တန်ဖိုးကြီးလှတဲ့ ပယင်း ၏ အစွမ်းသတ္တိ နှင့် ကျန်းမာရေး အသုံးဝင်ပုံ အကြောင်း သိကောင်းစရာ

တန်ဖိုးကြီးလှတဲ့ ပယင်း ၏ အစွမ်းသတ္တိ နှင့် ကျန်းမာရေး အသုံးဝင်ပုံ အကြောင်း သိကောင်းစရာ

ပယင်းက သစ်ပင်ကဖြစ်တဲ့ကျောက်ဖြစ်ရုပ်ကြွင်း တစ်မျိုးပါ… သစ်ပင်ရဲ့ အဆီအနှစ်ဖြစ်တဲ့သစ်စေးကနေဖြစ်တည်သည့် အတွက် သဘာဝကပေးတဲ့ ထူးခြားဖြစ်စဉ်ထဲက တစ်ခု အပါဝင် ဖြစ်ပါတယ်။ တန်းဖိုးထားရာ ရတနာ ( ၉ )ပါး ထဲမှာလဲ တစ်ပါး အပါဝင်ဖြစ်ပါတယ် ။

ပယင်းမှာ အဖိုးတန် ရတနာများကဲ့သို့ ရှားပါးမှု ဖြစ်တည်မှု သန့်ရှင်းမှု အစရှိသည်များနှင့်ပြည့်စုံနေသောရတနာ တစ်ပါးလဲဖြစ်ပါတယ်။လွန်ခဲ့သော နှစ်သန်းပေါင်း ၁၂၀ ခန့်က အဖိုးတန် သက်ရှိများ သိုမှီးရာ ပြတိုက်တစ်ခုလဲဖြစ်ပါတယ်။

ကမ္ဘာကြီး၏ ဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ် အများပြားကို သက်သေပြနိုင်တဲ့ တစ်ခုတည်းသော အဖိုးတန်ရတနာတစ်မျိုးဘဲဖြစ်ပါတယ်။ ထူးခြားဖြစ်စဉ်များနှင့် ဂမ္ဘီရဆန်သော အဖြစ်ပျက်များစွာ ယနေ့တိုင်ဖြစ်ပေါ်နေတဲ့ ရတနာ မျိုးလဲဖြစ်ပါ တယ်။

ထူးခြားဖြစ်စဉ်များမှာ သက်ရှိ တစ်ကောင်ကို… နှစ်ပေါင်းသန်း ၁၂၀ မပုပ်သိုးအောင် ထိန်းသိမ်းနိုင်တဲ့ ဂုဏ်သတ္တိလဲရှိပါတယ်။ ယင်းဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ပယင်း ဝတ်ဆင်တဲ့သူ အပေါင်းကို အရွယ်တင် နုပျိုစေပါတယ်။

သိပ္ပံနည်းဖြင့်ပြောရလျှင် Nano ဂုဏ်သတ္တိက ိုပိုင်ဆိုင်ပါတယ်။ သက်သေအားဖြင့်ပြရလျှင် ပယင်းကို ကိုယ်တိုင်သွေးသော တူးသောမိတ်ဆွေများ ထိခိုက်ရှနာရတဲ့အခါမှာ အလိုလို ခဏ အတွင်း ပြန်ကောင်းမွန်သွားသည် သာဓကများရှိပါတယ်။

ပယင်းကို သွေး၍ လိမ်းလျှင် အရေပြားနှင့် ပကတ်သက်သည့်ရောဂါ မှန်သမျှကို အမြန်ဆုံးပျောက်ကင်းစေပါတယ်။ (ဥပမာ… တင်းတိပ်.. ဝက်ခြံ… နေလောင်… အပူလောင်.. ထိခိုက်ရှနာ) အစရှိသဖြင့်.. အမြန်ဆုံး သက်သာပျောက်ကင်းစေပါတယ် ။

