ဒီယာဉ်ထိန်းရဲကြီးကို ဂုဏ်ပြုရင်ပြောပါဦးဆိုတဲ့မိတ်ဆွေများ ဂုဏ်ပြုလို့ရပါပြီလို့ ပြောပါရစေ

0
168

ဒီယာဉ်ထိန်းရဲကြီးကို ဂုဏ်ပြုရင်ပြောပါဦး ဆိုတဲ့ မိတ်ဆွေများ ဂုဏ်ပြုလို့ရပါပြီလို့ပြောပါရစေ

စုပေါင်းဂုဏ်ပြုကြရအောင်ဒီယာဉ်ထိန်းရဲကြီးကိုဂုဏ်ပြုရင်ပြောပါဦးဆိုတဲ့မိတ်ဆွေများဂုဏ်ပြုလို့ရပါပြီလို့ပြောပါရစေ ယာဉ်ထိန်းရဲတပ်ကြပ်ကြီးခင်မောင်စိုးအား ၁၉.၇.၂၀၀(အာဇာနည်နေ့)တွင်

ကျွန်တော်တို့မကွေးပရဟိတအသင်းမှအစဉ်အလာမပျက်တတိယနှစ်အဖြစ်ဂုဏ်ပြုသွားမှာဖြစ်ပါတယ်​ငွေသား(၅)သိန်း၊ဆုတံဆိပ်၊ဂုဏ်ပြုကတ်၊ဂုဏ်ပြုပန်းစည်း၊ဂုဏ်ပြုလက်ဆောင်ခြင်းတို့အားချီးမြှင့်သွားရန်စီစဉ်ပါတယ်ကိုဗစ်ကာလကြောင့်ယခုနှစ်မှာယခင်နှစ်များကဲ့သို့ဂုဏ်ပြုပွဲအခမ်းအနားကျင်းပပြုလုပ်မှာမဟုတ်ဘဲ တာဝန်ကျရာနေရာသို့သွားရောက်ဂုဏ်ပြုပေးမှာဖြစ်ပါတယ်..

ကျွန်တော်တို့အသင်းအနေဖြင့် ယမန်နှစ်များတွင်ဆုပေးပွဲအခမ်းအနားကျင်းပရန်နှင့်ဆုချီးမြှင့်နိုင်ရန်စပွန်ဆာရရှိသော်လည်း ယခုနှစ်တွင်အခမ်းအနားမကျင်းပနိုင်ခြင်းကြောင့်စပွန်ဆာမရှိခဲ့ပါဒါကြောင့်မို့

ယာဉ်ထိန်းကြီးအားဆုကြေးငွေချီးမြှင့်ရန်ဝိုင်းဝန်းစုပေါင်းဂုဏ်ပြုပေးမဲ့သူ့ကိုချစ်ခင်လေးစားသောသူများအားဖိတ်ခေါ်ပါတယ်ဆုကြေး(၅)သိန်းထက်ပိုခဲ့ရင်လည်းဂုဏ်ပြုပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ပြည်သူချစ်သောပြည်သူ့ဝန်ထမ်းကောင်းကြီးအားပြည်သူကပြန်လည်၍ဂုဏ်ပြုချီးမြှင့်ပေးဖို့ဖိတ်ခေါ်ပါရစေ..

Credit