ဝက်သားကို ဘယ်လောက် ကြိုက်ကြိုက် လုံးဝ မစားသင့်တဲ့ အစိတ်အပိုင်း ၅ ခု

ဝက်သားကို ဘယ်လောက် ကြိုက်ကြိုက် လုံးဝ မစားသင့်တဲ့ အစိတ်အပိုင်း ၅ ခု

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက် ဆိုရိုးစကားအတိုင်း ဝက်သားဟာ လူးတွေ နေ့စဉ်စားသုံးကြတဲ့ အသားတွေထဲမှာ အရသာရှိတဲ့ ထိပ်တန်းအသားတစ်မျိုးလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဝက်သားရဲ့ အစိတ်အပိုင်း (၅) ခုကတော့ လူတွေရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တာမို့ ဖြစ်နိုင်ရင် ရှောင်ကျဉ်ကြဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်

ဝက်ဟာ ခေါင်းဖျားကနေ အမြီးထိ အားလုံးစားလို့ရပေမယ့် မစားသင့်ပဲ ချန်လှပ် (သို့) သတိထားပြီး စားရမယ့် အစိတ်အပိုင်း (၅) ပိုင်းကတော့ –

၁။ ဝက်သွေး

သံဓါတ်ပါတဲ့ အစားအစာတွေထဲမှာတော့ ဝက်သွေးက ထိပ်ဆုံးစာရင်းကနေ ပါဝင်ပါတယ်။ အကယ်၍ ဝက်သွေးဟာ ကျန်းမာတဲ့ ဝက်ကနေ ထုတ်လုပ်ထားတာဆိုရင်တော့ အသုံးတည့်ပါတယ်

ဒါပေမယ့် ရောဂါကြောင့် သေသွားတဲ့ ဝက်တွေ ဒါမှမဟုတ် မလတ်ဆတ်တော့တဲ့ သွေးတွေကနေ ထုတ်လုပ်လိုက်တဲ့ ဝက်သွေးတွေဟာ အန္တရာယ်ရှိပါတယ်။

ဝက်သွေးမှာ အဆိပ်အတောက်များစွာပါဝင်တာမို့ သေသေချာချာကျက်အောင် ချက်ပြုတ်စားသောက်မယ်ဆိုရင် အန္တရာယ်မဖြစ်နိုင်ပေမယ့် မကျက်တကျက် (သို့) အစိမ်းအတိုင်း စားမယ်ဆိုရင်တော့ အလွန် အန္တရာယ်များပါတယ်

၂၀၁၇ ခုနှစ်က ဗီယက်နမ်နိုင်ငံမှာ နီခရိုဆစ် လို့ခေါ်တဲ့ လူ့ရဲ့ခန္ဓာကိုယ်တွင်းက ကလီစာတွေ ဆဲလ်တွေ ပျက်ဆီးလာတဲ့ ဝေဒနာရှင် ၉ ဦးမှာ အချို့သေဆုံးခဲ့ပြီး အချို့က ခြေလက်အင်္ဂါတွေ

ဖြတ်တောက်ပစ်ရတဲ့ ဖြစ်ရပ်တွေရှိခဲ့ပါတယ်၊ ဒီလူတွေဟာ ရောဂါရှိတဲ့ ဝက်က ထုတ်လုပ်ထားတဲ့ ဝက်သွေးတွေ စာသုံးပြီးဖြစ်ခဲ့တာမို့ ဆရာဝန်တွေက လူထုကို ရှောင်ကျဉ်ဖို့ သတိပေးခဲ့ရတဲ့ထိ ဖြစ်ခဲ့ပါတယ်

၂။ ဝက်အသည်း

အသည်းဟာ အဆိပ်အတောက်တွေ ထုပ်လုပ်ပေးတဲ့ နေရာဖြစ်ပါတယ်။ ဝက်အသည်းမှာ ကိုလက်စထရောနဲ့ သံဓါတ်အပြင်းစားတွေ ပါဝင်ပါတယ်။

အကယ်၍ အဟာရဓာတ်ပြည့်ဝအောင် ဝက်အသည်းကို ပုံမှန်စားတယ်လို့ ခံယူထားတယ် ဆိုရင်တော့ ဒီအယူအဆဟာ မှားယွင်းနေပါတယ်။

ဝက်ရဲ့အသည်းမှ မဟုတ်ပါဘူး တိရိစ္ဆာန်တွေရဲ့ အသည်းကလည်း အတူတူမို့ အများကြီး မစားသင့်ပါ။

