ကျောက်ကပ်ရောဂါ အသည်းအသန်ဖြစ်နေတဲ့ မိခင်ကြီးဆေးဖိုးအတွက် သီချင်းဆိုပြရင်း အလှူခံနေတဲ့ ညီငယ်လေး

0
188

ကျောက်ကပ်ရောဂါ အသည်းအသန်ဖြစ်နေတဲ့ မိခင်ကြီးဆေးဖိုးအတွက် သီချင်းဆိုပြရင်း အလှူခံနေတဲ့ ညီငယ်လေး

အမေ့ဆေးဖိုး

ရှားရှားပါးပါးရတဲ့ အားလပ်ရက်တိုင်း မိုးတွေအမြဲရွာလို့ ဘယ်မှမသွားဖြစ်ပေမယ့် ဒီအပတ်မဖြစ်မနေအပြင်ထွက်စရာကိစ္စလေးတွေရှိလို့ လှည်းတန်းဘက်ရောက်ခဲ့တယ်။ မိုးတွေက ဆက်တိုက်ရွာနေပေမယ့် လူတွေရှုပ်မြဲရှုပ်ဆဲလှည်းတန်းကတော့ အစဉ်အလာဘယ်တော့မှ မပြောင်းသွားပါဘူး။Weekend ဆိုတော့ ပိုတောင်ရှုပ်သေး။

ဒီလိုနဲ့ လှည်းတန်းရောက်တော့ အသက်လတ်ပိုင်းလူငယ်တစ်ယောက် လှည်းတန်းဂုံးကျော်တံတားပေါ်မှာ ဂစ်တာလေးတစ်လက်လွယ်ပြီး သီချင်းဆိုဖျော်ဖြေနေတာတွေ့လိုက်ရတော့ စိတ်ထဲတစ်မျိုးလေးဖြစ်သွားတယ်။ ပုံမှန်ဆို ဒီလို Street performance တွေက ကိုယ်တွေဆီမှာ မြင်နေကျမဟုတ်ဘူးလေ။

Western countries တွေမှာသာ ရင်းနှီးပြီးသား ယဉ်ကျေးမှုတစ်ခုဖြစ်နေတာ။ သူ့ခမျာ ဒီလောက်ရှုပ်နေတဲ့လှည်းတန်းမှာ လူသံတွေ ကားသံဟွန်းသံတွေကြားထဲက ဂစ်တာလေးလွယ်ပြီး ရှိသမျှခွန်အားနဲ့ သီချင်းလေးတွေဖျော်ဖြေနေတာ၊ အနားမှာလည်း သူဖျော်ဖြေတာကို အားပေးနေတဲ့လူတစ်ချို့ကိုလည်းတွေ့ရတယ်။ ထူးခြားတာတစ်ခုက သူ့ဘေးမှာ “အမေ့ဆေးဖိုး Yoe Yoe Myint Swe On The Street ” ဆိုတဲ့ ဆိုင်းဘုတ်လေးကိုတွေ့ရတယ်။ အဲတော့မှ နားလည်သွားတာ၊ အော်သူက သူ့အမေဆေးဖိုးအတွက် ဒီလိုဖျော်ဖြေနေတာပဲဆိုပြီး။ ကိုယ်လည်း စိတ်ဝင်စားတာနဲ့ သူ့ကိုနည်းနည်းသွားစပ်စုခဲ့တယ်။

သူ့နာမည်က ရိုးရိုးမြင့်ဆွေပါ။ ဇာတိက ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင်ကပါတဲ့။ သူစိတ်အားထက်သန်တဲ့ ဂီတနယ်ပယ်ထဲမှာလုပ်ကိုင်ဖို့ ရန်ကုန်ကိုရောက်တာ ၆နှစ်လောက်ရှိပြီလို့ပြောတယ်။ အရင်က မင်္ဂလာပွဲတွေမှာ သီချင်းတွေလိုက်ဆိုပေးပြီး စားဝတ်နေရေးကို ရုန်းကန်နေခဲ့တာပါ။ ဒီလိုအားလုံးကြပ်တည်းနေတဲ့ကာလမှာ အမေက ကျောက်ကပ်မှာရောဂါဖြစ်ပြီး အသည်းအသန်ဖြစ်တော့ ဆေးကုဖို့ပိုက်ဆံ အသည်းအသန်လိုလာတယ်။ အမေဖြစ်သူက ကျောက်မဲမှာ ညီမလေးနဲ့နှစ်ယောက်တည်း ရှိနေတော့ ဆေးရုံတင်ဖို့စရိတ်ကို ကိုရိုးရိုးမြင့်ဆွေက ရတဲ့အလုပ်ဝင်လုပ်ပြီး ရသမျှကို အမေတို့ဆီပို့ပေးတယ်လို့သိရတယ်။ လောလောဆယ်မှာ အသိမိတ်ဆွေတွေနဲ့ ချိတ်ဆက်ပြီး ပစ္စည်းပို့တဲ့အလုပ်လုပ်နေပြီးတော့ Weekend တွေမှာ အခုလို Busking လုပ်ရင်း တစ်ဖက်တစ်လမ်းက ဝင်ငွေရှာနေတယ်လို့သိရတယ်။

