ကန္တာရ ကျိုင်း‌ကောင်တွေ ရောက်လာခဲ့သည်ရှိသော် ကြော်စားကြမယ့် သူတွေအတွက်

0
183

ကန္တာရ ကျိုင်း‌ကောင်တွေ ရောက်လာခဲ့သည်ရှိသော် ကြော်စားကြမယ့် သူတွေအတွက်

သောင်းကျန်းနေတဲ့အိန္ဒိယက ကျိုင်းကောင်အုပ်ကြီး မြန်မာပြည်လာရင် ကြော်စားမယ်ဆိုသူတွေ အတွက် ကျိုင်းကောင်ကြော်နည်း

ကန္တာရ ကျိုင်း‌ကောင်တွေ ရောက်လာခဲ့သည်ရှိသော် ကြော်စားကြမယ့် သူတွေအတွက်……

အရသာကောင်းမွန် တဲ့ သရေစာ အဖြစ် သီးနှံပင်တွေ ကို ထိခိုက်ဖျက်ဆီးနိုင် တဲ့ ကန္တာရကျိုင်းကောင်တွေ ကို အချို့နိုင်ငံများ မှာ အရသာရှိတဲ့ သရေစာအဖြစ် နဲ့ ပြောင်းလဲကြ ပါတယ် ။

ဒီကန္တာရ ကျိုင်းကောင်တွေ ကို အရှေ့အလယ်ပိုင်း အာရှ တောင်အာဖရိက ဇင်ဘာ၊ ဇမ်ဘီယာ၊ မာလဝီ၊ ကင်မရွန်း၊ နိုင်ဂျီးရီးယား တို့မှာ ဟင်းအနေနဲ့စားသောက်ကြတာ ကြာပြီဖြစ်ကြောင်း လည်း သိရ ပါတယ် ။ အစ္စရေးနိုင်ငံက လယ်သမားများ ကလည်း ကန္တာရကျိုင်း (ခေါ်) နှံကောင်တွေ ထွက်လာပြီ ဆိုရင် ပုံးတွေ / ဘူးတွေ / အိတ်တွေ နဲ့ ဖမ်းကြပြီး ကြော်စား၊ ချက်စား စားသောက်ကြပါ တယ် တဲ့ ။

ကန္တာရ ကျိုင်းကောင် ကို အစ္စရေးနိုင်ငံ က နာမည်ကြီး စားသောက်ဆိုင်ဖြစ် တဲ့ ဂျေရုဆလင် စားသောက်ဆိုင် (Jerusalem Restaurant) မှာ အထူးမီနူး တစ်ခုအနေ နဲ့ ရောင်းချတာဖြစ် ပါ တယ်။

ထိုစားသောက်ဆိုင် ရဲ့ စားဖိုမှုူးဖြစ် တဲ့ မိုရှေးဘင်ဆင် (Moshe Basson) ဟာနှစ်ပေါင်းများစွာ ကျိုင်းကောင်မီနူး ကို တာဝန်ယူချက်ပြုတ်ခဲ့ တာပါ ။

ကျိုင်းကောင်တွေ က ငုံးအရသာနဲ့တောင် တူတယ် လို့ မိုရှေးဘင်ဆင်ကပြော ပါတယ် ။ ကျိုင်းကောင်မှာ ပါဝင်တဲ့ ပရိုတင်းဓာတ်တွေဟာ ငါး၊ ကြက်ဥ၊ နို့မှာ ပါဝင်တဲ့ အသားဓာတ်နှင့် တူညီပြီး ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ဖော့စဖောရပ်စ် ၊ ကယ်လ်ဆီယမ်၊ မက်ဂနီဆီယမ်၊ ဇင့်၊ အိုင်းရွန်း ဓာတ်များစွာ ပါဝင်ကြောင်းလည်း သိရ ပါတယ် ။

စက်ရုံတွေကထုတ်တဲ့ သရေစာတွေ ထက် ကျန်းမာရေးနဲ့ပြည့်စုံတဲ့ အချက်ကလည်း ကျိုင်းကောင်ကို စားသင့်တဲ့ အချက် တစ်ချက်ပါ ပဲ။ ဈေးပေါပေါနဲ့ စားသောက်လို့ရတဲ့ အစားအစာတစ်ခု လည်းဖြစ်တာပေါ့ ။