အသည်းရဲ့ တာဝန်ဟာ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို စွန့်ပစ်ပေးရတာဖြစ်ပါတယ်။

အသည်းမှာ ရှိနေတဲ့ အမျိုးမျိုးသော အဆိပ်တွေအပြင် သတ္တုဓာတ်အပြင်းစားတွေ ဘက်တီးရီယားတွေကြောင့် ပုံမှန်စားသောက်မယ်ဆိုရှင် ရေရှည်မှာ အတွင်းကလီစာ ကင်ဆာဖြစ်နိုင်ချေ မြင့်မားပါတယ်။

အသက်အရွယ်ကြီးသူတွေနဲ့ သွေးကြောဆိုင်ရာ အားနည်းသူ ရောဂါအခံရှိသူတွေအတွက် အဆိပ်အတောက်ဖြစ်ဖို့ ပိုပြီးလွယ်ကူပါတယ်။

ပုံမှန်အတိုင်း ကျန်းမာရေးကောင်းသူတွေ အနေနဲ့လည်း အသည်းကို အများကြီး မစားသင့်ပါ။ ကိုယ့်အတွက် လိုအပ်တဲ့ အဟာရဖြစ်စေနိုင်လောက်အောင်သာ သတိနဲ့ ချင့်ချိန်စားသုံးပါ။

၃။ ဝက်အဆုတ်

ဝက်ရဲ့ အဆုတ်ဟာ ဘက်တီးရီးယားနဲ့ အညစ်ကြေးများစွာ ပါရှိနေပါတယ်။

အဆုပ်ဟာ လေဝင်လေထွက်အတွက် တာဝန်ယူရတာမို့ များသောအားဖြင့် မြေကြီးနဲ့ ဝက်ရဲ့ နှာခေါင်းဟာ ထိစပ်နေတဲ့အတွက် အညစ်အကြေးတွေ နေ့စဉ် ရှုသွင်းခံရတဲ့ အစိတ်ပိုင်းလည်းဖြစ်ပါတယ်။

အသက်အရွယ်ကြီးသူတွေနဲ့ နာတာရှည်သမားတွေ ဝက်အဆုပ်ကို မစားသင့်သလို ကျန်းမာရေးကောင်းသူတွေ အနေနဲ့လည်း အများကြီး မစားသင့်ပါဘူး။

၄။ ဝက်အူ

အမှန်အတိုင်းဆိုရသော် ဝက်အူဟာ အညစ်ပတ်ဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ ဝက်ရဲ့အညစ်အကြေးတွေနဲ့ အစာမချေရသေးတဲ့ အစာတွေ သိုလှောင်ရာနေရာဖြစ်ပါတယ်။

ဒါကြောင့်မို့ ဝက်အူမှာ မျက်စိနဲ့မမြင်ရတဲ့ ဘက်တီးရီးယားပိုးမွှားပေါင်း သောင်းခြောက်ထောင် ပေါက်ပွား ပျော်ရွှင်ရာနေရာလည်းဖြစ်ပါတယ်။

ဝက်အူကို စနစ်တကျ ကျက်အောင် မချက်ပြုတ်ပဲ စားမိပါက ဘက်တီးရီးယားတွေ လူ့ခန္ဓာကိုယ်ထဲ ရောက်ပြီး ရောဂါတွေ အန္တရာယ်တွေ ပေးနိုင်ပါတယ်။

ဝက်အူဟာ ဂေါက်ရောဂါ၊ ပန်ကရိယ၊ အသည်းအဆီဖုံးနဲ့ အဝလွန်ရောဂါတွေ ဖြစ်စေပါတယ်။

၅။ ဝက်ဦးနှောက်

လူအတော်များများနဲ့ မိခင်တွေ မှားယွင်းနေတဲ့ အယူအဆတစ်ခုရှိပါတယ်။ ဝက်ဦးနှောက်စားရင် ဦးနှောက်ဉာဏ်ရည်ကောင်းတယ်၊

အားရှိတယ် ဆိုတဲ့ အယူအဆပါ။ ဒီအယူအဆနဲ့ ကလေးတွေကို ဝက်ဦးနှောက်များများကျွေးမိရင်တော့ မှားပါလိမ့်မယ်။

တစ်ကယ်တော့ ဝက်ဦးနှောက် စားသုံးခြင်းက လူတွေ ထင်နေကြသလို လူရဲ့ဦးနှောက်ကို အထောက်အပံ့ဖြစ်စေတယ်ဆိုတာ မဟုတ်ပါဘူး။

