တနေ့တာအချိန်လေးကို အလှူတွေဆက်တိုက်လုပ်ပြီး ဖြတ်သန်းခဲ့တဲ့ ဖြူဖြူထွေး

0
123

ဖြူဖြူထွေးကတော့ ရိုးသားတဲ့ဂုဏ်စားမကုန် ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်းပဲ ရိုးသားဖြူစင်မှုကြောင့် ပရိသတ်တွေ တဖြည်းဖြည်းတိုးလို့ အချစ်ပိုလာရသူတစ်ယောက်ပါ။ အချိန်တိုအတွင်း ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်လာသလို ကြော်ငြာတွေလည်း ဆက်တိုက်ရိုက်ကူးနေရသူတစ်ယောက် ဖြစ်ပါတယ်။

ဒါ့အပြင် ကြော်ငြာရိုက်ကူးရေးမရှိတဲ့အချိန်တွေမှာလည်း ချို့တဲ့သူတွေကို ဆက်တိုက်ကူညီနေသူဖြူဖြူထွေးကတော့ ဒီနေ့မှာလည်း လေဖြတ်ပြီးကိုယ်တစ်ခြမ်းသေ သွားတဲ့ ခေတ်ဟောင်းလူကြမ်းသရုပ်ဆောင် ဦးတင်မြင့်ဆီသွားကာ ဆန်၊ဆီ၊ စားသောက်ကုန်တွေနဲ့ အလှူငွေနှစ်သိန်းသွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် ငွေကြေးချို့တဲ့ပေမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ဝါးတရာကျေးရွာက ညီမလေးမိုးမိုးဆီသွားပြီးတော့လည်း အလှူငွေနဲ့ စားသောက်ကုန်တွေ ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်။


ဦးတင်မြင့်နဲ့ ညီမလေးမိုးမိုးဆီသွားပြီး လှူဒါန်းပေးခဲ့တဲ့အပြင် ဝါးတရာကျေးရွာက ကလေးလေးတွေအတွက်လည်း ငွေကြေးလှူဒါန်းပေးခဲ့ပြီး ဒီနေ့ပြုလုပ်ခဲ့တဲ့ သူ့ရဲ့အလှူလေးတွေကို ဗွီဒီယိုလေးနဲ့ မျှဝေဖော်ပြခဲ့ပါတယ်။ “ပီတိဖြစ်လို့မဆုံး တဗြုန်းဗြုန်းပါပဲ” ဆိုတဲ့စာသားလေးနဲ့အတူ ဖြူဖြူထွေးရဲ့ပီတိအပြုံးလေးတွေနဲ့ လှူဒါန်းပေးခဲ့တဲ့ အလှူဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Phyu Phyu Htwe

Rainbow- Cele Gabar