အသုံးပြုပုံ

(1) ဆွဲသီးကို မျက်လုံးပေါ် အုပ်ထားခြင်းဖြင့် အပူကို စုပ်စေသောကြောင့်မျက်လုံးအောင့် မျက်လုံးနာ များကို သက်သာစေပါတယ်။

(2) မိမိဝတ်ဆင်ထားသော ဆွဲသီးဖြင့် မိမိမျက်နာပြင်ကို ပွတ်ပေးခြင်းအားဖြင့် အသားအရည်ကို ကြည်လင်တောက်ပစေပါတယ် ။ဒုတိယ အချက်ကတော့ သစ်ပင်ကဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်တဲ့အတွက် သစ်ပင်ရဲ့သဘာဝကို ပိုင်ပါတယ်။

အဲ့ဒီ သဘာဝကတော့ စုပ်ယူခြင်းဂုဏ်သတ္တိပါ… သစ်ပင်ရဲ့ သဘာဝက ဟိုက်ဒရိုချင်ကို စုပ်ယူပြီးသန့်စင်တဲ့ အောက်စီဂျင် ကိုပြန်လည် ထုတ်ယူပေးပါတယ် ။

ထို သဘာဝတရားကြောင့်ပဲ သစ်ပင်က ဖြစ်တည်တဲ့ ပယင်းကျောက် ကလည်း လူ့ ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ အပူအပုပ်များကို စုပ်ယူပေးတဲ့အတွက်… အသားရေကိုကြည်လင်စေပါတယ် ။

တတိယ အချက်ကတော့ တေဇောဓာတ် ပိုင်စိုးတဲ့ ရတနာဟု သတ်မှတ်ရတဲ့ ရတနာ တစ်မျိုးပါ ။ မည်မျှပင် ချမ်းနေပါစေ..လူ့ ခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်အောငိ အပူချိန် ထိန်းညှိပေးပြီး နွေးနေလျက်ရှိပါတယ်။

အကြောင်းရင်းမှာ… လျှက်စစ်ဓာတ် ထုတ်လွှတ်ပေးနိုင်တဲ့… electron ဂုဏ်သတ္တိရှိတဲ့ အတွက်ကြောင့်ပါ။ ယင်း အာနိသင် အစွမ်းကြောင့်.လူ့ ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ သွေးကြောများကို သွေးစီးဆင်းမှုအားကောင်းအောင် လှုံဆော်ပေးတဲ့အတွက်… သွေးအားကောင်းစေပါတယ် ။

(1) နှလုံးသွေးကြောကျဉ်းရောဂါ…..

(2) အမော မခံနိုင်တဲ့ရောဂါ…

(3) ကိုယ်ဝန်ဆောင်မိခင်များ…

(4) ဖုန်းနဲ့ ကွန်ပျူတာ အသုံးများသူများ..

(5) သွေးတိုး…သွေးကျရောဂါ…

(6) လေးဘက်နာ…အဆစ် အမြစ်ကိုက်ခဲရောဂါ.

(7) ကျီးပေါင်းရောဂါ…

(8) အာရုံကြော အားနဲတဲ့ရောဂါ….

(9) ည အိပ်မပျော်သူများအတွက် အထူးသင့်လျော်ပြီး သိသာပျောက်ကင်းစေပါတယ် ။

အထက်ပါ ဖော်ပြထားတဲ့ရောဂါများနဲ့ အထူး သင့်လျော်တဲ့ ဝတ်ဆင်ပုံများကတော့ နှလုံးနှင့်အနီးဆုံးနေရာ၌ ထား၍ ဝတ်ပေးခြင်းဖြင့် သွေးလွှတ်ကျော သွေးပြန်ကျောတို့ကို လှုံဆော်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းစေသောကြောင့် နှလုံးသွေးကျောကျဉ်းရောဂါနှင့် အမော မခံနိုင်သူများအတွက်အထူး သင့်လျော်ပြီးသက်သာ ပျောက်ကင်းပါတယ်။