ဝက်ဦးနှောက် အလွန်အကျွံစားခြင်းကြောင့် ကလေးတွေမှာ အဝလွန်ရောဂါ၊ သွေးတွင်း ကိုလေက်စထရောများခြင်းနဲ့ နှလုံးရောဂါတွေကို ဖြစ်စေပါတယ်။

ဘာကြောင့်လဲဟု ဆိုရသော် ဝက်ရဲ့ဦးနှောက်ဟာ အဟာရဓါတ် အလွန်ကြွယ်ဝစွာပါဝင်ပါတယ်။

ဝက်ဦးနှောက် ၁၀၀ ဂရမ်အလေးချိန်မှာ ၂၅၀၀ မီလီဂရမ် ကိုလက်စထရောပါဝင်တာကြောင့်

ဒီပမာဏဟာ လူတစ်ယောက် တစ်နေ့တာမှာ တစ်ကယ်လိုအပ်တဲ့ အဟာရပမာဏထက် ၈ ဆ ပိုများတဲ့အတွက် တန်ဆေးလွန်ဘေး ဆိုသလိုအန္တရာယ်ရှိတာဖြစ်ပါတယ်။

ဒါကြောင့်မို့ ဝက်သားကြိုက်နှစ်သက်သူတွေ အထူးသဖြင့် အဆိုပါ အစိတ်အပိုင်းများစွာ ပါဝင်တဲ့ ကြေးအိုးလို၊

ဝက်သားတုတ်ထိုး အစားအစာများ ကြိုက်နှစ်သက်သူတွေ သင့်တင့်မျှတစွာ ကျန်းမာရေးသတိနဲ့ စားသုံကြဖို့ ပိုပိုလေးက တိုက်တွန်းလိုက်ပါတယ်။

ပိုပိုလေး

ဝက္သားကို ဘယ္ေလာက္ ႀကိဳက္ႀကိဳက္ လုံးဝ မစားသင့္တဲ့ အစိတ္အပိုင္း ၅ ခု

အသီးမွာ သရက္၊ အသားမွာ ဝက္၊ အရြက္မွာ လက္ဖက္ ဆိုရိုးစကားအတိုင္း ဝက္သားဟာ လူးေတြ ေန႔စဥ္စားသုံးၾကတဲ့ အသားေတြထဲမွာ အရသာရွိတဲ့ ထိပ္တန္းအသားတစ္မ်ိဳးလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ဝက္သားရဲ့ အစိတ္အပိုင္း (၅) ခုကေတာ့ လူေတြရဲ့ က်န္းမာေရးအတြက္ အႏၲရာယ္ရွိနိုင္တာမို႔ ျဖစ္နိုင္ရင္ ေရွာင္က်ဥ္ၾကဖို႔ ကၽြမ္းက်င္သူေတြက တိုက္တြန္းထားပါတယ္

ဝက္ဟာ ေခါင္းဖ်ားကေန အၿမီးထိ အားလုံးစားလို႔ရေပမယ့္ မစားသင့္ပဲ ခ်န္လွပ္ (သို႔) သတိထားၿပီး စားရမယ့္ အစိတ္အပိုင္း (၅) ပိုင္းကေတာ့ –

၁။ ဝက္ေသြး

သံဓါတ္ပါတဲ့ အစားအစာေတြထဲမွာေတာ့ ဝက္ေသြးက ထိပ္ဆုံးစာရင္းကေန ပါဝင္ပါတယ္။ အကယ္၍ ဝက္ေသြးဟာ က်န္းမာတဲ့ ဝက္ကေန ထုတ္လုပ္ထားတာဆိုရင္ေတာ့ အသုံးတည့္ပါတယ္

ဒါေပမယ့္ ေရာဂါေၾကာင့္ ေသသြားတဲ့ ဝက္ေတြ ဒါမွမဟုတ္ မလတ္ဆတ္ေတာ့တဲ့ ေသြးေတြကေန ထုတ္လုပ္လိုက္တဲ့ ဝက္ေသြးေတြဟာ အႏၲရာယ္ရွိပါတယ္။

ဝက္ေသြးမွာ အဆိပ္အေတာက္မ်ားစြာပါဝင္တာမို႔ ေသေသခ်ာခ်ာက်က္ေအာင္ ခ်က္ျပဳတ္စားေသာက္မယ္ဆိုရင္ အႏၲရာယ္မျဖစ္နိုင္ေပမယ့္ မက်က္တက်က္ (သို႔) အစိမ္းအတိုင္း စားမယ္ဆိုရင္ေတာ့ အလြန္ အႏၲရာယ္မ်ားပါတယ္