သူအခုလို လှည်းတန်းတံတားပေါ်မှာ ဂစ်တာတစ်လက်နဲ့ဖျော်ဖြေနေတာတွေ့တော့ Busking ဆိုတဲ့ ယဉ်ကျေးမှုလေးကို မြန်မာလူမျိုးတွေရင်းနှီးဖို့လိုနေသေးပါလားဆိုပြီးတွေးမိတယ်။ Busking ဆိုတာက ကိုယ်တတ်ထားတဲ့ အတတ်ပညာတစ်ခုခုကို အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ အပန်းပြေအောင် ဖျော်ဖြေပေးတာပါ။ ပြောရရင်တော့ Street performer ပေါ့။

အနောက်နိုင်ငံတွေမှာဆိုရင် လမ်းဘေးမှာ မြေအောက်ဘူတာရုံမှာ ပန်းခြံမှာ ဖျော်ဖြေကြတာ မြင်တွေ့နေကျ သာမာန်ပဲဖြစ်တယ်ပေါ့နော်။ ဒါကိုတချို့က တောင်းစားတယ်လို့ထင်ကြတယ်။ တကယ်တော့ Busking ဆိုတာက အနောက်နိုင်ငံတွေမှာ တရားဝင်ခွင့်ပြုထားတဲ့ အလုပ်တစ်ခုအနေနဲ့လုပ်ကြတဲ့ ဖျော်ဖြေမှုတစ်ခုပါ။ Busking လုပ်ကြတဲ့ street performer တွေထဲမှာ သီချင်းဆိုတဲ့သူ၊ အကနဲ့ဖျော်ဖြေတဲ့သူ၊ မျက်လှည့်နဲ့ဖျော်ဖြေတဲ့သူ၊ ပုံတူဆွဲပြီးဖျော်ဖြေတဲ့သူ၊ တိရစ်ဆာန်လေးတွေနဲ့ဖျော်ဖြေတဲ့သူ စသဖြင့်ပေါင်းစုံရှိပါတယ်။ ဒီလိုဖျော်ဖြေတာက ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်မှုတစ်ခုအနေနဲ့ဖြစ်စေပြီးတော့ သူတို့နိုင်ငံရဲ့အနုပညာ ယဉ်ကျေးမှုကိုထုတ်ဖော်ရာရောက်တဲ့အတွက် အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ပါတယ်၊

အနောက်တိုင်းမှာ အခုနာမည်ကြီးနေတဲ့အဆိုတော်တွေထဲမှာ street performer ဘဝနဲ့ စခဲ့တဲ့ အဆိုတော်တွေအများကြီးရှိပါတယ်။ အခုအချိန်မှာ Perfect သီချင်းဆိုရင် အားလုံးသိကြတဲ့ အဆိုတော် Ed Sheeran ဟာ တစ်ချိန်က လမ်းဘေးမှာဖျော်ဖြေတဲ့သူဘဝနဲ့စခဲ့တာပါ။ အခုလိုမအောင်မြင်ခင်က လမ်းဘေးမှာအိပ်ခဲ့ရတဲ့ရက်တွေဟာ မနည်းပါဘူးလို့ ဆောင်းပါးတစ်ခုမှာ ဖော်ပြထားတာကိုတွေ့ရတယ်။ သူ့လိုပဲ Justin Bieber, Passenger, Tracy Chapman, Rod Stewart, Steve Martin စတဲ့ နာမည်ကြီးတွေက

တစ်ချိန်က လမ်းဘေးမှာဖျော်ဖြေတဲ့သူတွေဘဝနဲ့ သုညက စခဲ့ကြတဲ့သူတွေပါ။ ကိုယ်တတ်ထားတဲ့အတတ်ပညာ အနုပညာကို ရိုးရိုးသားသား အများပြည်သူရှေ့မှာဖျော်ဖြေပြီး အားပေးလို့ရလာတဲ့ဝင်ငွေက သမ္မာအာဇီဝကျတယ်လို့ သီရိတော့ထင်ပါတယ်။ အဲဒီလိုဆိုတော့ Busking နဲ့ သိပ်မရင်းနှီးသေးတဲ့ မြန်မာနိုင်ငံမှာ အခုလိုဖျော်ဖြေတဲ့ Street performer လေးတွေတွေ့ရတော့ အားပေးမိတယ်။ နောက်လည်း ဒီလိုစိတ်အပန်းပြေ လွတ်လွတ်လပ်လပ်ပျော်လို့ရတဲ့ ယဉ်ကျေးမှုလေး ခေတ်စားလာဖို့ မျှော်လင့်မိတယ်။ ဒီနေ့တော့ “ဘုရားဖူးရင်း လိပ်ဥတူးရင်း” ပဲ ပစ္စည်းဝယ်ဖို့သွားရင်းက သီချင်းလေးတွေလိုက်ဆိုရင်း ပျော်ခဲ့ရပါတယ်။

Edit : ကိုရိုးရိုးမြင့်ဆွေ Busking လုပ်တာလေးကိုစိတ်ဝင်စားကြတဲ့လူတွေတွေ့လို့ပါ။

သူကတော့ အပတ်စဉ်စနေနေ့တိုင်း – လှည်းတန်းဂုံးကျော်တံတားမှာ (၂ နာရီ-၃နာရီ)

တနင်္ဂနွေနေ့တိုင်း – မြေနီကုန်းတံတားအောက် ဒဂုံစင်တာ ၂ ရဲ့အရှေ့ (၁နာရီ-၂နာရီ)

ဖြောျဖွတေယျလို့ သူ့ရဲ့ Facebook acc မှာဖောျပွထားပါတယျရှငျ့။ သူ့ကို အားပေးခငြျတဲ့သူမြား ဝိုငျးဝနျး support လုပျပေးလို့ရပါတယျ

busking streetperformance livemusic funsaturday

Credit Thiri Myanmar