မိုရှေးဘင်ဆင်က ကျိုင်းကောင် ကို ကြော်စားလို့ လည်းရတယ် ၊ စွပ်ပြုတ်ထဲလည်း ထည့်ချက်စားသောက် လို့ရတယ်လို့ ညွှန်းထား ပါတယ် ။ ကောင်းကင်ပေါ်က လာတဲ့ ပရိုတင်းပြည့်ဝတဲ့ အစာဖြစ်တဲ့ အတွက် ဘာလို့မစားရမှာ လဲလို့တောင် မိုရှေးဘင်ဆင် က တင်စားထား ပါသေးတယ် ။

မိုရှေးဘင်ဆင် ရဲ့ ကျိုင်းကောင်ဟင်းပြင်ဆင်မှု အရ

ဆနွင်းအနည်းငယ်နဲ့ ဟင်းရွက်ပြုတ်ရည် ၂ လီတာလောက်ကို ပွက်ပွက်ဆူအောင် တည်ပြီး ကျိုင်းကောင် ၂၅ ခန့်ကိုထည့် ၍ ၃ မိနစ်ခန့်ပြုတ်ပါ ။ အအေးခံပြီး ခေါင်း၊ တောင်ပံ၊ အူတွေကိုထုတ်ပြစ်ပါ။ ပြီးတော့ ခေါက်ထားတဲ့ကြက်ဥထဲကိုနှစ်ပြီး ဆား လက်ဖက်ရည်ဇွန်း ၄ ဇွန်း၊ ငရုတ်သီးအနည်းငယ်၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ နံနံ နဲ့ ဂျုံမှုန့်စားပွဲတင်ဇွန်း ၄ ဇွန်းတို့နဲ့ရောနယ်ပါ။

နောက်ဆုံး ဆီပူပူလေး မှာ ရွှေညိုရောင်ပြောင်းသည် အထိ ကြော်ပြီး အရသာနဲ့ပြည့်စုံ တဲ့ ကျိုင်းကောင်ပူပူကြွတ်ကြွတ်လေး ရရှိပြီး ဆော့နဲ့ တို့စားလို့ရပြီပေ့ါ ။

မာလဝီရိုးရာ နှံကောင်ဟင်းတစ်ခွက်ဖြစ် တဲ့ Dziwala recipe ပြင်ဆင်ပုံအရ ဆိုရင် သံပုရာရည်ခွက်တစ်ဝက်လောက်ထဲ ကို ငရုတ်ကောင်း နည်းနည်း ထည့်မွှေ လိုက်ပါ ။

ပြီးရင် ခေါင်း၊ အတောင်၊ အူ ထုတ်သန့်စင်ထား တဲ့နှံကောင် ၂၅ ကောင်လောက် ကို စိမ်လိုက်ပါ နှံ့အောင်သေချာလူးနယ်ပြီး တစ်နာရီလောက်နှပ်ထား လိုက်ပါ။ ပြီးရင်နှပ်ထားတဲ့နှံကောင်တွေကိုစစ်ထုတ်ပြီး ရေတော်တော်ခြောက်သွားရင် ကြက်သွန်ဖြူဆီချက်သတ်ထားတာနဲ့ရောပြီး ရွှေညိုရောင်ပေါက်အောင်ကြော်ပါ။

ဒါဆို ရင်တော့ နှံကောင်ကြွတ်ကြော်လေး ကို သံပုရာ ရည်ညှစ်ပြီးစားနိုင်ပါပြီ ။

ဒီလို ကျိုင်းကောင်တွေ ကို စားသောက်တာဟာလည်း biological control အရ သက်ရှိ အချင်းချင်း နှိမ်နင်းရာရောက်ပြီး သီးနှံဖျက်ဆီးမှု ကို ကာကွယ်ရာရောက်တဲ့ အတွက် အစိမ်းရောင်လမ်းအသုံးပြုသူတွေအတွက် ဝေမျှလိုက် ရပါတယ်။

ကိုးကားချက်

Zin Min