နှလုံးရှိရာ ဘယ်ဘက်ဖြစ်တဲ့ ဘယ်လက်မှာ ဝတ်ဆင်ခြင်းဖြင့် ကွန်ပျူတာနှင့်ဖုန်း အသုံးများသူများ အတွက် လူကို ထိခိုက်စေတဲ့ wave မှ ကာကွယ်ပေးပြီ အဆစ် အမြစ်ကိုက်တာ… လက်ကိုက်တာ အစ ရှိသည့် virus ကို ကာကွယ်ပေးပါတယ်။

(ကိုယ်တွေ့) ထို့အပြင်… ကိုယ်ဝန်ဆောင်မိခင်များအတွက် သွေးလည်ပတ်မှု အားကောင်းစေပြီး ဗိုက်ထဲရှိ ကလေးအား အောက်စီဂျင်ပြည့်ဝစေပါတယ်။

သွေးခုန်နူန်း ထိန်းညှိပေးတဲ့ နေရာဖြစ်တဲ့အတွက် သွေးတိုးသွေးကျ အတွက် အထူးသင့်လျော် သက်သာ ပျောက်ကင်းစေပါတယ်။ လေးဘက်နာ အဆစ်မြစ်ကိုက်ခဲသူများအတွက် အရိုးနဲ့ ထိရာ လက်သန်းကြွယ်မှာ လက်စွပ်ဝတ်ဆင်ခြင်းအားဖြင့် အကိုက်ခဲများကို သက်သာပျောက်ကင်းစေပြီး ညအိပ်ပျော်စေပါတယ်။

ကျီးပေါင်းရောဂါနှင့် ပတ်သက် လာရင်တော့ ကျွန်တော် ရဲ့မိခင် ကတော့သက်သေပါပဲ.. ပယင်းခေါင်းအုန်း နှင့် ပယင်း ရတနာများကို ဝတ်ဆင်ပြီးအချိန်မှ စ၍ သက်သာပျောက်ကင်းလာကြောင်း တစ်ဖွဖွပြောဆိုလာရာမှ ကျွန်တော့အား ပယင်းလမ်း ကြောင်းပေါ်သို့ရောက်ရှိစေခဲ့ခြင်းဖြစ်ပါတယ်။

အဲ့ဒီ အတွက်လဲ ကျွန်တော့်ရဲ့မေမေအား ဤနေရာမှကျးဇူးတင် ဂါဝရပြုရင်း နိဂုံးချုပ်ပါတယ်ခင်ဗျာ…ကျန်းမာရေးအသိ မျှဝေသည် ။

ပယင်း အကြောင်း သိကောင်းစရာ နဲ့ ပယင်း ဖြစ်ပေါ်လာပုံ အဆင့်ဆင့်ပါ။ ပယင်း သည် လူသား တို့၏ အဆင်တန်ဆာ အဖြစ် အသုံးပြုခဲ့ကြသော ကျောက်မျက်ရတနာ တန်းဝင် ထဲမှ ရှေးအကျဆုံး ရတနာထဲတွင် ပါဝင်သည်။

ပယင်းပတီး ၊ ဆွဲပြား ၊ ဆွဲသီး များကို ဥရောပမြောက်ပိုင်း တွင် ဘီစီ (၈၀၀၀) လောက် ကတည်းက အသုံးပြုခဲ့ကြကြောင်း တွေရှိခဲ့ရသည်။ပယင်း သည် စင်စစ် အားဖြင့် ကျောက် မဟုတ်ပ ါ။ အဆီထွက်သော အပင် တစ်မျိုး (ထင်းရူးပင် တစ်မျိုး ဟု ဆို) ၏ အဆီ မှ ခဲ၍ ကျောက်သား သဖွယ် ဖြစ်လာခြင်းဖြစ်သည်။