၂၀၁၇ ခုႏွစ္က ဗီယက္နမ္နိုင္ငံမွာ နီခရိုဆစ္ လို႔ေခၚတဲ့ လူ႔ရဲ့ခႏၶာကိုယ္တြင္းက ကလီစာေတြ ဆဲလ္ေတြ ပ်က္ဆီးလာတဲ့ ေဝဒနာရွင္ ၉ ဦးမွာ အခ်ိဳ႕ေသဆုံးခဲ့ၿပီး အခ်ိဳ႕က ေျခလက္အဂၤါေတြ

ျဖတ္ေတာက္ပစ္ရတဲ့ ျဖစ္ရပ္ေတြရွိခဲ့ပါတယ္၊ ဒီလူေတြဟာ ေရာဂါရွိတဲ့ ဝက္က ထုတ္လုပ္ထားတဲ့ ဝက္ေသြးေတြ စာသုံးၿပီးျဖစ္ခဲ့တာမို႔ ဆရာဝန္ေတြက လူထုကို ေရွာင္က်ဥ္ဖို႔ သတိေပးခဲ့ရတဲ့ထိ ျဖစ္ခဲ့ပါတယ္

၂။ ဝက္အသည္း

အသည္းဟာ အဆိပ္အေတာက္ေတြ ထုပ္လုပ္ေပးတဲ့ ေနရာျဖစ္ပါတယ္။ ဝက္အသည္းမွာ ကိုလက္စထေရာနဲ႔ သံဓါတ္အျပင္းစားေတြ ပါဝင္ပါတယ္။

အကယ္၍ အဟာရဓာတ္ျပည့္ဝေအာင္ ဝက္အသည္းကို ပုံမွန္စားတယ္လို႔ ခံယူထားတယ္ ဆိုရင္ေတာ့ ဒီအယူအဆဟာ မွားယြင္းေနပါတယ္။

ဝက္ရဲ့အသည္းမွ မဟုတ္ပါဘူး တိရိစၧာန္ေတြရဲ့ အသည္းကလည္း အတူတူမို႔ အမ်ားႀကီး မစားသင့္ပါ။

အသည္းရဲ့ တာဝန္ဟာ ခႏၶာကိုယ္က အဆိပ္အေတာက္ေတြကို စြန႔္ပစ္ေပးရတာျဖစ္ပါတယ္။

အသည္းမွာ ရွိေနတဲ့ အမ်ိဳးမ်ိဳးေသာ အဆိပ္ေတြအျပင္ သတၱဳဓာတ္အျပင္းစားေတြ ဘက္တီးရီယားေတြေၾကာင့္ ပုံမွန္စားေသာက္မယ္ဆိုရွင္ ေရရွည္မွာ အတြင္းကလီစာ ကင္ဆာျဖစ္နိုင္ေခ် ျမင့္မားပါတယ္။

အသက္အရြယ္ႀကီးသူေတြနဲ႔ ေသြးေၾကာဆိုင္ရာ အားနည္းသူ ေရာဂါအခံရွိသူေတြအတြက္ အဆိပ္အေတာက္ျဖစ္ဖို႔ ပိုၿပီးလြယ္ကူပါတယ္။

ပုံမွန္အတိုင္း က်န္းမာေရးေကာင္းသူေတြ အေနနဲ႔လည္း အသည္းကို အမ်ားႀကီး မစားသင့္ပါ။ ကိုယ့္အတြက္ လိုအပ္တဲ့ အဟာရျဖစ္ေစနိုင္ေလာက္ေအာင္သာ သတိနဲ႔ ခ်င့္ခ်ိန္စားသုံးပါ။

၃။ ဝက္အဆုတ္

ဝက္ရဲ့ အဆုတ္ဟာ ဘက္တီးရီးယားနဲ႔ အညစ္ေၾကးမ်ားစြာ ပါရွိေနပါတယ္။

အဆုပ္ဟာ ေလဝင္ေလထြက္အတြက္ တာဝန္ယူရတာမို႔ မ်ားေသာအားျဖင့္ ေျမႀကီးနဲ႔ ဝက္ရဲ့ ႏွာေခါင္းဟာ ထိစပ္ေနတဲ့အတြက္ အညစ္အေၾကးေတြ ေန႔စဥ္ ရႈသြင္းခံရတဲ့ အစိတ္ပိုင္းလည္းျဖစ္ပါတယ္။

