အနုပညာသမားအချင်းချင်း အထင်လွဲခံရမှုတွေကို ဖြူဖြူထွေးဘယ်လိုရင်ဆိုင်နေလဲ?

0
129

ပရိတ်သတ်တွေ သိတဲ့အတိုင်း ဖြူဖြူထွေးဟာ ယခုတလောပိုင်းမှာ အနုပညာသမားအချင်းချင်း ဝေဖန်ပြစ်တင်မှုတွေကို ခံနေရပါတယ်။

လူဆိုသည့်အတိုင်း အကောင်းဘယ်လောက်ပဲလုပ်လုပ် အထင်လွဲမှုတွေ ဝေဖန်မှုတွေ ချီးမွမ်းမှုတွေ ကဲ့ရဲ့ခြင်းတွေ ခံရစမြဲပါပဲ။ အထူးသဖြင့် အောင်မြင်လာတဲ့သူတွေဆို ဒီဒဏ်တွေကို ပိုပြီး ခံစားရတတ်ပါတယ်။

ယခုမှာလည်း ဖြူဖြူထွေးလေးဟာ အနုပညာသမားအချို့ရဲ့ အထင်လွဲခြင်းကို ခံနေရပါတယ်။ ယခင်ကလည်း သူမရဲ့လုပ်ရပ်အချို့ကြောင့် ပြစ်တင်ပြောဆိုမှုခံခဲ့ရပေမယ့် ပရိတ်သတ်သဘောအတိုင်း ပြုပြင်ပြောင်းလဲနေထိုင်ခဲ့ပါတယ်။

ဒီလိုအထင်လွဲခြင်းကို ဘယ်လိုရင်ဆိုင်လိုက်လဲဆိုတာ ဖြူဖြူထွေးရဲ့ အကောင့်မှာတွေ့ရမှာပါ။ ဖြူဖြူထွေးက ဒီလိုပဲပြောထားပါတယ်

စိတ်ချမ်းသာချင်ရင် လူတွေရဲ့ “အထင်ကြီးခြင်း” “အထင်သေးချင်း” “ချီးမွမ်းခြင်း” ” ကဲ့ရဲ့ခြင်း” တွေရဲ့ နောက်ကိုလိုက်ပြီး ခံစားမနေပဲ ကိုယ့်ဘဝမှာ လုပ်သင့်လုပ်ထိုက်တာတွေကိုပဲ လုပ်နေရတာ စိတ်ချမ်းသာတယ် ပီတိဖြစ်တယ်🥰

San Htet Wai






San Htet Wai