ရံဖန် ရံခါ ပယင်း ထဲ၌ အင်းဆက် ပိုးမွှားများ ကို ပုံစံ မပျက် တွေ့ရှိရတတ်ပါသည်။ တန်ဖိုးကြီး ပယင်းဖြစ်လာပုံ နှင့် လူတွေ မသိသေး သော ပယင်း ၏ ကျန်းမာရေး အစွမ်းများနှစ်သန်းပေါင်း အနည်းဆုံး ၂၅ သန်း မှ သန်း ၅၀ အတွင်း ကြာခဲ့ပြီး ကျောက်ဖြစ်လာခဲ့သော သစ်စေး မျိုးဖြစ်သည်။

ရှားပါး အနေဖြင့် နှစ်သန်း ၃၂၀ ရှိသော ပယင်း ကိုလည်း မှတ်တမ်းတင် ထားကြသည်။ ပယင်း ဟာ ကျောက်မျက်ရတနာ ၉ပါး ထဲမှာ အပေါ့ပါးဆုံးဖြစ်ပြီး မာခြင်း အဆင့် (၂.၅) သာ ရှိကာ သိပ်သည်းဆ လည်း ၁.၀၇ သာ ရှိသော ကြောင့် အပူချိန် ကို ခံနိုင်ရည် မရှိပဲ ကြွေကွဲ ပျက်စီး လွယ် ပါသည်။

မီးရှိုလျှင် အလွယ် တစ်ကူ လောင်ကျွမ်းနိုင်ပါသည်။ ပယင်း အစစ် ဟာ အလင်းပေါက်ပြီး ပေ့ါပါး တာ ကြောင့် ဆားငံရည် မှာ ရေပေါ်ပေါ်နေနိုင်ပါသည် ။

အခြားသော ကျောက်မျက် ရတနာတွေ ဖြစ်တဲ့ ကျောက်စိမ်း တာကွိုက်ဇ် တို့လို ကျောက်မျက်တွေဟာ အခန်း တွင်း အပူချိန် ထက် အနည်းငယ် အေးသော ဂုဏ်သတ္တိ ရှိသော်လည်း ပယင်း မှာ လူ့ အရေပြားနှင့် ထိတွေ့ ပါ က အနည်းငယ် ပူနွေးနေပါသည်။

အရက် ရဲ့ အရောင်ဖြစ်တဲ့ ဝါရွှေရွှေ အကြည်ရောင် ကို ပယင်းရောင်ရယ် လို့ တင်စားကြာတာ ကြားဖူးကြပေမယ့် ပယင်း မှာ နီညိုရောင် ၊ လိမ္မော်ရောင် ၊ အစိမ်း ၊ နှင်းဆီရောင် ၊ အဝါရောင် ၊ ခရမ်းရောင် ၊ အဖြူရောင်အထိ ရှိပြီး ရှားရှား ပါးပါး ခရမ်းပြာရောင် အထိ တွေ့ရတတ်ပါသည်။

ဘောလ်တစ် ပင်လယ် ကမ်းခြေ တစ်လျှောက်မှာ ပေ့ါပါးသော ပယင်းတွေကို ပင်လယ်ရေလှိုင်းများနှင့် ကမ်းခြေ ကိုရောက်ရှိ လာတတ်ကာ ကမ်းစပ် တစ်လျောက်မှာ၎င်း ရေတိမ်ပိုင်း မှာ ရေငုတ်ပြီး အလွယ် ရှာတွေ့နိုင် သည်။

ကမ်းခြေ တစ်လျှောက် ပုံစံ အမျိုးစုံ အရောင် မျိုးစုံနှင့် ပယင်း များကို အများ အပြားတွေ့ ရတတ် ပြီး အပြာရောင် ပယင်း ကို အထူး အရောင်းအဝယ်လုပ်ကြသော်လည်း ၎င်း အပြာရောင်မှာ ဘောလ်တစ်ဒေသ ထွက် မဟုတ်ဘဲ ဒိုမီနီကန်ု က ထွက်သော ပယင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကချင်ပြည်နယ် ဟူးကောင်း တောင်ကြား တနိူင်းနယ် နှင့် စစ်ကိုင်းတိုင်း ခန္တီးနယ် တို့တွင် ထွက်ရှိသည်။ မြန်မာ အပြင် ပယင်းထွက် ရှိသော အခြားနိုင်ငံများမှာ ပိုလန် ရိုမေးနီးယား ကနေဒါ နှင့် အမေရိကန် တို့ ဖြစ်သည်။