အသက္အရြယ္ႀကီးသူေတြနဲ႔ နာတာရွည္သမားေတြ ဝက္အဆုပ္ကို မစားသင့္သလို က်န္းမာေရးေကာင္းသူေတြ အေနနဲ႔လည္း အမ်ားႀကီး မစားသင့္ပါဘူး။

၄။ ဝက္အူ

အမွန္အတိုင္းဆိုရေသာ္ ဝက္အူဟာ အညစ္ပတ္ဆုံးအစိတ္အပိုင္းျဖစ္ပါတယ္။ ဝက္ရဲ့အညစ္အေၾကးေတြနဲ႔ အစာမေခ်ရေသးတဲ့ အစာေတြ သိုေလွာင္ရာေနရာျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ဝက္အူမွာ မ်က္စိနဲ႔မျမင္ရတဲ့ ဘက္တီးရီးယားပိုးမႊားေပါင္း ေသာင္းေျခာက္ေထာင္ ေပါက္ပြား ေပ်ာ္ရႊင္ရာေနရာလည္းျဖစ္ပါတယ္။

ဝက္အူကို စနစ္တက် က်က္ေအာင္ မခ်က္ျပဳတ္ပဲ စားမိပါက ဘက္တီးရီးယားေတြ လူ႔ခႏၶာကိုယ္ထဲ ေရာက္ၿပီး ေရာဂါေတြ အႏၲရာယ္ေတြ ေပးနိုင္ပါတယ္။

ဝက္အူဟာ ေဂါက္ေရာဂါ၊ ပန္ကရိယ၊ အသည္းအဆီဖုံးနဲ႔ အဝလြန္ေရာဂါေတြ ျဖစ္ေစပါတယ္။

၅။ ဝက္ဦးေႏွာက္

လူအေတာ္မ်ားမ်ားနဲ႔ မိခင္ေတြ မွားယြင္းေနတဲ့ အယူအဆတစ္ခုရွိပါတယ္။ ဝက္ဦးေႏွာက္စားရင္ ဦးေႏွာက္ဉာဏ္ရည္ေကာင္းတယ္၊

အားရွိတယ္ ဆိုတဲ့ အယူအဆပါ။ ဒီအယူအဆနဲ႔ ကေလးေတြကို ဝက္ဦးေႏွာက္မ်ားမ်ားေကၽြးမိရင္ေတာ့ မွားပါလိမ့္မယ္။

တစ္ကယ္ေတာ့ ဝက္ဦးေႏွာက္ စားသုံးျခင္းက လူေတြ ထင္ေနၾကသလို လူရဲ့ဦးေႏွာက္ကို အေထာက္အပံ့ျဖစ္ေစတယ္ဆိုတာ မဟုတ္ပါဘူး။

ဝက္ဦးေႏွာက္ အလြန္အကၽြံစားျခင္းေၾကာင့္ ကေလးေတြမွာ အဝလြန္ေရာဂါ၊ ေသြးတြင္း ကိုေလက္စထေရာမ်ားျခင္းနဲ႔ ႏွလုံးေရာဂါေတြကို ျဖစ္ေစပါတယ္။

ဘာေၾကာင့္လဲဟု ဆိုရေသာ္ ဝက္ရဲ့ဦးေႏွာက္ဟာ အဟာရဓါတ္ အလြန္ႂကြယ္ဝစြာပါဝင္ပါတယ္။

ဝက္ဦးေႏွာက္ ၁၀၀ ဂရမ္အေလးခ်ိန္မွာ ၂၅၀၀ မီလီဂရမ္ ကိုလက္စထေရာပါဝင္တာေၾကာင့္

ဒီပမာဏဟာ လူတစ္ေယာက္ တစ္ေန႔တာမွာ တစ္ကယ္လိုအပ္တဲ့ အဟာရပမာဏထက္ ၈ ဆ ပိုမ်ားတဲ့အတြက္ တန္ေဆးလြန္ေဘး ဆိုသလိုအႏၲရာယ္ရွိတာျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ဝက္သားႀကိဳက္ႏွစ္သက္သူေတြ အထူးသျဖင့္ အဆိုပါ အစိတ္အပိုင္းမ်ားစြာ ပါဝင္တဲ့ ေၾကးအိုးလို၊

ဝက္သားတုတ္ထိုး အစားအစာမ်ား ႀကိဳက္ႏွစ္သက္သူေတြ သင့္တင့္မၽွတစြာ က်န္းမာေရးသတိနဲ႔ စားသုံၾကဖို႔ ပိုပိုေလးက တိုက္တြန္းလိုက္ပါတယ္။

ပိုပိုေလး