ဇူလိုင်လလယ် တွင် မုန်တိုင်းတစ် ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလညွှန်ချုပ် သတိပေး

0
192

ဇူလိုင်လ လယ်တွင် လေဖိအားနည်း ရပ်ဝန်းနှစ်ကြိမ်နှင့် မုန်တိုင်းငယ် တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည် ဟု မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မိုးလေဝသခန့်မှန်းချက်နှင့် ပတ်သက် ၍ ဇူလိုင် ၄ ရက် တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောကြား သည်။

ဇူလိုင်လလယ်တွေင် မုန်တိုင်းတစ် ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလညွှန်ချုပ် သတိပေး“ဇူလိုင်လထဲ မှာတော့ လဝက်မှာ လေဖိအားနည်းရပ်ဝန်းနှ စ်ကြိ မ်နဲ့ မုန်တိုင်းငယ် တစ်ကြိမ်တော့ထုတ်ထားတယ်ပေါ့ ။ လက်ရှိမှာ တော့ မုတ်သုံလေအားကောင်းနေတဲ့ အချိန်မှာတော့ လေဖိအားနည်း ရပ်ဝန်းတွေ ၊ မုန်တိုင်းတွေကဖြစ်ဖို့အခွင့်အရေးနည်းတယ်။ မုတ်သုံလေအားနည်းနည်းလျော့သွားပြီဆိုရင်တော့ သူကဖြစ်တော့ဖြစ်နိုင်တယ်’’ဟု ၎င်းကပြောသည်။

ဇူလိုင် ၄ ရက်နေ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ်ရေပြင်၊ မြေပြင်လေသည်တစ်နာရီ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်းသိရသည်။ နောက်နှစ်ရက်အတွင်း မုတ်သုံအားအသင့် အတင့်မှ အားကောင်းနေမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လလယ်တွေင် မုန်တိုင်းတစ် ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလညွှန်ချုပ် သတိပေး“လက်ရှိမှာတော့ ကပ္ပလီပင်လယ်ပြင်ရော ဘင်္ဂလားပင်လယ်အော်မှာရှိနေတဲ့ ပင်လယ်ရေ မျက်နှာပြင်ရော ပုံမှန်အပူချိန်မှာပဲ ရှိနေတယ်။ မုန်တိုင်းတစ်ခုဖြစ်ဖို့ကို ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာပိုပူရမဲ့အနေအထား ရှိတယ်’’ဟု ဒေါက်တာကျော်မိုးဦး ကပြော သည်။

Credit to Nine News