မြန်မာပြည်တွင် ထွက်ရှိသော ပယင်း မှာ အရည်အသွေးကောင်းပါက တစ်ကျပ်သားလျှင် တစ်သိန်း အထိ ဈေး ရနိုင်ပြီး အထက်တွင် ဖော်ပြ သကဲ့သို့ သစ်ကိုင်း များ အကောင်ပလောင် များ ပါဝင် ပါက ဈေးပိုရ ကြောင်း သိရသည်။

တစ်ချို့ ကို ကျပ်သိန်း ၅၀ အထိ ပေးကြောင်းသိရသည်။ ရွှေရောင် ပယင်းမှာ ဈေးကွက် အတွင်း လူကြိုက်များ ပြီး တိုင်းရင်းသား အချို့ မှာ ပယင်း ကို ဝတ်ဆင်လေ့ ရှိကြပါသည်။ တရုတ်လူမျိူးများ ဟာသွေးလည် ပတ် မှု ကောင်းစေရန် ၎င်း ကံကေင်းစေရန် ၎င်း ပယင်း ကို အဆောင်ကျောက် အဖြစ်ဝတ်ဆင်ကြသည်။

ပွဲလမ်း သဘင်များတွင် ချမ်းသာ ကြွယ်ဝသူများက ဂုဏ်သိက္ခာ တစ်ရပ် အဖြစ် ပယင်း ကို မီးရှိုတတ်ကြသည်။ မြန်မာနိုင်ငံ ၏ အဓိက ဝယ်လက် မှာ တရုတ် ထိုင်းနှင့် တိဘက် နိုင်ငံတို့ဖြစ်သည်။

သစ်ပင် ရဲ့ အစေး ကနေ ဖြစ်လာတဲ့ ပယင်း ထဲမှာ ပယင်း မဖြစ်ခင် သစ်စေး အခြေအနေ မှာ မတော်တဆ လာရောက် ကပ်ငြိနေသော သစ်ပင် ရဲ့ အစအနများ သစ်ရွက် ပျား လိပ်ပြာ ပုရွက်ဆိတ် ပိတုန်း စသော အကောင်းငယ်များ မှာ ရုန်းထွက် မရတော့ပဲ သစ်စေးများနှင့် အတူ နှစ် သန်းပေါင်းများစွာ ကြာသော အခါ ပယင်းထဲတွင် ရုပ်ကြွင်း အဖြစ် ပါဝင်နေတတ်ပါသည်။

ရှေးရောမ ကျွန်ခေတ်တွင် ပယင်း လည်ဆွဲ ခပ်သေးသေး ကို ကျန်းမာ သန်စွမ်းတဲ့ ကျွန်တစ်ယောက် ထက် ဈေးပိုပေးပြီး အဆောင် အဖြစ် ဝတ်ဆင်အသုံးပြုကြသည်။ ပယင်း ကို ရေမွှေး များ ဖော်စပ်ရာတွင် ၎င်း ဆေးဖော်စပ် ရာတွင် ၎င်း အသုံးပြုကြသည်။

ပယင်း သည် ကျောက်မျက်ရတနာ ကဲ့သို့ မဟုတ်ဘဲ ဝတ်ဆင်သူ အတွက် အသက်ဓာတ် ကို ပိုင်ဆိုင်စေသည် ဟု ယူဆကြသည်။ ရှေးခေတ် တရုတ် လူမျိုးတို့သည် ကျားများသေဆုံးပြီးနောက် ကျား ဝိညာဉ်ကို ပယင်းသို့ ရွှေပြောင်းစေ၍ အသွင်ပြောင်းခဲ့သည်ဟု ယုံကြည်ကြသည်။

