္တာမေသေအာင္ အစြမ္းကုန္ေဆာင္ရြက္ေပးတာပါ.. အေမရိကတို႔အဂၤလန္တို႔မွာေတာင္ ပိုးေတြ လူနာေတြကို အိမ္မွာပဲ ေနခိုင္းတာပါ.. လူတိုင္းကိုေဆး႐ုံတင္မကုေပးပါဘူး..

အခုဆိုရင္ရန္ကုန္မွာ ကိုဗစ္ တိုက္ပြဲကို ထိန္းခ်ဳပ္ေရဗ်ဴဟာနဲ႔ ေနာက္ဆုံးတိုက္ပြဲကို တိုက္ေတာ့မယ္.. တကယ္လို႔ထင္ထားသလို မျဖစ္လာရင္ ေနာက္တဆင့္ဆုတ္ရေတာ့မွာပါ.. ထိန္းခ်ဳပ္ေရးဗ်ဴဟာနဲ႔မနိုင္ရင္ ေနာက္တဆင့္ေလ်ာ့ရေတာ့မွာပါ..

ေနာက္တဆင့္ဆုတ္ရင္ ဘာျဖစ္မလဲ.. က်န္းမာေရး၀န္ထမ္းေတြက ေဆးဆက္ကုေနမယ္.. ဒါေပမဲ့ ပိုးေတြ႕တိုင္း ေဆး႐ုံတင္မွာမဟုတ္ေတာ့ဘူး.. အိမ္မွာပဲေနရမွာျဖစ္တဲ့အတြက္ ပိုးေတြတဲ့လူနာက တာ၀န္ယူမွုပိုမ်ားလာမွာပါ.. အဲဒီအတြက္ အက်ိဳးဆက္ကဘာျဖစ္လာနိုင္လဲဆိုရင္ ေသဆုံးမွုေတြ ေသခ်ာေပါက္ျမင့္လာမယ္လို႔ ပညာရွင္ေတြကသုံးသပ္ထားပါတယ္.. ကာကြယ္ေဆးေစာေစာရရင္ေတာ့ သက္သာပါ့မယ္.. အဲဒီလိုမဟုတ္ခဲ့ရင္ေတာ့ ေသဆုံးတဲ့ႏွုန္းကို အတိုင္းအတာတခုထိေတာ့ လက္ခံေပးရေတာ့မွာပါ.. အထူးသျဖင့္ တျခားေသာ ေရာဂါအခံရွိသူေတြ အသက္ဆုံးရွုံးရေခ်မ်ားလာမွာပါ..

ဒီအေျခအေနကိုမေရာက္ဖို႔ က်န္းမာေရး၀န္ထမ္းေတြနဲ႔ အစိုးရက အစြမ္းကုန္က်ိဳးစားေနတာပါ.. ဒါေပမဲ့ ျပည္သူလူထုက မလိုက္နာရင္ သူတို႔လဲတတ္နိုင္မွာ မဟုတ္ပါဘူး.. ကိုဗစ္တိုက္ပြဲကို အဆုံးအျဖတ္ေပးမွာက ျပည္သူေတြပါ..

ျပည္သူေတြေစာင့္ထိန္းရင္ ဒီပြဲနိုင္မယ္.. ျပည္သူေတြမေစာင့္ထိန္းနိုင္လို႔ ကၽြန္ေတာ္တို႔နိုင္ငံအတြက္ ေနာက္တဆင့္ေလ်ာ့ခ်ရတာမ်ိဳးမေရာက္ခ်င္ပါဘူး.. အဲဒါဆို ေသဆုံးႏွုန္းေတြတက္လာေတာ့မွာပါ.. အားလုံး တပတ္ေလာက္ပဲ ပူးေပါင္းေဆာင္ရြက္ေပးက်ပါခင္ဗ်..

Prof Dr.Daw Mar Mar Kyi

LEAVE A REPLY

Please enter your comment!
Please enter your name here