ရှေးခေတ် က မိခင် နတ်ဘုရားများ ကို ပူဇော် ပသရာတွင် ပယင်း ကို အသုံးပြုကြသည်။ ပယင်း သည် ကျောက်ဖြစ် ရုပ်ကြွင်း သဖွယ်ဖြစ်ပြီး ခေတ်ကာလ တစ်ရပ်နှင့် ဆက်စပ်နေပေရာ အသက် ရှည်ခြင်း ကို ပေးဆောင်ကြောင်း မှတ်ယူကြသည်။

အလားတူပင် သက်ရှိ သတ္တဝါဖြစ်သော ပိုးမွှားများ ၏ ရုပ်ကြွင်း ကိန်းအောင်းနေပြီး အာကာသ ဓာတ်နှင့် ဆက်စပ်နေကြောင်း လက်ခံ ထားကြသည်။ ယင်း ကို ပဉ္စမမြောက် ဓာတ်သဘာဝ ဟု ခေါ်ပြီး မြေ၊ ရေ၊ လေ၊ မီး ဟူသော ဓာတ်ကြီးလေးပါး ၏ အပေါင်းအစု အဖြစ် သတ်မှတ်ကြသည်။

အာကာသဓာတ် သည် အသက် ၊ ဘဝ (အပင်၊သတ္တဝါ၊လူ) တို့နှင့် ပတ်သက်ကြောင်း လက်သင့်ခံထားကြသည်။အချို့မှော်ပညာရှင်များသည် အထူးသဖြင့် အမျိုးသမီးများတွင် ပယင်း ကို လည်ဆွဲ (ဝါ) ပတီး အဖြစ် ဝတ်ဆင်ကာ ရုပ်ဒြပ် သဏ္ဍာန်ကို ပြောင်းလဲအောင် ဖန်တီးပြုပြင်တည်ဆောက် စေခဲ့ကြသည်။

ထိုကြောင့် ပယင်း သည် နတ်ဘုရားနှင့် နတ်ဘုရားမ များ၏ ထုတ်လွှတ်မှု ခံယူမှု စွမ်းအင် နှစ်ရပ်လုံးနှင့် ပတ်သက် ကြောင်း ၎င်း တွင် ဂမ္ဘီရ စွမ်းအင် ၏ ထိရောက်မှု အား မြင့်မားလှကြောင်း ရောမခေတ် ကယုံကြည်ကြသည်။

ပယင်း ကို သိုးမွှေးစ (ဝါ) ပိုးစဖြင့် ပွတ်တိုက်ပေးပါက လျှပ်စစ်ဓာတ် ထွက်လာပြီး သေးငယ်သော အရာဝတ္ထုများကိုပင် ဆွဲငင်အား ကြီးကြောင်း သတ်မှတ်ကြသည်။ ရှေးဂရိ တို့၏ အီလက်(ခ်) ထရွန် (Electron) ဟူသော စကားလုံး မှ ခေတ် အီလက်ထရစ် စီးင်္တီး (electricity) ဟူသော ဝေါဟာရ ဆင်းသက်ပေါက်ဖွားလာ ခြင်း ဖြစ်သည်ဟု သတ်မှတ်ကြသည်။

ပယင်း သည် ဆန်းပြား လျှိုဝှက်သော သဘာဝ ရှိပြီး ဂမ္ဘီရ တန်ဖိုး မြင့်မားသော အရာဝတ္ထု ဖြစ်ပြီးကမ္ဘာပေါ်ရှိ ဂမ္ဘီရတန်းဝင် ပစ္စည်းများ အားလုံးထဲ၌ ကျယ်ပြန့်စွာ အသုံး ပြုနိုင်သည့် အရာအဖြစ် သုံးကြသည်။

Ref – ဟိန်း (ဘူမိ) ၏ ပယင်း အကြောင်း

Credit..Aung Siam Gold & Jewellery shop